မြေပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ကန့်ကွက်လွှာများတင်ပြလာမှုအပေါ်စစ်ဆေးခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
693 Views

မြေပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ကန့်ကွက်လွှာများတင်ပြလာမှုအပေါ်စစ်ဆေးခြင်း

Knowledge | Posted by Hnin Ei Khin

[Unicode] မြို့မြေဂရန် လျှောက်ထားမှုအရပ်ရပ်တို့တွင် ကန့်ကွက်လွှာများကိုလက်ခံစစ်ဆေးရာတွင် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများအက်ဥပဒေအရအခွန်တော်အရာရှိအားအောက်ပါအတိုင်းဆောင်ရွက်ခွင့်အာဏာများရှိသည်။

(၁) အခွန်တော်အရာရှိတစ်ဦးသည် မိမိလက်ဝယ်ရောက်ရှိသော အမှုတစ်စုံတစ်ရာအတွက် လာရောက်ရန် သင့်လျော်သည်ဟုထင်မြင်သူမည်သူ့ကိုမဆိုဆင့်ခေါ်သမ္မာန်စာချ၍ ဆင့်ဆိုခွင့်ရှိသည်။ထိုကဲ့သို့ ဆင့်ခေါ်သည့် သမ္မာန်စာကိုတရားမကျင့်ထုံးတွင် ဖော်ပြပါရှိသည့် သမ္မာန်စာချရန် ပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရမည်။

(၂) သမ္မာန်စာချအပ်ခြင်းခံရသူမည်သူမဆိုသမ္မာန်စာတွင် ဖော်ပြပါရှိသည့်အချိန်တွင် သတ်မှတ်သည့် နေရာသို့ ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏တရားဝင်ကိုယ်စားလှယ်ဖြစ်စေ၊ ၎င်း၏ရှေ့နေအကျိုးဆောင်ဖြစ်စေလာရောက်ရန် တာဝန်ရှိပေသည်။

အခွန်အရာရှိကထုတ်ဆင့်ခံရသည့် သမ္မာန်စာအရလာရောက်ရသူမည်သူမဆိုမိမိထွက်ဆိုအစစ်ဆေးခံသည့် မည်သည့်မှုခင်းတွင်မဆိုမှန်ကန်စွာထွက်ဆိုအစစ်ဆေးခံရန် တာဝန်ရှိပါသည်။ထို့ပြင် အခွန်အရာရှိကတင်ပြရန် ဆင့်ဆိုသည့် စာချုပ်စာတမ်းအပါအဝင် အမှုနှင့်သက်ဆိုင်သည့် အခြားမည်သည့်အရာကိုမဆိုတင်ပြရန်တာဝန်ရှိပါသည်။(မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ- ၃၈(က))

သို့ဖြစ်၍ အောက်မြန်မာပြည်တွင် မြို့များမှ မြေဂရန်လျှောက်ထားမှုများတွင် လျှောက်ထားသူများ၊ကန့်ကွက်သူများ၊ သက်သေများနှင့် အခြားလိုအပ်သည်ဟုထင်မြင်သူများကိုတရားမတရားရုံးသဖွယ် စစ်ဆေးရန်အခွင့်အာဏာအပ်နှင်းထားပါသည်။ ဥပဒေနှင့်အညီစစ်ဆေးရာမှ ထွက်ဆိုချက်များကိုစာဖြင့်ရေးသားမှတ်တမ်းတင်ရာတွင် စာပုံစံများဂရုပြုရပါမည်။

ထွက်ဆိုချက်များကိုမရေးသားမီထွက်ဆိုသူ၏အမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ မိဘအမည်တို့ကိုရှေးဦးစွာရေးသားဖြည့်သွင်းရပါမည်။

ထို့နောက်မှ ထွက်ဆိုချက်များကိုရေးသားရပါသည်။ထွက်ဆိုချက်များပြီးစီးပါက “ဖတ်ပြရာမှန်ကန်ကြောင်းအောက်တွင် ဝန်ခံလက်မှတ်ရေးထိုးပါသည်”ဟူသော ထွက်ဆိုချက်အောက်တွင် ထွက်ဆိုသူကိုလက်မှတ်ရေးထိုးစေရပါမည်။ ထို့နောက် ၎င်းအောက်တွင် “ကျွန်ုပ်ရှေ့တွင်”ဟူသည့် စာသားရေးသားကာစစ်ဆေးသူအရာရှိ၏ ရာထူးကိုဖော်ပြပြီးလက်မှတ်ရေးထိုးရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမပိုင္ဆိုင္မႈမ်ားႏွင့္ပက္သက္၍ ကန္႔ကြက္လႊာမ်ားတင္ျပလာမႈအေပၚစစ္ေဆးျခင္း

ၿမိဳ႕ေျမဂရန္ ေလွွွ်ာက္ထားမႈအရပ္ရပ္တို႔တြင္ ကန္႔ကြက္လႊာမ်ားကိုလက္ခံစစ္ေဆးရာတြင္ ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ေက်းရြာေျမမ်ားအက္ဥပေဒအရအခြန္ေတာ္အရာရွိအားေအာက္ပါအတိုင္းေဆာင္ရြက္ခြင့္အာဏာမ်ားရွိသည္။

(၁) အခြန္ေတာ္အရာရွိတစ္ဦးသည္ မိမိလက္၀ယ္ေရာက္ရွိေသာ အမႈတစ္စုံတစ္ရာအတြက္ လာေရာက္ရန္ သင့္ေလ်ာ္သည္ဟုထင္ျမင္သူမည္သူ႔ကိုမဆိုဆင့္ေခၚသမၼာန္စာခ်၍ ဆင့္ဆိုခြင့္ရွိသည္။ထိုကဲ့သို႔ ဆင့္ေခၚသည့္ သမၼာန္စာကိုတရားမက်င့္ထုံးတြင္ ေဖာ္ျပပါရွိသည့္ သမၼာန္စာခ်ရန္ ျပဌာန္းခ်က္မ်ားႏွင့္အညီေဆာင္ရြက္ရမည္။

(၂) သမၼာန္စာခ်အပ္ျခင္းခံရသူမည္သူမဆိုသမၼာန္စာတြင္ ေဖာ္ျပပါရွိသည့္အခ်ိန္တြင္ သတ္မွတ္သည့္ ေနရာသို႔ ၎ကိုယ္တိုင္ျဖစ္ေစ၊ ၎၏တရား၀င္ကိုယ္စားလွယ္ျဖစ္ေစ၊ ၎၏ေရွ႕ေနအက်ိဳးေဆာင္ျဖစ္ေစလာေရာက္ရန္ တာ၀န္ရွိေပသည္။

အခြန္အရာရွိကထုတ္ဆင့္ခံရသည့္ သမၼာန္စာအရလာေရာက္ရသူမည္သူမဆိုမိမိထြက္ဆိုအစစ္ေဆးခံသည့္ မည္သည့္မႈခင္းတြင္မဆိုမွန္ကန္စြာထြက္ဆိုအစစ္ေဆးခံရန္ တာ၀န္ရွိပါသည္။ထို႔ျပင္ အခြန္အရာရွွိကတင္ျပရန္ ဆင့္ဆိုသည့္ စာခ်ဳပ္စာတမ္းအပါအ၀င္ အမႈႏွင့္သက္ဆိုင္သည့္ အျခားမည္သည့္အရာကိုမဆိုတင္ျပရန္တာ၀န္ရွိပါသည္။(ၿမိဳ႕ႏွင့္ေက်းရြာေျမမ်ားအက္ဥပေဒပုဒ္မ- ၃၈(က))

သို႔ျဖစ္၍ ေအာက္ျမန္မာျပည္တြင္ ၿမိဳ႕မ်ားမွ ေျမဂရန္ေလ်ွာက္ထားမႈမ်ားတြင္ ေလွ်ာက္ထားသူမ်ား၊ကန္႔ကြက္သူမ်ား၊ သက္ေသမ်ားႏွင့္ အျခားလိုအပ္သည္ဟုထင္ျမင္သူမ်ားကိုတရားမတရားရုံးသဖြယ္ စစ္ေဆးရန္အခြင့္အာဏာအပ္ႏွင္းထားပါသည္။ ဥပေဒႏွင့္အညီစစ္ေဆးရာမွ ထြက္ဆိုခ်က္မ်ားကိုစာျဖင့္ေရးသားမွတ္တမ္းတင္ရာတြင္ စာပုံစံမ်ားဂရုျပဳရပါမည္။

ထြက္ဆိုခ်က္မ်ားကိုမေရးသားမီထြက္ဆိုသူ၏အမည္၊ အသက္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္၊ လူမ်ိဳး၊ ကိုးကြယ္သည့္ဘာသာ၊ ေနရပ္လိပ္စာ၊ အလုပ္အကိုင္၊ မိဘအမည္တို႔ကိုေရွးဦးစြာေရးသားျဖည့္သြင္းရပါမည္။

ထို႔ေနာက္မွ ထြက္ဆိုခ်က္မ်ားကိုေရးသားရပါသည္။ထြက္ဆိုခ်က္မ်ားၿပီးစီးပါက “ဖတ္ျပရာမွန္ကန္ေၾကာင္းေအာက္တြင္ ၀န္ခံလက္မွတ္ေရးထိုးပါသည္”ဟူေသာ ထြက္ဆိုခ်က္ေအာက္တြင္ ထြက္ဆိုသူကိုလက္မွတ္ေရးထိုးေစရပါမည္။ ထို႔ေနာက္ ၎ေအာက္တြင္ “ကၽြႏု္ပ္ေရွ႕တြင္”ဟူသည့္ စာသားေရးသားကာစစ္ေဆးသူအရာရွိ၏ ရာထူးကိုေဖာ္ျပၿပီးလက္မွတ္ေရးထိုးရပါမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service