ဆေးဖက်ဝင် ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ - Property Knowledge in Myanmar from iMyanmarHouse.com
12381 Views

ဆေးဖက်ဝင် ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ

Knowledge | Posted by Aye Myat Thu

[Unicode]

အင်္ဂလိပ်အမည် - False Daisy (သို့မဟုတ်) Trailing eclipta

ရုက္ခဗေဒအမည် - Eclipta alba(L)Hassk

အပင်ပုံစံ

ကြိတ်မှန်ပင်သည် တစ်နှစ်ခံပင်ဖြစ်ပြီး ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်ပါသည်။ အပင်မှာ ထောင်မတ်၍ပေါက်ပြီး ၁၈ လက်မ ကျော်ထိ ရှည်လျားကြီးထွားနိုင်ပါသည်။ ခရမ်းညိုရောင်ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွေးကြမ်းကလေးများ ပါရှိပါသည်။

အရွက်

အရွက်ထွက်သော ပုံစံမှာ ရွက်ဆိုင်ထွက်ပါသည်။ ရှည်မျောမျော လှံစွပ်ပုံသဏ္ဌာန် ဖြစ်ပါသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာမှာ အလွန်တိုပြီး အရွက် အထက်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွေးကြမ်း ကလေးများရှိပါသည်။ ရွက်ဘေးနားပတ်လည်တွင် ခွေးသွားစိပ်ကလေးများ ရှိပါသည်။

အပွင့်

ပန်းပွင့်မှာ ခေါင်းလောင်း ပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည်။ တပို့တွဲလများတွင် ပွင့်ပါသည်။

ပေါက်ရောက်ရာ ဒေသ

ကြိတ်မှန်သည် ပူနွေးစိုစွတ်သော ဒေသများနှင့် အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် နီပေါ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံများတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် အလေ့ကျပေါက်ရောက်ပြီး မိုးများသော ဒေသများတွင် အများအပြား ပေါက်ရောက်သဖြင့် ပေါင်းပင်များကဲ့သို့ သတ်မှတ်ကြပါသည်။

ကြိတ်မှန်ပင်၏ အစွမ်းသတ္တိများ

ကြိတ်မှန်ပင်သည် ဘက်တီးရီးယားပိုးမွှားများ ပေါက်ရောက်မှုကို ဟန့်တားနိုင်သော အစွမ်း (Antibacterial Activity)၊ ရောင်ရမ်းမှုများကို သက်သာစေနိုင်သောအစွမ်း (Anti-inflammatory activity)၊ ဓါတ်မတည့်၍ ယားယံခြင်းကို သက်သာစေနိုင်သောအစွမ်း၊ ဆံပင်ကိုထူလာစေပြီး နက်မှောင်သန်စွမ်းစေသောအစွမ်း စသည့် အစွမ်းသတ္တိတွေ များစွာရှိပါသည်။

ဆေးမြီးတို အနေဖြင့် အသုံးချခြင်း

၁။ ကြိတ်မှန်ရွက်အရည်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အသဲရောင်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ အနာအုံဆေးများ အဖြစ် အသုံးပြုကြပါသည်။

၂။ ကြိတ်မှန်ပင်ကို ဝမ်းကိုက်သွေးပါ၊ အရေပြားအနာ၊ မီးယပ်နှင့်ဆိုင်သောရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ စသည့် ရောဂါပြဿနာများကို ကုသရာတွင် အခြားဆေးဘက်ဝင်ပစ္စည်းများနှင့် အချိုးကျရောနှောပြီး ထည့်သွင်းဖော်စပ်ကာ အသုံးပြုလေ့ရှိပါသည်။

၃။ မီးပူကပ်မိခြင်း၊ ရေနွေးပူလောင်ခြင်းများဖြစ်ပါက ကြိတ်မှန်ရွက်ကို ပင်စိမ်းရွက်နှင့် ဆတူရောထောင်းကာ ထွက်လာသော အရည်ကို တစ်နေ့လျှင်နှစ်ကြိမ် လိမ်းပေးနိုင်သည်။

၄။ ယားသောနေရာကို ကုတ်ခြစ်ရာမှ အရေပြားပေါ်တွင် အမာရွတ်များ ကျန်ခဲ့ပါကလည်း အထက်ဖော်ပြပါနည်းအတိုင်း လိမ်းပေးနိုင်ပါသည်။

၅။ ဆံပင် နီကျင်ကျင်ဖြစ်ခြင်း၊ ဆံပင်များကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းများ အတွက် ကြိတ်မှန်ရွက်ကို မြင်းခွာရွက်၊ ကွမ်းရွက်တို့နဲ့ အညီအမျှရောထောင်းကာ ရရှိလာသောအရည်ကို ရေအနည်းငယ်နှင့် ရောကာ နေ့စဉ်လိမ်းပေးပါက ဆံပင်ကျွတ်ခြင်း အဖျားနှစ်ခွဖြစ်ခြင်းများ လျော့နည်းသက်သာပြီး ဆံသားမှာ ပိတုန်းရောင်ကဲ့သို့ နက်မှောင်လာမည်ဖြစ်ပါသည်။

၆။ ကြိတ်မှန်ရွက်ကို နေလှန်းအခြောက်ခံ အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဥ်သောက်သုံးပါက အမြင်အာရုံ၊ အကြားအာရုံကောင်းစေသလို သွားများအတွက်ပါ ကောင်းစေပါသည်။

၇။ ဆီးချိုဝေဒနာ ခံစားနေရသူများအနေဖြင့် ကြိတ်မှန်တစ်ပင်လုံးအား အမှုန့်လုပ်၍ ရေနွေးထဲတွင် ခပ်သောက်ပါက သက်သာပျောက်ကင်းစေပါသည်။

၈။ ကြိတ်မှန်ရွက်ပြုတ်ရည်ကို သောက်ခြင်းအားဖြင့် လိပ်ခေါင်းထွက်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ကိုလည်း သက်သာစေပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ေဆးဖက္ဝင္ ႀကိတ္မွန္ပင္၏ အစြမ္းသတၱိမ်ား

အဂၤလိပ္အမည္ - False Daisy (သို႔မဟုတ္) Trailing eclipta

႐ုကၡေဗဒအမည္ - Eclipta alba(L)Hassk

အပင္ပုံစံ

ႀကိတ္မွန္ပင္သည္ တစ္ႏွစ္ခံပင္ျဖစ္ၿပီး ပင္ေပ်ာ့ပင္ငယ္တစ္မ်ိဳးျဖစ္ပါသည္။ အပင္မွာ ေထာင္မတ္၍ေပါက္ၿပီး ၁၈ လက္မ ေက်ာ္ထိ ႐ွည္လ်ားႀကီးထြားႏိုင္ပါသည္။ ခရမ္းညိဳေရာင္႐ွိေသာ ပင္စည္႐ိုးတံေပၚတြင္ ေသးငယ္ေသာ အေမြးၾကမ္းကေလးမ်ား ပါ႐ွိပါသည္။

အ႐ြက္

အ႐ြက္ထြက္ေသာ ပုံစံမွာ ႐ြက္ဆိုင္ထြက္ပါသည္။ ႐ွည္ေမ်ာေမ်ာ လွံစြပ္ပုံသဏၭာန္ ျဖစ္ပါသည္။ ႐ြက္ထိပ္ခြၽန္၍ ႐ြက္ရင္းသြယ္သည္။ ႐ြက္ညႇာမွာ အလြန္တိုၿပီး အ႐ြက္ အထက္ေအာက္မ်က္ႏွာျပင္ ၂ ခုလုံးတြင္ အလြန္ေသးငယ္ေသာ အေမြးၾကမ္း ကေလးမ်ား႐ွိပါသည္။ ႐ြက္ေဘးနားပတ္လည္တြင္ ေခြးသြားစိပ္ကေလးမ်ား ႐ွိပါသည္။

အပြင့္

ပန္းပြင့္မွာ ေခါင္းေလာင္း ပုံသဏၭာန္ျဖစ္၍ အျဖဴေရာင္ သို႔မဟုတ္ အဝါေရာင္ ႐ွိသည္။ ပြင့္ခံ႐ြက္ႀကီး၍ ထင္႐ွားသည္။ တပို႔တြဲလမ်ားတြင္ ပြင့္ပါသည္။

ေပါက္ေရာက္ရာ ေဒသ

ႀကိတ္မွန္သည္ ပူေႏြးစိုစြတ္ေသာ ေဒသမ်ားႏွင့္ အပူပိုင္းေဒသမ်ားတြင္ ေပါက္ေရာက္ပါသည္။ ျမန္မာႏိုင္ငံ အပါအဝင္ နီေပါ၊ အိႏၵိယ၊ တ႐ုတ္၊ ထိုင္းႏွင့္ ဘရာဇီးႏိုင္ငံမ်ားတြင္ သဘာဝအေလ်ာက္ ေပါက္ေရာက္ပါသည္။ ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ အေလ့က်ေပါက္ေရာက္ၿပီး မိုးမ်ားေသာ ေဒသမ်ားတြင္ အမ်ားအျပား ေပါက္ေရာက္သျဖင့္ ေပါင္းပင္မ်ားကဲ့သို႔ သတ္မွတ္ၾကပါသည္။

ႀကိတ္မွန္ပင္၏ အစြမ္းသတၱိမ်ား

ႀကိတ္မွန္ပင္သည္ ဘက္တီးရီးယားပိုးမႊားမ်ား ေပါက္ေရာက္မႈကို ဟန္႔တားႏိုင္ေသာ အစြမ္း (Antibacterial Activity)၊ ေရာင္ရမ္းမႈမ်ားကို သက္သာေစႏိုင္ေသာအစြမ္း (Anti-inflammatory activity)၊ ဓါတ္မတည့္၍ ယားယံျခင္းကို သက္သာေစႏိုင္ေသာအစြမ္း၊ ဆံပင္ကိုထူလာေစၿပီး နက္ေမွာင္သန္စြမ္းေစေသာအစြမ္း စသည့္ အစြမ္းသတၱိေတြ မ်ားစြာ႐ွိပါသည္။

ေဆးၿမီးတို အေနျဖင့္ အသုံးခ်ျခင္း

၁။ ႀကိတ္မွန္႐ြက္အရည္ကို ေခ်ာင္းဆိုး၊ ေခါင္းကိုက္ေရာဂါ၊ အသဲေရာင္ေရာဂါ၊ အဆစ္ေရာင္ေရာဂါ၊ အနာအုံေဆးမ်ား အျဖစ္ အသုံးျပဳၾကပါသည္။

၂။ ႀကိတ္မွန္ပင္ကို ဝမ္းကိုက္ေသြးပါ၊ အေရျပားအနာ၊ မီးယပ္ႏွင့္ဆိုင္ေသာေရာဂါ၊ အသည္းေရာင္အသားဝါေရာဂါ၊ စသည့္ ေရာဂါျပႆနာမ်ားကို ကုသရာတြင္ အျခားေဆးဘက္ဝင္ပစၥည္းမ်ားႏွင့္ အခ်ိဳးက်ေရာေႏွာၿပီး ထည့္သြင္းေဖာ္စပ္ကာ အသုံးျပဳေလ့႐ွိပါသည္။

၃။ မီးပူကပ္မိျခင္း၊ ေရေႏြးပူေလာင္ျခင္းမ်ားျဖစ္ပါက ႀကိတ္မွန္႐ြက္ကို ပင္စိမ္း႐ြက္ႏွင့္ ဆတူေရာေထာင္းကာ ထြက္လာေသာ အရည္ကို တစ္ေန႔လွ်င္ႏွစ္ႀကိမ္ လိမ္းေပးႏိုင္သည္။

၄။ ယားေသာေနရာကို ကုတ္ျခစ္ရာမွ အေရျပားေပၚတြင္ အမာ႐ြတ္မ်ား က်န္ခဲ့ပါကလည္း အထက္ေဖာ္ျပပါနည္းအတိုင္း လိမ္းေပးႏိုင္ပါသည္။

၅။ ဆံပင္ နီက်င္က်င္ျဖစ္ျခင္း၊ ဆံပင္မ်ားကြၽတ္ျခင္း၊ ဆံပင္ပါးျခင္း၊ ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္းမ်ား အတြက္ ႀကိတ္မွန္႐ြက္ကို ျမင္းခြာ႐ြက္၊ ကြမ္း႐ြက္တို႔နဲ႔ အညီအမွ်ေရာေထာင္းကာ ရ႐ွိလာေသာအရည္ကို ေရအနည္းငယ္ႏွင့္ ေရာကာ ေန႔စဥ္လိမ္းေပးပါက ဆံပင္ကြၽတ္ျခင္း အဖ်ားႏွစ္ခြျဖစ္ျခင္းမ်ား ေလ်ာ့နည္းသက္သာၿပီး ဆံသားမွာ ပိတုန္းေရာင္ကဲ့သို႔ နက္ေမွာင္လာမည္ျဖစ္ပါသည္။

၆။ ႀကိတ္မွန္႐ြက္ကို ေနလွန္းအေျခာက္ခံ အမႈန္႔ေထာင္း၍ ႏြားႏို႔ျဖင့္ ေန႔စဥ္ေသာက္သုံးပါက အျမင္အာ႐ုံ၊ အၾကားအာ႐ုံေကာင္းေစသလို သြားမ်ားအတြက္ပါ ေကာင္းေစပါသည္။

၇။ ဆီးခ်ိဳေဝဒနာ ခံစားေနရသူမ်ားအေနျဖင့္ ႀကိတ္မွန္တစ္ပင္လုံးအား အမႈန္႔လုပ္၍ ေရေႏြးထဲတြင္ ခပ္ေသာက္ပါက သက္သာေပ်ာက္ကင္းေစပါသည္။

၈။ ႀကိတ္မွန္႐ြက္ျပဳတ္ရည္ကို ေသာက္ျခင္းအားျဖင့္ လိပ္ေခါင္းထြက္ျခင္း၊ ေသြးဝမ္းသြားျခင္းတို႔ကိုလည္း သက္သာေစပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service