မြို့နယ်သုံးခုကအခန်းပေါင်း ၃၈၀ ကျော်ကိုဂျပန်ချေးငွေနဲ့ရောင်းချမယ် - Property News in Myanmar from iMyanmarHouse.com
1372 Views

မြို့နယ်သုံးခုကအခန်းပေါင်း ၃၈၀ ကျော်ကိုဂျပန်ချေးငွေနဲ့ရောင်းချမယ်

[Unicode]

မြို့နယ်သုံးမြို့နယ်ကအိမ်ရာတွေကိုအတိုးနှုန်းသက်သာတဲ့ ODA Loan ချေးငွေနဲ့ဝယ်ယူနိုင်ဖို့ ဒီဇင်ဘာလ ၇ ရက်နေ့ကစတင်လက်ခံသွားမယ်လို့မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ရန်ကုန်ကမြို့နယ်သုံးမြို့နယ်မှာတည်ရှိတဲ့ တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ခန်းတွေကိုဒီဇင်ဘာလ ၇ ရက်နေ့ကနေ့ ၁၁ရက်နေ့အထိဝယ်ယူလိုသူတွေကိုအွန်လိုင်းကတဆင့်လက်ခံစာရင်းပေးသွင်းခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လှိုင်သာယာ၊သန်လျင်နဲ့ဒဂုံမြို့သစ်ကအိမ်ရာတွေကိုဂျပန်နိုင်ငံရဲ့အတိုးနှုန်းသက်သာတဲ့ ODA loan ချေးငွေနဲ့ဝယ်ယူလိုသူတွေအနေနဲ့ (DUHD Sale Housing) ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှတစ်ဆင့်စာရင်းပေးသွင်းရမှာပါ။

မြန်မာနိုင်ငံ၏အိမ်ရာချေးငွေကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့၂၀၁၈ တွင် ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (JICA) ကနှစ်ရှည်အတိုးနှုန်းသက်သာသော ODA Two Step Loan ဖြင့်ကာလရှည်ချေးငွေများထုတ်ချေးပေးခဲ့တာပဲဖြစ်ပါတယ်။

ODA Two Step Loan နဲ့ ဇူလိုင်လကုန်အထိအိမ်ရာဝယ်ယူလိုသူ၁,၈၆၈ဦးအပါအဝင်စုစုပေါင်းအိမ်ရာဝယ်ယူလိုသူ ၅,၀၄၁ ဦးကိုငွေချေးပေးခဲ့ပြီး ယခုထပ်မံထုတ်ချေးပေးခြင်းဖြစ်ပါတယ်။

ရောင်းချမည့်အိမ်ရာများ၏အခန်းအရေအတွက်စုစုပေါင်း ၃၈၈ ခန်းရှိပြီးစီမံကိန်းနေရာပေါ်မူတည်၍တစ်ခန်းလျှင်အကျယ်အဝန်းစတုရန်းပေ၃၂၄ မှ ၈၀၀ အထိရှိကာမြေညီထပ်နှင့်အလွှာအလိုက်ဈေးနှုန်းသတ်မှတ်ချက်ကျပ် ၆၆ သိန်းမှ ၄၂၀ အထိတန်ဖိုးများသတ်မှတ်ထားတာပါ။

အိမ်ရာတွေဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ၌စက်တင်ဘာလကုန်အထိအနည်းဆုံးစုဆောင်းငွေကျပ်သိန်း၃၀နှင့်အထက်ရှိသူများဝယ်ယူနိုင်မှာဖြစ်ပါတယ်။

CHID ဘဏ်မှာအဲ့ဒီ့သတ်မှတ်ချက်နဲ့ကိုက်ညီသူဟာငွေကြေးစုဆောင်းထားသူ ၄,၇၁၀ ဦးရှိတာပါ။

ဝယ်ယူသူအနေနဲ့လစဉ်အရစ်ကျအနေနဲ့ငါးသောင်းကနေတစ်သိန်းဝန်းကျင်အထိပေးသွင်းရမှာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံကထုတ်ပေးတဲ့အိမ်ရာချေးငွေတွေကိုထပ်မံပြီးလည်းအိမ်ရာတည်ဆောက်မှုတွေပြီးစီးမှုအပေါ်မူတည်ကာဆက်လက်ထုတ်ချေးရောင်းချမှုတွေလုပ်ဆောင်သွားမယ်လို့မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနကရည်ရွယ်ထားတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ၿမိဳ႕နယ္သုံးခုကအခန္းေပါင္း ၃၈၀ ေက်ာ္ကိုဂ်ပန္ေခ်းေငြနဲ႔ေရာင္းခ်မယ္

ၿမိဳ႕နယ္သုံးၿမိဳ႕နယ္ကအိမ္ရာေတြကိုအတိုးႏႈန္းသက္သာတဲ့ ODA Loan ေခ်းေငြနဲ႔ဝယ္ယူႏိုင္ဖို႔ ဒီဇင္ဘာလ ၇ ရက္ေန႔ကစတင္လက္ခံသြားမယ္လို႔ၿမိဳ႕ျပနဲ႔အိမ္ရာဖြံံ႕ၿဖိဳးမႈဦးစီးဌာနက ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။

ရန္ကုန္ကၿမိဳ႕နယ္သုံးၿမိဳ႕နယ္မွာတည္႐ွိတဲ့ တန္ဖိုးနည္းတန္ဖိုးသင့္အိမ္ခန္းေတြကိုဒီဇင္ဘာလ ၇ ရက္ေန႔ကေန႔ ၁၁ရက္ေန႔အထိဝယ္ယူလိုသူေတြကိုအြန္လိုင္းကတဆင့္လက္ခံစာရင္းေပးသြင္းခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။

လိႈင္သာယာ၊သန္လ်င္နဲ႔ဒဂုံၿမိဳ႕သစ္ကအိမ္ရာေတြကိုဂ်ပန္ႏိုင္ငံရဲ႕အတိုးႏႈန္းသက္သာတဲ့ ODA loan ေခ်းေငြနဲ႔ဝယ္ယူလိုသူေတြအေနနဲ႔ (DUHD Sale Housing) ေဖ့စ္ဘြတ္ခ္မက္ဆင္ဂ်ာမွတစ္ဆင့္စာရင္းေပးသြင္းရမွာပါ။

ျမန္မာႏိုင္ငံ၏အိမ္ရာေခ်းေငြက႑ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔၂၀၁၈ တြင္ ဂ်ပန္အျပည္ျပည္ဆိုင္ရာဖြံ႕ၿဖိဳးေရးေအဂ်င္စီ (JICA) ကႏွစ္႐ွည္အတိုးႏႈန္းသက္သာေသာ ODA Two Step Loan ျဖင့္ကာလ႐ွည္ေခ်းေငြမ်ားထုတ္ေခ်းေပးခဲ့တာပဲျဖစ္ပါတယ္။

ODA Two Step Loan နဲ႔ ဇူလိုင္လကုန္အထိအိမ္ရာဝယ္ယူလိုသူ၁,၈၆၈ဦးအပါအဝင္စုစုေပါင္းအိမ္ရာဝယ္ယူလိုသူ ၅,၀၄၁ ဦးကိုေငြေခ်းေပးခဲ့ၿပီး ယခုထပ္မံထုတ္ေခ်းေပးျခင္းျဖစ္ပါတယ္။

ေရာင္းခ်မည့္အိမ္ရာမ်ား၏အခန္းအေရအတြက္စုစုေပါင္း ၃၈၈ ခန္း႐ွိၿပီးစီမံကိန္းေနရာေပၚမူတည္၍တစ္ခန္းလွ်င္အက်ယ္အဝန္းစတုရန္းေပ၃၂၄ မွ ၈၀၀ အထိ႐ွိကာေျမညီထပ္ႏွင့္အလႊာအလိုက္ေဈးႏႈန္းသတ္မွတ္ခ်က္က်ပ္ ၆၆ သိန္းမွ ၄၂၀ အထိတန္ဖိုးမ်ားသတ္မွတ္ထားတာပါ။

အိမ္ရာေတြေဆာက္လုပ္ေရး၊အိမ္ရာႏွင့္အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္ (CHID Bank) ၌စက္တင္ဘာလကုန္အထိအနည္းဆုံးစုေဆာင္းေငြက်ပ္သိန္း၃၀ႏွင့္အထက္႐ွိသူမ်ားဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

CHID ဘဏ္မွာအဲ့ဒီ့သတ္မွတ္ခ်က္နဲ႔ကိုက္ညီသူဟာေငြေၾကးစုေဆာင္းထားသူ ၄,၇၁၀ ဦး႐ွိတာပါ။

ဝယ္ယူသူအေနနဲ႔လစဥ္အရစ္က်အေနနဲ႔ငါးေသာင္းကေနတစ္သိန္းဝန္းက်င္အထိေပးသြင္းရမွာလည္းျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံကထုတ္ေပးတဲ့အိမ္ရာေခ်းေငြေတြကိုထပ္မံၿပီးလည္းအိမ္ရာတည္ေဆာက္မႈေတြၿပီးစီးမႈအေပၚမူတည္ကာဆက္လက္ထုတ္ေခ်းေရာင္းခ်မႈေတြလုပ္ေဆာင္သြားမယ္လို႔ၿမိဳ႕ျပနဲ႔အိမ္ရာဖြံံ႕ၿဖိဳးမႈဦးစီးဌာနကရည္႐ြယ္ထားတာပါ။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service