အခွန်ပေးဆောင်ရန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေအမျိုးအစားများ - Property Knowledge in Myanmar from iMyanmarHouse.com
6730 Views

အခွန်ပေးဆောင်ရန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေအမျိုးအစားများ

Knowledge | Posted by Hnin Ei Khin

[Unicode]

အခွန်ထမ်းပြည်သူများအနေနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျှက်ရှိသည့် ဝင်ငွေခွန်ထမ်းဆောင်ခြင်းမှ အခွန်ကင်းလွတ်ခွင့်များကိုတည်ဆဲဥပဒေနှင့်အညီရှင်းလင်းစွာသိရှိနိုင်ရန်ရည်ရွယ်ကာဖော်ပြခြင်းဖြစ်ပါသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိသော ဝင်ငွေအမျိုးအစားများမှာ-

(က) ဘာသာရေး (သို့) ကုသိုလ်ရေးအဖွဲ့အစည်းတစ်ခုခုကရရှိ၍ ဘာသာရေး (သို့) ကုသိုလ်ရေးကိစ္စများ အတွက် သက်သက် အသုံးပြုသော ဝင်ငွေ၊

(ခ) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အခွန်အခရရှိငွေ (ဥပမာ -စည်ပင်သာယာရေးအဖွဲ့များ၊ ဆိပ်ကမ်းအာဏာပိုင်များမှ အခွန်အခကောက်ခံရရှိငွေ)၊

(ဂ) ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ (Gratuity)၊

(ဃ) သေဆုံး၍ (သို့) ဒဏ်ရာရ၍ရရှိသည့်လျော်ကြေး၊

(င) အာမခံပေါ်လစီအတွက် ထုတ်ပေး၍ ရရှိငွေ၊

(စ) အဖန်တလဲလဲမဟုတ်ပဲတစ်ခါတစ်ရံရရှိသည့်ငွေ (အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် လုပ်ငန်းတစ်ရပ်ရပ်မှ ရရှိသည့် ဝင်ငွေတို့ မပါဝင်ပါ)၊

(ဆ) ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန်ပေးဆောင်ပြီးရရှိသည့် အမြတ်ဝေစု၊

(ဇ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရဖမ်းဆီးရမှု (သို့)တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်းရရှိသည့် စုစုပေါင်း ဝင်ငွေ၏ ကျပ်သိန်း ၁၀၀ အထိ၊

(ဈ) နိုင်ငံတော်မှ ချီးမြှင့်သောဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနှင့် အတူရရှိသည့် ချီးမြှင့်ငွေများ၊

(ည) ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသောလစာခေါင်းစဉ်မှ ဝင်ငွေ၊

(ဋ) အစိုးရအောင်ဘာလေသိန်းဆုဆုမဲမှ ထုတ်ယူရရှိငွေ၊

(ဌ) ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ၊

(ဍ) အသစ်ထူထောင်သောစက်မှုလက်မှုကိုအခြေခံသည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခု (သို့) လုပ်ငန်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လုပ်ငန်းစတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၃နှစ်ကာလအတွင်း ၁နှစ်စုစုပေါင်းအသားတင်အမြတ် ဝင်ငွေကျပ်သိန်း ၁၀၀ ထိ၊

(ဎ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေတစ်ရပ်ရပ်တို့တွင် ပြဋ္ဌာန်းပါရှိသော ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ၊ အစရှိသည့် ဝင်ငွေအမျိုးအစားတို့သည် အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ယင်းကင်းလွတ် ချက်များမှအပအခြားနည်းဖြင့်ရရှိသော ဝင်ငွေရလမ်းများသည် သတ်မှတ်ရာခ်ိုင်နှုန်းများနှင့်အညီအခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းတည်ဆဲအခွန်ဆိုင်ရာဥပဒေများအရအခွန်ထမ်းများမှ ရရှိနိုင်မည့် အခွန်ကင်းလွတ်ခွင့်များအကြောင်းသိကောင်းစရာတွင် ဖော်ပြထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

















(ဎ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေတစ်ရပ်ရပ်တို့တွင် ပြဋ္ဌာန်းပါရှိသော ၀င်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ၊ အစရှိသည့် ၀င်ငွေအမျိုးအစားတို့သည် အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ယင်းကင်းလွတ် ချက်များမှအပအခြားနည်းဖြင့်ရရှိသော ၀င်ငွေရလမ်းများသည် သတ်မှတ်ရာခိုင်နှုန်းများနှင့်အညီအခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းတည်ဆဲအခွန်ဆိုင်ရာဥပဒေများအရအခွန်ထမ်းများမှ ရရှိနိုင်မည့် အခွန်ကင်းလွတ်ခွင့်များအကြောင်းသိကောင်းစရာတွင် ဖော်ပြထားပါသည်။






Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service