ငွေဖော်လိုသူတွေကြောင့်နယ်မြို့တွေမှာ အိမ်ခြံမြေအရောင်းအဝယ်ပြန်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
1680 Views

ငွေဖော်လိုသူတွေကြောင့်နယ်မြို့တွေမှာ အိမ်ခြံမြေအရောင်းအဝယ်ပြန်ဖြစ်နေ

[Unicode]

COVID-19 ကပ်ရောဂါဒုတိယလှိုင်းတွင်ငွေဖော်လိုသူများသဖြင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင်ရောင်းလိုအားကအဓိကဦးဆောင်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ကပြောသည်။

အိမ်ခြံမြေရောင်းလိုအားမြင့်တက်သော်လည်းဈေးနှိမ်ဝယ်ယူမှုများကြောင့် (အိမ်ခြံမြေအကျိုးဆောင်များအခေါ် COVID ဈေး) အရောင်းအဝယ်အနည်းငယ်သာဖြစ်သည်ဟု ၎င်းတို့ကပြောသည်။

‘‘အခုချိန်မှာကရောင်းချင်သူကများတယ်။ဒါပေမဲ့ဝယ်တဲ့သူကအရင်လဟာပြင်ဈေးမှာလိုဈေးခေါက်ချိုးစစ်ပြီးဝယ်တော့လုပ်ရကိုင်ရခက်တာပေါ့’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကရှင်းပြသည်။

ကပ်ရောဂါဒုတိယလှိုင်းစတင်သည့်စက်တင်ဘာလဆန်းကစတင်ကာ ရန်ကုန်အိမ်ခြံမြေဈေးကွက်ရပ်တန့်လုနီးပါးဖြစ်ခဲ့ကြောင်း၊သီတင်းကျွတ်လပြည့်ကျော်ကစတင်၍ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင်အနည်းငယ်ပြန်လည်လှုပ်ရှားလာကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ကပြောသည်။

‘‘ဒီနှစ်ရန်ကုန်မှာကဝယ်လိုအားကအတော်ကိုကျသွားတယ်။ COVID ဖြစ်နေတော့အရောင်းပွဲတော်တွေလည်းမလုပ်ရဘူးလေ’’ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှအုပ်ချုပ်မှုဒါရိုက်တာဦးနေမင်းသူကပြောသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်များစွာလျော့နည်းနေသော်လည်းမြဝတီနယ်စပ်မြို့တွင်စီးပွားရေးလုပ်ရန်အတွက်မြေကွက်များအဝယ်ရှိနေခြင်း၊ပြင်ဦးလွင်၊ကလောမြို့တွင်မြေနှင့်အိမ်များအရောင်းအဝယ်ရှိနေသည်ဟု ဦးနေမင်းသူကပြောသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင်ရောင်းလိုအားမြင့်တက်နေသကဲ့သို့အိမ်ငှားဈေးကွက်တွင်လည်းပိုင်ရှင်များကဈေးချငှားရမ်းမှုများရှိလာသည်ဟု အကျိုးဆောင်များကပြောသည်။ကပ်ရောဂါကြောင့်အလုပ်အကိုင်များရပ်နားရသဖြင့်နယ်ပြန်သူများရှိနေခြင်း၊နိုင်ငံခြားသားငှားရမ်းမှုများလည်းမရှိသဖြင့်အိမ်ငှားဈေးကွက်တွင်ဈေးနှုန်းများလျော့နည်းသွားကြောင်း၎င်းတို့က ရှင်းပြသည်။

လက်ရှိ ‌နေအိမ်၊တိုက်ခန်းငှားရမ်းမှုများက၂၀ ရာခိုင်နှုန်းမှ၃၀ရာခိုင်နှုန်းအထိဈေးလျှော့ငှားရမ်းမှုများရှိနေသည်ဟု ဦးနေမင်းသူကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေငြေဖာ္လိုသူေတြေၾကာင့္နယ္ၿမိဳ႕ေတြမွာ အိမ္ျခံေျမအေရာင္းအဝယ္ျပန္ျဖစ္ေန

COVID-19 ကပ္ေရာဂါဒုတိယလိႈင္းတြင္ေငြေဖာ္လိုသူမ်ားသျဖင့္ ရန္ကုန္အိမ္ျခံေျမေဈးကြက္တြင္ေရာင္းလိုအားကအဓိကဦးေဆာင္ေနေၾကာင္း အိမ္ျခံေျမအက်ိဳးေဆာင္အခ်ိဳ႕ကေျပာသည္။

အိမ္ျခံေျမေရာင္းလိုအားျမင့္တက္ေသာ္လည္းေဈးႏွိမ္ဝယ္ယူမႈမ်ားေၾကာင့္ (အိမ္ျခံေျမအက်ိဳးေဆာင္မ်ားအေခၚ COVID ေဈး) အေရာင္းအဝယ္အနည္းငယ္သာျဖစ္သည္ဟု ၎တို႔ကေျပာသည္။

‘‘အခုခ်ိန္မွာကေရာင္းခ်င္သူကမ်ားတယ္။ဒါေပမဲ့ဝယ္တဲ့သူကအရင္လဟာျပင္ေဈးမွာလိုေဈးေခါက္ခ်ိဳးစစ္ၿပီးဝယ္ေတာ့လုပ္ရကိုင္ရခက္တာေပါ့’’ဟု ျမန္မာႏိုင္ငံအိမ္ျခံေျမဝန္ေဆာင္မႈအသင္းဒုတိယဥကၠ႒ ဦးသန္းဦးက႐ွင္းျပသည္။

ကပ္ေရာဂါဒုတိယလိႈင္းစတင္သည့္စက္တင္ဘာလဆန္းကစတင္ကာ ရန္ကုန္အိမ္ျခံေျမေဈးကြက္ရပ္တန္႔လုနီးပါးျဖစ္ခဲ့ေၾကာင္း၊သီတင္းကြၽတ္လျပည့္ေက်ာ္ကစတင္၍ ရန္ကုန္အိမ္ျခံေျမေဈးကြက္တြင္အနည္းငယ္ျပန္လည္လႈပ္႐ွားလာေၾကာင္း အိမ္ျခံေျမအက်ိဳးေဆာင္အခ်ိဳ႕ကေျပာသည္။

‘‘ဒီႏွစ္ရန္ကုန္မွာကဝယ္လိုအားကအေတာ္ကိုက်သြားတယ္။ COVID ျဖစ္ေနေတာ့အေရာင္းပြဲေတာ္ေတြလည္းမလုပ္ရဘူးေလ’’ဟု iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွအုပ္ခ်ဳပ္မႈဒါ႐ိုက္တာဦးေနမင္းသူကေျပာသည္။

ရန္ကုန္အိမ္ျခံေျမေဈးကြက္တြင္ အေရာင္းအဝယ္မ်ားစြာေလ်ာ့နည္းေနေသာ္လည္းျမဝတီနယ္စပ္ၿမိဳ႕တြင္စီးပြားေရးလုပ္ရန္အတြက္ေျမကြက္မ်ားအဝယ္႐ွိေနျခင္း၊ျပင္ဦးလြင္၊ကေလာၿမိဳ႕တြင္ေျမႏွင့္အိမ္မ်ားအေရာင္းအဝယ္႐ွိေနသည္ဟု ဦးေနမင္းသူကေျပာသည္။

ရန္ကုန္အိမ္ျခံေျမေဈးကြက္တြင္ေရာင္းလိုအားျမင့္တက္ေနသကဲ့သို႔အိမ္ငွားေဈးကြက္တြင္လည္းပိုင္႐ွင္မ်ားကေဈးခ်ငွားရမ္းမႈမ်ား႐ွိလာသည္ဟု အက်ိဳးေဆာင္မ်ားကေျပာသည္။ကပ္ေရာဂါေၾကာင့္အလုပ္အကိုင္မ်ားရပ္နားရသျဖင့္နယ္ျပန္သူမ်ား႐ွိေနျခင္း၊ႏိုင္ငံျခားသားငွားရမ္းမႈမ်ားလည္းမ႐ွိသျဖင့္အိမ္ငွားေဈးကြက္တြင္ေဈးႏႈန္းမ်ားေလ်ာ့နည္းသြားေၾကာင္း၎တို႔က ႐ွင္းျပသည္။

လက္႐ွိ ‌ေနအိမ္၊တိုက္ခန္းငွားရမ္းမႈမ်ားက၂၀ ရာခိုင္ႏႈန္းမွ၃၀ရာခိုင္ႏႈန္းအထိေဈးေလွ်ာ့ငွားရမ္းမႈမ်ား႐ွိေနသည္ဟု ဦးေနမင္းသူကဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service