မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒအသစ် အစိုးရထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
921 Views

မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒအသစ် အစိုးရထုတ်ပြန်

[Unicode]

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒအသစ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ မူဝါဒကို ၂၀၁၈ ခုနှစ်ထုတ်ပြန်ထားခဲ့ပြီးဖြစ်သော်လည်း လက်ရှိတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီစေရန် ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒမှာ နိုင်ငံတကာငွေကြေးအထောက်အပံ့များနှင့် အတိုးနှုန်းသက်သာသောချေးငွေများ စသည့် အကူအညီများကို နိုင်ငံဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့် အညီ ကောင်အထည်ဖော်ဆောင်ရာတွင် အကျိုးရှိစွာ အသုံးချနိုင်ရန် သီခြားမူဝါဒချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“မူဝါဒရဲ့ အဓိက ရည်ရွယ်ချက်က ပေးအပ်လာတဲ့ အကူအညီတွေကို အကျိုးရှိရှိ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အစိုးရဖွံ့ဖြိုးရေးအကူအညီများ ညှိနှိုင်းရေးအဖွဲ့သည် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ အကောင်အထည်ဖော်မှုကို ဦးဆောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ အဖွဲ့၏ ဥက္ကဌအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်မှာလည်းဖြစ်သည်။

ဖွံ့ဖြိုးရေး အကူအညီများသည် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမှု၊ နည်းပညာနှင့် အသိပညာမျှဝေမှုတို့အတွက် အဓိကအခန်းကဏ္ဍအဖြစ် ရပ်တည်နေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

အဆိုပါ မူဝါဒ၏ အခြေခံမူမှာ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ဦးစားပေးများကို အစိုးရကိုယ်တိုင် ဖော်ထုတ်ဆုံးဖြတ်မည်ဖြစ်ပြီး ဖွံ့ဖြိုးရေးအကူအညီများမှာ စီမံကိန်းများကို အထောက်အကူပြုရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အစိုးရသည် စီးပွားရေးနှင့် လူမှုရေးဦးစားပေးလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရေးအတွက် သက်သာသော ချေးငွေများကို ရယူပြီး အကျိုးအမြတ်အများဆုံး ရရှိရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း မူဝါဒထဲတွင် ရေးသား ဖော်ပြထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မန္မာႏိုင္ငံ ဖြံ႕ၿဖိဳးမႈ အကူအညီဆိုင္ရာ မူဝါဒအသစ္ အစိုးရထုတ္ျပန္

ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈ အကူအညီဆိုင္ရာ မူဝါဒအသစ္ကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

အဆိုပါ မူဝါဒကို ၂၀၁၈ ခုႏွစ္ထုတ္ျပန္ထားခဲ့ၿပီးျဖစ္ေသာ္လည္း လက္႐ွိတြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕ ႐ုံးႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ထုတ္ျပန္ထားေသာာ လုပ္ထုံးလုပ္နည္းမ်ား၊ ၫႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီေစရန္ ျပင္ဆင္ထုတ္ျပန္ခဲ့ျခင္းလည္းျဖစ္သည္။

ဖြံ႕ၿဖိဳးမႈ အကူအညီဆိုင္ရာ မူဝါဒမွာ ႏိုင္ငံတကာေငြေၾကးအေထာက္အပံ့မ်ားႏွင့္ အတိုးႏႈန္းသက္သာေသာေခ်းေငြမ်ား စသည့္ အကူအညီမ်ားကို ႏိုင္ငံဖြံ႕ၿဖိဳးေရးရည္မွန္းခ်က္မ်ားႏွင့္ အညီ ေကာင္အထည္ေဖာ္ေဆာင္ရာတြင္ အက်ိဳး႐ွိစြာ အသုံးခ်ႏိုင္ရန္ သီျခားမူဝါဒခ်မွတ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“မူဝါဒရဲ႕ အဓိက ရည္႐ြယ္ခ်က္က ေပးအပ္လာတဲ့ အကူအညီေတြကို အက်ိဳး႐ွိ႐ွိ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔ပဲျဖစ္ပါတယ္။”ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားသည္။

အစိုးရဖြံ႕ၿဖိဳးေရးအကူအညီမ်ား ညႇိႏိႈင္းေရးအဖြဲ႕သည္ ဖြံ႕ၿဖိဳးမႈအကူအညီဆိုင္ရာမူဝါဒ အေကာင္အထည္ေဖာ္မႈကို ဦးေဆာင္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး အဆိုပါ အဖြဲ႕၏ ဥကၠဌအျဖစ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တာဝန္ယူေဆာင္႐ြက္မွာလည္းျဖစ္သည္။

ဖြံ႕ၿဖိဳးေရး အကူအညီမ်ားသည္ ပုဂၢလိကက႑ရင္းႏွီးျမႇဳပ္ႏွံမႈ၊ စီးပြားေရးဖြံ႕ၿဖိဳးမႈ၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရ႐ွိေစမႈ၊ နည္းပညာႏွင့္ အသိပညာမွ်ေဝမႈတို႔အတြက္ အဓိကအခန္းက႑အျဖစ္ ရပ္တည္ေနသည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

အဆိုပါ မူဝါဒ၏ အေျခခံမူမွာ ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားႏွင့္ ဦးစားေပးမ်ားကို အစိုးရကိုယ္တိုင္ ေဖာ္ထုတ္ဆုံးျဖတ္မည္ျဖစ္ၿပီး ဖြံ႕ၿဖိဳးေရးအကူအညီမ်ားမွာ စီမံကိန္းမ်ားကို အေထာက္အကူျပဳရမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ အစိုးရသည္ စီးပြားေရးႏွင့္ လူမႈေရးဦးစားေပးလုပ္ငန္းမ်ားကို အေထာက္အပံ့ေပးႏိုင္ေရးအတြက္ သက္သာေသာ ေခ်းေငြမ်ားကို ရယူၿပီး အက်ိဳးအျမတ္အမ်ားဆုံး ရ႐ွိေရးကို ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း မူဝါဒထဲတြင္ ေရးသား ေဖာ္ျပထားသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service