ရွေးကောက်ပွဲအလွန်ရွှေဈေးကျပြီးဒေါ်လာဈေးတည်ငြိမ်နေ - Property News in Myanmar from iMyanmarHouse.com
1637 Views

ရွေးကောက်ပွဲအလွန်ရွှေဈေးကျပြီးဒေါ်လာဈေးတည်ငြိမ်နေ

[Unicode]

ရွေးကောက်ပွဲအလွန်ကာလမှာရက်ပိုင်းအတွင်းရွှေဈေးကအနည်းငယ်ပြန်လည်ကျဆင်းလာပြီး ဒေါ်လာဈေးကတော့တည်ငြိမ်လျှက်ရှိပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်ကြီးအချို့ပြီးခဲ့တဲ့အပတ်ကဆိုင်တွေပြန်လည်ဖွင့်လှစ်လာပြီးရွှေဈေးကွက်ပြန်ဖွင့်ချိန်မှာဈေးနှုန်းကကျဆင်းလာတာဖြစ်ပါတယ်။

ပြည်တွင်းရွေးကောက်ပွဲအရှိန်ကြောင့်ဈေးကွက်မှာထင်သလောက်လှုပ်ခတ်မှုမရှိခဲ့ပေမယ့် အမေရီကန်သမ္မတရွေးကောက်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးကအနည်းငယ်ကျဆင်းလာပြီးမြန်မာ့ရွေဈေးကတော့သက်ရောက်ခဲ့တာပါ။

ပြည်တွင်းရွှေဈေးကွက်မှာတော့ ပြန်လည်ရောင်းချသူများပြားပြီးအဝယ်ကနည်းပါးနေတယ် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိူးမြင့်ကပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာတော့ နိုဝင်ဘာ ၁၁ရက်ရန်ကုန်မှာတော့ကျပ် ၁,၃၁၀,၀၀၀ဈေးရှိပြီးမန္တလေးမှာတော့၁,၃၁၀,၅၀၀ကျပ်ပေါက်ဈေးရှိနေတာပါ။

ပြည်တွင်းငွေကြေးဈေးကွက်တွင်လည်း ကိုဗစ်ကာကွယ်ဆေးတွေ့ရှိခြင်းနှင့်ဈေးကွက်ပြန်လည်စတင်လာခြင်းကြောင့်နိုဝင်ဘာ ၁၀ရက်ပြင်ပပေါက်ဈေးတွင်တစ်ဒေါ်လာ ၁,၃၂၁ကျပ်အထိမြင့်တက်လာသည်။ဒေါ်လာဈေးသည်နိုဝင်ဘာလဆန်းတွင်ကျပ် ၁,၃၀၀ဝန်းကျင်သာရှိခဲ့သည်။

စီးပွားရေးလုပ်ငန်းအများစုရပ်နားထားရတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကဒေါ်လာဈေးဆက်တိုက်ကျဆင်းလာပေမယ့်ရွေးကောက်ပွဲအပြီးမှာတော့ ဒေါ်လာဈေးကငြိမ်သက်နေပါတယ် ဒီကနေ့မနက်ပိုင်းမှာတော့တစ်ဒါ်လာ၁,၃၀၅ကျပ်နဲ့စတင်ခဲ့ပြီးဈေးကွက်အတွင်းဒေါ်လာတန်ဖိုးသိသာစွာပြောင်းလဲမှုမရှိခဲ့ပါဘူး။

ကိုဗစ်ရောဂါကိုကိုးဆယ်ရာခိုင်နှုန်းထိကာကွယ်နိုင်တယ်ဆိုတဲ့ကာကွယ်ဆေးထွက်မယ်ဆိုတဲ့သတင်းကြောင့် ဒေါ်လာဈေးကအနည်းငယ်ပြန်လည်မြင့်တက်ဖို့တက်ရိပ်ရှိနေတယ်လို့ လုပ်ငန်းရှင်တစ်ချို့ကခန့်မှန်းနေကြပါပြီ။

ပြည်တွင်းမှဆန်၊ပြောင်းစသောလယ်ယာထွက်ကုန်များအပါအဝင် ပြည်ပသို့ကုန်စည်တင်ပို့ပြီးနောက်ပြန်လည်ရရှိလာသောပို့ရငွေအမေရိကန်ဒေါ်လာတန်ဖိုးကလည်းတစ်ဒေါ်လာ ၁,၂၇၈ကျပ်ဝန်းကျင်တွင်ရှိနေသည်။

ငွေကြေးဈေးကွက်တွင် ဒေါ်လာအပါအဝင်နိုင်ငံခြားငွေတန်ဖိုးအပြောင်းအလဲနည်းခြင်းကနိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ဆောင်မှုများလျော့နည်းခြင်းကြောင့်လည်းပါဝင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ကသုံးသပ်သည်။

ပြည်ပသို့တရားမဝင်ငွေလွှဲလုပ်ငန်းများရပ်နားထားရခြင်းကလည်း ဒေါ်လာတန်ဖိုးကိုတည်ငြိမ်စေကြောင်းပြင်ပငွေလဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

ယခုဘဏ္ဍာနှစ်၂၀၂၀-၂၁ ၏ပထမလအောက်တိုဘာတွင်ပြည်ပမှကုန်စည်တင်သွင်းမှုအခြေအနေကလည်းပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက်ဒေါ်လာသန်း၂၇၀ကျော်လျော့နည်းသွားသည်။သွင်းကုန်လျော့နည်းမှုက ပြည်တွင်းဈေးကွက်တွင်ဒေါ်လာတန်ဖိုးအပြောင်းအလဲပေါ်တွင် သက်ရောက်မှုရှိစေသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေ႐ြးေကာက္ပြဲအလြန္ေ႐ႊေစ်းက်ၿပီးေဒၚလာေစ်းတည္ၿငိမ္ေန

ေ႐ြးေကာက္ပြဲအလြန္ကာလမွာရက္ပိုင္းအတြင္းေ႐ႊေစ်းကအနည္းငယ္ျပန္လည္က်ဆင္းလာၿပီး ေဒၚလာေစ်းကေတာ့တည္ၿငိမ္လွ်က္႐ွိပါတယ္။

ရန္ကုန္ၿမိဳ႕က ေ႐ႊဆိုင္ႀကီးအခ်ိဳ႕ၿပီးခဲ့တဲ့အပတ္ကဆိုင္ေတြျပန္လည္ဖြင့္လွစ္လာၿပီးေ႐ႊေစ်းကြက္ျပန္ဖြင့္ခ်ိန္မွာေစ်းႏႈန္းကက်ဆင္းလာတာျဖစ္ပါတယ္။

ျပည္တြင္းေ႐ြးေကာက္ပြဲအ႐ွိန္ေၾကာင့္ေစ်းကြက္မွာထင္သေလာက္လႈပ္ခတ္မႈမ႐ွိခဲ့ေပမယ့္ အေမရီကန္သမၼတေ႐ြးေကာက္ပြဲေၾကာင့္ ကမ႓ာ့ေ႐ႊေစ်းကအနည္းငယ္က်ဆင္းလာၿပီးျမန္မာ့ေ႐ြေစ်းကေတာ့သက္ေရာက္ခဲ့တာပါ။

ျပည္တြင္းေ႐ႊေစ်းကြက္မွာေတာ့ ျပန္လည္ေရာင္းခ်သူမ်ားျပားၿပီးအဝယ္ကနည္းပါးေနတယ္ ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းဥကၠဌဦးမ်ိဴးျမင့္ကေျပာပါတယ္။

ျပည္တြင္းေ႐ႊေဈးကြက္မွာေတာ့ ႏိုဝင္ဘာ ၁၁ရက္ရန္ကုန္မွာေတာ့က်ပ္ ၁,၃၁၀,၀၀၀ေဈး႐ွိၿပီးမႏၲေလးမွာေတ့ ာ၁,၃၁၀,၅၀၀က်ပ္ေပါက္ေဈး႐ွိေနတာပါ။

ျပည္တြင္းေငြေၾကးေဈးကြက္တြင္လည္း ကိုဗစ္ကာကြယ္ေဆးေတြ႕႐ွိျခင္းႏွင့္ေဈးကြက္ျပန္လည္စတင္လာျခင္းေၾကာင့္ႏိုဝင္ဘာ ၁၀ရက္ျပင္ပေပါက္ေဈးတြင္တစ္ေဒၚလာ ၁,၃၂၁က်ပ္အထိျမင့္တက္လာသည္။ေဒၚလာေဈးသည္ႏိုဝင္ဘာလဆန္းတြင္က်ပ္ ၁,၃၀၀ဝန္းက်င္သာ႐ွိခဲ့သည္။

စီးပြားေရးလုပ္ငန္းအမ်ားစုရပ္နားထားရတာေၾကာင့္ ျပီးခဲ့တဲ့ရက္ပိုင္းကေဒၚလာေစ်းဆက္တိုက္က်ဆင္းလာေပမယ့္ေ႐ြးေကာက္ပြဲအၿပီးမွာေတာ့ ေဒၚလာေစ်းကၿငိမ္သက္ေနပါတယ္ ဒီကေန႔မနက္ပိုင္းမွာေတာ့တစ္ဒၚလာ၁,၃၀၅က်ပ္နဲ႔စတင္ခဲ့ၿပီးေဈးကြက္အတြင္းေဒၚလာတန္ဖိုးသိသာစြာေျပာင္းလဲမႈမ႐ွိခဲ့ပါဘူး။

ကိုဗစ္ေရာဂါကိုကိုးဆယ္ရာခိုင္ႏႈန္းထိကာကြယ္ႏိုင္တယ္ဆိုတဲ့ကာကြယ္ေဆးထြက္မယ္ဆိုတဲ့သတင္းေၾကာင့္ ေဒၚလာေစ်းကအနည္းငယ္ျပန္လည္ျမင့္တက္ဖို႔တက္ရိပ္႐ွိေနတယ္လို႔ လုပ္ငန္း႐ွင္တစ္ခ်ိဳ႕ကခန္႔မွန္းေနၾကပါၿပီ။

ျပည္တြင္းမွဆန္၊ေျပာင္းစေသာလယ္ယာထြက္ကုန္မ်ားအပါအဝင္ ျပည္ပသို႔ကုန္စည္တင္ပို႔ၿပီးေနာက္ျပန္လည္ရ႐ွိလာေသာပို႔ရေငြအေမရိကန္ေဒၚလာတန္ဖိုးကလည္းတစ္ေဒၚလာ ၁,၂၇၈က်ပ္ဝန္းက်င္တြင္႐ွိေနသည္။

ေငြေၾကးေဈးကြက္တြင္ ေဒၚလာအပါအဝင္ႏိုင္ငံျခားေငြတန္ဖိုးအေျပာင္းအလဲနည္းျခင္းကႏိုင္ငံတကာႏွင့္ခ်ိတ္ဆက္လုပ္ေဆာင္မႈမ်ားေလ်ာ့နည္းျခင္းေၾကာင့္လည္းပါဝင္သည္ဟု စီးပြားေရးလုပ္ငန္း႐ွင္အခ်ိဳ႕ကသုံးသပ္သည္။

ျပည္ပသို႔တရားမဝင္ေငြလႊဲလုပ္ငန္းမ်ားရပ္နားထားရျခင္းကလည္း ေဒၚလာတန္ဖိုးကိုတည္ၿငိမ္ေစေၾကာင္းျပင္ပေငြလဲဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သူတစ္ဦးကေျပာသည္။

ယခုဘ႑ာႏွစ္၂၀၂၀-၂၁ ၏ပထမလေအာက္တိုဘာတြင္ျပည္ပမွကုန္စည္တင္သြင္းမႈအေျခအေနကလည္းၿပီးခဲ့သည့္ဘ႑ာႏွစ္ကာလတူထက္ေဒၚလာသန္း၂၇၀ေက်ာ္ေလ်ာ့နည္းသြားသည္။သြင္းကုန္ေလ်ာ့နည္းမႈက ျပည္တြင္းေဈးကြက္တြင္ေဒၚလာတန္ဖိုးအေျပာင္းအလဲေပၚတြင္ သက္ေရာက္မႈ႐ွိေစသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service