ကန်ထရိုက်တိုက်ခန်းကို ကြိုပွိုင့်စနစ်ဖြင့် စာချုပ်စာတမ်းနဲ့ ဝယ်ယူခဲ့ပါတယ်။ သို့ပေမဲ့ တိုက်ခန်းပြီးစီး၍အခန်းကိုသွားရောက်ကြည့်ရှုတဲ့အခါ ရောင်းသူဖြစ်သည့် မြေရှင် (သို့မဟုတ်) ကန်ထရိုက်တာသည် အဆိုပါအခန်းကိုအခြားသူကိုထပ်မံရောင်းချပြီးနေထိုင်နေလျှင် အခန်းကိုပြန်ရအောင် မည်သို့ဆောင်ရွက်ရမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
822 Views

ကန်ထရိုက်တိုက်ခန်းကို ကြိုပွိုင့်စနစ်ဖြင့် စာချုပ်စာတမ်းနဲ့ ဝယ်ယူခဲ့ပါတယ်။ သို့ပေမဲ့ တိုက်ခန်းပြီးစီး၍အခန်းကိုသွားရောက်ကြည့်ရှုတဲ့အခါ ရောင်းသူဖြစ်သည့် မြေရှင် (သို့မဟုတ်) ကန်ထရိုက်တာသည် အဆိုပါအခန်းကိုအခြားသူကိုထပ်မံရောင်းချပြီးနေထိုင်နေလျှင် အခန်းကိုပြန်ရအောင် မည်သို့ဆောင်ရွက်ရမလဲ။

Knowledge | Posted by Si Thu Aung

[Unicode]

ကြိုပွိုင့်စနစ်ဖြင့် ဝယ်ခြင်း(၂)မျိုးရှိပါသည်။ မြေရှင်ဆီက ဝယ်တာနှင့် ကန်ထရိုက်တာဆီက ဝယ်ယူ ခြင်းဆိုပြီးဖြစ်သည်။မြေရှင်ထံမှ ဝယ်ယူတာဆိုလျှင် တရားစွဲလျှင် မြေရှင်ကို တရားပြိုင် နံပါတ် ၁ အနေနဲ့ ထားရမည်၊ တရားပြိုင် နံပါတ် ၂ အဖြစ် နောက်ထပ်ဝယ်ယူပြီးတော့ နေထိုင်နေတဲ့လူကိုထည့်သွင်းတရားစွဲဆိုရပါမည်။ အကယ်၍မြေရှင်ကိုရှာမတွေ့ဘဲရှောင်နေတာ၊ ထွက်ပြေးနေတာမျိုးဆိုလျှင်လည်း ရှာမတွေ့ သော်လည်း ဥပဒေအရ ထည့်သွင်းတရားစွဲရပါမည်။ တရားစွဲဆိုသည့်အခါ တရားရုံးက သတင်းစာထဲမှာ ကြေညာပြီးဆင့်ခေါ်ပါသည်။

ထိုနေရာမှ ရောင်းသူသည် ကန်ထရိုက်တာကုမ္ပဏီဖြစ်လျှင် တရားပြိုင် နံပါတ်(၁)အဖြစ် ကန်ထရိုက် တာကုမ္ပဏီကိုထည့်သွင်းတရားစွဲဆိုရမှာဖြစ်ပါသည်။

နောက်ထပ်ဝယ်ယူပြီးနေထိုင်နေတဲ့လူတွေကို ဘာဖြစ်လို့ထည့်စွဲရသလဲ ဆိုတော့ အခန်းကိုလိုချင်တာ ဖြစ်တဲ့အတွက်ပါ။ ပထမဝယ်သူကလည်း မြေရှင်ဆီက ဝယ်တယ်၊ နောက်ဝယ်တဲ့သူကလည်း မြေရှင်ဆီက ဝယ်တယ်။ အဲတော့ တရားရုံးမှာ ဘာကို အဓိကစစ်ဆေးမလဲဆိုတော့ပထမဝယ်တဲ့သူရဲ့ စာချုပ်က မြေရှင်ဆီက တကယ်ဝယ်သလား ဆိုတာစစ်မယ်။စစ်လိုက်တဲ့အခါကျတော့ နှစ်ခုစလုံးဟာ စစ်မှန်တဲ့စာချုပ်လို့ ပေါ်ပေါက်လာရင် အရင်ဝယ်ယူတဲ့သူက ဒီအဆောက်အဦကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ စာချုပ်ခိုင်မာဖို့ မခိုင်မာဖို့ကတော့ တရားရုံးရဲ့ စစ်ဆေးမှာဖြစ်ပါသည်။ မြေရှင်ကို တရားစွဲတဲ့အခါ ချုပ်ထားတဲ့ စာချုပ်ကို တရားရုံးကိုတင်ပြမယ်။ နောက်ဝယ်တဲ့လူကလည်းတရားရုံးကို တင်ပြမယ်။ ဒီစာချုပ်နှစ်ခုရဲ့ ခိုင်မာမှုအတိုင်းအတာကို ကြည့်မယ်။ နှစ်ခုစလုံးက မှန်နေတယ်ဆိုရင်လည်းအရင်ဝယ်ယူသူကအခန်းကိုပိုင်ဆိုင်ခွင့်ရမည်။

ထိုအခြေအနေများတွင် တိုက်ခန်းကိုလက်လွတ်ဆုံးရှုံးသွားတဲ့ နောက်ဝယ်ယူသူကမြေရှင်ကိုထပ်မံတရားစွဲဆိုပြီးတိုက်ခန်းဖိုးငွေကို ပြန်လည်တောင်းခံရမှာဖြစ်ပါတယ်။ ထို့ကြောင့် တိုက်ခန်းဝယ်ယူမည် ဆိုလျှင် တိုက်ခန်း၏ ပိုင်ဆိုင်မှုရာဇဝင်ကိုအသေအချာစစ်ဆေးမှသာဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service