မြေနုကျွန်းဆိုတာ မည်သည့်မြေအမျိုးအစားလဲ၊ မည်သို့သောပုံစံလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
1782 Views
မြေနုကျွန်းဆိုတာ မည်သည့်မြေအမျိုးအစားလဲ၊ မည်သို့သောပုံစံလဲ။
Knowledge | Posted by Zarni Kyaw
[Unicode]
မြေနုကျွန်း၏ အဓိပ္ပါယ်ကို ၁၉၁၁ခုနှစ်၊ မြန်မာနိုင်ငံမြေနှင့်အခွန်အမိန့်ဆင့်ဆိုချက် အပိုဒ်-၄၀(၂) တွင် အောက်ပါအတိုင်းဖွင့်ဆိုထားသည်။ မမြဲသောမြေ (သို့မဟုတ်) မြေနု ဆိုသည်မှာ တည်နေရာအားဖြင့်သော် လည်းကောင်း၊ မြေသားဖွဲ့စည်းမှု အားဖြင့်သော်လည်းကောင်း (သို့မဟုတ်) တည်နေရာနှင့် ဖွဲ့စည်းမှု ၂ မျိုးလုံး အားဖြင့်သော်လည်းကောင်း နှစ်စဉ် ပြောင်းလဲနေသောမြေ ဟု ဖေါ်ပြထားပါတယ်။
၁၉၆၃ခုနှစ်၊ သီးစားချထားရေးနည်းဥပဒေ အပိုဒ်-၁၆(၃) မှာတော့ မြေနုကျွန်းပေါ်ဆိုသည်မှာ ခိုင်မြဲမှု မရှိသော မြေဖြစ်သည်။ ဆိုလိုသည်မှာ ရေကြောင်းကြောင့် နှစ်စဉ်အနေအထားနှင့် မြေသားပြောင်းသည့် မြေကို ဆိုလိုသည် ဟု ဖွင့်ဆိုထားပါတယ်။
၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၃(ဂ) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် မြေနုကျွန်းမြေဆိုသည်မှာ ရေအောက်သို့ နစ်မြုပ်ခဲ့ပြီး နှစ်စဉ် ရေကြောင်းအနေအထားအရ မြေသားနှင့် ပုံသဏ္ဍန် ပြောင်းလဲသည့် ခိုင်မြဲမှု မရှိသောမြေကို ဆိုသည်ဟု ဖေါ်ပြထားပါတယ်။ မြေနုကျွန်း၏ အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ဝိသေသ ၄ ရပ် ပါရှိပါသည်။
တည်နေရာ - ပေါ်ထွက်သည့် နေရာ အတည်တကျ မဖြစ်ပါ။ ပုံသဏ္ဍန် - ယခင်နှစ် အဝိုင်းသဏ္ဍန်၊ ယခုနှစ် ရှည်မျောမျောပုံစံ ဖြစ်ချင်ဖြစ်မည်၊ အတည်တကျမရှိ မသတ် မှတ်နိုင်ပါ။
(အရွယ်အစား)ဧရိယာ - ယခင် ဧက ၅၀ ခန့်ပေါ်သော်လည်း ယခု ဧက ၁၀၀ ဖြစ်ချင်ဖြစ်မည်၊ ဧက ၃၀ ခန့်သာ ပေါ်ချင်လည်းပေါ်မည်။ ဧရိယာ နှစ်စဉ် ပုံမှန် မရှိပါ။
မြေသားဖွဲ့စည်းမှု - ယခုနှစ် မြေနု ဖြစ်သော်လည်း နောက်နှစ်တွင် ကိုင်းများ သဲများသာ ဖုံးနေသော မြေ လည်းဖြစ်နိုင်သည်။ မြေသားဖွဲ့စည်းမှု တစ်နှစ်နှင့် မတူညီ မတည်မြဲပါ။
အထက်ပါအတိုင်း တည်နေရာ၊ ပုံသဏ္ဍန်၊ အရွယ်အစား၊ မြေသားဖွဲ့စည်းမှု နှစ်စဉ်ပြောင်းလဲလေ့ရှိသည့် မြေအမျိုးအစားဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
Upcoming Property Events
42 Mini Condo
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service