နနွင်းမှုန့် စားသုံးခြင်းသည် ဘယ်လိုရောဂါတွေကို သက်သာစေနိုင်လဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
32103 Views

နနွင်းမှုန့် စားသုံးခြင်းသည် ဘယ်လိုရောဂါတွေကို သက်သာစေနိုင်လဲ။

Knowledge | Posted by Hnin Ei Khin

[Unicode]

နနွင်းမှုန့်လို့ပြောမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ ပာင်းခတ် အမွှေးအကြိုင်တွေထဲက တစ်မျိုးပါ။

နေ့တိုင်းစားနေပေမယ့် သူက ဘယ်လောက်တောင် အကျိုးကျေးဇူးရှိနိုင်လဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အမှုမဲ့အမှတ်မဲ့ ဖြစ်နေတာပါ။ အခုတော့ သုတေသန စာရွက်စာတမ်းတွေနဲ့တကွ လေ့လာတွေ့ရှိချက်တွေ ခိုင်ခိုင်မာမာ တွေ့ရှိလာတဲ့အတွက် အားလုံးသိရှိနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

နနွင်း ဘယ်ကရလဲဆိုတာကနေ စပါမယ်။ နနွင်းက နနွင်းပင်ဆိုပြီးတော့ ရှိပါတယ်။ ကျွန်တော်တို့ အာရှတိုက်က လူမျိုးစုတွေအတွက်ကတော့ နနွင်းကို အထူးတလည် မိတ်ဆက်ပေးစရာတောင် မလိုတော့ပါဘူး။ အသားတစ်မျိုးမျိုး ချက်ရင်ပဲများသောအားဖြင့် နနွင်းထည့်ပြီး ချက်လေ့ချက်ထရှိကြပါတယ်။ အထူးသဖြင့် အိန္ဒိယအစားအစာတွေမှာဆိုရင် ပိုပြီးတော့တောင် နနွင်းပါဝင်ပါသေးတယ်။

အရသာ အားဖြင့်ကတော့ အနည်းငယ်ဖန်ပါတယ်။ ဟိုးအရင် ခေတ်အဆက်ဆက်ကတည်းက အစားအစာတွေကို အရောင်ဆိုးတဲ့ နေရာမှာ သုံးကြပါတယ်။ အခုနောက်ပိုင်းဆိုရင် ထောပတ်၊ ဒိန်ခဲ၊ Mustard အနှစ်၊ အခြားသော ပာင်းအရောင်တင် အမှုန့်အနေနဲ့ တွင်တွင်ကျယ်ကျယ် ထည့်သွင်းအသုံးပြုလာတာကိုလည်း တွေ့လာရပါတယ်။

ဒါတွေကတော့ အစားအသောက်တွေမှာ သုံးတာပါ။ အခုနောက်ပိုင်းတော့ ကျန်းမာရေးအရလည်း တော်တော် လေး အကျိုးကျေးဇူးများတဲ့အတွက် အားဖြည့်ဆေးအနေနဲ့တောင် နနွင်းကို ထုတ်လုပ်လာကြပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိဖို့ကြတော့ ကျွန်တော်တို့ နေ့စဉ်စားနေသလောက်နဲ့ ပြည့်ပြည့်ဝဝရရှိဖို့ အခက်အခဲရှိတဲ့အတွက် Supplement တွေ လိုအပ်ရင် မှီဝဲပေးဖို့ လိုအပ်လာပါတယ်။

နနွင်းမှာ Curcumin လို့ ခေါ်တဲ့ အာပာရဓာတ် တစ်မျိုးပါဝင်တဲ့အတွက် Anti-inflammatory (ရောင်ရမ်းတာကို သက်သာစေတဲ့) အကျိုးကျေးဇူးရှိတဲ့အပြင် Anti-oxidants property (ဓာတ်တိုးဆန့်ကျင်သတ္တိ) ပါရှိတဲ့အတွက် ကင်ဆာရောဂါများကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးပါတယ်။

နနွင်းပာ သဘာဝက ပေးထားတဲ့ အရောင်ကျဆေး တစ်မျိုး ဖြစ်တဲ့အတွက် အောက်ပါရောဂါတွေမှာ အသုံးတည့်ပါတယ်။

၁။ အဆစ်အမြစ် ရောင်ရမ်းခြင်း (arthritis)

၂။ ရင်ပူခြင်း (Heartburn)

၃။ ဒူးနာ၊ ခြေချင်းဝတ်နာ (Knee joint pain, Ankle joint pain)

၄။ Crohn’ Disease နှင့် Ulcerative Colitis (အူလမ်းကြောင်းရောင်ရမ်းခြင်း၊ အူလမ်းကြောင်းတွင် အနာများဖြစ်သည့်ရောဂါ)

၅။ ဝမ်းပျက်ဝမ်းလျှောရောဂါ

၆။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

၇။ အရေပြားရောင်ရမ်းခြင်း (lichen planus)

၈။ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း

၉။ Irritable Bowel Syndrome (ဝမ်းခဏခဏသွားသည့် ရောဂါ)

စတဲ့ရောဂါတွေမှာ နနွင်းစားပေးသင့်ပါတယ်။

ဒါ့အပြင် အခုလို ဆောင်းတွင်းမှာ အအေးဓာတ်လွန်ကဲလို့ ဖြစ်တတ်တဲ့ လေပြွန်ရောင်ရောဂါ (Bronchitis)၊ နှာစေးချောင်းဆိုး (Common Cold) ရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင်လည်း ရာသီသွေးပေါ်ချိန်မှာ ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်လို့ ဆီးအိမ်၊ ကျောက်ကပ် စတာတွေ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

ဒါ့အပြင် ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင်များမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အရေပြားရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ပိုးမွှားတစ်မျိုးမျိုး ကိုက်လိုက်လို့ အင်ပြင်ထတာမျိုး၊ Allergic ဖြစ်တာမျိုးတို့ကိုလည်း သက်သာစေပါတယ်။

နနွင်းမှာပါဝင်တဲ့ Curcumin က အာရုံကြောဆဲလ် (Neurons) လေးတွေ အရေအတွက်များလာစေတဲ့ အတွက် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများဖြစ်ကြတဲ့ အခုနောက်ပိုင်းအဖြစ်များလာတဲ့ စိတ်ဓာတ် ကျရောဂါနှင့် အယ်ဇိုင်းမား (Alzheimer’s disease) ရောဂါတို့ကိုပါ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေး နိုင်တယ်လို့ တွေ့ရှိလာတဲ့အတွက် အနောက်နိုင်ငံ တော်တော်များများမှာ နနွင်းကို သတိထား အလေးပေးပြီး စားလာတာကိုလည်း တွေ့ရှိရပါတယ်။

နှလုံးရောဂါကို ဘယ်လို ကာကွယ်ပေးမလဲ

နနွင်းမှာပါတဲ့ Curcumin ဓာတ်ပာ နှလုံးသွေးကြော နံရံလေးတွေရဲ့ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန် စေပါတယ်။ သွေးကြောနံရံလေးတွေ ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် သွေးခဲလေးတွေ လာပိတ်မယ်။ အဲဒီကနေတစ်ဆင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် သွေးကြောနံရံလေးတွေက သွေးဖိအား အနည်းအများဖြစ်စေတာ (သွေးတိုးရောဂါ) ကိုလည်း အရေးပါတဲ့နေရာမှာ ပါဝင်နေတဲ့အတွက် သွေးကြောနံရံလေးတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက်က Curcumin ပါတဲ့ နနွင်း စားပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ၊ အထူးသဖြင့် အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ ကင်ဆာများကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတွင်း ကိုလက်စထရောမတက်အောင်လည်း ထိန်း ညှိပေးနိုင်ပါတယ်။ အကျိုးဆက်အားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါတွေကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အထူးဂရုပြုသင့်သည့် အချက်များ

ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများက ထိခိုက်ရှနာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ နနွင်း သိပ်လေ့ရှိပါ တယ်။ ဒါက တကယ့်ကို လွဲမှားလွန်းတဲ့ နည်းလမ်းပါ။ အဲဒီလို နနွင်းသိပ်ပေးလိုက်ခြင်းဖြင့် နနွင်းမှုန့်မှာ ပါနေနိုင်တဲ့ မေးခိုင်ပိုးနှင့် အခြားသော ဘက်တီးရီးယား ပိုးမွှားများကို တစ်ခါတည်း သွေးထဲထည့်ပေးသလို ဖြစ်သွားတတ်ပြီး မေးခိုင်ရောဂါ၊ တခြားသော ဘက်တီးရီးယားရောဂါများလည်း အလွယ်တကူ ဖြစ်ပွားစေနိုင်ပါတယ်။

ကျွန်တော်ပြောထားတဲ့နည်းလမ်းတွေက ပာင်းချက်တဲ့နေရာမှာ ထည့်ချက်ခိုင်းတာပါ။ ဒါမှ အပူဓာတ်နဲ့တွေ့ပြီး ပါဝင်တဲ့ ပိုးမွှားတွေလည်း သေဆုံးသွားတဲ့အတွက် စားလို့စိတ်ချရပြီလို့ ယူဆတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပာင်းချက်လို့ ထည့်တဲ့နေရာက ရမယ့် နနွင်းမှာပါတဲ့ Curcumin ဓာတ်က ကျွန်တော်တို့ လိုအပ်သလောက် မပြည့်မီတတ်ပါဘူး။ ဒါကြောင့် အားဖြည့်ဆေး Supplement သောက်ဖို့တော့ လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Dr:Nyi Nyi kyaw

[Zawgyi]

နႏြင္းမႈန္႔ စားသံုးျခင္းသည္ ဘယ္လိုေရာဂါေတြကို သက္သာေစနုိင္လဲ။

နႏြင္းမႈန္႔လို႔ေျပာမယ္ဆိုရင္ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြနဲ႔ မစိမ္းတဲ့ ပာင္းခတ္ အေမႊးအႀကိဳင္ေတြထဲက တစ္မ်ိဳးပါ။

ေန႔တိုင္းစားေနေပမယ့္ သူက ဘယ္ေလာက္ေတာင္ အက်ိဳးေက်းဇူးရွိႏိုင္လဲဆိုတာ ကြ်န္ေတာ္တို႔ကိုယ္တိုင္ အမႈမဲ့အမွတ္မဲ့ ျဖစ္ေနတာပါ။ အခုေတာ့ သုေတသန စာရြက္စာတမ္းေတြနဲ႔တကြ ေလ့လာေတြ႕ရွိခ်က္ေတြ ခိုင္ခိုင္မာမာ ေတြ႕ရွိလာတဲ့အတြက္ အားလံုးသိရွိႏိုင္ေအာင္ မွ်ေဝေပးလိုက္ပါတယ္။

နႏြင္း ဘယ္ကရလဲဆိုတာကေန စပါမယ္။ နႏြင္းက နႏြင္းပင္ဆိုၿပီးေတာ့ ရွိပါတယ္။ ကြ်န္ေတာ္တို႔ အာရွတိုက္က လူမ်ိဳးစုေတြအတြက္ကေတာ့ နႏြင္းကို အထူးတလည္ မိတ္ဆက္ေပးစရာေတာင္ မလိုေတာ့ပါဘူး။ အသားတစ္မ်ိဳးမ်ိဳး ခ်က္ရင္ပဲမ်ားေသာအားျဖင့္ နႏြင္းထည့္ၿပီး ခ်က္ေလ့ခ်က္ထရွိၾကပါတယ္။ အထူးသျဖင့္ အိႏၵိယအစားအစာေတြမွာဆိုရင္ ပိုၿပီးေတာ့ေတာင္ နႏြင္းပါဝင္ပါေသးတယ္။

အရသာ အားျဖင့္ကေတာ့ အနည္းငယ္ဖန္ပါတယ္။ ဟိုးအရင္ ေခတ္အဆက္ဆက္ကတည္းက အစားအစာေတြကို အေရာင္ဆိုးတဲ့ ေနရာမွာ သံုးၾကပါတယ္။ အခုေနာက္ပိုင္းဆိုရင္ ေထာပတ္၊ ဒိန္ခဲ၊ Mustard အႏွစ္၊ အျခားေသာ ပာင္းအေရာင္တင္ အမႈန္႔အေနနဲ႔ တြင္တြင္က်ယ္က်ယ္ ထည့္သြင္းအသံုးျပဳလာတာကိုလည္း ေတြ႕လာရပါတယ္။

ဒါေတြကေတာ့ အစားအေသာက္ေတြမွာ သံုးတာပါ။ အခုေနာက္ပိုင္းေတာ့ က်န္းမာေရးအရလည္း ေတာ္ေတာ္ ေလး အက်ိဳးေက်းဇူးမ်ားတဲ့အတြက္ အားျဖည့္ေဆးအေနနဲ႔ေတာင္ နႏြင္းကို ထုတ္လုပ္လာၾကပါတယ္။ က်န္းမာေရးအတြက္ အက်ိဳးရွိဖို႔ၾကေတာ့ ကြ်န္ေတာ္တို႔ ေန႔စဥ္စားေနသေလာက္နဲ႔ ျပည့္ျပည့္ဝ၀ရရွိဖို႔ အခက္အခဲရွိတဲ့အတြက္ Supplement ေတြ လိုအပ္ရင္ မွီဝဲေပးဖို႔ လိုအပ္လာပါတယ္။

နႏြင္းမွာ Curcumin လို႔ ေခၚတဲ့ အာပာရဓာတ္ တစ္မ်ိဳးပါဝင္တဲ့အတြက္ Anti-inflammatory (ေရာင္ရမ္းတာကို သက္သာေစတဲ့) အက်ိဳးေက်းဇူးရွိတဲ့အျပင္ Anti-oxidants property (ဓာတ္တိုးဆန္႔က်င္သတၲိ) ပါရွိတဲ့အတြက္ ကင္ဆာေရာဂါမ်ားကို တစ္ဖက္တစ္လမ္းက ကာကြယ္ေပးပါတယ္။

နႏြင္းပာာ သဘာဝက ေပးထားတဲ့ အေရာင္က်ေဆး တစ္မ်ိဳး ျဖစ္တဲ့အတြက္ ေအာက္ပါေရာဂါေတြမွာ အသံုးတည့္ပါတယ္။

၁။ အဆစ္အျမစ္ ေရာင္ရမ္းျခင္း (arthritis)

၂။ ရင္ပူျခင္း (Heartburn)

၃။ ဒူးနာ၊ ေျခခ်င္းဝတ္နာ (Knee joint pain, Ankle joint pain)

၄။ Crohn’ Disease ႏွင့္ Ulcerative Colitis (အူလမ္းေၾကာင္းေရာင္ရမ္းျခင္း၊ အူလမ္းေၾကာင္းတြင္ အနာမ်ားျဖစ္သည့္ေရာဂါ)

၅။ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ

၆။ အစာမေၾက၊ ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း

၇။ အေရျပားေရာင္ရမ္းျခင္း (lichen planus)

၈။ အစာအိမ္ေရာင္ရမ္းျခင္း၊ အစာအိမ္အနာျဖစ္ျခင္း

၉။ Irritable Bowel Syndrome (ဝမ္းခဏခဏသြားသည့္ ေရာဂါ)

စတဲ့ေရာဂါေတြမွာ နႏြင္းစားေပးသင့္ပါတယ္။

ဒါ့အျပင္ အခုလို ေဆာင္းတြင္းမွာ အေအးဓာတ္လြန္ကဲလို႔ ျဖစ္တတ္တဲ့ ေလႁပြန္ေရာင္ေရာဂါ (Bronchitis)၊ ႏွာေစးေခ်ာင္းဆိုး (Common Cold) ေရာဂါေတြကိုပါ သက္သာေစႏိုင္ပါတယ္။

အမ်ိဳးသမီးေတြမွာဆိုရင္လည္း ရာသီေသြးေပၚခ်ိန္မွာ ကိုက္ခဲတာေတြကို သက္သာေစပါတယ္။ ဒါ့အျပင္ ဆီးလမ္းေၾကာင္းပိုးဝင္လို႔ ဆီးအိမ္၊ ေက်ာက္ကပ္ စတာေတြ ေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါတယ္။

ဒါ့အျပင္ ဓာတ္ေရာင္ျခည္ေပးၿပီး ကုသမႈခံယူေနတဲ့ ကင္ဆာေဝဒနာရွင္မ်ားမွာ ျဖစ္ေလ့ျဖစ္ထရွိတတ္တဲ့ အေရျပားေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါတယ္။ ဒါ့အျပင္ ပိုးမႊားတစ္မ်ိဳးမ်ိဳး ကိုက္လိုက္လို႔ အင္ျပင္ထတာမ်ိဳး၊ Allergic ျဖစ္တာမ်ိဳးတို႔ကိုလည္း သက္သာေစပါတယ္။

နႏြင္းမွာပါဝင္တဲ့ Curcumin က အာ႐ံုေၾကာဆဲလ္ (Neurons) ေလးေတြ အေရအတြက္မ်ားလာေစတဲ့ အတြက္ ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာဆိုင္ရာ ေရာဂါမ်ားျဖစ္ၾကတဲ့ အခုေနာက္ပိုင္းအျဖစ္မ်ားလာတဲ့ စိတ္ဓာတ္ က်ေရာဂါႏွင့္ အယ္ဇိုင္းမား (Alzheimer’s disease) ေရာဂါတို႔ကိုပါ အတိုင္းအတာတစ္ခုအထိ ကာကြယ္ေပး ႏိုင္တယ္လို႔ ေတြ႕ရွိလာတဲ့အတြက္ အေနာက္ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ နႏြင္းကို သတိထား အေလးေပးၿပီး စားလာတာကိုလည္း ေတြ႕ရွိရပါတယ္။

ႏွလံုးေရာဂါကို ဘယ္လို ကာကြယ္ေပးမလဲ

နႏြင္းမွာပါတဲ့ Curcumin ဓာတ္ပာာ ႏွလံုးေသြးေၾကာ နံရံေလးေတြရဲ႕ လုပ္ငန္းေဆာင္တာကို ပိုမိုေကာင္းမြန္ ေစပါတယ္။ ေသြးေၾကာနံရံေလးေတြ ေကာင္းေကာင္း အလုပ္မလုပ္ေတာ့ဘူးဆိုရင္ ေသြးခဲေလးေတြ လာပိတ္မယ္။ အဲဒီကေနတစ္ဆင့္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ ျဖစ္ေစႏိုင္ပါတယ္။

ဒါ့အျပင္ ေသြးေၾကာနံရံေလးေတြက ေသြးဖိအား အနည္းအမ်ားျဖစ္ေစတာ (ေသြးတိုးေရာဂါ) ကိုလည္း အေရးပါတဲ့ေနရာမွာ ပါဝင္ေနတဲ့အတြက္ ေသြးေၾကာနံရံေလးေတြ ေကာင္းမြန္စြာအလုပ္လုပ္ႏိုင္ဖို႔အတြက္က Curcumin ပါတဲ့ နႏြင္း စားေပးဖို႔ လိုအပ္ပါတယ္။

ဒါ့အျပင္ ဓာတ္တိုးဆန္႔က်င္သတၲိရွိတဲ့အတြက္ ကင္ဆာေရာဂါ၊ အထူးသျဖင့္ အစာအိမ္ႏွင့္ အူလမ္း ေၾကာင္းဆိုင္ရာ ကင္ဆာမ်ားကို ကာကြယ္ေပးႏိုင္တဲ့အျပင္ ေသြးတြင္း ကိုလက္စထေရာမတက္ေအာင္လည္း ထိန္း ညႇိေပးႏိုင္ပါတယ္။ အက်ိဳးဆက္အားျဖင့္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ အသည္းအဆီဖံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါေတြကို တစ္ဖက္တစ္လမ္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

အထူးဂ႐ုျပဳသင့္သည့္ အခ်က္မ်ား

ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ားက ထိခိုက္ရွနာတစ္ခုခုျဖစ္ၿပီဆိုတာနဲ႔ နႏြင္း သိပ္ေလ့ရွိပါ တယ္။ ဒါက တကယ့္ကို လြဲမွားလြန္းတဲ့ နည္းလမ္းပါ။ အဲဒီလို နႏြင္းသိပ္ေပးလိုက္ျခင္းျဖင့္ နႏြင္းမႈန္႔မွာ ပါေနႏိုင္တဲ့ ေမးခိုင္ပိုးႏွင့္ အျခားေသာ ဘက္တီးရီးယား ပိုးမႊားမ်ားကို တစ္ခါတည္း ေသြးထဲထည့္ေပးသလို ျဖစ္သြားတတ္ၿပီး ေမးခိုင္ေရာဂါ၊ တျခားေသာ ဘက္တီးရီးယားေရာဂါမ်ားလည္း အလြယ္တကူ ျဖစ္ပြားေစႏိုင္ပါတယ္။

ကြ်န္ေတာ္ေျပာထားတဲ့နည္းလမ္းေတြက ပာင္းခ်က္တဲ့ေနရာမွာ ထည့္ခ်က္ခိုင္းတာပါ။ ဒါမွ အပူဓာတ္နဲ႔ေတြ႕ၿပီး ပါဝင္တဲ့ ပိုးမႊားေတြလည္း ေသဆံုးသြားတဲ့အတြက္ စားလို႔စိတ္ခ်ရၿပီလို႔ ယူဆတဲ့အတြက္ေၾကာင့္ပါ။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ပာင္းခ်က္လို႔ ထည့္တဲ့ေနရာက ရမယ့္ နႏြင္းမွာပါတဲ့ Curcumin ဓာတ္က ကြ်န္ေတာ္တို႔ လိုအပ္သေလာက္ မျပည့္မီတတ္ပါဘူး။ ဒါေၾကာင့္ အားျဖည့္ေဆး Supplement ေသာက္ဖို႔ေတာ့ လိုအပ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Dr:Nyi Nyi kyaw

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

Upcoming Property Events

shwe-wutthmone
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service