သင်္ဘောများကုန်တင်ကုန်ချလုပ်ငန်းနဲ့ဆိပ်ကမ်းများသို့အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ဖို့ အွန်လိုင်းအသုံးပြုပြီးဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
1141 Views

သင်္ဘောများကုန်တင်ကုန်ချလုပ်ငန်းနဲ့ဆိပ်ကမ်းများသို့အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ဖို့ အွန်လိုင်းအသုံးပြုပြီးဆောင်ရွက်နေ

[Unicode] မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာလဖြစ်ပွားဆဲကာလတွင်သင်္ဘောများကုန်တင်ကုန်ချလုပ်ငန်းများနှင့်ဆိပ်ကမ်းများသို့အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ရေးအတွက် အွန်လိုင်းအသုံးပြုကာစီမံဆောင်ရွက်ပေးလျက်ရှိကြောင်းယင်းဌာနမှ သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုယ်စားလှယ်လုပ်ငန်းဌာန၊လက်ထောက်အထွေထွေမန်နေဂျာ ဦးစိန်ဝင်းက “ ဒီကာလမှာကျွန်တော်တို့ရုံးကိုလာပြီးလုပ်ငန်းဆောင်ရွက်ကြတဲ့ထုတ်ကုန်လုပ်ငန်းရှင်တွေ၊သွင်းကုန်လုပ်ငန်းရှင်တွေ၊ကိုယ်စားလှယ်တွေအနေနဲ့မဖြစ်မနေလာရောက်ဆောင်ရွက်ရမယ့်အပိုင်းလောက်ကိုပဲဆောင်ရွက်ပြီးတော့အချို့ကိစ္စတွေမှာအီးမေးလ်နဲ့အွန်လိုင်းကနေဆက်သွယ်ပြီးဆောင်ရွက်ပေးနေပါတယ်" ဟုပြောကြားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့်ကုန်တင်ကုန်ချလုပ်ငန်းများနှင့်သင်္ဘောများအဆင်ပြေချောမွေ့စွာဝင်ရောက်ဆိုက်ကပ်ထွက်ခွာနိုင်ရေးတို့အတွက်သက်ဆိုင်ရာဆိပ်ခံဗောတံတားများမှတာဝန်ခံများ၊သက်ဆိုင်ရာသင်္ဘောလိုင်းဌာနေကိုယ်စားလှယ်များနှင့်နေ့စဉ် Berthing Meeting အစည်းအဝေးကျင်းပရာတွင် ယခင်ကပုံမှန်သာကျင်းပခဲ့သော်လည်းယခု Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလတွင်အွန်လိုင်းအသုံးပြု၍အစည်းအဝေးများပုံမှန်ကျင်းပလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သော၂၀၂၀ပြည့်နှစ်မတ်လမှစက်တင်ဘာလအထိ ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ကပ်သည့် ကုန်တန်ချိန်ပမာဏကို၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက၂၀၁၉ ခုနှစ်တွင်မတ်လမှစက်တင်ဘာလအထိအထွေထွေကုန်စည်တန်ချိန် ၅၃၂၁၁၉၇ တင်သွင်း/တင်ပို့နိုင်ခဲ့ပြီးယခုနှစ်ယင်းကာလတွင် ကုန်တန်ချိန် ၆၉၀၀၀၄၀ တင်ပို့နိုင်ခဲ့သည့်အတွက်ပမာဏအားဖြင့် ကုန်တန်ချိန် ၁ဒသမ ၅သန်းခန့်ပိုမိုတင်ပို့/တင်သွင်းခြင်းကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံခြားသင်္ဘောကြီးများအဝင်အထွက်နှင့်ကုန်သေတ္တာတင်သွင်းတင်ပို့မှုမှာလည်း၂၀၁၉ ခုနှစ်နှင့်ကာလတူနှိုင်းယှဉ်ပါက များစွာကွာခြားမှုမရှိကြောင်းသိရပါသည်။

ယခုနှစ် ဇူလိုင်လမှစတင်၍ရန်ကုန်မြစ်အတွင်းခွင့်ပြုရေစူးအနက်ပေပိုမိုရရှိခဲ့သဖြင့် ယခင်ထက်အရွယ်အစားကြီးမားသောသင်္ဘောကြီးများဝင်ထွက်ခွင့်ရရှိခဲ့ခြင်းကြောင့် ကုန်တန်ချိန်ပမာဏပိုမိုကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

" လက်ရှိကိုဗစ်ကာလမှာလေကြောင်းတွေကလဲပိတ်တယ်။တခြားနယ်စပ်ဌာနတွေကလဲပိတ်တယ်။ဆိုတော့ ကျွန်တော်တို့ရေကြောင်းကပါပိတ်လိုက်မယ်ဆိုရင်အဆင်မပြေတော့ဘူး။ဒါကြောင့်ကိုဗစ်ကာလမှာလဲမြန်မာတစ်နိုင်ငံလုံးထုတ်ကုန်သွင်းကုန်အကုန်လုံးကိုရေကြောင်းကပဲဆောင်ရွက်နေတာရှိပါတယ်။အရင်ကဆို ၈၅ရာခိုင်နှုန်းအခုဆိုရာနှုန်းပြည့်ဆိပ်ကမ်းကပဲတာဝန်ယူပြီးဆောင်ရွက်နေပါတယ်။ကိုဗစ်ဖြစ်တာကြောင့် ဆိပ်ကမ်းကိုသင်္ဘောအဝင်အထွက်တွေလျော့သွားတယ်ဆိုတာမရှိပါဘူး။ကျွန်တော်တို့ဆီကကန့်သတ်လိုက်ပြီဆိုရင် ဝန်ဆောင်မှုတွေတော်တော်များများအကြပ်အတည်းဖြစ်သွားမှာပါ။Pilot တွေစီစဉ်တဲ့နေရာမှာလည်းသင်္ဘောတစ်စီးမဝင်ခင်သုံးရက်အလိုတည်းက သင်္ဘောရဲ့အခြေအနေကိုလှမ်းသတင်းပေးတယ်။ဒါပေမယ့်သင်္ဘောတွေမှာတစ်ယောက်ယောက်နေမကောင်းတာပါပြီဆိုရင် Pilot တွေ PPE ဝတ်စုံတွေဝတ်ပြီးမောင်းရပါတယ် " ဟုမြန်မာ့ဆိပ်ကမ်းဏာပိုင်ရေကြောင်းဌာနမှဒုတိယရေကြောင်းဌာနမှူးချုပ်ဦးဝင်းမြင့်အောင်ကပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကရန်ကုန်မြစ်အတွင်းရေစူးများပြီးတန်ချိန်ကြီးမားသောသင်္ဘောများဝင်ထွက်သွားလာနိုင်ရန်ရေလမ်းကြောင်းအသစ်အားရှာဖွေခဲ့ရာ ရေစူး၉ဒသမ၃မီတာရှိသင်္ဘောကြီးများဝင်ထွက်သွားလာနိုင်သည့်ရေလမ်းကြောင်းအသစ်အားရှာဖွေတွေ့ရှိခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းအတွင်းလက်ရှိအသုံးပြုနေသောမူလရေလမ်းကြောင်းအပြင်ရေစူးပိုမိုများပြားပြီးတန်ချိန်ကြီးမားသောသင်္ဘောကြီးများဝင်ထွက်သွားလာနိုင်သည်သာမက သောင်တူးဖော်ခြင်းလုပ်ငန်းကြောင့်ရင်ဆိုင်နေရသည့်နှစ်စဉ်ကုန်ကျစရိတ်များကိုပါလျှော့ချနိုင်သည့် သဘာဝရေလမ်းကြောင်းအသစ်တစ်ခုအားရှာဖွေခြင်းလုပ်ငန်းစဉ်ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

သေဘၤာမ်ားကုန္တင္ကုန္ခ်လုပ္ငန္းနဲ႔ဆိပ္ကမ္းမ်ားသို႔အဆင္ေျပစြာဝင္ထြက္သြားလာႏိုင္ဖို႔ အြန္လိုင္းအသုံးျပဳၿပီးေဆာင္႐ြက္ေန

ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္အေနျဖင့္ ကိုဗစ္-၁၉ေရာဂါကာလျဖစ္ပြားဆဲကာလတြင္သေဘၤာမ်ားကုန္တင္ကုန္ခ်လုပ္ငန္းမ်ားႏွင့္ဆိပ္ကမ္းမ်ားသို႔အဆင္ေျပစြာဝင္ထြက္သြားလာႏိုင္ေရးအတြက္ အြန္လိုင္းအသုံးျပဳကာစီမံေဆာင္႐ြက္ေပးလ်က္႐ွိေၾကာင္းယင္းဌာနမွ သိရသည္။

ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ကိုယ္စားလွယ္လုပ္ငန္းဌာန၊လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးစိန္ဝင္းက “ ဒီကာလမွာကြၽန္ေတာ္တို႔႐ုံးကိုလာၿပီးလုပ္ငန္းေဆာင္႐ြက္ၾကတဲ့ထုတ္ကုန္လုပ္ငန္း႐ွင္ေတြ၊သြင္းကုန္လုပ္ငန္း႐ွင္ေတြ၊ကိုယ္စားလွယ္ေတြအေနနဲ႔မျဖစ္မေနလာေရာက္ေဆာင္႐ြက္ရမယ့္အပိုင္းေလာက္ကိုပဲေဆာင္႐ြက္ၿပီးေတာ့အခ်ိဳ႕ကိစၥေတြမွာအီးေမးလ္နဲ႔အြန္လိုင္းကေနဆက္သြယ္ၿပီးေဆာင္႐ြက္ေပးေနပါတယ္" ဟုေျပာၾကားသည္။

ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္အေနျဖင့္ကုန္တင္ကုန္ခ်လုပ္ငန္းမ်ားႏွင့္သေဘၤာမ်ားအဆင္ေျပေခ်ာေမြ႕စြာဝင္ေရာက္ဆိုက္ကပ္ထြက္ခြာႏိုင္ေရးတို႔အတြက္သက္ဆိုင္ရာဆိပ္ခံေဗာတံတားမ်ားမွတာဝန္ခံမ်ား၊သက္ဆိုင္ရာသေဘၤာလိုင္းဌာေနကိုယ္စားလွယ္မ်ားႏွင့္ေန႔စဥ္ Berthing Meeting အစည္းအေဝးက်င္းပရာတြင္ ယခင္ကပုံမွန္သာက်င္းပခဲ့ေသာ္လည္းယခု Covid-19 ေရာဂါျဖစ္ပြားေနသည့္ကာလတြင္အြန္လိုင္းအသုံးျပဳ၍အစည္းအေဝးမ်ားပုံမွန္က်င္းပလ်က္႐ွိသည္။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနသည့္ကာလျဖစ္ေသာ၂၀၂၀ျပည့္ႏွစ္မတ္လမွစက္တင္ဘာလအထိ ရန္ကုန္ဆိပ္ကမ္းသို႔ဆိုက္ကပ္သည့္ ကုန္တန္ခ်ိန္ပမာဏကို၂၀၁၉ ခုႏွစ္ႏွင့္ႏိႈင္းယွဥ္ပါက၂၀၁၉ ခုႏွစ္တြင္မတ္လမွစက္တင္ဘာလအထိအေထြေထြကုန္စည္တန္ခ်ိန္ ၅၃၂၁၁၉၇ တင္သြင္း/တင္ပို႔ႏိုင္ခဲ့ၿပီးယခုႏွစ္ယင္းကာလတြင္ ကုန္တန္ခ်ိန္ ၆၉၀၀၀၄၀ တင္ပို႔ႏိုင္ခဲ့သည့္အတြက္ပမာဏအားျဖင့္ ကုန္တန္ခ်ိန္ ၁ဒသမ ၅သန္းခန္႔ပိုမိုတင္ပို႔/တင္သြင္းျခင္းကိုင္တြယ္ေဆာင္႐ြက္ႏိုင္ခဲ့သည္။

ႏိုင္ငံျခားသေဘၤာႀကီးမ်ားအဝင္အထြက္ႏွင့္ကုန္ေသတၱာတင္သြင္းတင္ပို႔မႈမွာလည္း၂၀၁၉ ခုႏွစ္ႏွင့္ကာလတူႏိႈင္းယွဥ္ပါက မ်ားစြာကြာျခားမႈမ႐ွိေၾကာင္းသိရပါသည္။

ယခုႏွစ္ ဇူလိုင္လမွစတင္၍ရန္ကုန္ျမစ္အတြင္းခြင့္ျပဳေရစူးအနက္ေပပိုမိုရ႐ွိခဲ့သျဖင့္ ယခင္ထက္အ႐ြယ္အစားႀကီးမားေသာသေဘၤာႀကီးမ်ားဝင္ထြက္ခြင့္ရ႐ွိခဲ့ျခင္းေၾကာင့္ ကုန္တန္ခ်ိန္ပမာဏပိုမိုကိုင္တြယ္ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

" လက္႐ွိကိုဗစ္ကာလမွာေလေၾကာင္းေတြကလဲပိတ္တယ္။တျခားနယ္စပ္ဌာနေတြကလဲပိတ္တယ္။ဆိုေတာ့ ကြၽန္ေတာ္တို႔ေရေၾကာင္းကပါပိတ္လိုက္မယ္ဆိုရင္အဆင္မေျပေတာ့ဘူး။ဒါေၾကာင့္ကိုဗစ္ကာလမွာလဲျမန္မာတစ္ႏိုင္ငံလုံးထုတ္ကုန္သြင္းကုန္အကုန္လုံးကိုေရေၾကာင္းကပဲေဆာင္႐ြက္ေနတာ႐ွိပါတယ္။အရင္ကဆို ၈၅ရာခိုင္ႏႈန္းအခုဆိုရာႏႈန္းျပည့္ဆိပ္ကမ္းကပဲတာဝန္ယူၿပီးေဆာင္႐ြက္ေနပါတယ္။ကိုဗစ္ျဖစ္တာေၾကာင့္ ဆိပ္ကမ္းကိုသေဘၤာအဝင္အထြက္ေတြေလ်ာ့သြားတယ္ဆိုတာမ႐ွိပါဘူး။ကြၽန္ေတာ္တို႔ဆီကကန္႔သတ္လိုက္ၿပီဆိုရင္ ဝန္ေဆာင္မႈေတြေတာ္ေတာ္မ်ားမ်ားအၾကပ္အတည္းျဖစ္သြားမွာပါ။Pilot ေတြစီစဥ္တဲ့ေနရာမွာလည္းသေဘၤာတစ္စီးမဝင္ခင္သုံးရက္အလိုတည္းက သေဘၤာရဲ႕အေျခအေနကိုလွမ္းသတင္းေပးတယ္။ဒါေပမယ့္သေဘၤာေတြမွာတစ္ေယာက္ေယာက္ေနမေကာင္းတာပါၿပီဆိုရင္ Pilot ေတြ PPE ဝတ္စုံေတြဝတ္ၿပီးေမာင္းရပါတယ္ " ဟုျမန္မာ့ဆိပ္ကမ္းဏာပိုင္ေရေၾကာင္းဌာနမွဒုတိယေရေၾကာင္းဌာနမႉးခ်ဳပ္ဦးဝင္းျမင့္ေအာင္ကေျပာသည္။

ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ကရန္ကုန္ျမစ္အတြင္းေရစူးမ်ားၿပီးတန္ခ်ိန္ႀကီးမားေသာသေဘၤာမ်ားဝင္ထြက္သြားလာႏိုင္ရန္ေရလမ္းေၾကာင္းအသစ္အား႐ွာေဖြခဲ့ရာ ေရစူး၉ဒသမ၃မီတာ႐ွိသေဘၤာႀကီးမ်ားဝင္ထြက္သြားလာႏိုင္သည့္ေရလမ္းေၾကာင္းအသစ္အား႐ွာေဖြေတြ႕႐ွိခဲ့ၿပီး ရန္ကုန္ဆိပ္ကမ္းအတြင္းလက္႐ွိအသုံးျပဳေနေသာမူလေရလမ္းေၾကာင္းအျပင္ေရစူးပိုမိုမ်ားျပားၿပီးတန္ခ်ိန္ႀကီးမားေသာသေဘၤာႀကီးမ်ားဝင္ထြက္သြားလာႏိုင္သည္သာမက ေသာင္တူးေဖာ္ျခင္းလုပ္ငန္းေၾကာင့္ရင္ဆိုင္ေနရသည့္ႏွစ္စဥ္ကုန္က်စရိတ္မ်ားကိုပါေလွ်ာ့ခ်ႏိုင္သည့္ သဘာဝေရလမ္းေၾကာင္းအသစ္တစ္ခုအား႐ွာေဖြျခင္းလုပ္ငန္းစဥ္ကိုလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္မွ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service