တိုက်ခန်းငယ်လေးထဲ အဝတ်မြန်မြန်ခြောက်စေရန် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2852 Views
တိုက်ခန်းငယ်လေးထဲ အဝတ်မြန်မြန်ခြောက်စေရန် နည်းလမ်းများ
Knowledge | Posted by Zarni Kyaw
[Unicode]
တိုက်ခန်းအပြင်ဘက်နေရာကို အသုံးပြုလို့ရရင်တော့ အကောင်းဆုံးပါပဲ။
ဒီလိုမှမဟုတ်ရင်တော့ တိုက်ခန်းထဲမှာ အဝတ်လှန်းရတာ သိပ်အဆင်မပြေလှပါဘူး၊ အထူးသဖြင့် (အခုလို) မိုးတွင်းကာလမျိုးမှာဖြစ်ပြီး ဧရိယာကျဉ်းတဲ့တိုက်ခန်းဆိုရင်တော့ အဆိုးဆုံးပဲဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ အဝတ်တွေခြောက်အောင် ဘယ်လိုလုပ်ရမှာပါလိမ့်?
တိုက်ခန်းကျဉ်းထဲမှာ အဝတ်တွေခြောက်အောင်လုပ်ဖို့ရာ သိဖို့လိုတဲ့ အကောင်းဆုံးနည်းလမ်းတွေကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။
 ၁။ တိုက်ခန်းကျဉ်းများအတွက် ရည်ရွယ်သော အဝတ်အခြောက်ခံစက်များ
- အခန်းကကျဉ်းလို့ဆိုတာနဲ့ပဲ အဝတ်အခြောက်ခံစက်ထားဖို့နေရာမရှိဘူးလို့ တထစ်ချမတွေးလိုက်ပါနဲ့။
- သင့်တိုက်ခန်းနဲ့အဆင်ပြေမယ့် အဝတ်အခြောက်ခံကို ရှာရုံပါပဲ။
- အဆင်ပြေဆုံးဖြစ်မယ့် အဝတ်အခြောက်ခံစက်ကို ရှာပြီဆိုရင် စိတ်ထဲမှာ မှတ်ထားရမှာ နှစ်ခုရှိပါတယ်။
၁။ ပုံသဏ္ဍာန်အရွယ်အစား
၂။ စက်သံညင်သာမှု/ဆူညံမှုအနေအထားတို့ပဲဖြစ်ပါတယ်။
ပုံသဏ္ဍာန်အရွယ်အစားမှာ လျှော်စက်လိုပုံစံမျိုးရယ်၊ သံတိုင်ကိုဗဟိုပြုထားတဲ့ပေါ့ပေါ့ပါးပါးပုံစံရယ်ဆိုပြီး နှစ်မျိုးရှိတာမို့ အခန်းနဲ့ကိုက်ညီတာကို ရွေးချယ်နိုင်ပါတယ်။
၂။ ပြတင်းပေါက်နှင့် ၎င်းအနီးအနားတွင် အဝတ်လှန်းစင်တပ်ဆင်ခြင်း
- ပုံတွေမှာဖော်ပြထားသလိုပဲ ပြတင်းပေါက်မှာ ဒါမှမဟုတ် ပြတင်းပေါက်နားမှာ စင်တစ်ခုလောက် တပ်ဆင်ပြီး အဝတ်လှန်းလို့ရပါတယ်။
- စင်တပ်စင်စရိတ်ကလွဲ တခြားကုန်ကျစရိတ်မရှိဘဲ သဘာဝအတိုင်း အဝတ်တွေမြန်မြန်ခြောက်စေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။
၃။ ဆံပင်အခြောက်ခံစက် သို့မဟုတ် ဆံပင်လေမှုတ်စက်
- ယခုနောက်ပိုင်းမှာ ဆံပင်လေမှုတ်စက် (Hair Dryer) တွေကို ဆံပင်တင်မကဘဲ အဝတ်ခြောက်စေဖို့အတွက်ပါ အသုံးပြုလာကြပါပြီ။
- လက်နဲ့လျှော်ထားတာလား၊ စက်နဲ့လျှော်ထားတာလားပေါ်မူတည်ပြီး အဝတ်ကို ဆံပင်လေမှုတ်စက်နဲ့အခြောက်ခံရတဲ့ ကြာချိန်ကွာပါလိမ့်မယ်။
- ဆံပင်လေမှုတ်စက်နဲ့အခြောက်ခံတဲ့အခါ အခြောက်ခံမယ့်အဝတ်မှာ ရေနဲ့အခြားဘာတစ်ခုမှ မရှိအရမ်းအရေးကြီးပါတယ်။ ရှိနေရင် ဓာတ်လိုက်ခြင်း၊ အဲဒီတစ်ခုခုက လေမှုတ်စက်ထဲဝင်သွားခြင်း၊ စက်ပျက်စီးခြင်း စတာတွေ ဖြစ်နိုင်တာမို့ ဒီနည်းလမ်းကို အသုံးပြုရင်တော့ အထူးဂရုစိုက်စေချင်ပါတယ်နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
၁။ ပုံသဏ္ဍာန်အရွယ်အစား
တို့ပဲဖြစ်ပါတယ်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Upcoming Property Events
From 24 May To 25 May
The Rich Villa
CarsDB
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service