မိဘကသမီးဖြစ်သူအမည်ဖြင့် အိမ်နှင့်ခြံဝယ်ယူခဲ့ပြီးသမီးကမိဘထက်အရင်သေဆုံးသွားလျှင် ကျန်ရစ်သူခင်ပွန်းကအဆိုပါအိမ်နှင့်ခြံကိုပိုင်ဆိုင်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
30573 Views

မိဘကသမီးဖြစ်သူအမည်ဖြင့် အိမ်နှင့်ခြံဝယ်ယူခဲ့ပြီးသမီးကမိဘထက်အရင်သေဆုံးသွားလျှင် ကျန်ရစ်သူခင်ပွန်းကအဆိုပါအိမ်နှင့်ခြံကိုပိုင်ဆိုင်သလား။

Knowledge | Posted by Hnin Ei Khin

[Unicode]

မိဘများကအိမ်ခြံမြေဝယ်ယူရာတွင် သားသမီးအမည်ဖြင့် ဝယ်ယူကြတာရှိပါတယ်။ ဝယ်ယူသည့် ရောင်းဖိုးငွေကိုတော့ မိဘကပေးချေတာပေါ့။

မိဘကသမီးဖြစ်သူအမည်ဖြင့် အိမ်နှင့်ခြံဝယ်ယူခဲ့ပြီးသမီးကသားသမီးတစ်ဦးထွန်းကားတယ် မိဘထက်အရင်သေဆုံးသွားတဲ့အခါ ကျန်ရစ်သူခင်ပွန်းကဇနီးအမည်ဖြင့်ပိုင်ဆိုင်သည့် အိမ်နှင့်ခြံကို ၎င်းပိုင်ဆိုင်တဲ့ဆိုပြီး ပြသာနာဖြစ်လာကြပါသည်။ အဆိုပါကိစ္စမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရဆိုလျှင် လင်သေမယား၊ မယားသေလင် အမွေဆက်ခံပိုင်ဆိုင်ပါတယ်။ သို့ပေမဲ့ ဒီနေရာတွင် မိဘကသက်ရှိထင်ရှားရှိစဉ် ၎င်း၏ငွေဖြင့် အိမ်နှင့်ခြံဝယ်ယူရာတွင် သမီးအမည်ဖြင့် ဝယ်ယူခြင်းသာဖြစ်တယ်။ သမီးဖြစ်သူသည် အမည်ခံသက်သက်သာဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဘီနာမီ (ခေါ်) အမည်ငှားဝယ်ယူခြင်းဖြစ်သည်။ ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းသည် အမည်ခံသာဖြစ်ပြီးတကယ့်ပိုင်ရှင်ကတော့ ငွေထုတ်သိသာပိုင်ရှင်အစစ်အမှန်ဖြစ်ပါသည်။ ယခုအချင်းဖြစ်ပစ္စည်းသည် သမီးဖြစ်သူ၏ ပစ္စည်းမဟုတ်တဲ့အတွက် မိဘကသာပိုင်ဆိုင်မှာဖြစ်ပါသည်။ကျန်ရစ်သူခင်ပွန်းသည် ပိုင်ဆိုင်ခွင့်မရှိပါဘူး။

မိဘများကွယ်လွန်သွားလျှင် ကျန်ရစ်သူသားသမီးများအမွေခွေဝေသည့်အခါ သမီးဖြစ်သူသည် မိဘထက်စောပြီးသေဆုံးသွားသည့်အတွက် သူနေဖြင့်အမွေကန်းသွားပါသည်။ အမွေကန်းသွားတယ်ဆိုပေမဲ့ သားသမီးထွန်းကားခဲ့သည့် သွေးသားဖြစ်သည့် မြေးတွင် အမွေဆက်ခံခွင့်ရှိပါသည်။ သမီး၏ ကျန်ရစ်သူခင်ပွန်းမှာအမွေဆက်ခံခွင့်မရှိပါဘူး။ အမွေခွဲဝေရာတွင် ကျန်ရစ်သူမိဘ၏ သားသမီးများနှင့်အတူခွဲဝေရမှာဖြစ်ပါသည်။ သို့သော် သမီးဖြစ်သူကမိဘထက်စောပြီးသေဆုံးသွားသည့်အတွက် မြေးဖြစ်သူသည် သမီးဖြစ်သူရရှိမည့်ဝေစု၏ ၄ပုံ ၁ပုံ သာရရှိနိုင်မှာဖြစ်ပါသည်။သမီးဖြစ်သူသည် သားသမီမထွန်းကားပါကကျန်ရစ်သူခင်ပွန်းသည် အမွေဆက်ခံခွင့်မရရှိတော့ပါဘူး။

ယခုကတော့ ပစ္စည်းပိုင်ရှင်ဖြစ်သည့် မိဘကသက်ရှိထင်ရှားရှိနေသည့်အတွက် အမွေပုံပစ္စည်းမဖြစ်သေးပါဘူး။ အချင်းဖြစ် အိမ်နှင့်ခြံသည် မိဘကသာပိုင်ဆိုင်ကြောင်းသမီးဖြစ်သူသည် ဘီနာမီသာဖြစ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု တရားမမှုစွဲဆိုရန် လိုအပ်မှာဖြစ်ပါသည်။

သမီးဖြစ်သူ၏ ကျန်ရစ်သူခင်ပွန်းဖြင့် ဆွေးနွေးပြီး ၎င်းကလည်း ဘီနာမီဖြစ်ကြောင်းလက်ခံမည်ဆိုလျှင်တော့ ပြသာနာဖြစ်ပွားရန်မလိုဘဲမိဘကသားသမီးများနှင့် သမီး၏ခင်ပွန်းတို့ကိုအားလုံးသဘောတူညီချက်ဖြင့် မိသားစုစီမံခန့်ခွဲမှုစာချုပ်ပြုလုပ်ထားမည်ဆိုလျှင် နောက်ပိုင်းလည်း ပြသာနာဖြစ်ပွားရန်မရှိတော့ဘူးပေါ့။ သမီး၏ခင်ပွန်းကိုဆွေးနွေးညှိနှိုင်း၍မရပါကတရားရုံးတွင် ဘီနာမီဖြစ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုရန် လိုအပ်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မိဘကသမီးျဖစ္သူအမည္ျဖင့္ အိမ္ႏွင့္ျခံဝယ္ယူခဲ့ၿပီးသမီးကမိဘထက္အရင္ေသဆံုးသြားလွ်င္ က်န္ရစ္သူခင္ပြန္းကအဆိုပါအိမ္ႏွင့္ျခံကိုပိုင္ဆိုင္သလား။

မိဘမ်ားကအိမ္ျခံေျမဝယ္ယူရာတြင္ သားသမီးအမည္ျဖင့္ ဝယ္ယူၾကတာရွိပါတယ္။ ဝယ္ယူသည့္ ေရာင္းဖိုးေငြကိုေတာ့ မိဘကေပးေခ်တာေပါ့။

မိဘကသမီးျဖစ္သူအမည္ျဖင့္ အိမ္ႏွင့္ျခံဝယ္ယူခဲ့ၿပီးသမီးကသားသမီးတစ္ဦးထြန္းကားတယ္ မိဘထက္အရင္ေသဆံုးသြားတဲ့အခါ က်န္ရစ္သူခင္ပြန္းကဇနီးအမည္ျဖင့္ပိုင္ဆိုင္သည့္ အိမ္ႏွင့္ျခံကို ၄င္းပိုင္ဆုိင္တဲ့ဆိုၿပီး ျပသာနာျဖစ္လာၾကပါသည္။ အဆိုပါကိစၥမွာ ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒအရဆိုလွ်င္ လင္ေသမယား၊ မယားေသလင္ အေမြဆက္ခံပိုင္ဆိုင္ပါတယ္။ သို႔ေပမဲ့ ဒီေနရာတြင္ မိဘကသက္ရွိထင္ရွားရွိစဥ္ ၄င္း၏ေငြျဖင့္ အိမ္ႏွင့္ျခံဝယ္ယူရာတြင္ သမီးအမည္ျဖင့္ ဝယ္ယူျခင္းသာျဖစ္တယ္။ သမီးျဖစ္သူသည္ အမည္ခံသက္သက္သာေဆာင္ရြက္ျခင္းျဖစ္သည့္အတြက္ ဘီနာမီ (ေခၚ) အမည္ငွားဝယ္ယူျခင္းျဖစ္သည္။ ဘီနာမီစနစ္ျဖင့္ ဝယ္ယူျခင္းသည္ အမည္ခံသာျဖစ္ၿပီးတကယ့္ပိုင္ရွင္ကေတာ့ ေငြထုတ္သိသာပိုင္ရွင္အစစ္အမွန္ျဖစ္ပါသည္။ ယခုအခ်င္းျဖစ္ပစၥည္းသည္ သမီးျဖစ္သူ၏ ပစၥည္းမဟုတ္တဲ့အတြက္ မိဘကသာပိုင္ဆုိင္မွာျဖစ္ပါသည္။က်န္ရစ္သူခင္ပြန္းသည္ ပိုင္ဆိုင္ခြင့္မရွိပါဘူး။

မိဘမ်ားကြယ္လြန္သြားလွ်င္ က်န္ရစ္သူသားသမီးမ်ားအေမြေခြေဝသည့္အခါ သမီးျဖစ္သူသည္ မိဘထက္ေစာၿပီးေသဆံုးသြားသည့္အတြက္ သူေနျဖင့္အေမြကန္းသြားပါသည္။ အေမြကန္းသြားတယ္ဆိုေပမဲ့ သားသမီးထြန္းကားခဲ့သည့္ ေသြးသားျဖစ္သည့္ ေျမးတြင္ အေမြဆက္ခံခြင့္ရွိပါသည္။ သမီး၏ က်န္ရစ္သူခင္ပြန္းမွာအေမြဆက္ခံခြင့္မရွိပါဘူး။ အေမြခြဲေဝရာတြင္ က်န္ရစ္သူမိဘ၏ သားသမီးမ်ားႏွင့္အတူခြဲေဝရမွာျဖစ္ပါသည္။ သို႔ေသာ္ သမီးျဖစ္သူကမိဘထက္ေစာၿပီးေသဆံုးသြားသည့္အတြက္ ေျမးျဖစ္သူသည္ သမီးျဖစ္သူရရွိမည့္ေဝစု၏ ၄ပံု ၁ပံု သာရရွိႏိုင္မွာျဖစ္ပါသည္။သမီးျဖစ္သူသည္ သားသမီမထြန္းကားပါကက်န္ရစ္သူခင္ပြန္းသည္ အေမြဆက္ခံခြင့္မရရွိေတာ့ပါဘူး။

ယခုကေတာ့ ပစၥည္းပိုင္ရွင္ျဖစ္သည့္ မိဘကသက္ရွိထင္ရွားရွိေနသည့္အတြက္ အေမြပံုပစၥည္းမျဖစ္ေသးပါဘူး။ အခ်င္းျဖစ္ အိမ္ႏွင့္ျခံသည္ မိဘကသာပိုင္ဆိုင္ေၾကာင္းသမီးျဖစ္သူသည္ ဘီနာမီသာျဖစ္ေၾကာင္း ျမြက္ဟေၾကညာေပးေစလိုမႈ တရားမမႈစြဲဆိုရန္ လိုအပ္မွာျဖစ္ပါသည္။

သမီးျဖစ္သူ၏ က်န္ရစ္သူခင္ပြန္းျဖင့္ ေဆြးေႏြးၿပီး ၄င္းကလည္း ဘီနာမီျဖစ္ေၾကာင္းလက္ခံမည္ဆိုလွ်င္ေတာ့ ျပသာနာျဖစ္ပြားရန္မလိုဘဲမိဘကသားသမီးမ်ားႏွင့္ သမီး၏ခင္ပြန္းတို႔ကိုအားလံုးသေဘာတူညီခ်က္ျဖင့္ မိသားစုစီမံခန္႔ခြဲမႈစာခ်ဳပ္ျပဳလုပ္ထားမည္ဆိုလွ်င္ ေနာက္ပိုင္းလည္း ျပသာနာျဖစ္ပြားရန္မရွိေတာ့ဘူးေပါ့။ သမီး၏ခင္ပြန္းကိုေဆြးေႏြးညွိႏႈိင္း၍မရပါကတရားရံုးတြင္ ဘီနာမီျဖစ္ေၾကာင္းျမြက္ဟေၾကညာေပးေစလိုမႈစြဲဆိုရန္ လိုအပ္မည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service