လယ်ယာမြေ ရောင်း/ပေါင်း/ငှါး/လဲ/ပေးကမ်း ... စာချုပ်ရာတွင် ရပ်ကွက်/ကျေးရွာအဆင့်ဆင့် ဆောင်ရွက်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1600 Views

လယ်ယာမြေ ရောင်း/ပေါင်း/ငှါး/လဲ/ပေးကမ်း ... စာချုပ်ရာတွင် ရပ်ကွက်/ကျေးရွာအဆင့်ဆင့် ဆောင်ရွက်ချက်များ

Knowledge | Posted by Aye Myat Thu

[Unicode]

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ရရှိပြီးသူများအနေဖြင့် လုပ်ပိုင်းခွင့်ရရှိထားသော လယ်ယာမြေ၏ အားလုံးကိုဖြစ်စေ တစ်စိတ်တစ်ပ်ိုင်းကိုဖြစ်စေ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်းနှင့် ငှါးရမ်းခြင်း ကိစ္စရပ်များအတွက် အမှန်တကယ်စာချုပ်ချုပ်ဆိုဆောင်ရွက်မည့် ဧရိယာကို မြေတိုင်းတာစိစစ်ပြီး ၊ သက်သေခံမြေပုံထုတ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) စာရင်းမြေပုံ ထိန်းသိမ်းဆောင်ရွက်နေသော ဌာနများတွင် သက်သေခံမြေပုံလျှောက်ထားရယူ ကြရမည်ဖြစ်သည်။

ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တင်ပြရမည့်အချက်များ

ဆက်လက်၍ လယ်ယာမြေနည်းဥပဒေ ပုဒ်မ ၂၄(က) ၄၇ (ခ) ၄၈ (ဂ)တို့အရ စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများကို ပူးတွဲး၍ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လျှောက်ထားရမည် ဖြစ်ပါသည်။

(က) မူလထုတ်ပေးထားရှိသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်းနှင့် သက်သေခံမြေပုံ

(ခ) အထက်အပိုဒ်(၁) ပါ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ( သို့မဟုတ်) စာရင်းမြေပုံ၊ ထိန်းသိမ်းဆောင်ရွက်နေသော ဌာနများမှ အမှန် ရောင်းချ/လဲလှယ်/‌ပေးကမ်း/ ပေါင်နှံ/ ငှါးရမ်း မည့်မြေပြင်အခြေအနေကို စိစစ်ပြီး ထုတ်ပေးထားသည့်နေ့မှ တစ်နှစ်အတွင်း ဖြစ်သောသက်သေခံမြေပုံ (၂) ပုံနှင့် မြေရာဇဝင် (ဂ) သက်ဆ်ိုင်ရာ ကာယကံရှင်များ သို့မဟုတ် တရားဝင်က်ိုယ်စာလှယ်လွှဲအပ်ခံရသူများနှင့် အသိသက်သေ (၂) ဦးတို့ပါဝင်လက်မှတ်ရေးထိုးထားသော ရောင်းချခြင်း၊ လဲလှယ်ခြင်း ၊ပေးကမ်းခြင်း၊ပေါင်နှံခြင်းနှင့် ငှါးရမ်းခြင်းပြုလုပ်မည့်စာချုပ် (ဃ) စာချုပ်ပါ သက်ဆိုင်ရာ ကာယကံရှင်များ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများနှင့် အသိသက်သေ (၂) ဦး၏ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားကို တင်ပြလျှောက်ထားရမည်ဖြစ်သည်။

စာချုပ်တွင် ပါရှိရမည့်အချက်များ

သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြကာ လယ်ယာမြေနေရာသည် မိမိလျှောက်ထားသော ရပ်ကွက်ကျေးရွာအုပ်စုနယ်နိမိတ်အတွင်း ကျရောက်ရမည်။ ပုံစံ (၇) ပါ အမည်ပေါက်သူများ သို့မဟုတ် ပုံစံ(၇) ပါ အမည်ပေါက်သူ၏ တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများ (SP/GP) မှတင်ပြရမည်။

စာချုပ်ချုပ်ဆိုသူများနှင့် သက်သေများသည် နိုင်ငံသားဖြစ်ရမည်။ စာချုပ်အား မြန်မာစာဖြင့်ရေးသားထားရမည်။ တင်ပြလာသော စာချုပ်နှင့် မြေတည်နေရာကို မှန်မှန်ကန်ကန်ဖြင့်ရှင်းလင်းစွာရေးသားရမည်။ စာချုပ်တွင် ဖော်ပြထားသော ရောင်းချ/လဲလှယ်/ပေးကမ်း/ပေါင်းနှံ/ငှါးရမ်း သောမြေ၏ ဦးပိုင်အမှတ် တည်နေရာ၊ ဧရိယာများသည် စာချုပ်ချုပ်ဆို၍ ပူးတွဲးတင်ပြထားသော မြေစာရင်ပုံစံ (၁၀၅) နှင့် ကိုက်ညီရမည်။

• စာချုပ်တွင် ဒေသန္တရအခြေအနေအရ သတ်မှတ်ထားသော တန်ဖိုးနှုန်းထားအပေါ် ကျသင့်သော တံဆိပ်ခေါင်းခွန်များ ပြည့်စုံစွာ ကပ်နှိပ်ရမည်။

• ငှါးရမ်းစာချုပ်ဖြစ်လျှင် လယ်ယာမြေကို စိုက်ပျိုးရေးလုပ်ငန်းအတွက်သာ ငှါးရမ်းခြင်းဖြစ်ရမည်။ ငှါးရမ်းသည့် ကာလကိုလည်းသတ်မှတ်ဖော်ပြရမည်။

• ပေါင်နှံသည့် စာချုပ်ဖြစ်လျှင် ရွေးနှုတ်ရမည့်ကယလကို သတ်မှတ်ဖော်ပြရမည်။ လယ်ယာမြေဥပဒေပုဒ်မ -၁၄ အရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းဖြစ်ပါက နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရှိရမည်။ ပြဿနာအရှုပ်အရှင်းကင်းရမည်။ ကန့်ကွက်ချက်ရှင်းရမည်။

စာချုပ်ပေါ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအဖွဲ့မှ လက်မှတ်ရေးထိုးခြင်း

လျှောက်ထားတင်ပြသော စာချုပ်များကို အထက်ပါအတိုင်း ဖြည့်သွင်းပြီးသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှောက်တွင် ချုပ်ဆိုရမည်။ ယင်းအဖွဲ့မှ ဤ စာချုပ်သည် မိမိတို့အဖွဲ့ရှေ့မှောက်တွင်ချုပ်ဆိုခြင်းဖြစ်ကြောင်း ဤစာချုပ်နှင့် ပူးတွဲးပါ သက်သေခံ မြေပုံပေါ်ရှိရေးသား ထားသော စာသားများသည်။ ကျွန်ုပ်တို့၏ရှေ့မှောက်တွင် (……..) ရက်နေ့၌ ဤစာချုပ်ကို ချုပ်ဆိုသည်မှာ မှန်ကန်ပါသည် ဟူသော နောက်ဆက်တွဲ တပ်ဆင့်ရေးမှတ်ချက်နှင့် အမည်တံဆိပ်တုံးများ ရိုက်နှိပ်ပေးခြင်း သို့မဟုတ် အမည်များရေးသားလျက် ဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် အနည်းဆုံး (၁) ဦးတို့၏ လက်မှတ်နှင့် လယ်ယာမြေစီမံခန့်ခွဲမှူအဖွဲ့ရုံးတံဆိပ်တုံးရိုက်ထားရမည်ဖြစ်သည်။ နောက်ဆက်တွဲ (က)

သက်ဆိုင်ရာ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် စာချုပ်သောစာချုပ်များနှင့် မြေပုံတို့အပေါ်တွင် တဆင့်ရေးသားရမည့် နမူနာပုံစံ။

ကျွန်ုပ်တို့ရှေ့မှောကတွင် (……..) ရက်နေ့၌ ဤစာချုပ်ကိုချုပ်ဆိုသည်မှာ မှန်ကန်ပါသည်။

(…….)   (……..)   (…….)   (………)      (……….)

အဖွဲ့ဝင်  အဖွဲ့ဝင်   ဥက္ကဌ   အတွင်းရေးမှူး  အဖွဲ့ဝင်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လယ္ယာေျမ ေရာင္း/ေပါင္း/ငွါး/လဲ/ေပးကမ္း ... စာခ်ဳပ္ရာတြင္ ရပ္ကြက္/ေက်းရြာအဆင့္ဆင့္ ေဆာင္ရြက္ခ်က္မ်ား

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ-၇ ရရွိျပီးသူမ်ားအေနျဖင့္ လုပ္ပိုင္းခြင့္ရရွိထားေသာ လယ္ယာေျမ၏ အားလံုးကိုျဖစ္ေစ တစ္စိတ္တစ္ပို္င္းကိုျဖစ္ေစ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း၊ ေပါင္နွံျခင္းနွင့္ ငွါးရမ္းျခင္း ကိစၥရပ္မ်ားအတြက္ အမွန္တကယ္စာခ်ဳပ္ခ်ဳပ္ဆိုေဆာင္ရြက္မည့္ ဧရိယာကို ေျမတိုင္းတာစိစစ္ျပီး ၊ သက္ေသခံေျမပံုထုတ္ယူႏိုင္ရန္အတြက္ သက္ဆိုင္ရာ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာန (သို႕မဟုတ္) စာရင္းေျမပံု ထိန္းသိမ္းေဆာင္ရြက္ေနေသာ ဌာနမ်ားတြင္ သက္ေသခံေျမပံုေလွ်ာက္ထားရယူ ၾကရမည္ျဖစ္သည္။

ရပ္ကြက္/ေက်းရြာအုပ္စုလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕က တင္ျပရမည့္အခ်က္မ်ား

ဆက္လက္၍ လယ္ယာေျမနည္းဥပေဒ ပုဒ္မ ၂၄(က) ၄၇ (ခ) ၄၈ (ဂ)တို႕အရ စာခ်ဳပ္ခ်ဳပ္ဆိုေဆာင္ရြက္ႏိုင္ရန္အတြက္ ေအာက္ေဖာ္ျပပါစာရြက္စာတမ္းမ်ားကို ပူးတြဲး၍ သက္ဆိုင္ရာရပ္ကြက္ သို႕မဟုတ္ ေက်းရြာအုပ္စု လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သို႕ေလွ်ာက္ထားရမည္ ျဖစ္ပါသည္။

(က) မူလထုတ္ေပးထားရွိသည့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပံုစံ(၇) မူရင္းနွင့္ သက္ေသခံေျမပံု

(ခ) အထက္အပိုဒ္(၁) ပါ သက္ဆိုင္ရာျမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာန ( သို႕မဟုတ္) စာရင္းေျမပံု၊ ထိန္းသိမ္းေဆာင္ရြက္ေနေသာ ဌာနမ်ားမွ အမွန္ ေရာင္းခ်/လဲလွယ္/‌ေပးကမ္း/ ေပါင္နွံ/ ငွါးရမ္း မည့္ေျမျပင္အေျခအေနကို စိစစ္ျပီး ထုတ္ေပးထားသည့္ေန႕မွ တစ္နွစ္အတြင္း ျဖစ္ေသာသက္ေသခံေျမပံု (၂) ပံုနွင့္ ေျမရာဇဝင္ (ဂ) သက္ဆို္င္ရာ ကာယကံရွင္မ်ား သို႕မဟုတ္ တရားဝင္ကို္ယ္စာလွယ္လႊဲအပ္ခံရသူမ်ားနွင့္ အသိသက္ေသ (၂) ဦးတို႕ပါဝင္လက္မွတ္ေရးထိုးထားေသာ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း ၊ေပးကမ္းျခင္း၊ေပါင္နွံျခင္းနွင့္ ငွါးရမ္းျခင္းျပဳလုပ္မည့္စာခ်ဳပ္ (ဃ) စာခ်ဳပ္ပါ သက္ဆိုင္ရာ ကာယကံရွင္မ်ား သို႕မဟုတ္ တရားဝင္ကိုယ္စားလွယ္လႊဲအပ္ျခင္းခံရသူမ်ားနွင့္ အသိသက္ေသ (၂) ဦး၏ ႏိုင္ငံသားျဖစ္ေၾကာင္း အေထာက္အထားကို တင္ျပေလွ်ာက္ထားရမည္ျဖစ္သည္။

စာခ်ဳပ္တြင္ ပါရွိရမည့္အခ်က္မ်ား

သက္ဆိုင္ရာ ရပ္ကြက္/ ေက်းရြာအုပ္စု လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သို႕ တင္ျပကာ လယ္ယာေျမေနရာသည္ မိမိေလွ်ာက္ထားေသာ ရပ္ကြက္ေက်းရြာအုပ္စုနယ္နိမိတ္အတြင္း က်ေရာက္ရမည္။ ပံုစံ (၇) ပါ အမည္ေပါက္သူမ်ား သို႕မဟုတ္ ပံုစံ(၇) ပါ အမည္ေပါက္သူ၏ တရားဝင္ကိုယ္စားလွယ္လႊဲအပ္ျခင္းခံရသူမ်ား (SP/GP) မွတင္ျပရမည္။

စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ားနွင့္ သက္ေသမ်ားသည္ ႏိုင္ငံသားျဖစ္ရမည္။ စာခ်ဳပ္အား ျမန္မာစာျဖင့္ေရးသားထားရမည္။ တင္ျပလာေသာ စာခ်ဳပ္နွင့္ ေျမတည္ေနရာကို မွန္မွန္ကန္ကန္ျဖင့္ရွင္းလင္းစြာေရးသားရမည္။ စာခ်ဳပ္တြင္ ေဖာ္ျပထားေသာ ေရာင္းခ်/လဲလွယ္/ေပးကမ္း/ေပါင္းနွံ/ငွါးရမ္း ေသာေျမ၏ ဦးပိုင္အမွတ္ တည္ေနရာ၊ ဧရိယာမ်ားသည္ စာခ်ဳပ္ခ်ဳပ္ဆို၍ ပူးတြဲးတင္ျပထားေသာ ေျမစာရင္ပံုစံ (၁၀၅) နွင့္ ကိုက္ညီရမည္။

• စာခ်ဳပ္တြင္ ေဒသႏၱရအေျခအေနအရ သတ္မွတ္ထားေသာ တန္ဖိုးႏႈန္းထားအေပၚ က်သင့္ေသာ တံဆိပ္ေခါင္းခြန္မ်ား ျပည့္စံုစြာ ကပ္နွိပ္ရမည္။

• ငွါးရမ္းစာခ်ဳပ္ျဖစ္လွ်င္ လယ္ယာေျမကို စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္သာ ငွါးရမ္းျခင္းျဖစ္ရမည္။ ငွါးရမ္းသည့္ ကာလကိုလည္းသတ္မွတ္ေဖာ္ျပရမည္။

• ေပါင္နွံသည့္ စာခ်ဳပ္ျဖစ္လွ်င္ ေရြးႏႈတ္ရမည့္ကယလကို သတ္မွတ္ေဖာ္ျပရမည္။ လယ္ယာေျမဥပေဒပုဒ္မ -၁၄ အရ ႏိုင္ငံျခားသား သို႕မဟုတ္ ႏိုင္ငံျခားသားပါဝင္သည့္ အဖြဲ႕အစည္းမ်ားကို ေရာင္းခ်ျခင္း၊ ေပါင္နွံျခင္း၊ ငွါးရမ္းျခင္း၊ လဲလွယ္ျခင္း သို႕မဟုတ္ ေပးကမ္းျခင္းျဖစ္ပါက ႏိုင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္ရွိရမည္။ ျပႆနာအရႈပ္အရွင္းကင္းရမည္။ ကန္႕ကြက္ခ်က္ရွင္းရမည္။

စာခ်ဳပ္ေပၚတြင္ ရပ္ကြက္/ ေက်းရြာအုပ္စုအဖြဲ႕မွ လက္မွတ္ေရးထိုးျခင္း

ေလွ်ာက္ထားတင္ျပေသာ စာခ်ဳပ္မ်ားကို အထက္ပါအတိုင္း ျဖည့္သြင္းျပီးသက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု၊ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ေရွ႕ေမွာက္တြင္ ခ်ဳပ္ဆိုရမည္။ ယင္းအဖြဲ႕မွ ဤ စာခ်ဳပ္သည္ မိမိတို႕အဖြဲ႕ေရွ႕ေမွာက္တြင္ခ်ဳပ္ဆိုျခင္းျဖစ္ေၾကာင္း ဤစာခ်ဳပ္နွင့္ ပူးတြဲးပါ သက္ေသခံ ေျမပံုေပၚရွိေရးသား ထားေသာ စာသားမ်ားသည္။ ကၽြႏ္ုပ္တို႕၏ေရွ႕ေမွာက္တြင္ (……..) ရက္ေန႕၌ ဤစာခ်ဳပ္ကို ခ်ဳပ္ဆိုသည္မွာ မွန္ကန္ပါသည္ ဟူေသာ ေနာက္ဆက္တြဲ တပ္ဆင့္ေရးမွတ္ခ်က္နွင့္ အမည္တံဆိပ္တံုးမ်ား ရုိက္နွိပ္ေပးျခင္း သို႕မဟုတ္ အမည္မ်ားေရးသားလ်က္ ဥကၠဌ ၊ အတြင္းေရးမွဴးနွင့္ အဖြဲ႕ဝင္ အနည္းဆံုး (၁) ဦးတို႕၏ လက္မွတ္နွင့္ လယ္ယာေျမစီမံခန္႕ခြဲမွဴအဖြဲ႕ရုံးတံဆိပ္တံုးရုိက္ထားရမည္ျဖစ္သည္။ ေနာက္ဆက္တြဲ (က)

သက္ဆိုင္ရာ ရပ္ကြက္၊ သို႕မဟုတ္ ေက်းရြာအုပ္စုလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕၏ ေရွ႕ေမွာက္တြင္ စာခ်ဳပ္ေသာစာခ်ဳပ္မ်ားနွင့္ ေျမပံုတို႕အေပၚတြင္ တဆင့္ေရးသားရမည့္ နမူနာပံုစံ။

ကၽြႏ္ုပ္တို႕ေရွ႕ေမွာကတြင္ (……..) ရက္ေန႕၌ ဤစာခ်ဳပ္ကိုခ်ဳပ္ဆိုသည္မွာ မွန္ကန္ပါသည္။

(…….)   (……..)   (…….)  (………)    (……….)

အဖြဲ႕ဝင္  အဖြဲ႕ဝင္  ဥကၠဌ  အတြင္းေရးမွဴး  အဖြဲ႕ဝင္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service