လယ်ယာမြေမှအပကျန်မြေများအားမှတ်ပုံတင်ရာတွင်တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ပြုထားသည့်ကိစ္စရပ်များ - Property Knowledge in Myanmar from iMyanmarHouse.com
879 Views

လယ်ယာမြေမှအပကျန်မြေများအားမှတ်ပုံတင်ရာတွင်တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ပြုထားသည့်ကိစ္စရပ်များ

Knowledge | Posted by Shwe Zin Win

[Unicode]

လယ်ယာမြေမှအပကျန်မြေများအားမှတ်ပုံတင်ရာတွင်မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရလည်းကောင်း၊စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရလည်းကောင်းခေတ်ကာလအခြေအနေအရနိုင်ငံတော်အစိုးရမှပြန်တမ်းဖြင့်ထုတ်ပြန်ကြေညာချက်အရလည်းကောင်းတံဆိပ်ခေါင်းခွန်နှင့်မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုခြင်းများရှိတတ်ပါသည်။

အဓိကအားဖြင့်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရလည်းကောင်း၊နိုင်ငံတော်အစိုးရ (သို့မဟုတ်) အစိုးရဌာနနှင့်အဖွဲ့အစည်းများ၏အကျိုးစီးပွားအတွက်လည်းကောင်း၊သာသနာရေးနှင့်လူမှှုရေးကိစ္စရပ်များအတွက်လည်းကောင်းတံဆိပ်ခေါင်းခွန်နှင့်မှတ်ပုံတင်ခကင်းလတ်ခွင့်ပြုတတ်သည်။ ထိုအနက်တံဆိပ်ခေါင်းခွန်ကင်းလွန်ခွင့်ပြုထားသည့်အမိန့်များမှာအောက်ပါအတိုင်းဖြစ်သည်။

(က) ၁၉၄၈ခုနှစ်၊အခငွေပြင်ဆင်ချက်မှတ်တမ်းအရအမေရိကန်နှင့်ဗြိတိသျှအစိုးရများ၏သံရုံး၊ကောင်စစ်ဝန်ရုံးများနှင့်သံတမန်ကိစ္စရပ်များအတွက်အသုံးပြုရန်ဝယ်ယူသော၊လက်ရောက်အသုံးပြုမည်ဖြစ်သောစာချုပ်စာတမ်းများကိုတံဆိပ်ခွန်ထမ်းဆောင်ခြင်းမှကင်းလွတ်ခွင့်ပြုထားသည်။

(ခ) ဘဏ္ဍရေးနှင့်အခွန်တော်ဌာန၏ (၁၅-၁-၁၉၄၉)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၁၅အရယိုးဒယားအစိုးရ၏သံရုံး၊ကောင်စစ်ဝန်ရုံးများနှင့်သံတမန်ကိစ္စရပ်များအတွက်အသုံးပြုရန်ဝယ်ယူခြင်း၊ငှားရမ်းခြင်း၊လက်ရောက်ရရှိသောစာချုပ်စာတမ်းများကိုတံဆိပ်ခွန်ထမ်းဆောင်ခြင်းမှကင်းလွတ်ခွင့်ပြုထားသည်။

(ဂ) ဘဏ္ဍရေးနှင့်အခွန်တော်ဝန်ကြီးဌာန၏ (၃၀-၄-၅၂)ရက်စွဲပါအမိန့်ကြောငြာချက်အမှတ်၁၅၉ဖြင့်အထွေထွေဌာန၏ (၄-၁၂-၁၉၁၃)ရက်စွဲပါကြေညာချက်အမှတ်၃၄၄၊အမှတ်၁တွင်ပါရှိသည့်အခကြေးငွေစာရင်း၏အပိုဒ် (က)တွင်ခြွန်းချက်အမှတ် (၁၂)အဖြစ်၁၉၅၂ခုနှစ်၊ဧပြီ (၁)ရက်နေ့နောက်ပိုင်းအိန္ဒိယနိုင်ငံအစိုးရမှသံရုံးကိစ္စများအတွက်ဖြစ်စေ၊ကော်စစ်ဝန်ရုံးကိစ္စများအတွက်ဖြစ်စေ၊သာမန်ကိစ္စရပ်များအတွက်ဖြစ်စေမြန်မာနိုင်ငံအတွင်းရယူသောမရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ချုုပ်ဆိုသောစာချုပ်စာတမ်းများအတွက်မည်သည့်အခမဆိုကင်းလွတ်ခွင့်ပြုသည်။

(ဃ) ဘဏ္ဍရေးနှင့်အခွန်တောဝန်ကြီးဌာန (ယစ်မျိုးနှင့်အခွန်ဌာနခွဲ) ၏ (၁၀-၁၀-၁၉၅၃)ရက်စွဲပါပြန်တမ်းအမှတ်၅၄၂အရ၁၉၅၃ခုနှစ်၊နိုင်ငံတော်စက်မှုလက်မှုလုပ်ငန်းများအတွက်ကူညီထောက်ပံ့မှုအက်ဥပဒေအရငွေ၄၀၀၀ကျပ်အထိပြန်လည်ပေးအပ်သောအမတော်ငွေအတွက်မှတ်ပုံတင်သောစာချုပ်စာတမ်းများအပေါ်ပေးဆောင်ရန်တံဆိပ်ခေါင်းငွေကိုလွတ်ငြိမ်းခွင်ြ့ပုသည်။

(င) သမဝါသမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၏(၂၈-၇-၆၀)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၆၉အရသမအသင်းများ၏လုပ်ငန်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊အသင်းကိုယ်စားဖြစ်စေအသင်း၏အရာရှိ (သို့မဟုတ်) အသင်းသားတစ်ဦးဦးဖြစ်စေချုုပ်ဆိုသောစာချုပ်စာတမ်းများအတွက်တည်ဆဲတရားဥပဒေအရပေးဆောင်ထိုက်သည့်တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်းမှကင်းလွတ်ခွင့်ပြုထားသည်။

(စ) ကြေး/မြေ (ရုံးချုပ်)၏ (၂၆-၆-၇၉)ရက်စွဲပါစာအမှတ် (၃၀၆)/(၄-၇-၈)/(၇၉)အရအာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့်ပြင်ဆင်မွန်းမံသည့်ဆန်စက်များနှင့်စာချုပ်ချုပ်ဆိုသည့်ချေးငွေအပေါင်စာချုပ်များကိုတံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ပြုထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမမွအပက်န္ေျမမ်ားအားမွတ္ပံုတင္ရာတြင္တံဆိပ္ေခါင္းခြန္ကင္းလြတ္ခြင့္ျပဳထားသည့္ကိစၥရပ္မ်ား

လယ္ယာေျမမွအပက်န္ေျမမ်ားအားမွတ္ပံုတင္ရာတြင္ျမန္မာႏိုင္ငံတံဆိပ္ေခါင္းအက္ဥပေဒအရလည္းေကာင္း၊စာခ်ဳပ္စာတမ္းမွတ္ပံုတင္ဥပေဒအရလည္းေကာင္းေခတ္ကာလအေျခအေနအရႏိုင္ငံေတာ္အစိုးရမွျပန္တမ္းျဖင့္ထုတ္ျပန္ေၾကညာခ်က္အရလည္းေကာင္းတံဆိပ္ေခါင္းခြန္ႏွင့္မွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳျခင္းမ်ားရွိတတ္ပါသည္။

အဓိကအားျဖင့္ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈအရလည္းေကာင္း၊ႏိုင္ငံေတာ္အစိုးရ (သို႔မဟုတ္) အစိုးရဌာနႏွင့္အဖြဲ႕အစည္းမ်ား၏အက်ိဳးစီးပြားအတြက္လည္းေကာင္း၊သာသနာေရးႏွင့္လူမွႈေရးကိစၥရပ္မ်ားအတြက္လည္းေကာင္းတံဆိပ္ေခါင္းခြန္ႏွင့္မွတ္ပံုတင္ခကင္းလတ္ခြင့္ျပဳတတ္သည္။ ထိုအနက္တံဆိပ္ေခါင္းခြန္ကင္းလြန္ခြင့္ျပဳထားသည့္အမိန္႔မ်ားမွာေအာက္ပါအတုိင္းျဖစ္သည္။

(က) ၁၉၄၈ခုႏွစ္၊အခေငြျပင္ဆင္ခ်က္မွတ္တမ္းအရအေမရိကန္ႏွင့္ၿဗိတိသွ်အစိုးရမ်ား၏သံရံုး၊ေကာင္စစ္ဝန္ရံုးမ်ားႏွင့္သံတမန္ကိစၥရပ္မ်ားအတြက္အသံုးျပဳရန္ဝယ္ယူေသာ၊လက္ေရာက္အသံုးျပဳမည္ျဖစ္ေသာစာခ်ဳပ္စာတမ္းမ်ားကိုတံဆိပ္ခြန္ထမ္းေဆာင္ျခင္းမွကင္းလြတ္ခြင့္ျပဳထားသည္။

(ခ) ဘ႑ေရးႏွင့္အခြန္ေတာ္ဌာန၏ (၁၅-၁-၁၉၄၉)ရက္စြဲပါအမိန္႔ေၾကာ္ျငာစာအမွတ္၁၅အရယိုးဒယားအစိုးရ၏သံရံုး၊ေကာင္စစ္ဝန္ရံုးမ်ားႏွင့္သံတမန္ကိစၥရပ္မ်ားအတြက္အသံုးျပဳရန္ဝယ္ယူျခင္း၊ငွားရမ္းျခင္း၊လက္ေရာက္ရရွိေသာစာခ်ဳပ္စာတမ္းမ်ားကိုတံဆိပ္ခြန္ထမ္းေဆာင္ျခင္းမွကင္းလြတ္ခြင့္ျပဳထားသည္။

(ဂ) ဘ႑ေရးႏွင့္အခြန္ေတာ္ဝန္ႀကီးဌာန၏ (၃၀-၄-၅၂)ရက္စြဲပါအမိန္႔ေၾကာျငာခ်က္အမွတ္၁၅၉ျဖင့္အေထြေထြဌာန၏ (၄-၁၂-၁၉၁၃)ရက္စြဲပါေၾကညာခ်က္အမွတ္၃၄၄၊အမွတ္၁တြင္ပါရွိသည့္အခေၾကးေငြစာရင္း၏အပိုဒ္ (က)တြင္ျခြန္းခ်က္အမွတ္ (၁၂)အျဖစ္၁၉၅၂ခုႏွစ္၊ဧၿပီ (၁)ရက္ေန႔ေနာက္ပိုင္းအိႏၵိယႏိုင္ငံအစိုးရမွသံရံုးကိစၥမ်ားအတြက္ျဖစ္ေစ၊ေကာ္စစ္ဝန္ရံုးကိစၥမ်ားအတြက္ျဖစ္ေစ၊သာမန္ကိစၥရပ္မ်ားအတြက္ျဖစ္ေစျမန္မာႏိုင္ငံအတြင္းရယူေသာမေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားႏွင့္စပ္လ်ဥ္း၍ခ်ုဳပ္ဆိုေသာစာခ်ဳပ္စာတမ္းမ်ားအတြက္မည္သည့္အခမဆိုကင္းလြတ္ခြင့္ျပဳသည္။

(ဃ) ဘ႑ေရးႏွင့္အခြန္ေတာဝန္ႀကီးဌာန (ယစ္မ်ိဳးႏွင့္အခြန္ဌာနခြဲ) ၏ (၁၀-၁၀-၁၉၅၃)ရက္စြဲပါျပန္တမ္းအမွတ္၅၄၂အရ၁၉၅၃ခုႏွစ္၊ႏိုင္ငံေတာ္စက္မႈလက္မႈလုပ္ငန္းမ်ားအတြက္ကူညီေထာက္ပံ့မႈအက္ဥပေဒအရေငြ၄၀၀၀က်ပ္အထိျပန္လည္ေပးအပ္ေသာအမေတာ္ေငြအတြက္မွတ္ပံုတင္ေသာစာခ်ဳပ္စာတမ္းမ်ားအေပၚေပးေဆာင္ရန္တံဆိပ္ေခါင္းေငြကိုလြတ္ၿငိမ္းခြင္ျ့ပဳသည္။

(င) သမဝါသမႏွင့္ကုန္စည္ျဖန္႔ျဖဴးေရးဝန္ႀကီးဌာန၏(၂၈-၇-၆၀)ရက္စြဲပါအမိန္႔ေၾကာ္ျငာစာအမွတ္၆၉အရသမအသင္းမ်ား၏လုပ္ငန္းႏွင့္စပ္လ်ဥ္း၍ျဖစ္ေစ၊အသင္းကိုယ္စားျဖစ္ေစအသင္း၏အရာရွိ (သို႔မဟုတ္) အသင္းသားတစ္ဦးဦးျဖစ္ေစခ်ုဳပ္ဆိုေသာစာခ်ဳပ္စာတမ္းမ်ားအတြက္တည္ဆဲတရားဥပေဒအရေပးေဆာင္ထိုက္သည့္တံဆိပ္ေခါင္းခြန္ေပးေဆာင္ျခင္းမွကင္းလြတ္ခြင့္ျပဳထားသည္။

(စ) ေၾကး/ေျမ (ရံုးခ်ဳပ္)၏ (၂၆-၆-၇၉)ရက္စြဲပါစာအမွတ္ (၃၀၆)/(၄-၇-၈)/(၇၉)အရအာရွဖြ႔ံၿဖိဳးေရးဘဏ္ေခ်းေငြျဖင့္ျပင္ဆင္မြန္းမံသည့္ဆန္စက္မ်ားႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေခ်းေငြအေပါင္စာခ်ဳပ္မ်ားကိုတံဆိပ္ေခါင္းခြန္ကင္းလြတ္ခြင့္ျပဳထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service