ကုန်ကားယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို ကိုဗစ်စစ်ဆေးမှုအရှိန်မြင့် - Property News in Myanmar from iMyanmarHouse.com
864 Views

ကုန်ကားယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို ကိုဗစ်စစ်ဆေးမှုအရှိန်မြင့်

[Unicode]

ကပ်ရောဂါကာလအတွင်းကုန်စည်စီးဆင်းမှုမပြတ်တောက်ဖို့အတွက် ကုန်ကားတွေကိုပြေးဆွဲခွင့်ပြုရာမှာယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေ Covid -19 ကူးစက်ခံထားရတာရှိမရှိကို ရန်ကုန်က MCC ခန်းမမှာစစ်ဆေးပေးနေပါပြီ။

ကုန်ကားမောင်းမယ့်ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေဟာ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပေးတဲ့နှစ်ပတ်အတွင်းရောဂါကင်းရှင်းကြောင်းထောက်ခံချက်လိုအပ်တဲ့အတွက် စစ်ဆေးမှုကိုခံယူရတာလည်းဖြစ်ပါတယ်။

ဒီလိုစစ်ဆေးမှုခံယူပြီးရောဂါကင်းရှင်းမှသာ တိုင်းနဲ့ပြည်နယ်တွေကိုဖြတ်သန်းသွားလာခွင့်လည်းရမယ်လို့ သိရပါတယ်။

စစ်ဆေးတာကိုတော့ အဖြေမိနစ်ပိုင်းအတွင်းသိနိုင်တဲ့ Test Kid နဲ့စစ်ပေးနေတာဖြစ်ပြီးဒီကနေ့မှာလာရောက်စစ်ဆေးခံတဲ့သူများပြားတာကို ‌တွေ့ရပါတယ်။

တစ်ရက်ကို လူ ၈၀ခန့်စစ်ပေးနေတာဖြစ်ပြီး တိုကင်စနစ်နဲ့စစ်ဆေးပေးနေတာလို့လည်း သိရပါတယ်။ဒီလိုစစ်ဆေးပြီးပိုးကင်းရှင်းကြောင်းထောက်ခံစာပါမှကုန်တွေတင်ဆောင်ပြီး ရန်ကုန်တိုင်းကထွက်ခွင့်ရမှာဖြစ်တဲ့အတွက် လာရောက်အစစ်ဆေးခံတာလို့ကုန်တင်ယာဉ်မောင်းအချို့က ‌ပြောပါတယ်။

လက်ရှိမှာတော့ Test. Kit တွေနဲ့တိုင်းနဲ့ပြည်နယ်အသီးသီးကဝင်ပေါက်ထွက်ပေါက်တွေကိုစစ်ဆေးနေတာတွေရှိပါတယ်။

ဒီလိုစစ်ဆေးတဲ့အခါမှာ ကုန်ကားမောင်းသူတွေ၊ယာဉ်နောက်လိုက်တွေမှာပိုးတွေ့တာရှိခဲ့တာကိုလည်း သိရပါတယ်။

ရန်ကုန်ကိုလာတဲ့အရေးကြီးကုန်စည်တွေသယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့အတူလိုက်ပါလာတဲ့လိုက်ပါတဲ့လူဦးရေနှစ်ရာလောက်ကိုရောဂါစစ်ဆေးတာတွေနေ့စဉ်ပုံမှန်လုပ်ပေးနေတယ်လို့ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအထောက်အကူပြုကော်မတီအစည်းအဝေးက သိရပါတယ်။

ပြည်နယ်နှင့်တိုင်းအသီးသီးကနေ ရန်ကုန်မြို့ရဲ့အဓိကကုန်စိမ်းဈေးကိုတစ်ရက်ကားအစီးရေ ၄၀လောက်ပုံမှန်ဝင်ရောက်နေပြီးယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကိုမြို့အဝင်ထွက်တွေမှာ Rapid Test တွေနဲ့ကိုဗစ်ရောဂါစစ်ဆေးမှုတွေလုပ်နေတာကြောင့်အချိန်ကြန့်ကြာမှုတွေလည်းရှိနေတာပါ။

ကျန်းမာရေးစစ်ဆေးမှုတွေကြောင့် နောင်ချို၊ဂုတ်ထိပ်၊ရမည်းသင်းမြို့တွေမှာလမ်းကြောင်းပိတ်ဆို့မှုတွေရှိနေပြီး ရန်ကုန်အဝင်အင်းတကော်မှာလည်းပိတ်မိနေတဲ့ကုန်တင်ယာဉ်အချို့လည်းရှိသေးတယ်လို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူးဦးကျော်သူကပြောပါတယ်။

ရန်ကုန်မှာကုန်စည်အဝင်လျော့နည်းလာလို့အရောင်းအဝယ်ကလည်းအနည်းငယ်ပဲရှိတော့တယ်လို့ ဦးကျော်သူကပြောပါတယ်။

အဓိကကုန်စည်စီးဆင်းမှုတွေမပြတ်တောက်ရေးနဲ့ကျန်းမာရေးနဲ့အညီယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေမြို့ထဲကိုဝင်ရောက်နိုင်ဖို့ အဓိကထားဦးစားပေးလုပ်ဆောင်ချိန်မှာအခက်အခဲတချို့ရှိခဲ့တာပါ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကုန္ကားယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြကို ကိုဗစ္စစ္ေဆးမႈအ႐ွိန္ျမင့္

ကပ္ေရာဂါကာလအတြင္းကုန္စည္စီးဆင္းမႈမျပတ္ေတာက္ဖို႔အတြက္ ကုန္ကားေတြကိုေျပးဆြဲခြင့္ျပဳရာမွာယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြ Covid -19 ကူးစက္ခံထားရတာ႐ွိမ႐ွိကို ရန္ကုန္က MCC ခန္းမမွာစစ္ေဆးေပးေနပါၿပီ။

ကုန္ကားေမာင္းမယ့္ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြဟာ က်န္းမာေရးဝန္ႀကီးဌာနကထုတ္ေပးတဲ့ႏွစ္ပတ္အတြင္းေရာဂါကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္လိုအပ္တဲ့အတြက္ စစ္ေဆးမႈကိုခံယူရတာလည္းျဖစ္ပါတယ္။

ဒီလိုစစ္ေဆးမႈခံယူၿပီးေရာဂါကင္း႐ွင္းမွသာ တိုင္းနဲ႔ျပည္နယ္ေတြကိုျဖတ္သန္းသြားလာခြင့္လည္းရမယ္လို႔ သိရပါတယ္။

စစ္ေဆးတာကိုေတာ့ အေျဖမိနစ္ပိုင္းအတြင္းသိႏိုင္တဲ့ Test Kid နဲ႔စစ္ေပးေနတာျဖစ္ၿပီးဒီကေန႔မွာလာေရာက္စစ္ေဆးခံတဲ့သူမ်ားျပားတာကို ‌ေတြ႕ရပါတယ္။

တစ္ရက္ကို လူ ၈၀ခန္႔စစ္ေပးေနတာျဖစ္ၿပီး တိုကင္စနစ္နဲ႔စစ္ေဆးေပးေနတာလို႔လည္း သိရပါတယ္။ဒီလိုစစ္ေဆးၿပီးပိုးကင္း႐ွင္းေၾကာင္းေထာက္ခံစာပါမွကုန္ေတြတင္ေဆာင္ၿပီး ရန္ကုန္တိုင္းကထြက္ခြင့္ရမွာျဖစ္တဲ့အတြက္ လာေရာက္အစစ္ေဆးခံတာလို႔ကုန္တင္ယာဥ္ေမာင္းအခ်ိဳ႕က ‌ေျပာပါတယ္။

လက္႐ွိမွာေတာ့ Test. Kit ေတြနဲ႔တိုင္းနဲ႔ျပည္နယ္အသီးသီးကဝင္ေပါက္ထြက္ေပါက္ေတြကိုစစ္ေဆးေနတာေတြ႐ွိပါတယ္။

ဒီလိုစစ္ေဆးတဲ့အခါမွာ ကုန္ကားေမာင္းသူေတြ၊ယာဥ္ေနာက္လိုက္ေတြမွာပိုးေတြ႕တာ႐ွိခဲ့တာကိုလည္း သိရပါတယ္။

ရန္ကုန္ကိုလာတဲ့အေရးႀကီးကုန္စည္ေတြသယ္ယူပို႔ေဆာင္ေရးယာဥ္ေတြနဲ႔အတူလိုက္ပါလာတဲ့လိုက္ပါတဲ့လူဦးေရႏွစ္ရာေလာက္ကိုေရာဂါစစ္ေဆးတာေတြေန႔စဥ္ပုံမွန္လုပ္ေပးေနတယ္လို႔ ကုန္စည္စီးဆင္းမႈျမန္ဆန္ေရးႏွင့္ကုန္ေဈးႏႈန္းတည္ၿငိမ္ေရးအေထာက္အကူျပဳေကာ္မတီအစည္းအေဝးက သိရပါတယ္။

ျပည္နယ္ႏွင့္တိုင္းအသီးသီးကေန ရန္ကုန္ၿမိဳ႕ရဲ႕အဓိကကုန္စိမ္းေဈးကိုတစ္ရက္ကားအစီးေရ ၄၀ေလာက္ပုံမွန္ဝင္ေရာက္ေနၿပီးယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြကိုၿမိဳ႕အဝင္ထြက္ေတြမွာ Rapid Test ေတြနဲ႔ကိုဗစ္ေရာဂါစစ္ေဆးမႈေတြလုပ္ေနတာေၾကာင့္အခ်ိန္ၾကန္႔ၾကာမႈေတြလည္း႐ွိေနတာပါ။

က်န္းမာေရးစစ္ေဆးမႈေတြေၾကာင့္ ေနာင္ခ်ိဳ၊ဂုတ္ထိပ္၊ရမည္းသင္းၿမိဳ႕ေတြမွာလမ္းေၾကာင္းပိတ္ဆို႔မႈေတြ႐ွိေနၿပီး ရန္ကုန္အဝင္အင္းတေကာ္မွာလည္းပိတ္မိေနတဲ့ကုန္တင္ယာဥ္အခ်ိဳ႕လည္း႐ွိေသးတယ္လို႔ ဟင္းသီးဟင္း႐ြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းအတြင္းေရးမႉးဦးေက်ာ္သူကေျပာပါတယ္။

ရန္ကုန္မွာကုန္စည္အဝင္ေလ်ာ့နည္းလာလို႕အေရာင္းအဝယ္ကလည္းအနည္းငယ္ပဲ႐ွိေတာ့တယ္လို ႔ ဦးေက်ာ္သူကေျပာပါတယ္။

အဓိကကုန္စည္စီးဆင္းမႈေတြမျပတ္ေတာက္ေရးနဲ႔က်န္းမာေရးနဲ႔အညီယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြၿမိဳ႕ထဲကိုဝင္ေရာက္ႏိုင္ဖို႔ အဓိကထားဦးစားေပးလုပ္ေဆာင္ခ်ိန္မွာအခက္အခဲတခ်ိဳ႕႐ွိခဲ့တာပါ။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service