အိမ်မြေအရောင်းအဝယ် ပြုလုပ်စဉ် ပူးတွဲပိုင်ရှင် ကွယ်လွန်သွားလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
1014 Views

အိမ်မြေအရောင်းအဝယ် ပြုလုပ်စဉ် ပူးတွဲပိုင်ရှင် ကွယ်လွန်သွားလျှင်

Knowledge | Posted by Zarni Kyaw

[Unicode]

''ပူးတွဲပိုင်ရှင်တစ်ဦး ကွယ်လွန်သွားရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

''အိမ်မြေဝယ်ထားတာရှိလို့ လား'' ဟု စာရေးသူက မေးလိုက်ပါသည်။

''ဟုတ်ကဲ့ ဆရာ၊ မြေတစ်ကွက် ဝယ်ထားတာတာဆရာ။ အိမ်ကတော့ ပျဉ်ထောင်အိမ်သေးသေးပါ''

''စရန်ငွေပေးထားသလား''

''စရန်ငွေပေးစဉ်ကတော့ ပိုင်ရှင်နှစ်ဦးလုံးရှိတယ် ဆရာ။ အခုငွေအပြီး ချေဖို့ ကိစ္စကြတော့။ ကွယ်လွန်သူ တွေရဲ့ ဝေစုကို ဘယ်သူ့ထံပေးရမလဲဆိုတာ အခက်အခဲရှိနေတယ်''

''သတင်းစာထဲ ထည့်ကြေညာခဲ့တာရှိလား''

''သတင်းစာထဲမှာ ထည့်ကြေညာစဉ်က ပူးတွဲပိုင်ရှင်နှစ်ဦးလုံးရှိနေ တယ် ဆရာ။ ကန့်ကွက်သူမရှိခဲ့ဘူး''

''အင်းပေါ့လေ၊ ကွယ်လွန်တာက အခုမှဆိုတော့ ကန့်ကွက်သူမ ပေါ်ခဲ့ဘူးပေါ့။ အခုအချိန်မှာ ကန့်ကွက်သူပေါ် လာလို့လား''

''ကန့်ကွက်သူတော့ မပေါ်ပါဘူး ဆရာ။ ဒါပေမယ့် ကျန်ငွေကို ပူးတွဲ ပိုင်ရှင်ကိုပဲ ပေးရမလား။ ကွယ်လွန်သူရဲ့ မိဘကို ပေးရမလားဆိုတာ ဝေခွဲမရဖြစ်နေလို့''

''ပူးတွဲပိုင်ရှင် ကွယ်လွန်သွားရင်တော့ ကွယ်လွန်သူရဲ့ သားသမီး ဇနီးစတဲ့ တိုက်ရိုက်အဆက်နွယ်ရှိရင်တော့ ထိုသူတို့က ကွယ်လွန်သူရဲ့ နေရာမှာ ပူးတွဲပိုင်ရှင်အဖြစ် ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်''

''ကွယ်လွန်သွားတဲ့သူက လူပျိုလို့ပြောတယ် ဆရာ''

''ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ပူးတွဲပိုင်ရှင်အချင်းချင်းက ဆွေမျိုးတော်ကြလား''

''ဟုတ်ကဲ့ ဆရာ၊ မောင်နှမနှစ်ယောက်ပါ''

''မြေပိုင်ရှင်က မောင်နှမနှစ်ဦး ပူးတွဲပိုင်ရှင်တွေပေါ့။ မောင်နှမဆိုလို့ မောင်နှမအရင်းတွေပဲလား''

''ဟုတ်တယ် ဆရာ။ သူတို့ပြော စကားအရတော့ မောင်နှမအရင်းလို့ သိရပါတယ်။

''မောင်နှမနှစ်ယောက်ပေါင်းပြီး ဝယ်ထားတာလား''

''မဟုတ်ဘူး ဆရာ။ အမေဖြစ် သူက အပေးစာချုပ်နဲ့ ပေးကမ်းထားတာ ဆရာ''

''မေတ္တာနဲ့ ပေးကမ်းခြင်းဆိုတော့ ပေးကမ်းစာချုပ်က မှတ်ပုံတင်စာချုပ် စာတမ်းနဲ့ ပေးကမ်းထားတာလား''

''ဟုတ်တယ် ဆရာ။ စာချုပ် စာတမ်းမှတ်ပုံတင်ပြုလုပ်ချုပ်ဆိုထားတာ တွေ့ခဲ့ရပါတယ်''

''ဒါဆိုရင် မြေအမည်ပေါက်လည်း ပြောင်းပြီးပြီပေါ့''

''မြေအမည်ပေါက်တော့ မပြောင်းရသေးဘူး ဆရာ။ အမေကြီး အမည်ပေါက်ဖြစ်နေသေးတယ်''

''အခြားညီရင်းညီမတွေရှိသေးလား။ မောင်နှမနှစ်ယောက်တည်း ရှိတာလား''

''သူတို့ ပြောစကားအရတော့ ဒီမောင်နှမနှစ်ယောက်တည်းပဲရှိတာလို့ ပြောပါတယ်''

''အပေးစာချုပ်ပြုလုပ်ပေးတယ်ဆိုရင် များသောအားဖြင့်သား သမီးအားလုံးထဲက တစ်ဦးတစ်ယောက်ကို ပေးတာမျိုးရှိတတ်တော့ သေချာ စုံစမ်းဖိုိ့တော့ လိုတယ်''

''သတင်းစာထဲ ကြေညာစဉ်ကလည်း ကန့်ကွက်သူမရှိဘူး။ ပြီးတော့ အမည်ပေါက် မိခင်ကြီးကလည်းရှိ သေးတယ်''

''မိခင်ကြီးက စိုးရိမ်ပြီး အပေးစာချုပ် ချုပ်ထားခဲ့တာထင်တယ်''

''သူတို့ ပြောပြချက်အရတော့ ဖခင်ကြီးနဲ့ မိခင်ကြီးက ကွဲနေကြတာလို့ ပြောတယ်။ ဖခင်ကြီးက နောက် အိမ်ထောင်ပြုသွားတာ ဆရာ''

''ဖခင်ကြီးက သက်ရှိထင်ရှားရှိသေးလား''

''ဖခင်ကြီးက ကွယ်လွန်သွားပြီ ပြောတယ်။ ကွာရှင်းစဉ်က အခုအိမ်နဲ့ မြေကိုမိခင်ကြီးက ပိုင်ဆိုင်ခွဲဝေ လိုက်တာလို့ ပြောပါတယ်''

''ဒါဆိုရင်တော့ ဖခင်ကြီးအပိုင်းကို စဉ်းစားဖို့ မလိုတော့ဘူးပေါ့''

''မိခင်ကြီး သက်ရှိထင်ရှားရှိနေတော့ သားရဲ့ဝေစုကို မိခင်ကြီးက ရပိုင်ခွင့်ရှိမှာပေါ့''

''ပူးတွဲပိုင်ရှင်က မောင်နှမအရင်းဖြစ်နေတော့ ပူးတွဲပိုင်ကျန်မောင်နှမကပဲ အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်''

''မိခင်ကြီးက သူ့ပိုင်ပစ္စည်းကို ပေးထားတာဆိုတော့ သူပဲရပိုင်ခွင့်ရှိတယ် မဟုတ်လား''

''သာမန်အားဖြင့်ကြည့်ရင်တော့ ဟုတ်သလိုပဲ။ ဒါပေမယ့် မေတ္တာနဲ့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အရ သားနဲ့သမီးက ပူးတွဲပိုင်ရှင်ဖြစ်သွားတယ်။ ပြီးတော့ အဲဒီသားနဲ့သမီးက မိခင်နဲ့အတူနေကြတယ်။ တစ်နည်း အားဖြင့်ပေးကမ်းလိုက်တဲ့ အိမ်မြေကို လက်ခံသူနှစ်ဦးလုံးက လက်ရှိနေထိုင်နေတာကြောင့် လက်ရောက်ပေး အပ်တဲ့ သဘောသက်ရောက်သွားတယ်''

''ဒါဆိုရင် မိခင်ကြီးက အမည်ပေါက်နေပေမယ့် ပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့''

''မြေအိမ်အမည်ပေါက်က အမည်ပြောင်းမလျှောက်ထားခဲ့လို့ မိခင်အမည်နဲ့ ရှိနေတာ။ ဥပဒေအရတော့ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်အရ ကွယ်လွန်သူသားနဲ့ ကျန်ရစ်တဲ့ သမီးတို့ကသာ ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်''

''ဆရာပြောသလိုဆိုရင် ကွယ်လွန်သူအစ်ကိုရဲ့ ဝေစုကို ပူးတွဲပိုင်ရှင် ညီမကပဲရမယ်လို့ ဆိုလိုတာပေါ့''

''မှန်ပါတယ်။ မြန်မာဓလေ့ထုံး တမ်းဥပဒေမှာ ကွယ်လွန်သူရဲ့ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ မြေး၊ မြစ် အစရှိသော တိုက်ရိုက်အဆက်အနွယ်များ၊ ကိတ္တိမသားသမီး၊ လင်ပါမယားပါ သားသမီးနှင့် ကိဠိတသားသမီးအစရှိ သူများမရှိလျှင် (၁) ညီအစ်ကို မောင်နှမ၊ (၂) မိဘ (၃) ဘိုးဘွား (၄) တူ တူမများ (၅) ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး (၆) တူ တူမများ၏ သား သမီးများစသဖြင့် အဆင့်ဆင့်အမွေ ဆက်ခံခွင့်ကို သတ်မှတ်ထားပါတယ်''

''ဥပဒေအရဆိုရင် ကွယ်လွန် သူရဲ့ အမွေကို ညီအစ်ကိုမောင်နှမက မိဘထက်ဦးစွာရနိုင်တဲ့ သဘောပေါ့''

''ဟုတ်ပါတယ်။ မနှင်းဘွင့်နှင့် ဦးရွှေဂုဏ် အောက်မြန်မာစီရင်ထုံး၊ အတွဲ (၁) စာမျက်နှာ (၁) အမှုမှာ ကွယ်လွန်သူနှင့်အတူနေထိုင်သူ အစ်မက တစ်ဖက်၊ ဖခင်ကတစ်ဖက် အမွေလုရာ အစ်မဖြစ်သူက ရရှိသည်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ ကိစ္စမှာ ညီမဖြစ်သူက ကွယ်လွန်သူအစ်ကို လူပျိုရဲ့ အမွေကို ဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်''

''ဒါဆိုရင် ညီမနဲ့ဘဲ အရောင်းအဝယ်စာချုပ် ချုပ်ရမှာပေါ့''

''ညီမဖြစ်သူက အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး မိတ်ဆွေတို့နဲ့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမှာဖြစ်ပါတယ်။ တစ်ခုထူးခြားနေတာက အမည်ပေါက်က သက်ရှိထင်ရှားရှိတဲ့ မိခင်အမည်ပေါက်နေတော့ မိခင်နဲ့ တိုက်ရိုက်အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးရှိ တာမို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်''ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ေျမအေရာင္းအ၀ယ္ ျပဳလုပ္စဥ္ ပူးတြဲပုိင္ရွင္ ကြယ္လြန္သြားလွ်င္

''ပူးတြဲပိုင္ရွင္တစ္ဦး ကြယ္လြန္သြားရင္ ဘယ္လုိေဆာင္ရြက္ရမလဲ ဆရာ''ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးပါသည္။

''အိမ္ေျမဝယ္ထားတာရွိလုိ႔ လား'' ဟု စာေရးသူက ေမးလုိက္ပါသည္။

''ဟုတ္ကဲ့ ဆရာ၊ ေျမတစ္ကြက္ ဝယ္ထားတာတာဆရာ။ အိမ္ကေတာ့ ပ်ဥ္ေထာင္အိမ္ေသးေသးပါ''

''စရန္ေငြေပးထားသလား''

''စရန္ေငြေပးစဥ္ကေတာ့ ပုိင္ရွင္ႏွစ္ဦးလုံးရွိတယ္ ဆရာ။ အခုေငြအၿပီး ေခ်ဖုိ႔ ကိစၥၾကေတာ့။ ကြယ္လြန္သူ ေတြရဲ႕ ေဝစုကုိ ဘယ္သူ႔ထံေပးရမလဲဆုိတာ အခက္အခဲရွိေနတယ္''

''သတင္းစာထဲ ထည့္ေၾကညာခဲ့တာရွိလား''

''သတင္းစာထဲမွာ ထည့္ေၾကညာစဥ္က ပူးတြဲပုိင္ရွင္ႏွစ္ဦးလုံးရွိေန တယ္ ဆရာ။ ကန္႔ကြက္သူမရွိခဲ့ဘူူး''

''အင္းေပါ့ေလ၊ ကြယ္လြန္တာက အခုမွဆုိေတာ့ ကန္႔ကြက္သူမ ေပၚခဲ့ဘူးေပါ့။ အခုအခ်ိန္မွာ ကန္႔ကြက္သူေပၚ လာလုိ႔လား''

''ကန္႔ကြက္သူေတာ့ မေပၚပါဘူး ဆရာ။ ဒါေပမယ့္ က်န္ေငြကို ပူးတြဲ ပုိင္ရွင္ကုိပဲ ေပးရမလား။ ကြယ္လြန္သူရဲ႕ မိဘကို ေပးရမလားဆုိတာ ေဝခြဲမရျဖစ္ေနလုိ႔''

''ပူးတြဲပုိင္ရွင္ ကြယ္လြန္သြားရင္ေတာ့ ကြယ္လြန္သူရဲ႕ သားသမီး ဇနီးစတဲ့ တုိက္႐ုိက္အဆက္ႏြယ္ရွိရင္ေတာ့ ထုိသူတုိ႔က ကြယ္လြန္သူရဲ႕ ေနရာမွာ ပူးတြဲပုိင္ရွင္အျဖစ္ ဝင္ေရာက္ခြင့္ရမွာျဖစ္ပါတယ္''

''ကြယ္လြန္သြားတဲ့သူက လူပ်ဳိလုိ႔ေျပာတယ္ ဆရာ''

''ဒါဆုိရင္ေတာ့ တစ္မ်ဳိးစဥ္းစားရမွာေပါ့။ ပူးတြဲပိုင္ရွင္အခ်င္းခ်င္းက ေဆြမ်ဳိးေတာ္ၾကလား''

''ဟုတ္ကဲ့ ဆရာ၊ ေမာင္ႏွမႏွစ္ေယာက္ပါ''

''ေျမပုိင္ရွင္က ေမာင္ႏွမႏွစ္ဦး ပူးတြဲပုိင္ရွင္ေတြေပါ့။ ေမာင္ႏွမဆုိလုိ႔ ေမာင္ႏွမအရင္းေတြပဲလား''

''ဟုတ္တယ္ ဆရာ။ သူတုိ႔ေျပာ စကားအရေတာ့ ေမာင္ႏွမအရင္းလုိ႔ သိရပါတယ္။

''ေမာင္ႏွမႏွစ္ေယာက္ေပါင္းၿပီး ဝယ္ထားတာလား''

''မဟုတ္ဘူး ဆရာ။ အေမျဖစ္ သူက အေပးစာခ်ဳပ္နဲ႔ ေပးကမ္းထားတာ ဆရာ''

''ေမတၱာနဲ႔ ေပးကမ္းျခင္းဆုိေတာ့ ေပးကမ္းစာခ်ဳပ္က မွတ္ပုံတင္စာခ်ဳပ္ စာတမ္းနဲ႔ ေပးကမ္းထားတာလား''

''ဟုတ္တယ္ ဆရာ။ စာခ်ဳပ္ စာတမ္းမွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆုိထားတာ ေတြ႔ခဲ့ရပါတယ္''

''ဒါဆုိရင္ ေျမအမည္ေပါက္လည္း ေျပာင္းၿပီးၿပီေပါ့''

''ေျမအမည္ေပါက္ေတာ့ မေျပာင္းရေသးဘူး ဆရာ။ အေမႀကီး အမည္ေပါက္ျဖစ္ေနေသးတယ္''

''အျခားညီရင္းညီမေတြရွိေသးလား။ ေမာင္ႏွမႏွစ္ေယာက္တည္း ရွိတာလား''

''သူတုိ႔ ေျပာစကားအရေတာ့ ဒီေမာင္ႏွမႏွစ္ေယာက္တည္းပဲရွိတာလုိ႔ ေျပာပါတယ္''

''အေပးစာခ်ဳပ္ျပဳလုပ္ေပးတယ္ဆုိရင္ မ်ားေသာအားျဖင့္သား သမီးအားလုံးထဲက တစ္ဦးတစ္ေယာက္ကုိ ေပးတာမ်ဳိးရွိတတ္ေတာ့ ေသခ်ာ စုံစမ္းဖုိ႔ိေတာ့ လုိတယ္''

''သတင္းစာထဲ ေၾကညာစဥ္ကလည္း ကန္႔ကြက္သူမရွိဘူး။ ၿပီးေတာ့ အမည္ေပါက္ မိခင္ႀကီးကလည္းရွိ ေသးတယ္''

''မိခင္ႀကီးက စုိးရိမ္ၿပီး အေပးစာခ်ဳပ္ ခ်ဳပ္ထားခဲ့တာထင္တယ္''

''သူတုိ႔ ေျပာျပခ်က္အရေတာ့ ဖခင္ႀကီးနဲ႔ မိခင္ႀကီးက ကြဲေနၾကတာလုိ႔ ေျပာတယ္။ ဖခင္ႀကီးက ေနာက္ အိမ္ေထာင္ျပဳသြားတာ ဆရာ''

''ဖခင္ႀကီးက သက္ရွိထင္ရွားရွိေသးလား''

''ဖခင္ႀကီးက ကြယ္လြန္သြားၿပီ ေျပာတယ္။ ကြာရွင္းစဥ္က အခုအိမ္နဲ႔ ေျမကိုမိခင္ႀကီးက ပုိင္ဆုိင္ခြဲေဝ လုိက္တာလုိ႔ ေျပာပါတယ္''

''ဒါဆုိရင္ေတာ့ ဖခင္ႀကီးအပုိင္းကုိ စဥ္းစားဖုိ႔ မလုိေတာ့ဘူးေပါ့''

''မိခင္ႀကီး သက္ရွိထင္ရွားရွိေနေတာ့ သားရဲ႕ေဝစုကုိ မိခင္ႀကီးက ရပုိင္ခြင့္ရွိမွာေပါ့''

''ပူးတြဲပုိင္ရွင္က ေမာင္ႏွမအရင္းျဖစ္ေနေတာ့ ပူးတြဲပုိင္က်န္ေမာင္ႏွမကပဲ အေမြဆက္ခံခြင့္ရွိမွာျဖစ္တယ္''

''မိခင္ႀကီးက သူ႔ပုိင္ပစၥည္းကို ေပးထားတာဆုိေတာ့ သူပဲရပုိင္ခြင့္ရွိတယ္ မဟုတ္လား''

''သာမန္အားျဖင့္ၾကည့္ရင္ေတာ့ ဟုတ္သလုိပဲ။ ဒါေပမယ့္ ေမတၱာနဲ႔ ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္အရ သားနဲ႔သမီးက ပူးတြဲပုိင္ရွင္ျဖစ္သြားတယ္။ ၿပီးေတာ့ အဲဒီသားနဲ႔သမီးက မိခင္နဲ႔အတူေနၾကတယ္။ တစ္နည္း အားျဖင့္ေပးကမ္းလုိက္တဲ့ အိမ္ေျမကို လက္ခံသူႏွစ္ဦးလုံးက လက္ရွိေနထုိင္ေနတာေၾကာင့္ လက္ေရာက္ေပး အပ္တဲ့ သေဘာသက္ေရာက္သြားတယ္''

''ဒါဆုိရင္ မိခင္ႀကီးက အမည္ေပါက္ေနေပမယ့္ ပိုင္ဆုိင္ခြင့္မရွိေတာ့ဘူးေပါ့''

''ေျမအိမ္အမည္ေပါက္က အမည္ေျပာင္းမေလွ်ာက္ထားခဲ့လုိ႔ မိခင္အမည္နဲ႔ ရွိေနတာ။ ဥပေဒအရေတာ့ ေပးကမ္းျခင္းမွတ္ပုံတင္စာခ်ဳပ္အရ ကြယ္လြန္သူသားနဲ႔ က်န္ရစ္တဲ့ သမီးတုိ႔ကသာ ပူးတြဲပုိင္ရွင္ျဖစ္ပါတယ္''

''ဆရာေျပာသလုိဆုိရင္ ကြယ္လြန္သူအစ္ကိုရဲ႕ ေဝစုကို ပူးတြဲပိုင္ရွင္ ညီမကပဲရမယ္လုိ႔ ဆုိလိုတာေပါ့''

''မွန္ပါတယ္။ ျမန္မာဓေလ့ထုံး တမ္းဥပေဒမွာ ကြယ္လြန္သူရဲ႕ ခင္ပြန္း၊ ဇနီး၊ သားသမီး၊ ေျမး၊ ျမစ္ အစရွိေသာ တုိက္႐ုိက္အဆက္အႏြယ္မ်ား၊ ကိတၱိမသားသမီး၊ လင္ပါမယားပါ သားသမီးႏွင့္ ကိဠိတသားသမီးအစရွိ သူမ်ားမရွိလွ်င္ (၁) ညီအစ္ကုိ ေမာင္ႏွမ၊ (၂) မိဘ (၃) ဘုိးဘြား (၄) တူ တူမမ်ား (၅) ဦးႀကီး၊ ဦးေလး၊ ေဒၚႀကီး၊ ေဒၚေလး (၆) တူ တူမမ်ား၏ သား သမီးမ်ားစသျဖင့္ အဆင့္ဆင့္အေမြ ဆက္ခံခြင့္ကို သတ္မွတ္ထားပါတယ္''

''ဥပေဒအရဆုိရင္ ကြယ္လြန္ သူရဲ႕ အေမြကို ညီအစ္ကုိေမာင္ႏွမက မိဘထက္ဦးစြာရႏုိင္တဲ့ သေဘာေပါ့''

''ဟုတ္ပါတယ္။ မႏွင္းဘြင့္ႏွင့္ ဦးေရႊဂုဏ္ ေအာက္ျမန္မာစီရင္ထုံး၊ အတြဲ (၁) စာမ်က္ႏွာ (၁) အမႈမွာ ကြယ္လြန္သူႏွင့္အတူေနထုိင္သူ အစ္မက တစ္ဖက္၊ ဖခင္ကတစ္ဖက္ အေမြလုရာ အစ္မျဖစ္သူူက ရရွိသည္လုိ႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ မိတ္ေဆြရဲ႕ ကိစၥမွာ ညီမျဖစ္သူက ကြယ္လြန္သူအစ္ကုိ လူပ်ဳိရဲ႕ အေမြကုိ ဆက္ခံခြင့္ရွိမွာျဖစ္ပါတယ္''

''ဒါဆုိရင္ ညီမနဲ႔ဘဲ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ရမွာေပါ့''

''ညီမျဖစ္သူက အေမြဆက္ခံပိုင္ဆုိင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး မိတ္ေဆြတုိ႔နဲ႔ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိရမွာျဖစ္ပါတယ္။ တစ္ခုထူးျခားေနတာက အမည္ေပါက္က သက္ရွိထင္ရွားရွိတဲ့ မိခင္အမည္ေပါက္ေနေတာ့ မိခင္နဲ႔ တုိက္႐ုိက္အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္တဲ့ အခြင့္အေရးရွိ တာမုိ႔ ႏွစ္ဖက္ညိႇႏႈိင္းေဆာင္ရြက္ဖုိ႔ လုိပါတယ္''ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service