မုန်လာဥနီ စားခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
12904 Views

မုန်လာဥနီ စားခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများ

Knowledge | Posted by Aye Myat Thu

[Unicode]

ခါကျက်ဥ လို့ အများခေါ်ကြတဲ့ မုန်လာဥနီကို မီးဖိုချောင်အတော်များများမှာ တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ မုန်လာဥနီကို တို့စရာ၊ အစိမ်းကြော်၊ ခေါက်ဆွဲကြော် နှင့် မုန်လာဥနီသုတ်တို့အပြင် မုန်လာဥနီဖျော်ရည်အဖြစ်လည်း စားလို့ရပါတယ်။

မုန်လာဥနီမှာ ပိုတက်ဆီယံ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ အမျှင်ဓါတ် နှင့် ဗီတယ်ကယ်ရိုတင်းဓါတ်များပါရှိပြီး အာဟာရမျှတတဲ့ မုန်လာဥနီစားခြင်းဖြင့် မိမိတို့အတွက် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတော့..........

(၁) မုန်လာဥနီကို ပုံမှန်စားပေးခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

(၂) အစာခြေလမ်းကြောင်းကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့အပြင် နှလုံး၊ အသည်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို အားကောင်းစေပါတယ်။

(၃) ဗီတာမင်အေပါဝင်တဲ့အတွက် မျက်စိအားကောင်းစေပြီး အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) မုန်လာဥနီဟာ ခန္ဓာကိုယ်အတွင်း သန့်စင်တဲ့အပိုင်းမှာ အစွမ်းထက်တာကြောင့် အသည်း နဲ့ သွေးတွင်းသန့်စင်မှုကို အထောက်အပံ့ပေးတာကြောင့် ဝက်ခြံ၊ အရေပြားပျက်စီးမှု နှင့် အသားရေခြောက်သွေ့ခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ လှပစေပြီး အသံပိုင်းဆိုင်ရာ ကောင်းမွန်စေပါတယ်။

(၅) ကလေးငယ်များ အသက်(၆)လပြည့်လို့ ဖြည့်စွက်စာကျွေးတဲ့အခါ မုန်လာဥနီကို ထည့်ကျွေးခြင်းဖြင့် ကလေးများ လိုအပ်တဲ့ဗီတာမင်ဓါတ်ကို ရရှိစေပြီး ဘက်တီးရီးယားပိုးမွှားတွေနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် ကလေးငယ်များရဲ့ အမြင်အာရုံကို ကောင်းမွန်ကြည်လင်အောင် ထောက်ပံ့ပေးပါတယ်။

(၆) စိတ်ဖိစီးမှုရောဂါ၊ နာကျင်ကိုက်ခဲခြင်း နှင့် အိုမင်းရင့်ရော်ခြင်းတွေကို လျော့နည်းစေပါတယ်။

(၇) မုန်လာဥနီဖျော်ရည်၊ မုန်လာဥနီသုတ်တို့ကို စားပေးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျစေတာကြောင့် ဝိတ်ချနေတဲ့ ပျိုမေများ မဖြစ်မနေ စားပေးသင့်ပါတယ်။

မုန်လာဥနီဟာ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေတဲ့အပြင် စားပြီး အသုံးမလိုတဲ့ ထိပ်ပိုင်းလေးကို ရေဖန်ခွက်ထဲ စိုက်ထားရုံနဲ့ အညွန့်လေးတွေထွက်လာစေပြီး ရရှိလာတဲ့ အညွန့်လေးတွေကို အသုတ်စုံထဲ ထည့်စားလျှင်လည်း လတ်ဆတ်ပြီးအရသာရှိတာကို ခံစားရရှိစေမှာဖြစ်တဲ့အပြင် ငွေကုန်ကြေးကျမများဘဲ လွှင့်ပစ်စရာမလိုဘဲ အကျိုးရှိရှိ အသုံးချလို့ရပါတယ်။

မိမိတို့ နေ့စဉ်စားနေတဲ့ မုန်လာဥနီက ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရှိတာကို သိပြီဆိုတော့ ကျန်းမာရေး နှင့် အလှအပတွေအတွက် မုန်လာဥနီကို အကျိုးရှိရှိ စားသုံးကြဖို့ တိုက်တွန်းအကြံပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]
















(iMyanmarHouse.com Team မွ ရေးသား ဖော်ျပသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service