ပုဂ္ဂလိကဘဏ်တွေအတွက် စည်းမျဉ်းတွေလျှော့ချ - Property News in Myanmar from iMyanmarHouse.com
7363 Views

ပုဂ္ဂလိကဘဏ်တွေအတွက် စည်းမျဉ်းတွေလျှော့ချ

[Unicode]

COVID-19 ကပ်ရောဂါဖြစ်နေချိန်တွင်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအတွက် စည်းမျဉ်းအချို့ဖြေလျှော့ပေးထားခြင်းကိုထပ်မံသက်တမ်းတိုးခွင့်ပြုလိုက်သည်။

ပုဂ္ဂလိကဘဏ်များတွင် ‌ငွေကြေးလွယ်ကူမှုအချိုးတွက်သည့်ပုံစံယာယီပြင်ဆင်ချက်ကို၂၀၂၁ မတ်လအကုန်အထိသက်တမ်းတိုးခွင့်ပြုကြောင်းစက်တင်ဘာ၂၃ ရက်စွဲဖြင့်ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ဘဏ်များတွင် ‌ငွေကြေးလွယ်ကူမှုအချိုးတွက်ရာတွင်သက်တမ်းတစ်နှစ်အထက်ကျန်ရှိနေသောငွေတိုက်စာချုပ်တန်ဖိုး ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိယခုနှစ်ဧပြီလဆန်းကတိုးမြှင့်ခွင့်ပြုပေးခဲ့သည်။

COVID-19 ကပ်ရောဂါဖြစ်နေချိန်ဘဏ်များလုပ်ငန်းလည်ပတ်မှုကောင်းစေရန် ဗဟိုဘဏ်၏ဖြေလျှော့မှုများထဲမှတစ်ခုဖြစ်ပြီးလက်ရှိတွင် အဆိုပါဖြေလျှော့မှုကိုသက်တမ်းထပ်တိုးပေးခြင်းဖြစ်သည်။

COVID-19 ကာလအတွင်းပြည်တွင်းဘဏ်လုပ်ငန်းများအတွက်ဗဟိုဘဏ်၏ဖြေလျှော့ပေးမှုများသည် အကျိုးသက်ရောက်မှုနည်းပါးကြောင်းပုဂ္ဂလိကဘဏ်အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

စီးပွားရေးလုပ်ငန်းများတုံ့ဆိုင်းနေပြီး ‌ငွေကြေးလည်ပတ်မှုရပ်ဆိုင်းလုနီးပါးဖြစ်နေချိန်တွင် ဘဏ်များအတွက်ဗဟိုဘဏ်၏ဖြေလျှော့မှုကထိရောက်မှုနည်းသည်ဟုဆိုသည်။

"အခြေအနေကတော့ ‌စောင့်ကြည့်ရမယ့်သဘောမှာရှိပါတယ်ပြန်လည်ပြီးလုပ်ငန်းတွေလည်ပတ်မှဘဏ်တွေရဲ့ငွေကြေးစိးဆင်းမှုကလည်းအားကောင်းမှာဖြစ်တာကြောင့် ဒီရက်သတ္တပတ်တွေကစိန်ခေါ်မှုတွေများလာနိုင်ပါတယ် "ဟုဘဏ်မန်နေဂျာတစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံတွင်မတ်လ၂၃ ရက်က COVID-19 အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက် ဗဟိုဘဏ်ကဧပြီတွင်ဘဏ်များနှင့်ပတ်သက်သောဖြေလျှော့မှုများ ခွင့်ပြုခဲ့သည်။

ဧပြီလဗဟိုဘဏ်၏ဖြေလျှော့မှုတွင်ပါဝင်သော အများပြည်သူအပ်ငွေစုစုပေါင်း၏အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ဖြေလျှော့ပေးထားခြင်းကိုယခုနှစ်စက်တင်ဘာလကုန်အထိဗဟိုဘဏ်က ခွင့်ပြုထားသည်။

အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာအပ်ငွေကျပ် ၁၀၀ ဆိုလျှှင်ဘဏ်များကဗဟိုဘဏ်တွင်အပ်ငွေ၏ ၅ရာခိုင်နှုန်းအရန်ငွေအဖြစ်ထားရခြင်းဖြစ်သည်။ထို့ကြောင့်အပ်ငွေများကိုစီးပွားရေးလုပ်ငန်းများသို့ပြန်လည်ထုတ်ချေးရာတွင်ဘဏ်က ၉၅ ရာခိုင်နှုန်းသာထုတ်ချေးနိုင်သည်။ဗဟိုဘဏ်၏ဖြေလျှော့မှုကြောင့်ဘဏ်များကအပ်ငွေများထဲမှ ၉၆ ဒသမ ၅ ရာခိုင်နှုန်းထုတ်ချေးခွင့်ရရှိထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုဂၢလိကဘဏ္ေတြအတြက္ စည္းမ်ဥ္းေတြေလွ်ာ့ခ်

COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္တြင္ဗဟိုဘဏ္က ပုဂၢလိကဘဏ္မ်ားအတြက္ စည္းမ်ဥ္းအခ်ိဳ႕ေျဖေလွ်ာ့ေပးထားျခင္းကိုထပ္မံသက္တမ္းတိုးခြင့္ျပဳလိုက္သည္။

ပုဂၢလိကဘဏ္မ်ားတြင္ ‌ေငြေၾကးလြယ္ကူမႈအခ်ိဳးတြက္သည့္ပုံစံယာယီျပင္ဆင္ခ်က္ကို၂၀၂၁ မတ္လအကုန္အထိသက္တမ္းတိုးခြင့္ျပဳေၾကာင္းစက္တင္ဘာ၂၃ ရက္စြဲျဖင့္ၫႊန္ၾကားခ်က္ထုတ္ျပန္ထားသည္။

ဘဏ္မ်ားတြင္ ‌ေငြေၾကးလြယ္ကူမႈအခ်ိဳးတြက္ရာတြင္သက္တမ္းတစ္ႏွစ္အထက္က်န္႐ွိေနေသာေငြတိုက္စာခ်ဳပ္တန္ဖိုး ၅၀ ရာခိုင္ႏႈန္းမွ ၉၀ ရာခိုင္ႏႈန္းအထိယခုႏွစ္ဧၿပီလဆန္းကတိုးျမႇင့္ခြင့္ျပဳေပးခဲ့သည္။

COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္ဘဏ္မ်ားလုပ္ငန္းလည္ပတ္မႈေကာင္းေစရန္ ဗဟိုဘဏ္၏ေျဖေလွ်ာ့မႈမ်ားထဲမွတစ္ခုျဖစ္ၿပီးလက္႐ွိတြင္ အဆိုပါေျဖေလွ်ာ့မႈကိုသက္တမ္းထပ္တိုးေပးျခင္းျဖစ္သည္။

COVID-19 ကာလအတြင္းျပည္တြင္းဘဏ္လုပ္ငန္းမ်ားအတြက္ဗဟိုဘဏ္၏ေျဖေလွ်ာ့ေပးမႈမ်ားသည္ အက်ိဳးသက္ေရာက္မႈနည္းပါးေၾကာင္းပုဂၢလိကဘဏ္အႀကီးတန္းအရာ႐ွိတစ္ဦးကေျပာသည္။

စီးပြားေရးလုပ္ငန္းမ်ားတုံ႔ဆိုင္းေနၿပီး ‌ေငြေၾကးလည္ပတ္မႈရပ္ဆိုင္းလုနီးပါးျဖစ္ေနခ်ိန္တြင္ ဘဏ္မ်ားအတြက္ဗဟိုဘဏ္၏ေျဖေလွ်ာ့မႈကထိေရာက္မႈနည္းသည္ဟုဆိုသည္။

"အေျခအေနကေတာ့ ‌ေစာင့္ၾကည့္ရမယ့္သေဘာမွာ႐ွိပါတယ္ျပန္လည္ၿပီးလုပ္ငန္းေတြလည္ပတ္မွဘဏ္ေတြရဲ႕ေငြေၾကးစိးဆင္းမႈကလည္းအားေကာင္းမွာျဖစ္တာေၾကာင့္ ဒီရက္သတၱပတ္ေတြကစိန္ေခၚမႈေတြမ်ားလာႏိုင္ပါတယ္ "ဟုဘဏ္မန္ေနဂ်ာတစ္ဦးကဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္မတ္လ၂၃ ရက္က COVID-19 အတည္ျပဳလူနာစတင္ေတြ႕႐ွိၿပီးေနာက္ ဗဟိုဘဏ္ကဧၿပီတြင္ဘဏ္မ်ားႏွင့္ပတ္သက္ေသာေျဖေလွ်ာ့မႈမ်ား ခြင့္ျပဳခဲ့သည္။

ဧၿပီလဗဟိုဘဏ္၏ေျဖေလွ်ာ့မႈတြင္ပါဝင္ေသာ အမ်ားျပည္သူအပ္ေငြစုစုေပါင္း၏အနည္းဆုံးသီးသန္႔ေငြလိုအပ္ခ်က္ ၅ ရာခိုင္ႏႈန္းမွ ၃ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ေျဖေလွ်ာ့ေပးထားျခင္းကိုယခုႏွစ္စက္တင္ဘာလကုန္အထိဗဟိုဘဏ္က ခြင့္ျပဳထားသည္။

အနည္းဆုံးသီးသန္႔ေငြလိုအပ္ခ်က္ဆိုသည္မွာအပ္ေငြက်ပ္ ၁၀၀ ဆိုလွ်ွင္ဘဏ္မ်ားကဗဟိုဘဏ္တြင္အပ္ေငြ၏ ၅ရာခိုင္ႏႈန္းအရန္ေငြအျဖစ္ထားရျခင္းျဖစ္သည္။ထို႔ေၾကာင့္အပ္ေငြမ်ားကိုစီးပြားေရးလုပ္ငန္းမ်ားသို႔ျပန္လည္ထုတ္ေခ်းရာတြင္ဘဏ္က ၉၅ ရာခိုင္ႏႈန္းသာထုတ္ေခ်းႏိုင္သည္။ဗဟိုဘဏ္၏ေျဖေလွ်ာ့မႈေၾကာင့္ဘဏ္မ်ားကအပ္ေငြမ်ားထဲမွ ၉၆ ဒသမ ၅ ရာခိုင္ႏႈန္းထုတ္ေခ်းခြင့္ရ႐ွိထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service