လှည့်စားတတ်တဲ့ ပါမစ် နဲ့ ဂရန်မြေများ ဝယ်လျှင် အထူးသတိထား!! - Property Knowledge in Myanmar from iMyanmarHouse.com
1566 Views

လှည့်စားတတ်တဲ့ ပါမစ် နဲ့ ဂရန်မြေများ ဝယ်လျှင် အထူးသတိထား!!

Knowledge | Posted by Shwe Zin Win

[Unicode]

ပြီးခဲ့တဲ့လက မောင်ကောင်းဖေကို online ပေါ်မှာ တွေ့လိုက်လို့ဆိုပြီး မြောက်ဒဂုံမှ ကိုးရီးယားပြန်လူငယ်တစ်ဦး ဖုန်းဆက်ပြီး စာရေးသူ အိမ်ကို ရောက်လာပါတယ်။ သူ့မှာ မြေကွက်တစ်ကွက်ဝယ်ဖို့ စရန်ငွေ ပေးထားပြီးဖြစ်ပါတယ်။ အဲ့ဒီမြေကွက်ကို စရန်ပေးစဉ်က ရောင်းသူမ ပါမစ်မူရင်းပြပြီးရောင်းတာပါ။ လူငယ်ကလည်း (40 x 60)မြေကွက်တစ်ကွက်လုံးတော့ ဝယ်တာမဟုတ်ပါဘူး။ နိုင်သလောက် ( 20 x 60) တစ်ဝက်ခွဲပြီး ဝယ်တာပါ။

ဂရန် နဲ့ ပါမစ် (၂)မျိုး ပူးတွဲရှိနေတာ တွေ့ဖူးလား??

ဆရာကောင်းဖေရဲ့ ဆောင်းပါးထဲမှာ အကြံပေးတဲ့အတိုင်း မြေကွက်မဝယ်မီမှာ မြေတိုင်းရပ်ကွက်၊ မြေကွက်အမှတ်နဲ့ ဂရန် ဒါမှမဟုတ် မြေချပါမစ် ကြိုသိထားဖို့ လိုပါတယ်။ ပြီးရင် ဘယ်မြို့နယ်က မြေကွက်လည်း သိရရင် ကြိုတင်ပြီး ရန်ကုန်မြို့မြေစာရင်းမှာ စုံစမ်းလို့ရတယ်ဆိုတာနဲ့ သွားရောက်စုံစမ်းကြည့်တဲ့အခါမှာ စရန်ပေးစာချုပ်စဉ်က ရောင်းသူပြသတဲ့ မြေချပါမစ် မဟုတ်ဘဲ မြို့မြေစာရင်းမှာ အနှစ်(၆၀)ဂရန် အမည်ပေါက်နေတာ တွေ့ရတဲ့အကြောင်းပြောပါတယ်။

သူပြောပြတော့ စာရေးသူတောင် ပထမ အံ့သြသွားတယ်။ "ညီလေး နောက်တစ်ခေါက်လောက် ထပ်စစ်ကြည့်ပါလား" လို့တောင် ပြောလိုက်မိတယ်။ ဒီတော့ သူက"ဟုတ်ကဲ့...ကျွန်တော်လည်း မယုံလို့ နောက်တစ်ဦးနဲ့ ထပ်ပြီး စုံစမ်းကြည့်ပါသေးတယ်၊ ဒါပေမယ့် အဖြေကတော့ ပထမအတိုင်းပဲ ဂရန်မြေဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျန်ငွေမချေမီ ဆရာနဲ့ လာရောက်တွေ့ဆုံပြီးအကြံဉာဏ် လာယူတာပါ။ "လို့ ပြောပါတယ်။

တောင်ဒဂုံ၊ မြောက်ဒဂုံ မြေရာဇဝင် နောက်ကြောင်းပြန်

အင်း.......ဒီတော့မှ စာရေးသူလည်း ၈၈ အရေးအခင်းအပြီးမှာ နိုင်ငံတော်အစိုးရမှ တောင်ဒဂုံ၊ မြောက်ဒဂုံမြေကွက်သစ်တွေ ဖော်ထုတ်ပြီး အနှစ် ၂၀ ကျော် ဝန်ထမ်းများအား မြေနေရာချထားပေးခြင်း ရန်ကုန်မြို့တွင်းမှ ကျူးကျော်နေထိုင်သူများအား မြေနေရာချထားပေးခြင်းများကို ဆောင်ရွက်ပေးခဲ့တာကို ပြန်လည် သတိရလာတယ်။

အဲ့ဒီလို မြေနေရာချထားပေးစဉ်က (40 x 60)မြေကွက်များနဲ့ (20 x 60)မြေကွက်တွေ ချထားပေးခဲ့တယ်။ ချထားပေးတဲ့ မြေကွက်တိုင်းကို အခုမြင်တွေ့နေရတဲ့ ပါမစ်တေါ ထုတ်ပေးခဲ့တယ်လေ။ မဖြစ်မနေ အိမ်ဆောက်နေထိုင်ဖို့ လူတိုင်းလူတိုင်း ငွေလိုအပ်ကြတယ်။ အဲ့ဒီလိုအပ်တဲ့ ကွက်လပ်ဖြည့်ပေးဖို့ နိုင်ငံတော်အစိုးရ ဝန်ထမ်းတွေကို ငွေတစ်သိန်းစီ ထုတ်ပေးခဲ့တယ်လေ။

အဲ့ဒီလို ထုတ်ပေးတဲ့အတွက် အာမံချက်အဖြစ် ဝန်ထမ်းတွေဆီက ပါမစ်ကနေ ဂရန်လုပ်ထားဆဲ ဂရန်သစ်တွေနဲ့ ပါမစ်တွေပါ ရောင်းပြီး ဘဏ်မှာ အပ်ထားရတယ်လေ။

၂၀၁၂ ခုနှစ် အိမ်ခြံမြေဈေးတွေ ပြန်ကောင်းတဲ့အခါ မြေကွက်တွေ ပြန်ရောင်းကြတယ်။ အဲ့ဒီမှာမှ ဘဏ်မှာ ဂရန်တို့၊ ပါမစ်တို့ကို အပ်နှံထားရကနေ ချေးငွေဆပ်ပြီး ပြန်ထုပ်ကြရတယ်လေ။

ပြန်ထုပ်တဲ့အခါ ဂရန်အပ်သူက ဂရန်ပြန်ရတယ်။ ဂရန်+ပါမစ် ရောအပ်သူက ဂရန်ပါမစ်(၂)မျိုးလုံး ပြန်ထုတ်ပေးတာ တွေ့ဖူးတယ်။ အဲ့ဒီလို ဂရန်ပါမစ်(၂)မျိုးလုံးရှိနေတဲ့ မြေကွက်ကို ဝယ်ရင် အထူးသတိထားရတယ်။ တချို့ မြေကွက်တွေဆိုရင် အိုးအိမ်ကနေ စည်ပင်ကို လွှဲတဲ့အခါမျာ ပါမစ်အမည်ပေါက်နဲ့ဖြစ်စေ၊ ဂရန်အမည်ပေါက်နဲ့ဖြစ်စေ လွှဲအပ်ပေးလိုက်ကြတယ်။

အဲ့ဒီတော့ အခုလို မြေကွက်ဝယ်တဲ့သူတွေမှာ ရန်ကုန်မြို့ စည်ပင်မြို့မြေစာရင်းမှာ ကြည့်လိုက်တဲ့အခါ ပါမစ်အမည်ပေါက်သူရှိသလို ဂရန်အမည်ပေါက်သူတွေကိုတွေ့ရတယ်။ ဟော........အခုလို အိမ်ခြံမြေဈေးတွေ ကောင်းလာတဲ့အခါကျတော့ ဂရန်၊ ပါမစ်(၂)မျိုးလုံးရှိတဲ့သူတွေက (40 x 60)ကို တစ်ဝက်ခွဲရောင်းလိုက်တဲ့အခါမှာ ပထမရောင်းသူကို အနှစ်(၆၀)ဂရန်ထုတ်ပေးလိုက်တယ်။ ကျန် ( 20 x 60)လာဝယ်တဲ့သူကျတော့ အခုလို ပါမစ်မူရင်း ပြပြီးရောင်းလိုက်ပြန်ရော။

အခုနောက်ပိုင်း အိမ်ခြံမြေ ဝယ်သူတော်တော်များများကတော့ စရံပေးပြီးဖြစ်စေ၊ စရံငွေမပေးမီဖြစ်စေ မြို့တော်စည်ပင်မြို့မြေစာရင်းမှာ ဘယ်သူအမည်ပေါက်တယ်ဆိုတာကို အရင်စုံစမ်းကြလေ့ရှိတယ်။ ယခု စာရေးသူထံ လာရောက်အကြံတောင်းသူ လူငယ်ကတော့ ( 20 x 60) ဝယ်ယူစဉ်ကတည်းက ပါမစ်မူရင်းပေးမယ်ဆိုလို့ ဝမ်းသာနေတာပေါ့။ စရန်ငွေလည်း သိန်း(၁၀၀)လောက် ချထားပြီးပြီလေ။

စရန်ငွေပြီးလို့ သတင်းစာကြော်ငြာရုံနဲ့အားမရလို၊ ရန်ကုန်မြို့တော်စည်ပင်မြို့မြေစာရင်းမှာ သွားစုံစမ်းတဲ့အခါမှ သူ့စရံငွေပေးထားတဲ့ မြေကွက် ကြီးစာ ပါမစ်မြေမဟုတ်ဘဲ ၁၉၉၃ခုနှစ်တည်းက အနှစ်(၆၀)ဂရန်အမည်ပေါက်ထွက်နေတာကို အံ့သြဖွယ်တွေ့ရလို့စာရေးသူထံ လာရောက်အကြံတောင်းခြင်း ဖြစ်ပါတယ်။

ပြီးတော့ တစ်ခြမ်းဝယ်ထားတဲ့ ခေါင်းရင်းခြမ်းပိုင်ရှင်ကို လိုက်ရှာပြီး မေးကြည့်ပြန်တော့လည်း စည်ပင်မှာအမည်ပေါက်တဲ့ အနှစ်(၆၀)ဂရန်ကြီးကို ကိုင်ထားသူဖြစ်နေတာကို သွားတွေ့ရတယ်။ အဲ့ဒီလို ဂရန်+ပါမစ် (၂)မျိုးလုံးဖြစ်နေလို့ ညစ်သွားတာပေါ့။

ဒီတော့ ဂရန်မူရင်းကိုင်ထားသူခေါ်ပြီး ရောင်းသူထံသွားကာ (၃)ပွင့်ဆိုင် ညျိနှိုင်းသင့်တာပေါ့။ ပါမစ်ကတော့ အပိုဖြစ်သွားပြီး။ မြို့မြေစာရင်းအမည်ပေါက်သာ တရားဝင်ဖြစ်ပါတယ်။ ဒါကြောင့် မဝယ်ချင်တော့ဘူးဆိုရင် ပေးထားတဲ့ငွေ သိန်း(၁၀၀) ပြန်တောင်းပေါ့။ ကြိုက်လို့ဝယ်ချင်တယ်ဆိုရင် ဂရန်အမည်ပေါက်ရှာပြီး သူ့ထံက ( 20 x 60) မြေကွက်တစ်ဝက် ဝယ်ယူတဲ့ အထူးကိုယ်စားလှယ်လွှဲစာ လွှဲပေးခိုင်းပေါ့။ နောက်မှ (၂)ဦးပိုင် ဂရန်အမည်ပြောင်းကာ ဂရန်ခွဲပြီး ကိုင်ကြပါလို့သာ အကြံပေးလိုက်ရပါတယ်။

သောကကင်းဝေး ဝယ်နိုင်ကြပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လွည့္စားတတ္တဲ႔ ပါမစ္ နဲ႔ ဂရန္ေျမမ်ား ဝယ္လွ်င္ အထူးသတိထား!!

ၿပီးခဲ႔တဲ႔လက ေမာင္ေကာင္းေဖကို online ေပၚမွာ ေတြ႔လိုက္လို႔ဆိုၿပီး ေျမာက္ဒဂံုမွ ကုိးရီးယားျပန္လူငယ္တစ္ဦး ဖုန္းဆက္ၿပီး စာေရးသူ အိမ္ကုိ ေရာက္လာပါတယ္။ သူ႔မွာ ေျမကြက္တစ္ကြက္ဝယ္ဖို႔ စရန္ေငြ ေပးထားၿပီးျဖစ္ပါတယ္။ အဲ႔ဒီေျမကြက္ကို စရန္ေပးစဥ္က ေရာင္းသူမ ပါမစ္မူရင္းျပၿပီးေရာင္းတာပါ။ လူငယ္ကလည္း (40 x 60)ေျမကြက္တစ္ကြက္လံုးေတာ့ ဝယ္တာမဟုတ္ပါဘူး။ ႏိုင္သေလာက္ ( 20 x 60) တစ္ဝက္ခြဲၿပီး ဝယ္တာပါ။

ဂရန္ နဲ႔ ပါမစ္ (၂)မ်ိဳး ပူးတြဲရွိေနတာ ေတြ႔ဖူးလား??

ဆရာေကာင္းေဖရဲ႕ ေဆာင္းပါးထဲမွာ အႀကံေပးတဲ႔အတုိင္း ေျမကြက္မဝယ္မီမွာ ေျမတုိင္းရပ္ကြက္၊ ေျမကြက္အမွတ္နဲ႔ ဂရန္ ဒါမွမဟုတ္ ေျမခ်ပါမစ္ ႀကိဳသိထားဖို႔ လိုပါတယ္။ ၿပီးရင္ ဘယ္ၿမိဳ႕နယ္က ေျမကြက္လည္း သိရရင္ ႀကိဳတင္ၿပီး ရန္ကုန္ၿမိဳ႕ေျမစာရင္းမွာ စံုစမ္းလို႔ရတယ္ဆုိတာနဲ႔ သြားေရာက္စံုစမ္းၾကည့္တဲ႔အခါမွာ စရန္ေပးစာခ်ဳပ္စဥ္က ေရာင္းသူျပသတဲ႔ ေျမခ်ပါမစ္ မဟုတ္ဘဲ ၿမိဳ႕ေျမစာရင္းမွာ အႏွစ္(၆၀)ဂရန္ အမည္ေပါက္ေနတာ ေတြ႔ရတဲ႔အေၾကာင္းေျပာပါတယ္။

သူေျပာျပေတာ့ စာေရးသူေတာင္ ပထမ အံ့ၾသသြားတယ္။ "ညီေလး ေနာက္တစ္ေခါက္ေလာက္ ထပ္စစ္ၾကည့္ပါလား" လို႔ေတာင္ ေျပာလိုက္မိတယ္။ ဒီေတာ့ သူက"ဟုတ္ကဲ႔...ကၽြန္ေတာ္လည္း မယံုလို႔ ေနာက္တစ္ဦးနဲ႔ ထပ္ၿပီး စံုစမ္းၾကည့္ပါေသးတယ္၊ ဒါေပမယ့္ အေျဖကေတာ့ ပထမအတုိင္းပဲ ဂရန္ေျမျဖစ္ေနတယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ က်န္ေငြမေခ်မီ ဆရာနဲ႔ လာေရာက္ေတြ႔ဆံုၿပီးအႀကံဥာဏ္ လာယူတာပါ။ "လို႔ ေျပာပါတယ္။

ေတာင္ဒဂံု၊ ေျမာက္ဒဂံု ေျမရာဇဝင္ ေနာက္ေၾကာင္းျပန္

အင္း.......ဒီေတာ့မွ စာေရးသူလည္း ၈၈ အေရးအခင္းအၿပီးမွာ ႏုိင္ငံေတာ္အစိုးရမွ ေတာင္ဒဂံု၊ ေျမာက္ဒဂံုေျမကြက္သစ္ေတြ ေဖာ္ထုတ္ၿပီး အႏွစ္ ၂၀ ေက်ာ္ ဝန္ထမ္းမ်ားအား ေျမေနရာခ်ထားေပးျခင္း ရန္ကုန္ၿမိဳ႕တြင္းမွ က်ဴးေက်ာ္ေနထုိင္သူမ်ားအား ေျမေနရာခ်ထားေပးျခင္းမ်ားကို ေဆာင္ရြက္ေပးခဲ႔တာကို ျပန္လည္ သတိရလာတယ္။

အဲ႔ဒီလို ေျမေနရာခ်ထားေပးစဥ္က (40 x 60)ေျမကြက္မ်ားနဲ႔ (20 x 60)ေျမကြက္ေတြ ခ်ထားေပးခဲ႔တယ္။ ခ်ထားေပးတဲ႔ ေျမကြက္တုိင္းကို အခုျမင္ေတြ႔ေနရတဲ႔ ပါမစ္ေတါ ထုတ္ေပးခဲ႔တယ္ေလ။ မျဖစ္မေန အိမ္ေဆာက္ေနထိုင္ဖို႔ လူတုိင္းလူတုိင္း ေငြလိုအပ္ၾကတယ္။ အဲ႔ဒီလိုအပ္တဲ႔ ကြက္လပ္ျဖည့္ေပးဖို႔ ႏုိင္ငံေတာ္အစိုးရ ဝန္ထမ္းေတြကို ေငြတစ္သိန္းစီ ထုတ္ေပးခဲ႔တယ္ေလ။

အဲ႔ဒီလို ထုတ္ေပးတဲ႔အတြက္ အာမံခ်က္အျဖစ္ ဝန္ထမ္းေတြဆီက ပါမစ္ကေန ဂရန္လုပ္ထားဆဲ ဂရန္သစ္ေတြနဲ႔ ပါမစ္ေတြပါ ေရာင္းၿပီး ဘဏ္မွာ အပ္ထားရတယ္ေလ။

၂၀၁၂ ခုႏွစ္ အိမ္ၿခံေျမေဈးေတြ ျပန္ေကာင္းတဲ႔အခါ ေျမကြက္ေတြ ျပန္ေရာင္းၾကတယ္။ အဲ႔ဒီမွာမွ ဘဏ္မွာ ဂရန္တုိ႔၊ ပါမစ္တုိ႔ကို အပ္ႏွံထားရကေန ေခ်းေငြဆပ္ၿပီး ျပန္ထုပ္ၾကရတယ္ေလ။

ျပန္ထုပ္တဲ႔အခါ ဂရန္အပ္သူက ဂရန္ျပန္ရတယ္။ ဂရန္+ပါမစ္ ေရာအပ္သူက ဂရန္ပါမစ္(၂)မ်ိဳးလံုး ျပန္ထုတ္ေပးတာ ေတြ႔ဖူးတယ္။ အဲ႔ဒီလို ဂရန္ပါမစ္(၂)မ်ိဳးလံုးရွိေနတဲ႔ ေျမကြက္ကို ဝယ္ရင္ အထူးသတိထားရတယ္။ တခ်ိဳ႕ ေျမကြက္ေတြဆုိရင္ အုိးအိမ္ကေန စည္ပင္ကို လႊဲတဲ႔အခါမ်ာ ပါမစ္အမည္ေပါက္နဲ႔ျဖစ္ေစ၊ ဂရန္အမည္ေပါက္နဲ႔ျဖစ္ေစ လႊဲအပ္ေပးလိုက္ၾကတယ္။

အဲ႔ဒီေတာ့ အခုလို ေျမကြက္ဝယ္တဲ႔သူေတြမွာ ရန္ကုန္ၿမိဳ႕ စည္ပင္ၿမိဳ႕ေျမစာရင္းမွာ ၾကည့္လိုက္တဲ႔အခါ ပါမစ္အမည္ေပါက္သူရွိသလို ဂရန္အမည္ေပါက္သူေတြကိုေတြ႔ရတယ္။ ေဟာ........အခုလို အိမ္ၿခံေျမေဈးေတြ ေကာင္းလာတဲ႔အခါက်ေတာ့ ဂရန္၊ ပါမစ္(၂)မ်ိဳးလံုးရွိတဲ႔သူေတြက (40 x 60)ကို တစ္ဝက္ခြဲေရာင္းလုိက္တဲ႔အခါမွာ ပထမေရာင္းသူကို အႏွစ္(၆၀)ဂရန္ထုတ္ေပးလိုက္တယ္။ က်န္ ( 20 x 60)လာဝယ္တဲ႔သူက်ေတာ့ အခုလို ပါမစ္မူရင္း ျပၿပီးေရာင္းလိုက္ျပန္ေရာ။

အခုေနာက္ပိုင္း အိမ္ၿခံေျမ ဝယ္သူေတာ္ေတာ္မ်ားမ်ားကေတာ့ စရံေပးၿပီးျဖစ္ေစ၊ စရံေငြမေပးမီျဖစ္ေစ ၿမိဳ႕ေတာ္စည္ပင္ၿမိဳ႕ေျမစာရင္းမွာ ဘယ္သူအမည္ေပါက္တယ္ဆုိတာကို အရင္စံုစမ္းၾကေလ့ရွိတယ္။ ယခု စာေရးသူထံ လာေရာက္အႀကံေတာင္းသူ လူငယ္ကေတာ့ ( 20 x 60) ဝယ္ယူစဥ္ကတည္းက ပါမစ္မူရင္းေပးမယ္ဆုိလို႔ ဝမ္းသာေနတာေပါ့။ စရန္ေငြလည္း သိန္း(၁၀၀)ေလာက္ ခ်ထားၿပီးၿပီေလ။

စရန္ေငြၿပီးလို႔ သတင္းစာေၾကာ္ျငာရံုနဲ႔အားမရလို၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ၿမိဳ႕ေျမစာရင္းမွာ သြားစံုစမ္းတဲ႔အခါမွ သူ႔စရံေငြေပးထားတဲ႔ ေျမကြက္ ႀကီးစာ ပါမစ္ေျမမဟုတ္ဘဲ ၁၉၉၃ခုႏွစ္တည္းက အႏွစ္(၆၀)ဂရန္အမည္ေပါက္ထြက္ေနတာကို အံ့ၾသဖြယ္ေတြ႔ရလို႔စာေရးသူထံ လာေရာက္အႀကံေတာင္းျခင္း ျဖစ္ပါတယ္။

ၿပီးေတာ့ တစ္ျခမ္းဝယ္ထားတဲ႔ ေခါင္းရင္းျခမ္းပုိင္ရွင္ကုိ လိုက္ရွာၿပီး ေမးၾကည့္ျပန္ေတာ့လည္း စည္ပင္မွာအမည္ေပါက္တဲ႔ အႏွစ္(၆၀)ဂရန္ႀကီးကို ကုိင္ထားသူျဖစ္ေနတာကို သြားေတြ႔ရတယ္။ အဲ႔ဒီလို ဂရန္+ပါမစ္ (၂)မ်ိဳးလံုးျဖစ္ေနလို႔ ညစ္သြားတာေပါ့။

ဒီေတာ့ ဂရန္မူရင္းကုိင္ထားသူေခၚၿပီး ေရာင္းသူထံသြားကာ (၃)ပြင့္ဆုိင္ ည်ိႏႈိင္းသင့္တာေပါ့။ ပါမစ္ကေတာ့ အပုိျဖစ္သြားၿပီး။ ၿမိဳ႕ေျမစာရင္းအမည္ေပါက္သာ တရားဝင္ျဖစ္ပါတယ္။ ဒါေၾကာင့္ မဝယ္ခ်င္ေတာ့ဘူးဆိုရင္ ေပးထားတဲ႔ေငြ သိန္း(၁၀၀) ျပန္ေတာင္းေပါ့။ ႀကိဳက္လို႔ဝယ္ခ်င္တယ္ဆုိရင္ ဂရန္အမည္ေပါက္ရွာၿပီး သူ႔ထံက ( 20 x 60) ေျမကြက္တစ္ဝက္ ဝယ္ယူတဲ႔ အထူးကိုယ္စားလွယ္လႊဲစာ လႊဲေပးခုိင္းေပါ့။ ေနာက္မွ (၂)ဦးပိုင္ ဂရန္အမည္ေျပာင္းကာ ဂရန္ခြဲၿပီး ကိုင္ၾကပါလို႔သာ အႀကံေပးလိုက္ရပါတယ္။

ေသာကကင္းေဝး ဝယ္ႏိုင္ၾကပါေစ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service