ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားတွေကိုလက်ခံဆောင်ရွက်ပေးတဲ့ အချိန်လျော့ချ - Property News in Myanmar from iMyanmarHouse.com
479 Views

ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားတွေကိုလက်ခံဆောင်ရွက်ပေးတဲ့ အချိန်လျော့ချ

[Unicode]

ထိုင်း − မြန်မာနယ်စပ်မြဝတီမြို့အမှတ်-၂ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်ကနေတဆင့် နေရပ်ပြန်လာတဲ့ရွှေ့ပြောင်းမြန်မာလုပ်သားတွေကိုလက်ခံဆောင်ရွက်ပေးနေတာကိုမနက်ဖြန်ကစတင်ပြီး အချိန်ကန့်သတ်လက်ခံဆောင်ရွက်သွားတော့မယ်လို့ခရိုင်အုပ်ချုပ်ရေးမှူးဆီကနေ သိရပါတယ်။

ပုံမှန်အားဖြင့်မြဝတီအမှတ်-၂ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်မှာထိုင်းကနေပြန်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေလက်ခံဆောင်ရွက်ပေးမှုကိုတာဝန်ရှိသူတွေက မနက် ၆ နာရီကနေည၆နာရီအထိ လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒါပေမယ့်မနက်ဖြန်စက်တင်ဘာ၂၃ ရက်နေ့ကစပြီးတော့နယ်စပ်ဂိတ်မှာပြန်လည်ဝင်ရောက်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေလက်ခံဆောင်ရွက်မှုကို အချိန်ပြောင်းလဲသတ်မှတ်လိုက်ပြီး နေ့လယ် ၁ နာရီကနေ ည၆နာရီ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။

ဒါဟာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပြန်လည်ဝင်ရောက်လာမှုနည်းပါးလာတာနဲ့ အစိုးရရုံးဝန်ထမ်းတွေရဲ့နှစ်ပတ်ရုံးတက်နှစ်ပတ်နားမူဝါဒအရကြောင့် အခုလိုသတ်မှတ်လိုက်တာဖြစ်တယ်လို့ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ ထိုင်းကနေပြန်လည်ဝင်ရောက်လာတဲ့ရွှေ့ပြောင်းမြန်မာလုပ်သားဦးရေဟာ အရင်ကလိုမများတော့ပဲနည်းပါးလာတာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထိုင်းကနေပြန်လည်ဝင်ရောက်လာတဲ့ရွှေ့ပြောင်းလုပ်သားဦးရေဟာ (၂၀၂) ဦးရှိတယ်လို့ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်ဆီကနေ သိရပါတယ်။

ဒုတိယအကျော့ကာလအဖြစ်မေလကစပြီးစက်တင်ဘာ၂၁ ရက်အနေ့အထိ ထိုင်းကနေပြန်ရောက်လာတဲ့ရွှေ့ပြောင်းမြန်မာလုပ်သားသူဦးရေဟာခုနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

မြဝတီအမှတ်၂ ချစ်ကြည်ရေးတံတားဟာမတ်လကပိတ်ခဲ့တာဖြစ်ပြီးထိုင်းမြန်မာနှစ်နိုင်ငံသဘောတူညီချက်အရကုန်စည်စီးဆင်းမှုနဲ့ရွှေ့ပြောင်းအလုပ်သမားတွေပြန်လည်ဝင်ရောက်လာမှုကိုသာသွားလာခွင့်ပြုထားတာဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူနေတာဟာမနေ့က အထိစာရင်းတွေအရလူဦးရေ ၁၅၀၀၀ကျော်သွားပြီဖြစ်ပါတယ်။

ဒါဟာပြီးခဲ့တဲ့ ဧပြီလကစတင်ပြီးခေါ်ယူခဲ့ရာ ၆ လအတွင်း လေယာဉ်ခေါက်ရေ၁၃၀ကျော်နဲ့လူဦးရေ ၁၅၀၀၀ကျော်ကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ပိုင်းသွားရောက်ခေါ်ယူနေရမှုအများဆုံးကမလေးရှားနိုင်ငံဖြစ်ပြီးပြည်ကနိုင်ငံတွေကနေပြန်လာလိုတဲ့မြန်မာနိုင်ငံသားကသောင်းနဲ့ချီရှိသေးတယ်လို့ သိရပါတယ်။

လေကြောင်းလိုင်းတွေရပ်နားထားတာကြောင့်အပတ်စဉ် relief flight ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ပြည်ပရောက်မြန်မာတွေကိုသွားရောက်ခေါ်ယူနေတာပါ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္ေတာ္ျပန္ေ႐ႊ႕ေျပာင္းလုပ္သားေတြကိုလက္ခံေဆာင္႐ြက္ေပးတဲ့ အခ်ိန္ေလ်ာ့ခ်

ထိုင္း − ျမန္မာနယ္စပ္ျမဝတီၿမိဳ႕အမွတ္-၂ ခ်စ္ၾကည္ေရးတံတားနယ္စပ္ဂိတ္ကေနတဆင့္ ေနရပ္ျပန္လာတဲ့ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားေတြကိုလက္ခံေဆာင္႐ြက္ေပးေနတာကိုမနက္ျဖန္ကစတင္ၿပီး အခ်ိန္ကန္႔သတ္လက္ခံေဆာင္႐ြက္သြားေတာ့မယ္လို႔ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးဆီကေန သိရပါတယ္။

ပုံမွန္အားျဖင့္ျမဝတီအမွတ္-၂ ခ်စ္ၾကည္ေရးတံတားနယ္စပ္ဂိတ္မွာထိုင္းကေနျပန္လာတဲ့ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလက္ခံေဆာင္႐ြက္ေပးမႈကိုတာဝန္႐ွိသူေတြက မနက္ ၆ နာရီကေနည၆နာရီအထိ လက္ခံေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။

ဒါေပမယ့္မနက္ျဖန္စက္တင္ဘာ၂၃ ရက္ေန႔ကစၿပီးေတာ့နယ္စပ္ဂိတ္မွာျပန္လည္ဝင္ေရာက္လာတဲ့ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလက္ခံေဆာင္႐ြက္မႈကို အခ်ိန္ေျပာင္းလဲသတ္မွတ္လိုက္ၿပီး ေန႔လယ္ ၁ နာရီကေန ည၆နာရီ လက္ခံေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ကေျပာပါတယ္။

ဒါဟာေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ျပန္လည္ဝင္ေရာက္လာမႈနည္းပါးလာတာနဲ႔ အစိုးရ႐ုံးဝန္ထမ္းေတြရဲ႕ႏွစ္ပတ္႐ုံးတက္ႏွစ္ပတ္နားမူဝါဒအရေၾကာင့္ အခုလိုသတ္မွတ္လိုက္တာျဖစ္တယ္လို႔ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးဦးေတဇာေအာင္က ဆိုပါတယ္။

အခုေနာက္ပိုင္းမွာေတာ့ ထိုင္းကေနျပန္လည္ဝင္ေရာက္လာတဲ့ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားဦးေရဟာ အရင္ကလိုမမ်ားေတာ့ပဲနည္းပါးလာတာလည္းျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ထိုင္းကေနျပန္လည္ဝင္ေရာက္လာတဲ့ေ႐ႊ႕ေျပာင္းလုပ္သားဦးေရဟာ (၂၀၂) ဦး႐ွိတယ္လို႔ကရင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးသန္႔ဇင္ေအာင္ဆီကေန သိရပါတယ္။

ဒုတိယအေက်ာ့ကာလအျဖစ္ေမလကစၿပီးစက္တင္ဘာ၂၁ ရက္အေန႔အထိ ထိုင္းကေနျပန္ေရာက္လာတဲ့ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားသူဦးေရဟာခုႏွစ္ေသာင္းေက်ာ္႐ွိတယ္လို႔ သိရပါတယ္။

ျမဝတီအမွတ္၂ ခ်စ္ၾကည္ေရးတံတားဟာမတ္လကပိတ္ခဲ့တာျဖစ္ၿပီးထိုင္းျမန္မာႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရကုန္စည္စီးဆင္းမႈနဲ႔ေ႐ႊ႕ေျပာင္းအလုပ္သမားေတြျပန္လည္ဝင္ေရာက္လာမႈကိုသာသြားလာခြင့္ျပဳထားတာျဖစ္ပါတယ္။

ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြကိုျပန္လည္ေခၚယူေနတာဟာမေန႔က အထိစာရင္းေတြအရလူဦးေရ ၁၅၀၀၀ေက်ာ္သြားၿပီျဖစ္ပါတယ္။

ဒါဟာၿပီးခဲ့တဲ့ ဧၿပီလကစတင္ၿပီးေခၚယူခဲ့ရာ ၆ လအတြင္း ေလယာဥ္ေခါက္ေရ၁၃၀ေက်ာ္နဲ႔လူဦးေရ ၁၅၀၀၀ေက်ာ္ကိုေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အခုေနာက္ပိုင္းသြားေရာက္ေခၚယူေနရမႈအမ်ားဆုံးကမေလး႐ွားႏိုင္ငံျဖစ္ၿပီးျပည္ကႏိုင္ငံေတြကေနျပန္လာလိုတဲ့ျမန္မာႏိုင္ငံသားကေသာင္းနဲ႔ခ်ီ႐ွိေသးတယ္လို႔ သိရပါတယ္။

ေလေၾကာင္းလိုင္းေတြရပ္နားထားတာေၾကာင့္အပတ္စဥ္ relief flight ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ျပည္ပေရာက္ျမန္မာေတြကိုသြားေရာက္ေခၚယူေနတာပါ။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service