ရန်ကုန်တိုင်းတွင် ဒေါ်လာ ၁၅သန်းဖိုး နိုင်ငံခြားလုပ်ငန်း ၆ခုကိုခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
718 Views

ရန်ကုန်တိုင်းတွင် ဒေါ်လာ ၁၅သန်းဖိုး နိုင်ငံခြားလုပ်ငန်း ၆ခုကိုခွင့်ပြု

[Unicode]

ရန်ကုန်တိုင်းအတွင်း ဒေါ်လာ ၁၅သန်းကျော်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုလုပ်ငန်းခြောက်ခုမှာ LED နှင့် Lighting accessories ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တို့ပါဝင်ကြသည်ဟု ကော်မတီကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁၅ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၀ စက်တင်ဘာလ ၂၃ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထိုအစည်းအဝေးတွင် အဆိုပါလုပ်ငန်း ၆ ခုကိုခွင့်ပြုခဲ့ပြီး အခြားကုမ္ပဏီ ၁၇ ခုကတင်ပြလာသည့် တင်ပြချက်များကိုလည်းဖြေရှင်းပေးခဲ့သည်ဟု ကော်မတီကထုတ်ပြန်သည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင်ရောက် ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ထုတ်ပြန်သောစာရင်းများ တွင် ဖော်ပြသည်။ လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၃၃၀ ကျော်ခွင့်ပြုပေးခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။ ယခုဘဏ္ဍာနှစ်အတွက် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဝင် ရောက်မည်ဟု ကော်မရှင်ကခန့် မှန်းထားသည်။

လက်ရှိ ဒီချုပ်အစိုးရသက်တမ်း လေးနှစ်ခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမူ ဒေါ်လာ၂၄ ဒသမ ၇ ဘီလီယံဖိုး ဝင်ရောက်ထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။

ထိုပမာဏသည် ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၂၀ ဩဂုတ်လကုန်အထိဖြစ်ပြီး ထိုပမာဏအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၀၀ ကျော်ဝင်ရောက်ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီချုပ်အစိုးရ သက်တမ်းအတွင်း အများဆုံးခွင့်ပြုပေးသည့်လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံကျော်ဝင်ရောက်ထားသည်။ စုစုပေါင်းလုပ်ငန်းပေါင်း ၂၉ ခုကိုခွင့်ပြုပေးခဲ့သည်။

ဒုတိယအများဆုံးခွင့်ပြုပေးခဲ့လုပ်ငန်းမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ပြီး လုပ်ငန်း ၇၀၀ခန့်က ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံဝင်ရောက်ထားသည်။ ထိုနောက် အိမ်ယာဆောက်လုပ်ရေးသည် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံခန့်ဖြင့် အစဉ်အလိုက်ရှိနေသည်။ ထိုပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းပေါင်း ၅၉ခုက ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံဖိုးဝင်ရောက်ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းသည့် ဒေါ်လာ ၈၆ ဘီလီယံဖိုးဖြစ်ပြီး နိုင်ငံပေါင်း ၅၀ကျော်က ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ရန္ကုန္တိုင္းတြင္ ေဒၚလာ ၁၅သန္းဖိုး ႏိုင္ငံျခားလုပ္ငန္း ၆ခုကိုခြင့္ျပဳ

ရန္ကုန္တိုင္းအတြင္း ေဒၚလာ ၁၅သန္းေက်ာ္ဖိုး႐ွိသည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ၆ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက စက္တင္ဘာ ၂၃ ရက္တြင္ သတင္းထုတ္ျပန္သည္။

ထိုလုပ္ငန္းေျခာက္ခုမွာ LED ႏွင့္ Lighting accessories ထုတ္လုပ္ျခင္းလုပ္ငန္း၊ CMP စနစ္ျဖင့္ အိတ္၊ အဝတ္အထည္ အမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္းလုပ္ငန္း တို႔ပါဝင္ၾကသည္ဟု ေကာ္မတီကဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ ၁၅ ႀကိမ္ေျမာက္အစည္းအေဝးကို ၂၀၂၀ စက္တင္ဘာလ ၂၃ ရက္တြင္ Video Conferencing စနစ္ျဖင့္ က်င္းပ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ထိုအစည္းအေဝးတြင္ အဆိုပါလုပ္ငန္း ၆ ခုကိုခြင့္ျပဳခဲ့ၿပီး အျခားကုမၸဏီ ၁၇ ခုကတင္ျပလာသည့္ တင္ျပခ်က္မ်ားကိုလည္းေျဖ႐ွင္းေပးခဲ့သည္ဟု ေကာ္မတီကထုတ္ျပန္သည္။

ယခုဘ႑ာႏွစ္အတြင္း ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင္ေရာက္ ထားၿပီးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ (MIC)က ထုတ္ျပန္ေသာစာရင္းမ်ား တြင္ ေဖာ္ျပသည္။ လက္႐ွိအခ်ိန္ထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအသစ္ ၃၃၀ ေက်ာ္ခြင့္ျပဳေပးခဲ့သည္ဟု ေကာ္မ႐ွင္က ထုတ္ျပန္သည္။ ယခုဘ႑ာႏွစ္အတြက္ ႏိုင္ ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံဝင္ ေရာက္မည္ဟု ေကာ္မ႐ွင္ကခန္႔ မွန္းထားသည္။

လက္႐ွိ ဒီခ်ဳပ္အစိုးရသက္တမ္း ေလးႏွစ္ခြဲအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမူ ေဒၚလာ၂၄ ဒသမ ၇ ဘီလီယံဖိုး ဝင္ေရာက္ထားသည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာ စာရင္းမ်ားတြင္ေဖာ္ျပထားသည္။

ထိုပမာဏသည္ ၂၀၁၆ ဧၿပီ ၁ ရက္မွ ၂၀၂၀ ဩဂုတ္လကုန္အထိျဖစ္ၿပီး ထိုပမာဏအတြက္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေပါင္း ၁၀၀၀ ေက်ာ္ဝင္ေရာက္ခဲ့သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ဒီခ်ဳပ္အစိုးရ သက္တမ္းအတြင္း အမ်ားဆုံးခြင့္ျပဳေပးသည့္လုပ္ငန္းမ်ားမွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑ျဖစ္ၿပီး ေဒၚလာ ၆ ဒသမ ၁ ဘီလီယံေက်ာ္ဝင္ေရာက္ထားသည္။ စုစုေပါင္းလုပ္ငန္းေပါင္း ၂၉ ခုကိုခြင့္ျပဳေပးခဲ့သည္။

ဒုတိယအမ်ားဆုံးခြင့္ျပဳေပးခဲ့လုပ္ငန္းမွာ ကုန္ထုတ္လုပ္မႈလုပ္ငန္းျဖစ္ၿပီး လုပ္ငန္း ၇၀၀ခန္႔က ေဒၚလာ ၅ ဒသမ ၉ ဘီလီယံဝင္ေရာက္ထားသည္။ ထိုေနာက္ အိမ္ယာေဆာက္လုပ္ေရးသည္ ေဒၚလာ ၃ ဒသမ ၄ ဘီလီယံခန္႔ျဖင့္ အစဥ္အလိုက္႐ွိေနသည္။ ထိုျပင္ သီလဝါအထူးစီးပြားေရးဇုန္တြင္ လုပ္ငန္းေပါင္း ၅၉ခုက ေဒၚလာ ၁ ဒသမ ၃၆ ဘီလီယံဖိုးဝင္ေရာက္ထားသည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ စုစုေပါင္းသည့္ ေဒၚလာ ၈၆ ဘီလီယံဖိုးျဖစ္ၿပီး ႏိုင္ငံေပါင္း ၅၀ေက်ာ္က ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service