အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့်အချက်များ။ - Property Knowledge in Myanmar from iMyanmarHouse.com
6655 Views

အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့်အချက်များ။

Knowledge | Posted by Hnin Ei Khin

မှတ်ပုံတင်အရောင်းအဝယ်စာချုပ်များတွင် အောက်ပါအချက်များပါဝင်ရန် လိုအပ်ပါသည်။

- ရောင်းသူနှင့်ဝယ်သူတို့သည်နိုင်ငံသားများဖြစ်ရပါမည်။

- ရောင်းသူနှင့်ဝယ်သူတို့၏အမည်၊ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ်နှင့်နေရပ်လိပ်စာတို့ကိုပြည့်ပြည့်စုံစုံဖော်ပြပြီး လက်မှတ်ရေးထိုးရမည်။

- အသက်(၁၈)နှစ်ပြည့်ပြီးသော သက်သေနှစ်ဦး၏ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြပြီး လက်မှတ်ရေးထိုးရမည်။

- ရောင်းချသည့်တန်ဖိုးကိုမှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ချုပ်ဆိုထားပါကအခွန်လိမ်လည်မှုအရအရေးယူခြင်းခံရပါမည်။ လျော့ချုပ်ထားသည့်အခွန်တန်ဖိုး၏ (၁၀)ဆကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ပါသည်။

- ရောင်းချသည့်မြေကွက်၏ဦးပိုင်အမှတ်နှင့်အလားလေးရပ်၊မြေဧရိယာအတိုင်းအတာတို့ကိုဖော်ပြရပါမည်။ဂရန်၌ဖော်ပြပါရှိသည့်အတိုင်းဖြစ်ရပါမည်။

- ရောင်းသူကငွေအပြေအကျေရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို နေသူမဲ့ လက်ရောက်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

- မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အတွက်မြေကွက်တန်ဖိုးအပေါ် ကျသင့်သောတံဆိပ်ခေါင်းခွန် နှင့် ငွေဖြူမပြနိုင်ပါက စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ငွေကို ဝင်ငွေခွန်ဆောင်ခြင်း စသည်တို့ကိုဝယ်သူကထမ်းဆောင်ထားရပါမည်။ အခွန်ထမ်းဆောင်ထားသည့် အထောက်အထားများ ပူးတွဲ တင်သွင်းရမည်။

- အရောင်းအဝယ်ပြုလုပ်သည့် မြေကွက်အတွက် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံ ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော တစ်နှစ်သက်တမ်းရှိ မြေပုံ/မြေရာဇဝင် ကို စာချုပ် တွင် ပူးတွဲဖော်ပြရမည်။

- ကိုယ်စားလှယ်အဖြင့်ရောင်းချခြင်း၊ဝယ်ယူခြင်းဖြစ်ပါကစာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှားရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ(၂)ဦးပါဝင်၍ ပြုလုပ်သော ကျမ်းကျိန် လွှာနှင့်အတူ ကိုယ်စားလှယ်စာမူရင်းကို တင်ပြရပါမည်။

- ရောင်းချသူသို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

- အမည်ပေါက်ပိုင်ဆိုင်သူသို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူကွယ်လွန်သွားပါကအမွေဆိုင်များကစာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာနှင့် တရားရုံးက အမွေထိန်းစာပါ မရွှေ့မပြောင်းနိုင်သည့် အိမ်၊မြေ (သို့မဟုတ်) မြေကို ရောင်းချခွင့်ပြုသည့်အမိန်တို့ကို တင်ပြနိုင်ရပါမည်။

- ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းအရရောင်းချခြင်းဖြစ်ပါကအမွေဆိုင်အားလုံးကရောင်းသူအနေဖြင့်ပါဝင်လက်မှတ်ရေးထိုးရပါမည်။

- အမွေထိန်းစာအရရောင်းချခြင်းဖြစ်ပါကအမွေထိန်းစာလက်မှတ်ရရှိသူကရောင်းချသူအနေဖြင့်လက်မှတ်ရေးထိုးရပါမည်။ထိုသို့ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

- အရွယ်မရောက်သူကိုယ်စားတရားရုံးကခန့်ထားသည့်အုပ်ထိန်းသူက အုပ်ထိန်းခွင့်လက်မှတ်စာ နှင့်မရွှေ့မပြောင်းန်ိုင်သောပစ္စည်းကိုရောင်းချရန်တရားရုံး၏ခွင့်ပြုမိန့်ရရှိသူက ရောင်းသူအနေ ဖြင့် လက်မှတ်ရေးထိုးရပါမည်။ ထိုသို့မှသာ အရွယ်မရောက်သေးသူပိုင်ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းနှင့်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းချနိုင်ပါသည်။

အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်များ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုမည်ဆိုလျှင် အထက်ပါ အချက်များသည့် အဓိက ပါဝင်ရမည့်အချက်အလက်များဖြစ်သောကြောင့် ဥပဒေဗဟုသုတရရှိစေရန် ရေးသာဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ႏွင္႔ေျမ (သို႔မဟုတ္) ေျမကြက္ လႊဲေျပာင္းေရာင္းခ်ရာတြင္ ေရးသားခ်ဳပ္ဆိုေသာ မွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္တြင္ အဓိက ပါဝင္ရမည့္အခ်က္မ်ား။

မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္မ်ားတြင္ ေအာက္ပါအခ်က္မ်ားပါဝင္ရန္ လိုအပ္ပါသည္။

- ေရာင္းသူႏွင္႔ဝယ္သူတို႔သည္ႏိုင္ငံသားမ်ားျဖစ္ရပါမည္။

- ေရာင္းသူႏွင္႔ဝယ္သူတို႔၏အမည္၊ ႏိုင္ငံသားစိစစ္ေရးေရးကဒ္ျပားအမွတ္ႏွင္႔ေနရပ္လိပ္စာတို႔ကိုျပည္႔ျပည္႔စုံစုံေဖာ္ျပၿပီး လက္မွတ္ေရးထိုးရမည္။

- အသက္(၁၈)ႏွစ္ျပည့္ၿပီးေသာ သက္ေသႏွစ္ဦး၏ အမည္၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားအမွတ္ႏွင့္ ေနရပ္လိပ္စာတို႔ကို ျပည့္ျပည့္စံုစံု ေဖာ္ျပၿပီး လက္မွတ္ေရးထိုးရမည္။

- ေရာင္းခ်သည္႔တန္ဖိုးကိုမွန္မွန္ကန္ကန္ေဖာ္ျပရပါမည္။အကယ္၍တန္ဖိုးေလ်ာ့ခ်ဳပ္ဆိုထားပါကအခြန္လိမ္လည္မႈအရအေရးယူျခင္းခံရပါမည္။ ေလ်ာ့ခ်ဳပ္ထားသည့္အခြန္တန္ဖိုး၏ (၁၀)ဆကို ဒဏ္ေငြအျဖစ္ ေပးေဆာင္ရမွာျဖစ္ပါသည္။

- ေရာင္းခ်သည့္ေျမကြက္၏ဦးပိုင္အမွတ္ႏွင္႔အလားေလးရပ္၊ေျမဧရိယာအတိုင္းအတာတို႔ကိုေဖာ္ျပရပါမည္။ဂရန္၌ေဖာ္ျပပါရွိသည္႔အတိုင္းျဖစ္ရပါမည္။

- ေရာင္းသူကေငြအေျပအေက်ရရွိၿပီးေၾကာင္းႏွင္႔ ဝယ္သူကလည္း အိမ္ႏွင္႔ေျမသို႔မဟုတ္ ေျမကို ေနသူမဲ့ လက္ေရာက္ရရွိၿပီးေၾကာင္း ေဖာ္ျပပါရွိရပါသည္။

- မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္အတြက္ေျမကြက္တန္ဖိုးအေပၚ က်သင္႔ေသာတံဆိပ္ေခါင္းခြန္ ႏွင့္ ေငြျဖဴမျပႏိုင္ပါက စည္းၾကပ္မႈမွ လြတ္ကင္းေနသည့္ ေငြကို ဝင္ေငြခြန္ေဆာင္ျခင္း စသည္တို႔ကိုဝယ္သူကထမ္းေဆာင္ထားရပါမည္။ အခြန္ထမ္းေဆာင္ထားသည့္ အေထာက္အထားမ်ား ပူးတြဲ တင္သြင္းရမည္။

- အေရာင္းအဝယ္ျပဳလုပ္သည့္ ေျမကြက္အတြက္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံ ကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွ ထုတ္ေပးေသာ တစ္ႏွစ္သက္တမ္းရွိ ေျမပံု/ေျမရာဇဝင္ ကို စာခ်ဳပ္ တြင္ ပူးတြဲေဖာ္ျပရမည္။

- ကိုယ္စားလွယ္အျဖင္႔ေရာင္းခ်ျခင္း၊ဝယ္ယူျခင္းျဖစ္ပါကစာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထားေသာ ကိုယ္စားလွယ္ျဖစ္ရမည့္အျပင္ ကိုယ္စားလွယ္စာေပးသူ အသက္ထင္ရွားရွိေၾကာင္း ကိုယ္စားလွယ္စာရရွိသူက တရား႐ုံးေတာ္တြင္ သက္ေသ(၂)ဦးပါဝင္၍ ျပဳလုပ္ေသာ က်မ္းက်ိန္ လႊာႏွင္႔အတူ ကိုယ္စားလွယ္စာမူရင္းကို တင္ျပရပါမည္။

- ေရာင္းခ်သူသို႔မဟုတ္ ဝယ္ယူသူသည္ ႏိုင္ငံျခားသို႔ ေရာက္ရွိေနသူျဖစ္ပါက ႏိုင္ငံျခားရွိ ျမန္မာသံ႐ုံးတြင္ တရားဝင္ျပဳလုပ္ထားေသာ ကိုယ္စားလွယ္လႊဲစာမူရင္းကို ပူးတြဲတင္ျပရပါမည္။

- အမည္ေပါက္ပိုင္ဆိုင္သူသို႔မဟုတ္ အမည္ေပါက္ပိုင္ဆိုင္သူကြယ္လြန္သြားပါကအေမြဆိုင္မ်ားကစာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထားေသာ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္း သို႔မဟုတ္ စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးက ထုတ္ေပးထားေသာ အေမြထိန္း လက္မွတ္စာႏွင့္ တရား႐ုံးက အေမြထိန္းစာပါ မေရႊ႕မေျပာင္းႏိုင္သည္႔ အိမ္၊ေျမ (သို႔မဟုတ္) ေျမကို ေရာင္းခ်ခြင္႔ျပဳသည့္အမိန္တို႔ကို တင္ျပႏိုင္ရပါမည္။

- ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္းအရေရာင္းခ်ျခင္းျဖစ္ပါကအေမြဆိုင္အားလုံးကေရာင္းသူအေနျဖင္႔ပါဝင္လက္မွတ္ေရးထိုးရပါမည္။

- အေမြထိန္းစာအရေရာင္းခ်ျခင္းျဖစ္ပါကအေမြထိန္းစာလက္မွတ္ရရွိသူကေရာင္းခ်သူအေနျဖင္႔လက္မွတ္ေရးထိုးရပါမည္။ထိုသို႔ေရာင္းခ်ျခင္းအတြက္ တရား႐ုံး၏ ခြင့္ျပဳခ်က္ပါရွိရပါမည္။

- အရြယ္မေရာက္သူကိုယ္စားတရား႐ုံးကခန္႔ထားသည္႔အုပ္ထိန္းသူက အုပ္ထိန္းခြင့္လက္မွတ္စာ ႏွင့္မေရႊ႕မေျပာင္းႏိ္ုင္ေသာပစၥည္းကုိေရာင္းခ်ရန္တရား႐ုံး၏ခြင့္ျပဳမိန္႔ရရွိသူက ေရာင္းသူအေန ျဖင့္ လက္မွတ္ေရးထုိးရပါမည္။ ထိုသို႔မွသာ အရြယ္မေရာက္ေသးသူပိုင္ေရႊ႕ေျပာင္းႏိုင္္သည့္ ပစၥည္းႏွင္႔မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ေရာင္းခ်ႏိုင္ပါသည္။

အိမ္ႏွင့္ေျမ (သုိ႔မဟုတ္) ေျမကြက္မ်ား မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုလွ်င္ အထက္ပါ အခ်က္မ်ားသည့္ အဓိက ပါဝင္ရမည့္အခ်က္အလက္မ်ားျဖစ္ေသာေၾကာင့္ ဥပေဒဗဟုသုတရရွိေစရန္ ေရးသာေဖာ္ျပအပ္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service