Local Property News | Posted by Si Thu Aung
[Unicode]
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းများအား Quarantine Center အဖြစ်အသုံးပြုနိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်က ဆွေးနွေးမှုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်မှသိရ သည်။
အဆိုပါ အောင်မြင့်မိုရ်အိမ်ရာမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားပြီး တိုက်အဆောက်အအုံ(၄၄)လုံးရှိ၍ အခန်းပေါင်း (၁၀၅၆) ခန်းရှိကြောင်းသိရသည်။ ကိုဗစ်-၁၉ ကူးစက်လူဦးရေ များပြားလာရာ အဆိုပါရောဂါအားကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယင်းအိမ်ရာအား Quarantine Center အဖြစ်အသုံးပြုနိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းများအား Quarantine Center အဖြစ်အသုံးပြုဖို့ရှိ