မြေယာပိုင်ဆိုင်မှုနှင့်ပက်သက်၍ ကန့်ကွက်လွှာတင်ပြခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
828 Views

မြေယာပိုင်ဆိုင်မှုနှင့်ပက်သက်၍ ကန့်ကွက်လွှာတင်ပြခြင်း

Knowledge | Posted by Si Thu Aung

[Unicode]

မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပက်သက်၍ ရောင်းမှား၊ ဝယ်မှားများ ဖြစ်ပွားလာတဲ့အခါ နစ်နာသူများအနေနှင့် မိမိပိုင်မြေကို မဆုံးရှုံးရစေရန် သက်ဆိုင်ရာ မြေစီမံခန့်ခွဲမှုရုံးဌာနများတွင် ကာယကံရှင်ကိုယ်တိုင် ဖြစ်စေ၊ ကာယကံရှင်ကိုယ်တိုင် မဟုတ်လျှင်ဖြစ်စေ၊ အထောက်အထားမှန်ကန်မှုရှိပါက ကန့်ကွက်လွှာများ တင်ပြနိုင်ကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ထုံး လုပ်နည်းများ အပိုဒ် - ၅၈အရ မြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပက်သက်၍ အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် ကာယကံရှင်ကိုယ်တိုင် ကန့်ကွက်တင်ကြားခြင်း မဟုတ်ပါက မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာ၊ (အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ) ရရှိသူတို့မှ ကန့်ကွက်လိုပါက အောက်ပါအထောက်အထားများဖြင့် ကန့်ကွက်လွှာ တင်သွင်းနိုင်ပါသည်။

(က) မြေပိုင်ဆိုင်မှုအထောက်အထား(သို့မဟုတ်) တစ်နည်းနည်းဖြင့် ဥပဒေအရ ပိုင်ဆိုင်ခွင့်ရရှိနိုင်သည့် အထောက်အထား။

(ခ) တရားရုံးမှ ထုတ်ပေးထားသည့် ယာယီတားဝရမ်း(သို့) ထာဝရတားဝရမ်း။

(ဂ) တရားရုံးတွင် အမှုရင်ဆ်ိုင်နေရဆဲဖြစ်ကြောင်း အထောက်အထား။

(ဃ) တရားရုံး အဆင့်ဆင့်သို့ အမှုမပြီးပြတ်သေးပဲ အယူခံဝင်ရောက်နေကြောင်း အထောက်အထား။

(င) တရားရုံးမှ ထုတ်ပေးသည့် အမွေဆက်ခံခွင့်အမိန့်နှင့် စီမံခန့်ခွဲခွင့် အမိန့်။

အထက်ပါအပိုဒ် -(၅၈)တွင် ဖော်ပြထားသည့် အထောက်အထားများကို ကန့်ကွက်သူမှ မှန်ကန်စွာ တင်ပြနိုင်ခြင်း မရှိပါက ကန့်ကွက်လွှာအား လက်ခံဆောင်ရွက်ပေးခြင်း မပြုပါ။

ဤှဗဟုသုတအကြောင်းအရာများကို ဖော်ပြပေးခြင်း ရည်ရွယ်ချက်မှာ- မြေယာပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး မြေပိုင်ရှင်အချို့တွင် ပိုင်ဆိုင်မှုရှိပါလျှက် နစ်နာမှုများဖြစ်ပေါ်နေပြီး မည်သို့ဆောင်ရွက်ရမည်ကို မသိရှိသူများကို သိရှိပြီး ဆောင်ရွက်မှုပြုနိုင်ရန် ရည်ရွယ်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမယာပိုင္ဆိုင္မႈႏွင့္ပက္သက္၍ ကန္႔ကြက္လႊာတင္ျပျခင္း

ေျမယာစီမံခန္႔ခြဲမႈကိစၥရပ္မ်ားႏွင့္ ပက္သက္၍ ေရာင္းမွား၊ ၀ယ္မွားမ်ား ျဖစ္ပြားလာတဲ့အခါ နစ္နာသူမ်ားအေနႏွင့္ မိမိပိုင္ေျမကို မဆုံးရႈံးရေစရန္ သက္ဆိုင္ရာ ေျမစီမံခန္႔ခြဲမႈရုံးဌာနမ်ားတြင္ ကာယကံရွင္ကိုယ္တိုင္ ျဖစ္ေစ၊ ကာယကံရွင္ကိုယ္တိုင္ မဟုတ္လွ်င္ျဖစ္ေစ၊ အေထာက္အထားမွန္ကန္မႈရွိပါက ကန္႔ကြက္လႊာမ်ား တင္ျပႏိုင္ေၾကာင္းကို ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုပါသည္။

ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဆိုင္ရာလုပ္ထုံး လုပ္နည္းမ်ား အပိုဒ္ - ၅၈အရ ေျမစီမံခန္႔ခြဲမႈကိစၥရပ္မ်ားႏွင့္ ပက္သက္၍ အစိုးရဌာန၊ အဖြဲ႕အစည္း၊ ပုဂၢလိကႏွင့္ ကာယကံရွင္ကိုယ္တိုင္ ကန္႕ကြက္တင္ၾကားျခင္း မဟုတ္ပါက မွတ္ပုံတင္ကိုယ္စားလွယ္လႊဲစာ၊ (အထူးကိုယ္စားလွယ္လႊဲစာ၊ အေထြေထြကိုယ္စားလွယ္လႊဲစာ) ရရွိသူတို႔မွ ကန္႔ကြက္လိုပါက ေအာက္ပါအေထာက္အထားမ်ားျဖင့္ ကန္႔ကြက္လႊာ တင္သြင္းႏိုင္ပါသည္။

(က) ေျမပိုင္ဆိုင္မႈအေထာက္အထား(သို႔မဟုတ္) တစ္နည္းနည္းျဖင့္ ဥပေဒအရ ပိုင္ဆိုင္ခြင့္ရရွိႏိုင္သည့္ အေထာက္အထား။

(ခ) တရားရုံးမွ ထုတ္ေပးထားသည့္ ယာယီတား၀ရမ္း(သို႔) ထာ၀ရတား၀ရမ္း။

(ဂ) တရားရုံးတြင္ အမႈရင္ဆို္င္ေနရဆဲျဖစ္ေၾကာင္း အေထာက္အထား။

(ဃ) တရားရုံး အဆင့္ဆင့္သို႔ အမႈမျပီးျပတ္ေသးပဲ အယူခံ၀င္ေရာက္ေနေၾကာင္း အေထာက္အထား။

(င) တရားရုံးမွ ထုတ္ေပးသည့္ အေမြဆက္ခံခြင့္အမိန္႔ႏွင့္ စီမံခန္႔ခြဲခြင့္ အမိန္႔။

အထက္ပါအပိုဒ္ -(၅၈)တြင္ ေဖာ္ျပထားသည့္ အေထာက္အထားမ်ားကို ကန္႔ကြက္သူမွ မွန္ကန္စြာ တင္ျပႏိုင္ျခင္း မရွိပါက ကန္႕ကြက္လႊာအား လက္ခံေဆာင္ရြက္ေပးျခင္း မျပဳပါ။

ဤွဗဟုသုတအေၾကာင္းအရာမ်ားကို ေဖာ္ျပေပးျခင္း ရည္ရြယ္ခ်က္မွာ- ေျမယာပိုင္ဆိုင္မႈႏွင့္ ပက္သက္ၿပီး ေျမပိုင္ရွင္အခ်ိဳ႕တြင္ ပိုင္ဆိုင္မႈရွိပါလွ်က္ နစ္နာမႈမ်ားျဖစ္ေပၚေနၿပီး မည္သို႔ေဆာင္ရြက္ရမည္ကို မသိရွိသူမ်ားကို သိရွိၿပီး ေဆာင္ရြက္မႈျပဳႏိုင္ရန္ ရည္ရြယ္ေရးသားေဖာ္ျပျခင္းျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေ
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

yatanar-mall
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service