အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူခြင်းတွင် မြေငှားခပေးရန်လိုအပ်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
4180 Views
အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူခြင်းတွင် မြေငှားခပေးရန်လိုအပ်သလား။
Knowledge | Posted by Zarni Kyaw
[Unicode]
အပျောက်စနစ်ဖြင့် ရောင်းချခြင်းသည် လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဖြစ်သည်။ လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဆိုသည်မှာ ငှားရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲ အိမ်ငှားက ဥပစာလက်ဝယ်ထားပိုင်ခွင့်ကို ဝယ်ယူ၍ အိမ်ရှင်အား ငှားရမ်းခကိုသာပေးသည့် ငှားရမ်းခြင်းကိုဆိုလိုသည်။
ထိုအတွက်ကြောင့် အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူများသည် ဥပဒေအရ အိမ်ငှားသာဖြစ်ပြီး အိမ်ရှင်အား အိမ်ငှားခပေးရမည်ဖြစ်သည်။
အပျောက်စနစ်ဖြင့် တိုက်ခန်းများဝယ်ယူရာတွင် အောက်ပါတို့ကိုသိထားရမည်။
- တိုက်ခန်းများသည် စည်ပင်သာယာဥပဒေအရ အဆောက်အဦဆောက်လုပ်ခွင့်၊ နေထိုင်ခွင့် ရှိမှသာ တရားဝင်အဆောက်အဦဖြစ်ရမည်။
- စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ တိုက်ခန်းသည် မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည်။
- ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ-၅၄အရ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်းကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်သော်လည်း တိုက်ခန်းများသည် မြေများနှင့် စုပေါင်းပိုင် အဆောက်အဦ(Condo) များကဲ့သို့ တ်ိုက်ခန်းမှတ်ပုံတင်စာအုပ်၊ ပိုင်ဆိုင်မှုအထောက်အထား မြေငှားဂရန်များမရှိသည့်အတွက် မှတ်ပုံတင်စာချုပ်ချုပ်ဆို၍မရပါ။ အရပ်ကတိအရောင်းအဝယ် စာချုပ်သာချုပ်ဆို၍ ဝယ်ယူရောင်းချခြင်းများဆောင်ရွက်ရမည်ဖြစ်သည်။
- မြေရှင်သည် ၎င်းပိုင်မြေပေါ်တွင် တည်ရှိသော တိုက်၏ပိုင်ရှင်ဖြစ်သည့်အတွက် အပျောက်စနစ်ဖြင့် တိုက်ခန်းကို ဝယ်ယူသူသည် မြေရှင်ကို မြေငှားခနှင့် အမည်ပြောင်းခပေးအပ်ရန်လိုမည်ဖြစ်သည်။
- တိုက်ခန်းဝယ်ယူသူများသည် ပိုင်ဆိုင်မှုအနေဖြင့် အငှားပိုင်ဆိုင်ခြင်းဖြစ်ပြီး ထာဝစဉ်ပိုင်ဆိုင်ခြင်း ဖြစ်သည့်အတွက် ဝယ်ယူသူတွင် ဆုံးရှုံးရန်အကြောင်းတော့မရှိပါဘူး။ အဆောက်အဦ ပြိုကျ ပျက်ဆီးခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် ပိုင်ဆိုင်မှုမဆုံးရှုံးသော်လည်း တိုက်ခန်း ပိုင်ဆိုင်များမှ အချိုးကျထည့်ဝင်ကြေး ထည့်သွင်း၍ အဆောက်အဦပြန်လည်ဆောက်လုပ်ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် တိုက်ခန်းဝယ်ယူသူများအနေဖြင့် မြေရှင်ကို အိမ်ငှားခနှင့် အမည်ပြောင်းခပေးအပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
- မြေရှင်သည် ၄င်းပိုင်မြေပေါ်တွင် တည်ရှိသော တိုက်၏ပိုင်ရှင်ဖြစ်သည့်အတွက် အပျောက်စနစ်ဖြင့် တိုက်ခန်းကို ဝယ်ယူသူသည် မြေရှင်ကို မြေငှားခနှင့် အမည်ပြောင်းခပေးအပ်ရန်လိုမည်ဖြစ်သည်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service