ယခုလအတွင်း တန်ချိန် ၇၆၀၀၀ ကျော်တင်သွင်းမည်ဖြစ်၍ စားသုံးဆီအတွက်စိတ်မပူရန် အသင်းကထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1186 Views

ယခုလအတွင်း တန်ချိန် ၇၆၀၀၀ ကျော်တင်သွင်းမည်ဖြစ်၍ စားသုံးဆီအတွက်စိတ်မပူရန် အသင်းကထုတ်ပြန်

[Unicode]

စားသုံးဆီပြတ်လပ်မှုမရှိစေရန် စက်တင်ဘာလအတွင်း တန်ချိန် ၇၆၀၀၀ ကျော်တင်သွင်းမည်ဖြစ်ပြီးဖြစ်၍ အလွန်အကျွံ ဝယ်ယူစုဆောင်း ခြင်းမပြုရန်နှင့် ဈေးတင်မရောင်းရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စက်တင်ဘာ ၁၁ ရက်တွင် ကြေ ညာချက်ထုတ်ပြန်သည်။

နိုင်ငံတော် အရန်ရိက္ခာဖြစ်သည် အရန်ဆီတန်ချိန် ၁၂,၀၀၀ကို ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူးထားပြီး မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများ မှ တင်ပို့သည့် စားသုံးဆီများသည် စက်တင်ဘာလအတွင်း တန်ချိန် ၇၆၆၀၀ ကျော်ရောက်ရှိမည်ဖြစ်မည်ဖြစ်သည်။

ထိုပမာဏအနက် စက်တင်ဘာ ၁ ရက်မှ ၁၁ ရက် အတွင်း ၂၆,၆၀၀ ဒသမ ၂၅ တန် ရောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စက်တင်ဘာ ၁၂ ရက်မှ ၃၀ ရက်အတွင်း တန်ချိန် ၅၀,၀၀၀ကျော် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ကြူက ပြောသည်။

‘‘ရောင်းရမယ့်ဈေးကို ကုန်စည်စီးဆင်းမှု အခက်အခဲအကြောင်းပြပြီး ဈေးမတက်ဖို့ရယ်၊ ပြီးတော့ ဆီတင်သွင်းသူတွေအနေနဲ့ ဘယ်လောက်ရှိနေပါတယ်လို့လည်း အသိပေးပါတယ်။ ဒါကြောင့် စိုးရိမ်မလွန်ဖို့ တိုက်တွန်းပါတယ်’’ဟု ၎င်းက ပြောသည်။

စားသုံးသူများသည် စိုးရိမ်စိတ်ဖြင့် အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းမျိုးသည် ဆီဈေးနှုန်းမတည် မငြိမ်ဖြစ်စေသည့်အတွက် ပုံမှန်သာ ဝယ်ယူသုံးစွဲရန်လိုပြီး သင့်တင့်မျှတသည့်ဈေးဖြစ်ရန် အစဉ်မပြတ် ဆောင်ရွက်နေ ကြောင်း အသိပေးသည်။

စားသုံးဆီအပါအဝင် ကုန်ဈေးနှုန်းဟန်ချက်ပျက်စေသည့် သတင်းမှားများ မဖြန့်ဝေရန်နှင့် စားသုံးဆီ ရောင်းဝယ်သူများကလည်း တည်ငြိမ်သည့်ဈေးနှုန်း ဖြစ်စေရေး ဝိုင်းဝန်းကူညီရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ နှစ်စဉ်ပြည်ပ စားအုံးဆီတန်ချိန် တစ်သန်းခန့်တင်သွင်းနေရသည်။ ပြည်တွင်း ဆီထုတ်လုပ်မူအတွက် မြေဧက ၉ သန်းရှိသည်။

၂၀၁၇ ဇွန်လတွင် ထုတ်ပြန်သော အစိုးရစာရင်းများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် စားသုံးဆီတန်ချိန်တစ်သန်းခန့်လိုအပ်ပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန်ချိန် ၄သိန်းသာရှိ၍ ပြည်ပတန်ချိန် ခြောက်သိန်း တင်သွင်းရသည်။

‘‘အခုထိတော့ ဈေးတော့ မတက်သေးဘူး။ ပုံမှန်ဝယ်နေကျ တစ်ပိဿာ ၃,၅၀၀ ကျပ်ပဲ။ ဒီအချိန် ဆီပဲဖြစ်ဖြစ် ကုန်စည်တွေဈေးမတက်ဖို့ မျှော်လင့်တယ်’’ဟု အင်းစိန်မြို့နယ်နေ မစံပယ်ဖြူက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ယခုလအတြင္း တန္ခ်ိန္ ၇၆၀၀၀ ေက်ာ္တင္သြင္းမည္ျဖစ္၍ စားသုံးဆီအတြက္စိတ္မပူရန္ အသင္းကထုတ္ျပန္

စားသုံးဆီျပတ္လပ္မႈမ႐ွိေစရန္ စက္တင္ဘာလအတြင္း တန္ခ်ိန္ ၇၆၀၀၀ ေက်ာ္တင္သြင္းမည္ျဖစ္ၿပီးျဖစ္၍ အလြန္အကြၽံ ဝယ္ယူစုေဆာင္း ျခင္းမျပဳရန္ႏွင့္ ေဈးတင္မေရာင္းရန္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္း႐ွင္မ်ားအသင္းက စက္တင္ဘာ ၁၁ ရက္တြင္ ေၾက ညာခ်က္ထုတ္ျပန္သည္။

ႏိုင္ငံေတာ္ အရန္ရိကၡာျဖစ္သည္ အရန္ဆီတန္ခ်ိန္ ၁၂,၀၀၀ကို ျပည္နယ္ႏွင့္ တိုင္းအသီးသီးသို႔ ပို႔ေဆာင္ျဖန္႔ျဖဴးထားၿပီး မေလး႐ွား၊ အင္ဒိုနီး႐ွား စသည့္ႏိုင္ငံမ်ား မွ တင္ပို႔သည့္ စားသုံးဆီမ်ားသည္ စက္တင္ဘာလအတြင္း တန္ခ်ိန္ ၇၆၆၀၀ ေက်ာ္ေရာက္႐ွိမည္ျဖစ္မည္ျဖစ္သည္။

ထိုပမာဏအနက္ စက္တင္ဘာ ၁ ရက္မွ ၁၁ ရက္ အတြင္း ၂၆,၆၀၀ ဒသမ ၂၅ တန္ ေရာက္႐ွိၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ စက္တင္ဘာ ၁၂ ရက္မွ ၃၀ ရက္အတြင္း တန္ခ်ိန္ ၅၀,၀၀၀ေက်ာ္ ထပ္မံေရာက္႐ွိမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္း႐ွင္မ်ားအသင္းဥကၠ႒ ဦးျမင့္ၾကဴက ေျပာသည္။

‘‘ေရာင္းရမယ့္ေဈးကို ကုန္စည္စီးဆင္းမႈ အခက္အခဲအေၾကာင္းျပၿပီး ေဈးမတက္ဖို႔ရယ္၊ ၿပီးေတာ့ ဆီတင္သြင္းသူေတြအေနနဲ႔ ဘယ္ေလာက္႐ွိေနပါတယ္လို႔လည္း အသိေပးပါတယ္။ ဒါေၾကာင့္ စိုးရိမ္မလြန္ဖို႔ တိုက္တြန္းပါတယ္’’ဟု ၎က ေျပာသည္။

စားသုံးသူမ်ားသည္ စိုးရိမ္စိတ္ျဖင့္ အလြန္အကြၽံ ဝယ္ယူစုေဆာင္းျခင္းမ်ိဳးသည္ ဆီေဈးႏႈန္းမတည္ မၿငိမ္ျဖစ္ေစသည့္အတြက္ ပုံမွန္သာ ဝယ္ယူသုံးစြဲရန္လိုၿပီး သင့္တင့္မွ်တသည့္ေဈးျဖစ္ရန္ အစဥ္မျပတ္ ေဆာင္႐ြက္ေန ေၾကာင္း အသိေပးသည္။

စားသုံးဆီအပါအဝင္ ကုန္ေဈးႏႈန္းဟန္ခ်က္ပ်က္ေစသည့္ သတင္းမွားမ်ား မျဖန္႔ေဝရန္ႏွင့္ စားသုံးဆီ ေရာင္းဝယ္သူမ်ားကလည္း တည္ၿငိမ္သည့္ေဈးႏႈန္း ျဖစ္ေစေရး ဝိုင္းဝန္းကူညီရန္ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္း႐ွင္မ်ားအသင္းက တိုက္တြန္းသည္။

ျမန္မာႏိုင္ငံတြင္ လက္႐ွိ၌ ႏွစ္စဥ္ျပည္ပ စားအုံးဆီတန္ခ်ိန္ တစ္သန္းခန္႔တင္သြင္းေနရသည္။ ျပည္တြင္း ဆီထုတ္လုပ္မူအတြက္ ေျမဧက ၉ သန္း႐ွိသည္။

၂၀၁၇ ဇြန္လတြင္ ထုတ္ျပန္ေသာ အစိုးရစာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ စားသုံးဆီတန္ခ်ိန္တစ္သန္းခန္႔လိုအပ္ၿပီး ျပည္တြင္းထုတ္လုပ္မႈသည္ တန္ခ်ိန္ ၄သိန္းသာ႐ွိ၍ ျပည္ပတန္ခ်ိန္ ေျခာက္သိန္း တင္သြင္းရသည္။

‘‘အခုထိေတာ့ ေဈးေတာ့ မတက္ေသးဘူး။ ပုံမွန္ဝယ္ေနက် တစ္ပိႆာ ၃,၅၀၀ က်ပ္ပဲ။ ဒီအခ်ိန္ ဆီပဲျဖစ္ျဖစ္ ကုန္စည္ေတြေဈးမတက္ဖို႔ ေမွ်ာ္လင့္တယ္’’ဟု အင္းစိန္ၿမိဳ႕နယ္ေန မစံပယ္ျဖဴက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service