စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုလျှင် အသိသက်သေများလက်မှတ်မစုံလျှင် တရားဝင်ပါသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
1469 Views

စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုလျှင် အသိသက်သေများလက်မှတ်မစုံလျှင် တရားဝင်ပါသလား။

Knowledge | Posted by Shwe Zin Win

[Unicode]

အရောင်းအဝယ်စာချုပ်၊ အငှားစာချုပ်များ၊ အမွေစာချုပ်များ၊ မွေးစားစာချုပ်များနှင့် သေတမ်းစာများတွင် အသိသက်သေများပါ လက်မှတ်ရေးထိုးရန်နှင့် လက်ဗွေနှိပ်ရန် လိုအပ်ကြောင်း သက်သေခံဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့် ပဋိညာဉ်ဥပဒေတို့တွင် ပြဌာန်းထားသည်။

ဥပဒေအရ အသိသက်သေ လက်မှတ်ထိုးရန် လိုအပ်သည့် စာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ဝန်ခံလျှင် ယင်းစာတမ်း အမှတ်အသားချုပ်ဆိုခြင်းနှင့် ပက်သက်၍ ထင်ရှားအောင် သက်သေခံတင်ပြရန် မလိုတော့ပေ။ ဝန်ခံချက်သည် လုံလောက်သော သက်သေခံချက်ဖြစ်သည်။ စာချုပ်ချုပ်ဆိုခြင်းနှင့် စာချုပ်တွင်သက်သေလက်မှတ်ထိုးခြင်းတို့မှာ မတူညီသဖြင့် ဥပဒေအရ အသိသက်သေလက်မှတ်ထိုးရန်လိုအပ်သည့် စာတမ်းအမှတ်အသားကို ဥပဒေပြဌာန်းချက်နှင့် အညီ အသိသက်သေ လက်မှတ်ရေးထိုးထားခြင်း မရှိပါက ၎င်းစာတမ်းအမှတ်အသားကို ချုပ်ဆိုကြောင်း ဝန်ခံသည့်တိုင်အောင် တရားဝင်စာချုပ်စာတမ်းမဖြစ်ပါ။

ဥပဒေနှင့်အညီ အသိသက်သေ လက်မှတ်ရေးထိုးထား ပြီး စာချုပ်စာတမ်းကိုချုပ်ဆိုသူက ချုပ်ဆိုကြောင်း ဝန်ခံလျှင် သက်သေခံဥပဒေပုဒ်မ (၇၀)အရ စာချုပ်ချုပ်ဆိုခြင်းမှန်ကန်ကြောင်း လုံလောက်သည့်သက်သေခံချက်ဖြစ်သည်။

အကယ်၍ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံစေကာမူ အသိသက်သေလက်မှတ်ရေးထိုးထားခြင်းမရှိ၍ တရားမဝင်ပါဟု ထုချေလာခဲ့ပါက စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံသည်ဆိုရုံဖြင့် တရားဝင်စာချုပ်စာတမ်း ဖြစ်မလာနိုင်ပါ။

မရွှေ့ပြောင်းနိုင်သော ပစ္စည်း အရောင်းအဝယ်စာချုပ်စာတမ်းဖြစ်လျှင် စာချုပ်ချုပ်ဆိုပြီး ၄လအတွင်း မှတ်ပုံတင်ရမည်။ ထိုစာချုပ်တွင် ၂ဦးထက်ပိုသူများက လက်မှတ်ရေးထိုးရမည်ဟု စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေ ပုဒ်မ ၂၁နှင့် ၂၂တွင် ပြဌာန်းထားသည်။

အနှစ်ချုပ်အားဖြင့်

၁။ စာချုပ်တွင် လက်မှတ်ရေးထိုးထားသော သက်သေများခေါ်ယူ စစ်ဆေးခြင်းမပြုနိုင်လျှင် ထိုစာချုပ်မှာ သက်သေခံမဝင်ပါ။ (သက်သေခံဥပဒေပုဒ်မ ၆၈)

၂။ စာချုပ်တွင် အသိသက်သေများ၏ လက်မှတ်မပြည့်စုံက ထိုစာချုပ်ကို တရားဝင်စာချုပ်စာတမ်းဟု မသတ်မှတ်ပါ။ (သက်သေခံဥပဒေပုဒ်မ ၇၀)

၃။ ဥပဒေအရ ဆောင်ရွက်စေရမည့် ကိစ္စတွင် လက်မှတ်မစုံခြင်း ပေါ့လျော့ခြင်းကြောင့် တရားစွဲဆိုမရနိုင်သည့် စာချုပ်က တန်ဖိုးမည်မျှပါရှိချုပ်ဆိုထားပါစေ။ တန်ဖိုးမရှိပါ။ (ပဋိညာဉ် ဥပဒေပုဒ်မ ၂(ဆ)၊ (ည))

၄။ လက်မှတ်ထိုးတာအပြင် လက်ဗွေပါ နှိပ်ရန်။ (သက်သေခံဥပဒေပုဒ်မ ၇၃) တို့အရ စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုပါက အရေးကြီးသည့်အချက်များထဲတွင် အသိသက်သေပါစုံလင်စွာ လက်မှတ်ရေးထိုးမှသာ တရားဝင်စာချုပ်စာတမ်းဖြစ်ကြောင်း သတိပြုဆောင်ရွက်စေလိုပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

[Zawgyi]

စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမည္ဆိုလွ်င္ အသိသက္ေသမ်ားလက္မွတ္မစုံလွ်င္ တရား၀င္ပါသလား။

အေရာင္းအ၀ယ္စာခ်ဳပ္၊ အငွားစာခ်ဳပ္မ်ား၊ အေမြစာခ်ဳပ္မ်ား၊ ေမြးစားစာခ်ဳပ္မ်ားႏွင့္ ေသတမ္းစာမ်ားတြင္ အသိသက္ေသမ်ားပါ လက္မွတ္ေရးထိုးရန္ႏွင့္ လက္ေဗြႏွိပ္ရန္ လိုအပ္ေၾကာင္း သက္ေသခံဥပေဒ၊ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒႏွင့္ ပဋိညာဥ္ဥပေဒတို႔တြင္ ျပဌာန္းထားသည္။

ဥပေဒအရ အသိသက္ေသ လက္မွတ္ထိုးရန္ လိုအပ္သည့္ စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုသူကိုယ္တိုင္က ခ်ဳပ္ဆိုခဲ့ေၾကာင္း ၀န္ခံလွ်င္ ယင္းစာတမ္း အမွတ္အသားခ်ဳပ္ဆိုျခင္းႏွင့္ ပက္သက္၍ ထင္ရွားေအာင္ သက္ေသခံတင္ျပရန္ မလိုေတာ့ေပ။ ၀န္ခံခ်က္သည္ လုံေလာက္ေသာ သက္ေသခံခ်က္ျဖစ္သည္။ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းႏွင့္ စာခ်ဳပ္တြင္သက္ေသလက္မွတ္ထိုးျခင္းတို႔မွာ မတူညီသျဖင့္ ဥပေဒအရ အသိသက္ေသလက္မွတ္ထိုးရန္လိုအပ္သည့္ စာတမ္းအမွတ္အသားကို ဥပေဒျပဌာန္းခ်က္ႏွင့္ အညီ အသိသက္ေသ လက္မွတ္ေရးထိုးထားျခင္း မရွိပါက ၎စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုေၾကာင္း ၀န္ခံသည့္တိုင္ေအာင္ တရား၀င္စာခ်ဳပ္စာတမ္းမျဖစ္ပါ။

ဥပေဒႏွင့္အညီ အသိသက္ေသ လက္မွတ္ေရးထိုးထား ၿပီး စာခ်ဳပ္စာတမ္းကိုခ်ဳပ္ဆိုသူက ခ်ဳပ္ဆိုေၾကာင္း ၀န္ခံလွ်င္ သက္ေသခံဥပေဒပုဒ္မ (၇၀)အရ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမွန္ကန္ေၾကာင္း လုံေလာက္သည့္သက္ေသခံခ်က္ျဖစ္သည္။

အကယ္၍ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ၀န္ခံေစကာမူ အသိသက္ေသလက္မွတ္ေရးထိုးထားျခင္းမရွိ၍ တရားမ၀င္ပါဟု ထုေခ်လာခဲ့ပါက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ၀န္ခံသည္ဆို႐ုံျဖင့္ တရား၀င္စာခ်ဳပ္စာတမ္း ျဖစ္မလာႏိုင္ပါ။

မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္း အေရာင္းအ၀ယ္စာခ်ဳပ္စာတမ္းျဖစ္လွ်င္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ၄လအတြင္း မွတ္ပုံတင္ရမည္။ ထိုစာခ်ဳပ္တြင္ ၂ဦးထက္ပိုသူမ်ားက လက္မွတ္ေရးထိုးရမည္ဟု စာခ်ဳပ္စာတမ္းမွတ္ပုံတင္ ဥပေဒ ပုဒ္မ ၂၁ႏွင့္ ၂၂တြင္ ျပဌာန္းထားသည္။

အႏွစ္ခ်ဳပ္အားျဖင့္

၁။ စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးထားေသာ သက္ေသမ်ားေခၚယူ စစ္ေဆးျခင္းမျပဳႏိုင္လွ်င္ ထိုစာခ်ဳပ္မွာ သက္ေသခံမ၀င္ပါ။ (သက္ေသခံဥပေဒပုဒ္မ ၆၈)

၂။ စာခ်ဳပ္တြင္ အသိသက္ေသမ်ား၏ လက္မွတ္မျပည့္စုံက ထိုစာခ်ဳပ္ကို တရား၀င္စာခ်ဳပ္စာတမ္းဟု မသတ္မွတ္ပါ။ (သက္ေသခံဥပေဒပုဒ္မ ၇၀)

၃။ ဥပေဒအရ ေဆာင္႐ြက္ေစရမည့္ ကိစၥတြင္ လက္မွတ္မစုံျခင္း ေပါ့ေလ်ာ့ျခင္းေၾကာင့္ တရားစြဲဆိုမရႏိုင္သည့္ စာခ်ဳပ္က တန္ဖိုးမည္မွ်ပါရွိခ်ဳပ္ဆိုထားပါေစ။ တန္ဖိုးမရွိပါ။ (ပဋိညာဥ္ ဥပေဒပုဒ္မ ၂(ဆ)၊ (ည))

၄။ လက္မွတ္ထိုးတာအျပင္ လက္ေဗြပါ ႏွိပ္ရန္။ (သက္ေသခံဥပေဒပုဒ္မ ၇၃) တို႔အရ စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမည္ဆိုပါက အေရးႀကီးသည့္အခ်က္မ်ားထဲတြင္ အသိသက္ေသပါစုံလင္စြာ လက္မွတ္ေရးထိုးမွသာ တရား၀င္စာခ်ဳပ္စာတမ္းျဖစ္ေၾကာင္း သတိျပဳေဆာင္႐ြက္ေစလိုပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service