လက်ရှိအစိုးရလက်ထက်တွင် တံတားပေါင်း ၅၂၀ ကျော်ဆောက်လုပ်ခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
1617 Views

လက်ရှိအစိုးရလက်ထက်တွင် တံတားပေါင်း ၅၂၀ ကျော်ဆောက်လုပ်ခဲ့ဟုဆို

[Unicode]

လက်ရှိအစိုးရလက်ထက်အတွင်း တံတားအစင်း ပေါင်း ၅၂၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။

ထိုတံတားများအနက် ပေ ၁၈၀ အထက် တံတား ၁၆၀ ကျော်နှင့် ပေ ၁၈၀ အောက်တံတား ၃၆၀ ခန့် တည်ဆောက်ခဲ့ပြီး ထိုတံတားများအတွက် ပြည်ထောင်စုအစိုးရက ကျပ် ဘီလီယံ ၈၅၀ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ကျပ် ဘီလီယံ ၃၃၀ ခန့်ဖြင့် စုစုပေါင်း ကျပ် ဘီလီယံ ၁,၁၇၀ အသုံးပြုခဲ့သည်ဟု တံတားဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

‘‘နှစ်အလိုက် တည်ဆောက်ခဲ့တဲ့ တံတားတွေအထဲမှာ ပြည်သူတွေ ထင်သာမြင်သာရှိတဲ့ တံတားကြီးတွေလည်း ပါပါတယ်’’ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့သည့် တံတားများအနက်တံတားကြီးများအနေဖြင့် ကချင်ပြည်နယ်ရှိ တဝမ်တံတား (ပေ ၁,၂၆၀)၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ချင်းတွင်းတံတား (ကလေးဝ) (၂,၈၀၅ ပေ)၊ မွန် ပြည်နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) (၅,၂၀၄ ပေ)၊ ရခိုင်ပြည်နယ်ရှိ တောဖျား ချောင်းတံတား (ပေ ၁,၂၀၀) နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကုက္ကိုဝ တံတား (၂,၂၇၉ ပေ) တို့ ပါဝင်ကြောင်း ၎င်းကဆိုသည်။

ယခင်အစိုးရ လက်ထက်တွင် ပေ ၁၈၀ အထက် တံတား ၁၉၉ စင်း၊ ပေ ၁၈၀ အောက်တံတားနှင့် ရေပြွန် ၄၂၂ စင်းဖြင့် စုစုပေါင်း တံတားနှင့်ရေပြွန် ၆၀၀ ကျော် တည်ဆောက်ခဲ့သည်ဟု တံတားဦးစီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်ရှိ အတ္ထရံမြစ်ကူး (စံပယ်ဂူ)တံတား (၂၁၁၃ ပေ) ၊ ချင်းပြည်နယ်ရှိ ဗားရ် အရန်တံတား (၅၅၈ ပေ)၊ ပဲခူးတိုင်းဒေသကြီးရှိ စစ်တောင်းမြစ်ကူးတံတား (ရေတာ ရှည်)(ပေ ၈၀၀)၊ မကွေးတိုင်းဒေသကြီးရှိ နွယ်တမယ် တံတား(ပေ ၁၄၂၀ )၊ ရန်ကုန်တိုင်းဒေသကြီရှိ ပဲခူးမြစ်ကူး တံတား(ဒါးပိန်သပြု)( ပေ ၁၀၅၀)၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းရှူး တံတား (၄၂၇ ပေ) ၊ ပွန်ချောင်း တံတား(ပေ ၁၉၀)၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ် တံတားအမှတ်(၂) (၂၃၁၈ ပေ)၊ ကျွန်းပြဿဒ် တံတား (၂၃၆၃ ပေ)၊ စော်ကဲ တံတား (၂၄၆၁ ပေ) ၊ ဝါးခယ်မ တံတား (ပေ ၁၉၀)၊ ရွှေလောင်း တံတား (ပေ ၃၀၂၀) တို့သည် မကြာမီ တည်ဆောက်ပြီးစီးတော့မည့် တံတားများ ဖြစ်သည်ဟု လမ်းဦးစီးဌာနကဆိုသည်။တံတားဦးစီးဌာနသည် ပဲခူးမြစ်ကူး တံတားအမှတ်(၃)၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား၊ ဂျိုင်း (ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်)တံတား၊ အတ္ထရံ တံတား တို့ကို ODA ချေးငွေဖြင့် တည်ဆောက်ဆဲ ဖြစ်သည်။

ထို့အတူ နိုင်ငံတကာ ထောက်ပံ့ငွေဖြင့် ကွမ်းလုံ တံတားသစ်ကိုလည်း တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လက္႐ွိအစိုးရလက္ထက္တြင္ တံတားေပါင္း ၅၂၀ ေက်ာ္ေဆာက္လုပ္ခဲ့ဟုဆို

လက္႐ွိအစိုးရလက္ထက္အတြင္း တံတားအစင္း ေပါင္း ၅၂၀ ေက်ာ္ ေဆာက္လုပ္ခဲ့ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားဦးစီးဌာနက ထုတ္ျပန္ေသာစာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

ထိုတံတားမ်ားအနက္ ေပ ၁၈၀ အထက္ တံတား ၁၆၀ ေက်ာ္ႏွင့္ ေပ ၁၈၀ ေအာက္တံတား ၃၆၀ ခန္႔ တည္ေဆာက္ခဲ့ၿပီး ထိုတံတားမ်ားအတြက္ ျပည္ေထာင္စုအစိုးရက က်ပ္ ဘီလီယံ ၈၅၀ ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရမ်ားက က်ပ္ ဘီလီယံ ၃၃၀ ခန္႔ျဖင့္ စုစုေပါင္း က်ပ္ ဘီလီယံ ၁,၁၇၀ အသုံးျပဳခဲ့သည္ဟု တံတားဦးစီးဌာနက ထုတ္ျပန္ေသာ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

‘‘ႏွစ္အလိုက္ တည္ေဆာက္ခဲ့တဲ့ တံတားေတြအထဲမွာ ျပည္သူေတြ ထင္သာျမင္သာ႐ွိတဲ့ တံတားႀကီးေတြလည္း ပါပါတယ္’’ တံတားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေနေအာင္ရဲျမင့္က ေျပာသည္။

၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ တည္ေဆာက္ခဲ့သည့္ တံတားမ်ားအနက္တံတားႀကီးမ်ားအေနျဖင့္ ကခ်င္ျပည္နယ္႐ွိ တဝမ္တံတား (ေပ ၁,၂၆၀)၊ စစ္ကိုင္းတိုင္း ေဒသႀကီး႐ွိ ခ်င္းတြင္းတံတား (ကေလးဝ) (၂,၈၀၅ ေပ)၊ မြန္ ျပည္နယ္႐ွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တံတား (ဘီလူးကြၽန္း) (၅,၂၀၄ ေပ)၊ ရခိုင္ျပည္နယ္႐ွိ ေတာဖ်ား ေခ်ာင္းတံတား (ေပ ၁,၂၀၀) ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး႐ွိ ကုကၠိဳဝ တံတား (၂,၂၇၉ ေပ) တို႔ ပါဝင္ေၾကာင္း ၎ကဆိုသည္။

ယခင္အစိုးရ လက္ထက္တြင္ ေပ ၁၈၀ အထက္ တံတား ၁၉၉ စင္း၊ ေပ ၁၈၀ ေအာက္တံတားႏွင့္ ေရႁပြန္ ၄၂၂ စင္းျဖင့္ စုစုေပါင္း တံတားႏွင့္ေရႁပြန္ ၆၀၀ ေက်ာ္ တည္ေဆာက္ခဲ့သည္ဟု တံတားဦးစီးဌာနက ထုတ္ျပန္ထားသည္။

မြန္ျပည္နယ္႐ွိ အတၳရံျမစ္ကူး (စံပယ္ဂူ)တံတား (၂၁၁၃ ေပ) ၊ ခ်င္းျပည္နယ္႐ွိ ဗားရ္ အရန္တံတား (၅၅၈ ေပ)၊ ပဲခူးတိုင္းေဒသႀကီး႐ွိ စစ္ေတာင္းျမစ္ကူးတံတား (ေရတာ ႐ွည္)(ေပ ၈၀၀)၊ မေကြးတိုင္းေဒသႀကီး႐ွိ ႏြယ္တမယ္ တံတား(ေပ ၁၄၂၀ )၊ ရန္ကုန္တိုင္းေဒသႀကီ႐ွိ ပဲခူးျမစ္ကူး တံတား(ဒါးပိန္သျပဳ)( ေပ ၁၀၅၀)၊ ႐ွမ္းျပည္နယ္ေတာင္ပိုင္း႐ွိ မိုင္း႐ွဴး တံတား (၄၂၇ ေပ) ၊ ပြန္ေခ်ာင္း တံတား(ေပ ၁၉၀)၊ ဧရာဝတီတိုင္း ေဒသႀကီးအတြင္း႐ွိ ပုသိမ္ တံတားအမွတ္(၂) (၂၃၁၈ ေပ)၊ ကြၽန္းျပႆဒ္ တံတား (၂၃၆၃ ေပ)၊ ေစာ္ကဲ တံတား (၂၄၆၁ ေပ) ၊ ဝါးခယ္မ တံတား (ေပ ၁၉၀)၊ ေ႐ႊေလာင္း တံတား (ေပ ၃၀၂၀) တို႔သည္ မၾကာမီ တည္ေဆာက္ၿပီးစီးေတာ့မည့္ တံတားမ်ား ျဖစ္သည္ဟု လမ္းဦးစီးဌာနကဆိုသည္။တံတားဦးစီးဌာနသည္ ပဲခူးျမစ္ကူး တံတားအမွတ္(၃)၊ ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ)တံတား၊ ဂ်ိဳင္း (ေကာ့ကရိတ္) တံတား၊ ဂ်ိဳင္း(ဇာသျပင္)တံတား၊ အတၳရံ တံတား တို႔ကို ODA ေခ်းေငြျဖင့္ တည္ေဆာက္ဆဲ ျဖစ္သည္။

ထို႔အတူ ႏိုင္ငံတကာ ေထာက္ပံ့ေငြျဖင့္ ကြမ္းလုံ တံတားသစ္ကိုလည္း တည္ေဆာက္သြားရန္ စီစဥ္လ်က္႐ွိေၾကာင္း တံတားဦးစီးဌာနမွ သိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service