လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ပြုမိန့်၏ စည်းကမ်းချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
892 Views

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ပြုမိန့်၏ စည်းကမ်းချက်များ

Knowledge | Posted by Si Thu Aung

[Unicode]

ပုံစံ-၁၀၅၊ ပုံစံ-၇တို့ဖြင့် လျှောက်ထား၍ သက်ဆိုင်ရာရုံးမှ လယ်ယာမြေဥပဒေပုဒ်မ-၃၀(က)/ ၃၀(ခ)အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီး ဗဟိုလယ်စီ/ တိုင်းလယ်စီမှ အစိုးရအဖွဲ့မှ ပုံစံ-၁၅/ ၁၅(က) လက်မှတ်ရရှိပြီးပြီဆိုပါက လျှောက်ထားသည့်နည်းလမ်းအတိုင်း အသုံးပြုဆောင်ရွက်ရန် အရေးကြီးပါသည်။

ဥပမာ- အိမ်ရာမြေဆောက်လုပ်ရန် လျှောက်ထားခဲ့ပြီး ခွင့်ပြုမိန့်ကျပါက အိမ်ရာအဆောက်အဦး ဆောက်လုပ်နေထိုင်ရမည်ဖြစ်ပြီး အခြားအသုံးပြုမည့်နည်းလမ်းများ ငါးမွေးမြူခြင်း စသည့် လုပ်ငန်းများဆောင်ရွက်မရပါ။ စက်ရုံ၊ အလုပ်ရုံများဆောက်လုပ်မရပါ။ သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးမပြုပါက အဆိုပါခွင့်ပြုမိန့်ကို ပယ်ဖျက်၍ ထိုသို့ပယ်ဖျက်သည့် လယ်ယာမြေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ပေသည်။

လယ်ယာမြေနည်းဥပဒေ ၉၁၊ ၉၂၊ ၉၃၊ ၉၄ အရ လယ်ယာမြေကိုအခြားနည်းဖြင့် အသုံးပြုခွင့် ရရှိသူသည် ခွင့်ပြုသည့်နေ့ရက်မှ ၆လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်သည့်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်းမရှိလျှင်သော်လည်းကောင်း၊ ဗဟိုလယ်စီ/တိုင်းလယ်စီအဖွဲ့ မှ ၎င်းခွင့်ပြုမိန့်ကို ပယ်ဖျက်၍ လယ်ယာမြေကို ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။ ထို့ကြောင့် ခွင့်ပြုမိန့်ကျလာပြီးနောက် ၎င်းခွင့်ပြုမိန့်ကိုလိုက်နာရန်နှင့် ဆောင်ရွက်ခွင့်ရှိသည့် သက်တမ်းသည်လည်း အရေးကြီးသဖြင့် သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချခြင်းဟုတ်/မဟုတ် နှင့် သတ်မှတ်ကာလထက် ကျော်လွန်မှုရှိ/မရှိတို့ကို သတိပြုသင့်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမအား အျခားနည္းအသုံးျပဳခြင့္ျပဳမိန္႔၏ စည္းကမ္းခ်က္မ်ား

ပုံစံ-၁၀၅၊ ပုံစံ-၇တို႕ျဖင့္ ေလွ်ာက္ထား၍ သက္ဆိုင္ရာရုံးမွ လယ္ယာေျမဥပေဒပုဒ္မ-၃၀(က)/ ၃၀(ခ)အမႈတြဲဖြင့္လွစ္ေဆာင္ရြက္ၿပီး ဗဟိုလယ္စီ/ တိုင္းလယ္စီမွ အစိုးရအဖြဲ႕မွ ပုံစံ-၁၅/ ၁၅(က) လက္မွတ္ရရွိၿပီးၿပီဆိုပါက ေလွ်ာက္ထားသည့္နည္းလမ္းအတိုင္း အသုံးျပဳေဆာင္ရြက္ရန္ အေရးၾကီးပါသည္။

ဥပမာ- အိမ္ရာေျမေဆာက္လုပ္ရန္ ေလွ်ာက္ထားခဲ့ၿပီး ခြင့္ျပဳမိန္႔က်ပါက အိမ္ရာအေဆာက္အဦး ေဆာက္လုပ္ေနထိုင္ရမည္ျဖစ္ၿပီး အျခားအသုံးျပဳမည့္နည္းလမ္းမ်ား ငါးေမြးျမဴျခင္း စသည့္ လုပ္ငန္းမ်ားေဆာင္ရြက္မရပါ။ စက္ရုံ၊ အလုပ္ရုံမ်ားေဆာက္လုပ္မရပါ။ သတ္မွတ္သည့္နည္းလမ္းအတိုင္း အသုံးမျပဳပါက အဆိုပါခြင့္ျပဳမိန္႔ကို ပယ္ဖ်က္၍ ထိုသို႔ပယ္ဖ်က္သည့္ လယ္ယာေျမကိုလည္း ျပန္လည္သိမ္းဆည္းႏိုင္ေပသည္။

လယ္ယာေျမနည္းဥပေဒ ၉၁၊ ၉၂၊ ၉၃၊ ၉၄ အရ လယ္ယာေျမကိုအျခားနည္းျဖင့္ အသုံးျပဳခြင့္ ရရွိသူသည္ ခြင့္ျပဳသည့္ေန႔ရက္မွ ၆လအတြင္း သတ္မွတ္သည့္ နည္းလမ္းအတိုင္း စတင္အသုံးမျပဳလွ်င္ေသာ္လည္းေကာင္း၊ သတ္မွတ္သည့္ကာလအတြင္း လုပ္ငန္းၿပီးစီးျခင္းမရွိလွ်င္ေသာ္လည္းေကာင္း၊ ဗဟိုလယ္စီ/တိုင္းလယ္စီအဖြဲ႕ မွ ၎ခြင့္ျပဳမိန္႔ကို ပယ္ဖ်က္၍ လယ္ယာေျမကို ျပန္လည္သိမ္းဆည္းမည္ျဖစ္သည္။ ထို႔ေၾကာင့္ ခြင့္ျပဳမိန္႔က်လာၿပီးေနာက္ ၎ခြင့္ျပဳမိန္႔ကိုလိုက္နာရန္ႏွင့္ ေဆာင္ရြက္ခြင့္ရွိသည့္ သက္တမ္းသည္လည္း အေရးၾကီးသျဖင့္ သတ္မွတ္သည့္နည္းလမ္းအတိုင္း အသုံးခ်ျခင္းဟုတ္/မဟုတ္ ႏွင့္ သတ္မွတ္ကာလထက္ ေက်ာ္လြန္မႈရွိ/မရွိတို႔ကို သတိျပဳသင့္ပါေၾကာင္း ေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service