အိမ်ခြံမြေကို ဝယ်ယူ/ရောင်းချခြင်းမဟုတ်ဘဲ လဲလှယ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
821 Views

အိမ်ခြံမြေကို ဝယ်ယူ/ရောင်းချခြင်းမဟုတ်ဘဲ လဲလှယ်ခြင်း

Knowledge | Posted by Shwe Zin Win

[Unicode]

အိမ်ခြံမြေကို ဝယ်ယူ/ရောင်းချခြင်းမဟုတ်ဘဲ လဲလှယ်ခြင်းက်ို ဥပဒေအရ တရားဝင်ခွင့်ပြုထားပါသည်။ လဲလှယ်ခြင်းဆိုသည်မှာ လူနှစ်ဦးအနက် တစ်ဦးဦးက မိမိပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းနှင့် အခြားသူပိုင်ဆိုင်ခွင့် ရှိသည့် ပစ္စည်းတို့ကို အချင်းချင်း လဲလှယ်ပြုလုပ်ခြင်းကိုခေါ်သည်။ လဲလှယ်ခြင်းပြီးမြောက်ရန် ပစ္စည်းလွှဲပြောင်း ခြင်းကို အရောင်းအဝယ်ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းသာ ပြုလုပ်ရမည်ဖြစ်သည်။

လဲလှယ်သူတို့သည် မိမိတို့ပေးအပ်သည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ရောင်းသူကဲ့သို့ပင် အခွင့်အရေးနှင့် တာဝန်များရှိသည်။ ရယူသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ဝယ်သူကဲ့သို့ပင် အခွင့်အရေးနှင့်တာဝန်များရှိသည်။

အလဲအလှယ်ပြုလုပ်သော ပစ္စည်းမှာ မြေဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ပေးထားသည့် မြေပုံ/မြေရာဇဝင် လိုအပ်မည်ဖြစ်သည်။

အရောင်းအဝယ်ကဲ့သို့ပင် မိမိပိုင်ပစ္စည်းကို မည်သို့ပိုင်ဆိုင်ခဲ့ကြောင်းကြေညာ၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေရှိပါက ဝင်ငွေခွန်စည်းကြပ်မှုခံယူရမည်ဖြစ်သည်။

လွှဲပြောင်းရတွင် တစ်ဦးဦးမှ အလိုက်ငွေပေးရခြင်းပါဝင်ပါက ပေးချေသူက အဆိုပါငွေကိုမည်သို့ ရရှိခဲ့ကြောင်း ဝင်ငွေရလမ်းတင်ပြရန်လိုအပ်ပြီး စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေရှိပါက ဝင်ငွေခွန် စည်းကြပ်မှုခံယူရမည်ဖြစ်သည်။

ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ သတ်မှတ်သော ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ၄ ရာခိုင်နှုန်း ထမ်းဆောင်ရမည်ဖြစ်သည်။

အိမ်ခြံမြေကို လဲလှယ်ခြင်းစာချုပ်ကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။ မှတ်ပုံတင်သည့်အခါ အလဲအလှယ်ပြုလုပ်သည့် ပစ္စည်းအနက် အမြင်ဆုံး ကာလတန်ဖိုးအပေါ် မှတ်ပုံတင်ခ ၀.၅ ရာခိုင်နှုန်း ဖြင့် ပေးသွင်း၍ မှတ်ပုံတင်စာချုပ်ချုုပ်ဆိုရမည်ဖြစ်သည်။

အထက်ပါလုပ်ငန်းအဆင့်ဆင့်အတိုင်း အိမ်ခြံမြေကို ဥပဒေနှင့်အညီ လဲလှယ်ခြင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသောဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမကို ဝယ္ယူ/ေရာင္းခ်ျခင္းမဟုတ္ဘဲ လဲလွယ္ျခင္း

အိမ္ျခံေျမကို ဝယ္ယူ/ေရာင္းခ်ျခင္းမဟုတ္ဘဲ လဲလွယ္ျခင္းကို္ ဥပေဒအရ တရားဝင္ခြင့္ျပဳထားပါသည္။ လဲလွယ္ျခင္းဆိုသည္မွာ လူႏွစ္ဦးအနက္ တစ္ဦးဦးက မိမိပိုင္ဆိုင္ခြင့္ရွိသည့္ ပစၥည္းႏွင့္ အျခားသူပိုင္ဆိုင္ခြင့္ ရွိသည့္ ပစၥည္းတို႔ကို အခ်င္းခ်င္း လဲလွယ္ျပဳလုပ္ျခင္းကိုေခၚသည္။ လဲလွယ္ျခင္းၿပီးေျမာက္ရန္ ပစၥည္းလႊဲေျပာင္း ျခင္းကို အေရာင္းအဝယ္ျပဳလုပ္ရာတြင္ သတ္မွတ္ထားသည့္ နည္းလမ္းအတုိင္းသာ ျပဳလုပ္ရမည္ျဖစ္သည္။

လဲလွယ္သူတို႔သည္ မိမိတို႔ေပးအပ္သည့္ပစၥည္းႏွင့္စပ္လ်ဥ္း၍ ေရာင္းသူကဲ့သုိ႔ပင္ အခြင့္အေရးႏွင့္ တာဝန္မ်ားရွိသည္။ ရယူသည့္ပစၥည္းႏွင့္စပ္လ်ဥ္း၍ ဝယ္သူကဲ့သုိ႔ပင္ အခြင့္အေရးႏွင့္တာဝန္မ်ားရွိသည္။

အလဲအလွယ္ျပဳလုပ္ေသာ ပစၥည္းမွာ ေျမျဖစ္ပါက ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပ စီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွ တစ္ႏွစ္အတြင္း ထုတ္ေပးထားသည့္ ေျမပံု/ေျမရာဇဝင္ လိုအပ္မည္ျဖစ္သည္။

အေရာင္းအဝယ္ကဲ့သို႔ပင္ မိမိပိုင္ပစၥည္းကို မည္သို႔ပိုင္ဆိုင္ခဲ့ေၾကာင္းေၾကညာ၍ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြရွိပါက ဝင္ေငြခြန္စည္းၾကပ္မႈခံယူရမည္ျဖစ္သည္။

လြႊဲေျပာင္းရတြင္ တစ္ဦးဦးမွ အလိုက္ေငြေပးရျခင္းပါဝင္ပါက ေပးေခ်သူက အဆိုပါေငြကိုမည္သို႔ ရရွိခဲ့ေၾကာင္း ဝင္ေငြရလမ္းတင္ျပရန္လိုအပ္ၿပီး စည္းၾကပ္မႈမွလြတ္ကင္းေနေသာ ဝင္ေငြရွိပါက ဝင္ေငြခြန္ စည္းၾကပ္မႈခံယူရမည္ျဖစ္သည္။

ကာလတန္ဖိုးစိစစ္ေရးအဖြဲ႔မွ သတ္မွတ္ေသာ ကာလတန္ဖိုးအေပၚတြင္ တံဆိပ္ေခါင္းခြန္ ၂ ရာခိုင္ႏႈန္း အျပင္ အပိုတံဆိပ္ေခါင္းခြန္ ၂ ရာခိုင္ႏႈန္း စုစုေပါင္း ၄ ရာခိုင္ႏႈန္း ထမ္းေဆာင္ရမည္ျဖစ္သည္။

အိမ္ျခံေျမကို လဲလွယ္ျခင္းစာခ်ဳပ္ကို မွတ္ပံုတင္စာခ်ုပ္ခ်ဳပ္ဆိုရမည္ျဖစ္သည္။ မွတ္ပံုတင္သည့္အခါ အလဲအလွယ္ျပဳလုပ္သည့္ ပစၥည္းအနက္ အျမင္ဆံုး ကာလတန္ဖိုးအေပၚ မွတ္ပံုတင္ခ ၀.၅ ရာခိုင္ႏႈန္း ျဖင့္ ေပးသြင္း၍ မွတ္ပံုတင္စာခ်ဳပ္ခ်ုဳပ္ဆိုရမည္ျဖစ္သည္။

အထက္ပါလုပ္ငန္းအဆင့္ဆင့္အတိုင္း အိမ္ျခံေျမကို ဥပေဒႏွင့္အညီ လဲလွယ္ျခင္းေဆာင္ရြက္ႏိုင္မည္ ျဖစ္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးေသာေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service