ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်က လူဦးရေငါးထောင်ကျော်ကို လေးနှစ်ကျော်အတွင်း အိမ်ယာချေးငွေထုတ်ပေးခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
986 Views

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်က လူဦးရေငါးထောင်ကျော်ကို လေးနှစ်ကျော်အတွင်း အိမ်ယာချေးငွေထုတ်ပေးခဲ့ဟုဆို

[Unicode]

အိမ်ယာဝယ်ယူချင်သူ လူဦးရေ ၅၀၀၀ကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဘဏ်ဖြစ်သည့် CHID ဘဏ်က ထုတ်ချေးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။

အဆိုပါချေးငွေများထဲတွင် ဂျပန် JICA ၏ နှစ်ဆင့်ချေးငွေမှချေးငွေရယူသူ ၂၀၀၀ ခန့်လည်းပါဝင်သည်ဟု ဝန်ကြီးကဆိုသည်။

အထက်ပါလူဦးရေ ၅၀၀၀ ရှိသည့် ဝင်ငွေနည်းပြည်သူများ အိမ်ယာဝယ်ယူနိုင်ရန်အတွက် ချေးငွေကို ၂၀၁၆ မှ စတင်ပြီး ၂၀၂၀ ဇူလိုင်လအထိ ချေးငွေပေးခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။ ထိုထဲတွင် ၂၀၁၈ တွင် မြန်မာနိုင်ငံ၏ အိမ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အေဂျင်စီ(JICA)၏ နှစ်ဆင့်ချေးငွေလည်းပါဝင်သည်ဟု ဝန်ကြီးကပြောသည်။

ထိုပြင် အဆိုပါဘဏ်က ကိုဗစ်အကျပ်အတည်းကာလအတွင်း ဘဏ်ချေးငွေများကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ JICA နှစ်ဆင့်ချေးငွေများကို ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လျော့ချပေးခဲ့သည်ဟု ဝန်ကြီးကဆိုသည်။ ထိုနောက် ကိုဗစ်ကြောင့် ထိခိုက်ရသည့် ဝင်ငွေနည်းပြည်သူများ သက်သာစေရန် ဘဏ်ချေးငွေကို အတိုးနှင့်အရင်းပြန်ဆပ်ရသည့်အစား အတိုးနှုန်းကိုသာ ပြန်လည်ပေးဆပ်စေရန် ဖြေလျော့ပေးခဲ့သည်ဟု ဝန်ကြီးကဆိုသည်။ ထိုကာလကို ဧပြီ၊မေ၊ ဇွန်၊ဇူလိုင်၊ ဩဂုတ်နှင့်စက်တင်လာအထိ သတ်မှတ်ထားသည်ဟု ဝန်ကြီးကဆိုသည်။

လစဉ်ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးရက် လဆန်း ၅ ရက်အစား ၁၅ ရက်သို့ပြောင်းလဲပေးခဲ့သည် ဟုလည်းဝန်ကြီးကပြောသည်။

ဝန်ကြီးက စီးပွားရေးလုပ်ငန်းများအဆင်ပြေစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့်စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာချေးငွေနှင့်ဆောက်လုပ်ရေးဆိုင်ရာ ချေးငွေအသစ်များကိုလည်း ထုတ်ချေးပေးခဲ့သည်ဟုဆိုသည်။

ဆောက်လုပ်ရေး၊အိမ်ယာနှင့်အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးဘဏ် CHID ကို ၂၀၁၃ တွင် တည်ထောင်ခဲ့ပြီးလက်ရှိတွင် ဘဏ်ခွဲ ၁၇ ခုအထိဖွင့်လှစ်ထားသည်။

ပြည်သူလူထုများ အိမ်ယာပိုင်ဆိုင်မူရှိစေရေးအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ယာများဖော်ဆောင်ရာတွင် လိုအပ်သော ငွေကြေးစနစ်ကို ထူထောင်ရန်အတွက် အဆိုပါဘဏ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း အတွင်းရှိ ကျူးကျော်အိမ်ရာနေ ပြည်သူများ နေထိုင်ရန်အတွက် ဆောက်လုပ်ပြီးစီးခဲ့သည့် တိုက်ခန်းပေါင်း ၂၂၀၈ ခန်းနှင့် ဆောင်လုပ်ဆဲတိုက်ခန်း ၈၀၀၀ ကို ဝင်ငွေနည်းပါးသောမိသားစုများ ဝယ်ယူနိုင်စွမ်းရှိလာအောင် CHID Bank မှ အိမ်ဝယ် ချေးငွေထုတ်ချေးပေးသည့် စနစ်နှင့် ချိတ်ဆက်ရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘဏ်ချေးငွေအား ၁၅ နှစ်အရစ်ကျ ပေးဆပ်နိုင်ရန် စီစဉ်ထားရှိပြီး၊ ဝယ်ယူသူများကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ဘဏ္က လူဦးေရငါးေထာင္ေက်ာ္ကို ေလးႏွစ္ေက်ာ္အတြင္း အိမ္ယာေခ်းေငြထုတ္ေပးခဲ့ဟုဆို

အိမ္ယာဝယ္ယူခ်င္သူ လူဦးေရ ၅၀၀၀ေက်ာ္ကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ ဘဏ္ျဖစ္သည့္ CHID ဘဏ္က ထုတ္ေခ်းခဲ့ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ကေျပာသည္။

အဆိုပါေခ်းေငြမ်ားထဲတြင္ ဂ်ပန္ JICA ၏ ႏွစ္ဆင့္ေခ်းေငြမွေခ်းေငြရယူသူ ၂၀၀၀ ခန္႔လည္းပါဝင္သည္ဟု ဝန္ႀကီးကဆိုသည္။

အထက္ပါလူဦးေရ ၅၀၀၀ ႐ွိသည့္ ဝင္ေငြနည္းျပည္သူမ်ား အိမ္ယာဝယ္ယူႏိုင္ရန္အတြက္ ေခ်းေငြကို ၂၀၁၆ မွ စတင္ၿပီး ၂၀၂၀ ဇူလိုင္လအထိ ေခ်းေငြေပးခဲ့ျခင္းျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။ ထိုထဲတြင္ ၂၀၁၈ တြင္ ျမန္မာႏိုင္ငံ၏ အိမ္ယာက႑ဖြံ႕ျဖိဳးေရးအတြက္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေအဂ်င္စီ(JICA)၏ ႏွစ္ဆင့္ေခ်းေငြလည္းပါဝင္သည္ဟု ဝန္ႀကီးကေျပာသည္။

ထိုျပင္ အဆိုပါဘဏ္က ကိုဗစ္အက်ပ္အတည္းကာလအတြင္း ဘဏ္ေခ်းေငြမ်ားကို အတိုးႏႈန္း ၁၃ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္း၊ JICA ႏွစ္ဆင့္ေခ်းေငြမ်ားကို ၈ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ေလ်ာ့ခ်ေပးခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။ ထိုေနာက္ ကိုဗစ္ေၾကာင့္ ထိခိုက္ရသည့္ ဝင္ေငြနည္းျပည္သူမ်ား သက္သာေစရန္ ဘဏ္ေခ်းေငြကို အတိုးႏွင့္အရင္းျပန္ဆပ္ရသည့္အစား အတိုးႏႈန္းကိုသာ ျပန္လည္ေပးဆပ္ေစရန္ ေျဖေလ်ာ့ေပးခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။ ထိုကာလကို ဧၿပီ၊ေမ၊ ဇြန္၊ဇူလိုင္၊ ဩဂုတ္ႏွင့္စက္တင္လာအထိ သတ္မွတ္ထားသည္ဟု ဝန္ႀကီးကဆိုသည္။

လစဥ္ျပန္လည္ေပးဆပ္ရမည့္ ေနာက္ဆုံးရက္ လဆန္း ၅ ရက္အစား ၁၅ ရက္သို႔ေျပာင္းလဲေပးခဲ့သည္ ဟုလည္းဝန္ႀကီးကေျပာသည္။

ဝန္ႀကီးက စီးပြားေရးလုပ္ငန္းမ်ားအဆင္ေျပေစရန္ ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္ႏွင့္စီးပြားေရးလုပ္ငန္းမ်ားအတြက္ စီးပြားေရးဆိုင္ရာေခ်းေငြႏွင့္ေဆာက္လုပ္ေရးဆိုင္ရာ ေခ်းေငြအသစ္မ်ားကိုလည္း ထုတ္ေခ်းေပးခဲ့သည္ဟုဆိုသည္။

ေဆာက္လုပ္ေရး၊အိမ္ယာႏွင့္အေျခခံအေဆာက္အဦးဖြံ႕ၿဖိဳးေရးဘဏ္ CHID ကို ၂၀၁၃ တြင္ တည္ေထာင္ခဲ့ၿပီးလက္႐ွိတြင္ ဘဏ္ခြဲ ၁၇ ခုအထိဖြင့္လွစ္ထားသည္။

ျပည္သူလူထုမ်ား အိမ္ယာပိုင္ဆိုင္မူ႐ွိေစေရးအတြက္ တန္ဖိုးနည္း၊ တန္ဖိုးသင့္အိမ္ယာမ်ားေဖာ္ေဆာင္ရာတြင္ လိုအပ္ေသာ ေငြေၾကးစနစ္ကို ထူေထာင္ရန္အတြက္ အဆိုပါဘဏ္ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တိုင္း အတြင္း႐ွိ က်ဴးေက်ာ္အိမ္ရာေန ျပည္သူမ်ား ေနထိုင္ရန္အတြက္ ေဆာက္လုပ္ၿပီးစီးခဲ့သည့္ တိုက္ခန္းေပါင္း ၂၂၀၈ ခန္းႏွင့္ ေဆာင္လုပ္ဆဲတိုက္ခန္း ၈၀၀၀ ကို ဝင္ေငြနည္းပါးေသာမိသားစုမ်ား ဝယ္ယူႏိုင္စြမ္း႐ွိလာေအာင္ CHID Bank မွ အိမ္ဝယ္ ေခ်းေငြထုတ္ေခ်းေပးသည့္ စနစ္ႏွင့္ ခ်ိတ္ဆက္ေရာင္းခ် ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ဘဏ္ေခ်းေငြအား ၁၅ ႏွစ္အရစ္က် ေပးဆပ္ႏိုင္ရန္ စီစဥ္ထား႐ွိၿပီး၊ ဝယ္ယူသူမ်ားကို အတိုးႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ ျပန္လည္ ထုတ္ေခ်းေပးျခင္းျဖစ္ေၾကာင္း ေဒၚနီလာေက်ာ္က ေျပာထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service