ဟံသာဝတီ​လေဆိပ်တည်​ဆောက်​ရေးအတွက် ဂျပန်နိုင်ငံဖြင့် နှစ်နှစ်​ကျော် ညှိနှိုင်းခဲ့ရသည်ဟု ဒုသမ္မတ​ပြော - Property News in Myanmar from iMyanmarHouse.com
851 Views

ဟံသာဝတီ​လေဆိပ်တည်​ဆောက်​ရေးအတွက် ဂျပန်နိုင်ငံဖြင့် နှစ်နှစ်​ကျော် ညှိနှိုင်းခဲ့ရသည်ဟု ဒုသမ္မတ​ပြော

[Unicode]

ဟံသာဝတီလေဆိပ်စီမံကိန်းတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံဖြင့် နှစ်နှစ်အတွင်း ၁၁ ကြိမ်ဆွေးနွေးကာ သဘောတူညီချက် ၃ ခုရခဲ့၍ အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောသည်။

ဟံသာတီလေဆိပ်စီမံကိန်းတည်ဆောက်ရေးဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စက်တင်ဘာ ၁ ရက်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းတည်ဆောက်ရေးအတွက် တင်ဒါပျက်သွားပြီးနောက် ၂၀၁၈ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ရာခိုင်နှုန်းပြည့်ချေးငွေပေးပြီး ဆက်လက် ဆောင်ရွက်လို့ကြောင်း ကမ်းလှမ်းခဲ့သည်ဟု ဒုတိယသမ္မတကဆိုသည်။

ထိုကာလမှ ၂၀၂၀ ဇူလိုင်လအထိ ၁၁ ကြိမ်ဆွေးနွေးခဲ့ရသည်ဟုဆိုသည်။ထိုသို့ဆွေးနွေးပြီးနောက် ရန်ကုန်လေဆိပ်နှင့် ဟံသာဝတီလေဆိပ်စီမံကိန်းနှစ်ခုလုံးကို ဂျပန်နိုင်ငံက လေဆိပ်ဆောင်ရွက်မည့်အဖွဲ့နှင့် ရန်ကုန်လေဆိပ်လုပ်ကိုင်ခွင့်ရအဖွဲ့တို့ ပူးပေါင်း၍ အဖွဲ့တစ်ခုတည်းဖြင့်ဆောင်ရွက်ရန်၊ လိုအပ်သည့် လမ်း၊မီး၊ရေစသည့် အခြေခံအဆောက်အဦးများကို မြန်မာဘက်က ဆောင်ရွက်ပေးရန်နှင့် လေဆိပ်ပထမအဆင့်ပြီးစီးသွားပါက တစ်နှစ်လျှင်ခရီးသည် ၈ သန်းကို ကိုင်တွယ်နိုင်မည့် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုဖြစ်ရန်စသည့် သဘောတူညီချက် ၃ ခုရရှိခဲ့သည်ဟု ဒုတိယသမ္မတကဆိုသည်။

ထိုစီမံကိန်းအတွက် ဂျပန်နိုင်ငံက အတိုးနှုန်းသက်သာသောချေးငွေထုတ်ပေးမည်ပြီး ထိုအတွက်စီမံကိန်း ဖြစ်နိုင်ချေလေ့လာမည်ဟု ဒုတိယသမ္မတကဆိုသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် နေရာကိုးခု သတ်မှတ်ခဲ့ပြီးနောက် ဟံသာဝတီလေဆိပ်ကိုအကောင်အထည်ဖော်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လေဆိပ်တည်ဆောက်ရေးအမြန်စတင်နိုင်ရန်အတွက် လုပ်ငန်းများစဉ်များကို အချိန်သတ်မှတ် ဆောင်ရွက်ရန်လည်း နိုင်ငံတော်ဒုတိယသမ္မတကတိုက်တွန်းခဲ့သည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန် နိုင်ငံအကူအညီဖြင့် စီမံကိန်း ကနဦးဖြစ်နိုင်ခြေများကို ဩဂုတ်၁၈ ရက်တွင် စတင်ဆောင်ရွက်ပြီး စီမံကိန်းပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်ဟု လေကြောင်းညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားသည်။

ပဲခူးမြို့ ကျောက်တိုင်ရွာ အနီး ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီ လေဆိပ်အသစ်အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် တင်ဒါနှစ်ကြိမ်ပျက်ခဲ့ပြီး လက်ရှိ အစိုးရလက်ထက်တွင် ပြန်လည်စတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်ကိုဂျပန်နိုင်ငံက ထုတ်ချေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ နှစ်ဘီလီယံကြားရှိမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဟံသာဝတီ​ေလဆိပ္တည္​ေဆာက္​ေရးအတြက္ ဂ်ပန္ႏိုင္ငံျဖင့္ ႏွစ္ႏွစ္​ေက်ာ္ ညႇိႏိႈင္းခဲ့ရသည္ဟု ဒုသမၼတ​ေျပာ

ဟံသာဝတီေလဆိပ္စီမံကိန္းတည္ေဆာက္ေရးအတြက္ ဂ်ပန္ႏိုင္ငံျဖင့္ ႏွစ္ႏွစ္အတြင္း ၁၁ ႀကိမ္ေဆြးေႏြးကာ သေဘာတူညီခ်က္ ၃ ခုရခဲ့၍ အေကာင္အထည္ေဖာ္ျခင္း ျဖစ္သည္ဟု ဒုတိယသမၼတဦးဟင္နရီဗန္ထီးယူက ေျပာသည္။

ဟံသာတီေလဆိပ္စီမံကိန္းတည္ေဆာက္ေရးဦးေဆာင္ေကာ္မတီ၏ ဒုတိယအႀကိမ္လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးတြင္ စက္တင္ဘာ ၁ ရက္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းတည္ေဆာက္ေရးအတြက္ တင္ဒါပ်က္သြားၿပီးေနာက္ ၂၀၁၈ ေဖေဖာ္ဝါရီလတြင္ ဂ်ပန္ႏိုင္ငံက ရာခိုင္ႏႈန္းျပည့္ေခ်းေငြေပးၿပီး ဆက္လက္ ေဆာင္႐ြက္လို႔ေၾကာင္း ကမ္းလွမ္းခဲ့သည္ဟု ဒုတိယသမၼတကဆိုသည္။

ထိုကာလမွ ၂၀၂၀ ဇူလိုင္လအထိ ၁၁ ႀကိမ္ေဆြးေႏြးခဲ့ရသည္ဟုဆိုသည္။ထိုသို႔ေဆြးေႏြးၿပီးေနာက္ ရန္ကုန္ေလဆိပ္ႏွင့္ ဟံသာဝတီေလဆိပ္စီမံကိန္းႏွစ္ခုလုံးကို ဂ်ပန္ႏိုင္ငံက ေလဆိပ္ေဆာင္႐ြက္မည့္အဖြဲ႕ႏွင့္ ရန္ကုန္ေလဆိပ္လုပ္ကိုင္ခြင့္ရအဖြဲ႕တို႔ ပူးေပါင္း၍ အဖြဲ႕တစ္ခုတည္းျဖင့္ေဆာင္႐ြက္ရန္၊ လိုအပ္သည့္ လမ္း၊မီး၊ေရစသည့္ အေျခခံအေဆာက္အဦးမ်ားကို ျမန္မာဘက္က ေဆာင္႐ြက္ေပးရန္ႏွင့္ ေလဆိပ္ပထမအဆင့္ၿပီးစီးသြားပါက တစ္ႏွစ္လွ်င္ခရီးသည္ ၈ သန္းကို ကိုင္တြယ္ႏိုင္မည့္ အျပည္ျပည္ဆိုင္ရာေလဆိပ္တစ္ခုျဖစ္ရန္စသည့္ သေဘာတူညီခ်က္ ၃ ခုရ႐ွိခဲ့သည္ဟု ဒုတိယသမၼတကဆိုသည္။

ထိုစီမံကိန္းအတြက္ ဂ်ပန္ႏိုင္ငံက အတိုးႏႈန္းသက္သာေသာေခ်းေငြထုတ္ေပးမည္ၿပီး ထိုအတြက္စီမံကိန္း ျဖစ္ႏိုင္ေခ်ေလ့လာမည္ဟု ဒုတိယသမၼတကဆိုသည္။

ျမန္မာႏိုင္ငံတြင္ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းတစ္ခုကို အေကာင္အထည္ေဖာ္ရန္ ေနရာကိုးခု သတ္မွတ္ခဲ့ၿပီးေနာက္ ဟံသာဝတီေလဆိပ္ကိုအေကာင္အထည္ေဖာ္ရန္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။ ေလဆိပ္တည္ေဆာက္ေရးအျမန္စတင္ႏိုင္ရန္အတြက္ လုပ္ငန္းမ်ားစဥ္မ်ားကို အခ်ိန္သတ္မွတ္ ေဆာင္႐ြက္ရန္လည္း ႏိုင္ငံေတာ္ဒုတိယသမၼတကတိုက္တြန္းခဲ့သည္။

ဟံသာဝတီ အျပည္ျပည္ ဆိုင္ရာေလဆိပ္စီမံကိန္းကို ဂ်ပန္ ႏိုင္ငံအကူအညီျဖင့္ စီမံကိန္း ကနဦးျဖစ္ႏိုင္ေျခမ်ားကို ဩဂုတ္၁၈ ရက္တြင္ စတင္ေဆာင္႐ြက္ၿပီး စီမံကိန္းပထမအဆင့္ကို ၂၀၂၇ တြင္ အၿပီးေဆာင္႐ြက္မည္ဟု ေလေၾကာင္းၫႊန္ၾကားမႈဦးစီး ဌာနက ထုတ္ျပန္ထားသည္။

ပဲခူးၿမိဳ႕ ေက်ာက္တိုင္႐ြာ အနီး ဂ်ပန္ေခတ္ေလဆိပ္သဖြယ္ အသုံးျပဳေသာ ေျမဧက ၉၀၀ ေက်ာ္၌ ဟံသာဝတီ ေလဆိပ္အသစ္အေကာင္အထည္ေဖာ္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

ထိုစီမံကိန္းသည္ တင္ဒါႏွစ္ႀကိမ္ပ်က္ခဲ့ၿပီး လက္႐ွိ အစိုးရလက္ထက္တြင္ ျပန္လည္စတင္ရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။ ထိုစီမံကိန္းအတြက္ ကုန္က်စရိတ္ကိုဂ်ပန္ႏိုင္ငံက ထုတ္ေခ်းမည္ျဖစ္ျပီး ကုန္က်စရိတ္မွ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံမွ ႏွစ္ဘီလီယံၾကား႐ွိမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service