ဖတူမိကွဲ မိတူဖကွဲ မောင်နှမများ အမွေခွဲဝေခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
1494 Views

ဖတူမိကွဲ မိတူဖကွဲ မောင်နှမများ အမွေခွဲဝေခြင်း

Knowledge | Posted by Zarni Kyaw

[Unicode]

မိဘများသေဆုံး၍ ဖတူမိကွဲ မိတူဖကွဲ မောင်နှမများ အမွေခွဲဝေလျှင် မိဘမျိုးရိုး ကိုလိုက်၍ အမွေခွဲဝေ ရသည်။ မိဘမျိုးရိုးအလိုက် အမွေခွဲဝေသည် ဆိုသည်မှာ အမွေခံသူများသည် တစ်ဦးချင်းအနေနှင့် အမွေရခွင့် မရှိဘဲ အမေတူ အဖေတူချင်း စုပေါင်းပြီး ခွဲဝေခြင်းဖြစ်သည်။

လင်မယားနှစ်ယောက် အတူကြိုးပမ်းရရှိသည့်ပစ္စည်းကို ဖတူမိကွဲ မိတူဖကွဲ မောင်နှမများ အမွေခွဲဝေ လျှင် အမွေပုံပစ္စည်းရစဉ်က ပေါင်းသင်းနေသည့် သားနှင့် မွေးဖွားသော သားသမီးများသည် အခြားမယားနှင့် မွေးဖွားသော သားသမီးများထက် နှစ်ဆရခွင့်ရှိသည်။

အမေတူအဖေကွဲသားသမီးများသည် မိမိတို့၏ဖခင်နှင့် မိခင်ရင်းတို့ပေါင်းသင်းစဉ်ဖြစ်ထွန်းသော ပစ္စည်း ၏ သုံးပုံနှစ်ပုံရ၍ ကျန်အမေတူ အဖေကွဲသားသမီးများကို သုံးပုံတစ်ပုံ ရခွင့်ရှိသည်။

လင်နှင့်မယားအများရှိသည့်အနက် တစ်ယောက်သေဆုံးလျင် ထိုမယားနှင့်မွေးဖွားသော သားသမီး များတွင် ဖခင်နှင့်အခြားမယားတို့ထံမှ အမွေခွဲဝေပေးရန် တောင်းဆိုခွင့်ရှိသည်။

အောက်ပါကဲ့သို့ အမှုများတွင် စီရင်းဆုံးဖြတ်ထားသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။

(က) မိခင်မှာ အိမ်ထောင်နှစ်ဆက်ရှိသည်။ မိခင်သေဆုံးချိန်တွင် ပထမအိမ်ထောင်နှင့် သားသမီး လေးယောက် ဒုတိယအိမ်ထောင်နှင့် သားသမီးနှစ်ယောက် ကျန်ရစ်သည်။ အမွေပုံပစ္စည်းမှာ “က” နှင့် “ခ” လယ်မြေများဖြစ်သည်။ “က” မှာ မိခင် ဒုတိယအိမ်ထောင်ပြု၍ ပစ္စည်းခွဲဝေသောအခါ က ရရှိသော ပစ္စည်း ဖြစ်သည်။ “ခ” မှာ ဒုတိယယောက်ျား သေဆုံးပြီးနောက်မှ ရရှိသည့် ပစ္စည်းဖြစ်သည်။ “က” လယ်မြေကို ဒုတိယ အိမ်ထောင်နှင့်ရသည့် သားသမီးနှစ်ယောက် အညီအမျှ ဝေယူကြသည်။ “ခ” လယ်မြေကိုမှု ပထမအိမ်ထောင် နှင့်ရသည့် သားသမီးလေးယောက်က တစ်ဝက်၊ ဒုတိယ အိမ်ထောင်နှင့်ရသည့် သားသမီး နှစ်ယောက်က တစ်ဝက်ရရှိသည်။

(ခ) အမှုတစ်ခုတွင် မိခင်ဖြစ်သူ သေဆုံးသောအခါ ဖခင်နောက်အိမ်ထောင်ပြုသည်။ အိမ်ထောင်သစ်နှင့် သားသမီးများ ထပ်မံရရှိပြီး ဖခင်သေဆုံးသွားရာ မယားနှစ်ယောက်က မွေးဖွားသည့် သားသမီးများ၏ အမွေခွဲ ဝေရေးမှာ အဖ၏ ပါရင်းပစ္စည်ကို အထက်သားသမီးများကယူ၍ ဒုတိယမယား၏ ပါရင်းပစ္စည်းက်ို အောက်သား သမီးများကယူသည်။ ဒုတိယမယားလက်ထက်တွင်ဖြစ်ပွားသော လက်ထက်ပွားပစ္စည်းကိုမူ အထက်သားသမီး က သုံးတစ်ပုံ၊ အောက်သားသမီးများက သုံးပုံနှစ်ပုံ ရရှိကြသည်။ (အထက်အိမ်ထောင်နှင့် ရရှိသည့် သားသမီး များကို အထက်သားသမီးများဟု ခေါ်၍ နောက်အိမ်ထောင်နှင့် ရရှိသည့်သားသမီးများကို အောက်သားသမီး များဟု ခေါ်သည်။ )

(ဂ) အိမ်ထောင်နှစ်ဆက်ပြုသူ ဖခင်သေဆုံးသွားသောအခါ ပထမအိမ်ထောင်နှင့်ရသည့် သားသမီးများ သည် ဒုတိယအိမ်ထောင်နှင့်ဖြစ်ပွား ပစ္စည်းများတွင် ရှစ်ပုံတစ်ပုံရခွင့်ရှိသည်။

(ဃ) ပထမမယား သေဆုံးပြီးနောက် ဒုတိယမယားယူရာတွင် နောက်အိမ်ထောင်နှင့် သားသမီးမရှိဘဲ ဖခင် သေဆုံးသွားလျှင် ပထမအိမ်ထောင်နှင့်ရသော သားသမီးများသည် ဒုတိယအိမ်ထောင်နှင့် ဖြစ်ပွားသည် ပစ္စည်းများတွင် ရှစ် ပုံတစ်ပုံရခွင့်ရှိပြီး ဒုတိယမယားက ရှစ်ပုံခုနှစ်ပုံ ရခွင့်ရှိသည်။

(င) လူတစ်ယောက်သည် သေဆုံးသောအခါ ပထမမယားနှင့်ရသောကလေး သုံးယောက် ဒုတိယ မယားနှင့် ရသော ကလေးတစ်ယောက်နှင့် တတိယမယား မုဆိုးမ ကျန်ရစ်သည်။ ၎င်း၏အထက်ပါ ပစ္စည်းကို အမွေခွဲရာ တွင် အမွေကို လေးပုံ ပုံပြီး ပထမယားနှင့်ရသည့် သားသမီးများက နှစ်ပုံ ဒုတိယမယားနှင့် ရသော ကလေးများ က တစ်ပုံ နှင့် မုဆိုးမ က တစ်ပုံရရှိသည်။

(စ) ဖခင်သေဆုံးပြီးနောက်မှ ဖခင်၏ အဘိုးထံမှ အမွေရသည့်ပစ္စည်းကို ခွဲဝေရာတွင် ပထမမယားနှင့် ရသည့် သားသမီးများနှင့် ဒုတိယမယားနှင့်ရသည့် သားသမီးတို့ အညီအမျှရကြသည်။

(ဆ) ပထမယားနှင့် ပေါင်းသင်းနေစဉ် အိမ်နှင့်မြေရရှိသည်။ ထိုအိမ်နှင့်မြေကို ပေါင်နှံထားရာမှ ဒုတိယ မယား၏ သီးခြားငွေဖြင့် ရွေးနှုတ်ယူခဲ့ရသည်။ ထိုသို့ ဒုတိယမယား၏ သီးခြားငွေဖြင့် ရွေးနှုတ်ခဲ့သည်ဟူသော အကြောင်းကြောင့် ဒုတိယမယားနှင့်ရရှိသည့်ပစ္စည်း ဖြစ်မသွားပေ။ ပထမမယားနှင့်ရရှိသည့်ပစ္စည်းကို ပထမ မယား၏သားသမီးများက လေးပုံသုံးပုံရရှိပြိး ဒုတိယမယား၏ ကလေးများက လေးပုံတစ်ပုံသာ ရရှိသည်။

(ဇ) အိမ်ထောင်နှစ်ဆက်ရှိသော လင်နှင့် ၎င်း၏ ဒုတိယမယားတို့ သေးဆုံး၍ ပထမမယားနှင့် ရသော အထက်သားသမီးများနှင့် ဒုတိယမယားနှင့်ရသော အောက်သားသမီး အမွေခွဲဝေကြရာတွင် ဒုတိယ အိမ်ထောင်တွင် နှစ်ဖက်စလုံးမှ ပါရင်းပစ္စည်းမရှိ။ ဒုတိယားမယားနှင့်ဖြစ်သော လက်ထက်ပွားပစ္စည်းသာ ရှိသည်။ ထိုလက်ထက်ပွား ပစ္စည်းသုံးပုံတစ်ပုံကို အထက်သားသမီးများရ၍ သုံးပုံနှစ်ပုံကို အောက်သားသမီးများ ရရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဖတူမိကဲြ မိတူဖကဲြ ေမာင္ႏွမမ်ား အေမြခြဲေဝျခင္း

မိဘမ်ားေသဆံုး၍ ဖတူမိကဲြ မိတူဖကဲြ ေမာင္ႏွမမ်ား အေမြခဲြေဝလ်ွင္ မိဘမ်ဳိးရိုး ကိုလုိက္၍ အေမြခဲြေဝ ရသည္။ မိဘမ်ဳိးရိုးအလိုက္ အေမြခဲြေဝသည္ ဆိုသည္မွာ အေမြခံသူမ်ားသည္ တစ္ဦးခ်င္းအေနႏွင့္ အေမြရခြင့္ မရိွဘဲ အေမတူ အေဖတူခ်င္း စုေပါင္းၿပီး ခဲြေဝျခင္းျဖစ္သည္။

လင္မယားႏွစ္ေယာက္ အတူႀကိဳးပမ္းရရိွသည့္ပစၥည္းကို ဖတူမိကဲြ မိတူဖကြဲ ေမာင္ႏွမမ်ား အေမြခဲြေဝ လွ်င္ အေမြပံုပစၥည္းရစဥ္က ေပါင္းသင္းေနသည့္ သားႏွင့္ ေမြးဖြားေသာ သားသမီးမ်ားသည္ အျခားမယားႏွင့္ ေမြးဖြားေသာ သားသမီးမ်ားထက္ ႏွစ္ဆရခြင့္ရိွသည္။

အေမတူအေဖကဲြသားသမီးမ်ားသည္ မိမိတို႔၏ဖခင္ႏွင့္ မိခင္ရင္းတို႔ေပါင္းသင္းစဥ္ျဖစ္ထြန္းေသာ ပစၥည္း ၏ သံုးပံုႏွစ္ပံုရ၍ က်န္အေမတူ အေဖကဲြသားသမီးမ်ားကို သံုးပံုတစ္ပံု ရခြင့္ရိွသည္။

လင္ႏွင့္မယားအမ်ားရိွသည့္အနက္ တစ္ေယာက္ေသဆံုးလ်င္ ထိုမယားႏွင့္ေမြးဖြားေသာ သားသမီး မ်ားတြင္ ဖခင္ႏွင့္အျခားမယားတို႔ထံမွ အေမြခဲြေဝေပးရန္ ေတာင္းဆိုခြင့္ရိွသည္။

ေအာက္ပါကဲ့သို႔ အမႈမ်ားတြင္ စီရင္းဆံုးျဖတ္ထားသည္ကို ေလ့လာေတြ႕ရွိႏိုင္မည္ျဖစ္သည္။

(က) မိခင္မွာ အိမ္ေထာင္ႏွစ္ဆက္ရိွသည္။ မိခင္ေသဆံုးခ်ိန္တြင္ ပထမအိမ္ေထာင္ႏွင့္ သားသမီး ေလးေယာက္ ဒုတိယအိမ္ေထာင္ႏွင့္ သားသမီးႏွစ္ေယာက္ က်န္ရစ္သည္။ အေမြပံုပစၥည္းမွာ “က” ႏွင့္ “ခ” လယ္ေျမမ်ားျဖစ္သည္။ “က” မွာ မိခင္ ဒုတိယအိမ္ေထာင္ျပဳ၍ ပစၥည္းခဲြေဝေသာအခါ က ရရိွေသာ ပစၥည္း ျဖစ္သည္။ “ခ” မွာ ဒုတိယေယာက္်ား ေသဆံုးၿပီးေနာက္မွ ရရိွသည့္ ပစၥည္းျဖစ္သည္။ “က” လယ္ေျမကို ဒုတိယ အိမ္ေထာင္ႏွင့္ရသည့္ သားသမီးႏွစ္ေယာက္ အညီအမ်ွ ေဝယူၾကသည္။ “ခ” လယ္ေျမကိုမႈ ပထမအိမ္ေထာင္ ႏွင့္ရသည့္ သားသမီးေလးေယာက္က တစ္ဝက္၊ ဒုတိယ အိမ္ေထာင္ႏွင့္ရသည့္ သားသမီး ႏွစ္ေယာက္က တစ္ဝက္ရရိွသည္။

(ခ) အမႈတစ္ခုတြင္ မိခင္ျဖစ္သူ ေသဆံုးေသာအခါ ဖခင္ေနာက္အိမ္ေထာင္ျပဳသည္။ အိမ္ေထာင္သစ္ႏွင့္ သားသမီးမ်ား ထပ္မံရရိွၿပီး ဖခင္ေသဆံုးသြားရာ မယားႏွစ္ေယာက္က ေမြးဖြားသည့္ သားသမီးမ်ား၏ အေမြခဲြ ေဝေရးမွာ အဖ၏ ပါရင္းပစၥည္ကို အထက္သားသမီးမ်ားကယူ၍ ဒုတိယမယား၏ ပါရင္းပစၥည္းက္ို ေအာက္သား သမီးမ်ားကယူသည္။ ဒုတိယမယားလက္ထက္တြင္ျဖစ္ပြားေသာ လက္ထက္ပြားပစၥည္းကိုမူ အထက္သားသမီး က သံုးတစ္ပံု၊ ေအာက္သားသမီးမ်ားက သံုးပံုႏွစ္ပံု ရရိွၾကသည္။ (အထက္အိမ္ေထာင္ႏွင့္ ရရိွသည့္ သားသမီး မ်ားကို အထက္သားသမီးမ်ားဟု ေခၚ၍ ေနာက္အိမ္ေထာင္ႏွင့္ ရရိွသည့္သားသမီးမ်ားကို ေအာက္သားသမီး မ်ားဟု ေခၚသည္။ )

(ဂ) အိမ္ေထာင္ႏွစ္ဆက္ျပဳသူ ဖခင္ေသဆံုးသြားေသာအခါ ပထမအိမ္ေထာင္ႏွင့္ရသည့္ သားသမီးမ်ား သည္ ဒုတိယအိမ္ေထာင္ႏွင့္ျဖစ္ပြား ပစၥည္းမ်ားတြင္ ရွစ္ပံုတစ္ပံုရခြင့္ရိွသည္။

(ဃ) ပထမမယား ေသဆံုးၿပီးေနာက္ ဒုတိယမယားယူရာတြင္ ေနာက္အိမ္ေထာင္ႏွင့္ သားသမီးမရိွဘဲ ဖခင္ ေသဆံုးသြားလ်ွင္ ပထမအိမ္ေထာင္ႏွင့္ရေသာ သားသမီးမ်ားသည္ ဒုတိယအိမ္ေထာင္ႏွင့္ ျဖစ္ပြားသည္ ပစၥည္းမ်ားတြင္ ရွစ္ ပံုတစ္ပံုရခြင့္ရိွျပီး ဒုတိယမယားက ရွစ္ပံုခုႏွစ္ပံု ရခြင့္ရိွသည္။

(င) လူတစ္ေယာက္သည္ ေသဆံုးေသာအခါ ပထမမယားႏွင့္ရေသာကေလး သံုးေယာက္ ဒုတိယ မယားႏွင့္ ရေသာ ကေလးတစ္ေယာက္ႏွင့္ တတိယမယား မုဆိုးမ က်န္ရစ္သည္။ ၎၏အထက္ပါ ပစၥည္းကို အေမြခဲြရာ တြင္ အေမြကို ေလးပံု ပံုၿပီး ပထမယားႏွင့္ရသည့္ သားသမီးမ်ားက ႏွစ္ပံု ဒုတိယမယားႏွင့္ ရေသာ ကေလးမ်ား က တစ္ပံု ႏွင့္ မုဆိုးမ က တစ္ပံုရရိွသည္။

(စ) ဖခင္ေသဆံုးျပီးေနာက္မွ ဖခင္၏ အဘိုးထံမွ အေမြရသည့္ပစၥည္းကို ခဲြေဝရာတြင္ ပထမမယားႏွင့္ ရသည့္ သားသမီးမ်ားႏွင့္ ဒုတိယမယားႏွင့္ရသည့္ သားသမီးတို႔ အညီအမွ်ရၾကသည္။

(ဆ) ပထမယားႏွင့္ ေပါင္းသင္းေနစဥ္ အိမ္ႏွင့္ေျမရရိွသည္။ ထိုအိမ္ႏွင့္ေျမကို ေပါင္ႏံွထားရာမွ ဒုတိယ မယား၏ သီးျခားေငြျဖင့္ ေရြးႏႈတ္ယူခဲ့ရသည္။ ထိုသို႔ ဒုတိယမယား၏ သီးျခားေငြျဖင့္ ေရြးႏႈတ္ခဲ့သည္ဟူေသာ အေၾကာင္းေၾကာင့္ ဒုတိယမယားႏွင့္ရရိွသည့္ပစၥည္း ျဖစ္မသြားေပ။ ပထမမယားႏွင့္ရရိွသည့္ပစၥည္းကို ပထမ မယား၏သားသမီးမ်ားက ေလးပံုသံုးပံုရရိွၿပိး ဒုတိယမယား၏ ကေလးမ်ားက ေလးပံုတစ္ပံုသာ ရရိွသည္။

(ဇ) အိမ္ေထာင္ႏွစ္ဆက္ရိွေသာ လင္ႏွင့္ ၎၏ ဒုတိယမယားတို႔ ေသးဆံုး၍ ပထမမယားႏွင့္ ရေသာ အထက္သားသမီးမ်ားႏွင့္ ဒုတိယမယားႏွင့္ရေသာ ေအာက္သားသမီး အေမြခဲြေဝၾကရာတြင္ ဒုတိယ အိမ္ေထာင္တြင္ ႏွစ္ဖက္စလံုးမွ ပါရင္းပစၥည္းမရိွ။ ဒုတိယားမယားႏွင့္ျဖစ္ေသာ လက္ထက္ပြားပစၥည္းသာ ရိွသည္။ ထိုလက္ထက္ပြား ပစၥည္းသံုးပံုတစ္ပံုကို အထက္သားသမီးမ်ားရ၍ သံုးပံုႏွစ္ပံုကို ေအာက္သားသမီးမ်ား ရရိွသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service