ကိုရီးယား POSCO ကုမ္ပဏီက ရွှေတောင်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
906 Views

ကိုရီးယား POSCO ကုမ္ပဏီက ရွှေတောင်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဟုဆို

[Unicode]

ကိုရီးယားကုမ္ပဏီ POSCO က ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြိုတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်လိုကြောင်း ဝန်ကြီးဌာနထံ တင်ပြခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

POSCO International Corporation က ဝန်ကြီးဌာနကို ဩဂုတ် ၁၉ ရက်တွင် လာရောက်တင်ပြခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုစက်ရုံတည်ဆောက်ရန်အတွက် POSCO International Corporation မှ Managing Director & Senior Vice President ဖြစ်သူ Mr. Sang Hoon Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က တင်ခဲ့ပြီး ဝန်ကြီးဌာနက ထိုစီမံကိန်းကိုခွင့်ပြုနိုင်ခြင်းရှိမရှိ မထုတ်သေးပေ။

POSCO International Corporation (Myanmar E & P) သည် မြန်မာ့ကမ်းလွန်လုပ်ကွက် A-1 နှင့် A-3 တို့ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်း၊ ရှာဖွေ၊ တူးဖော်ရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ၂၀၁၄မှစတင်၍ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံး နှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ကိုရီးယားကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ အော်ပရေတာအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုကုမ္ပဏီက ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့သိုက်အသစ်တစ်ခုကို တွေ့ရှိထားကြောင်း ကိုရီးယား ကုမ္ပဏီ Posco International က ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ထိုလုပ်ကွက်သည် လက်ရှိ တူးဖော်နေသည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၏ တောင်ဘက်ကီလိုမီတာ ၃၀ (၁၈ မိုင်)အကွာတွင်ရှိပြီး ကမ်းလွန်လုပ်ကွက် A-3၏ မဟာသဘာဝဓာတ်ငွေ့ရှာဖွေ ရေးတွင်း၌ တွေ့ရှိခြင်းဖြစ်သည် ဟု ကိုရီးယားကုမ္ပဏီက ဆိုသည်။

A-3 လုပ်ကွက်ကို ကိုရီး ယားကုမ္ပဏီများဖြစ်သည့် Posco Daewoo, KOGAS, အိန္ဒိယကုမ္ပဏီများဖြစ်သည့် ONGC Videsh, GAIL နှင့် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့က အချိုးကျပိုင်ဆိုင် ပြီး ၂၀၀၄ ဖေဖော်ဝါရီက အစိုးရ နှင့် ကုမ္ပဏီများကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Posco Daewoo သည် မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်သုံးခုကို လုပ်ကိုင်ခွင့်ရရှိထားသည်။

ရခိုင်ကမ်းလွန်ရှိ AD-7 လုပ်ကွက်ကို ဩစတြေးလျရေနံကုမ္ပဏီ Woodside, A-1 နှင့် A-3လုပ်ကွက်ကို အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကိုလည်း လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရောင်းချနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကိုရီးယား POSCO ကုမၸဏီက ေ႐ႊေတာင္တြင္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံတည္ေဆာက္မည္ဟုဆို

ကိုရီးယားကုမၸဏီ POSCO က ပဲခူးတိုင္းေဒသႀကီး ေ႐ႊေတာင္ၿမိဳတြင္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ တည္ေဆာက္လိုေၾကာင္း ဝန္ႀကီးဌာနထံ တင္ျပခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

POSCO International Corporation က ဝန္ႀကီးဌာနကို ဩဂုတ္ ၁၉ ရက္တြင္ လာေရာက္တင္ျပခဲ့ျခင္းျဖစ္ၿပီး လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းက ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုစက္႐ုံတည္ေဆာက္ရန္အတြက္ POSCO International Corporation မွ Managing Director & Senior Vice President ျဖစ္သူ Mr. Sang Hoon Lee ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕က တင္ခဲ့ၿပီး ဝန္ႀကီးဌာနက ထိုစီမံကိန္းကိုခြင့္ျပဳႏိုင္ျခင္း႐ွိမ႐ွိ မထုတ္ေသးေပ။

POSCO International Corporation (Myanmar E & P) သည္ ျမန္မာ့ကမ္းလြန္လုပ္ကြက္ A-1 ႏွင့္ A-3 တို႔ကို ၂၀၀၀ ျပည့္ႏွစ္မွ စတင္ၿပီး ေရနံႏွင့္သဘာဝဓာတ္ေငြ႕ စူးစမ္း၊ ႐ွာေဖြ၊ တူးေဖာ္ေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟုဝန္ႀကီးဌာနကထုတ္ျပန္ထားသည္။ ၂၀၁၄မွစတင္၍ သဘာဝဓာတ္ေငြ႕မ်ားကို ျပည္တြင္းသုံး ႏွင့္ ျပည္ပသို႔ တင္ပို႔ေရာင္းခ်လ်က္႐ွိသည္။ ကိုရီးယားကုမၸဏီသည္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္း၏ ေအာ္ပေရတာအျဖစ္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ထိုကုမၸဏီက ရခိုင္ကမ္းလြန္တြင္ သဘာဝဓာတ္ေငြ႕သိုက္အသစ္တစ္ခုကို ေတြ႕႐ွိထားေၾကာင္း ကိုရီးယား ကုမၸဏီ Posco International က ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ ထုတ္ျပန္ေၾကညာထားသည္။

ထိုလုပ္ကြက္သည္ လက္႐ွိ တူးေဖာ္ေနသည့္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္း၏ ေတာင္ဘက္ကီလိုမီတာ ၃၀ (၁၈ မိုင္)အကြာတြင္႐ွိၿပီး ကမ္းလြန္လုပ္ကြက္ A-3၏ မဟာသဘာဝဓာတ္ေငြ႕႐ွာေဖြ ေရးတြင္း၌ ေတြ႕႐ွိျခင္းျဖစ္သည္ ဟု ကိုရီးယားကုမၸဏီက ဆိုသည္။

A-3 လုပ္ကြက္ကို ကိုရီး ယားကုမၸဏီမ်ားျဖစ္သည့္ Posco Daewoo, KOGAS, အိႏၵိယကုမၸဏီမ်ားျဖစ္သည့္ ONGC Videsh, GAIL ႏွင့္ ျမန္မာ့ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္း (MOGE)တို႔က အခ်ိဳးက်ပိုင္ဆိုင္ ၿပီး ၂၀၀၄ ေဖေဖာ္ဝါရီက အစိုးရ ႏွင့္ ကုမၸဏီမ်ားၾကား လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

Posco Daewoo သည္ ျမန္မာ့ကမ္းလြန္တြင္ သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးလုပ္ကြက္သုံးခုကို လုပ္ကိုင္ခြင့္ရ႐ွိထားသည္။

ရခိုင္ကမ္းလြန္႐ွိ AD-7 လုပ္ကြက္ကို ဩစေၾတးလ်ေရနံကုမၸဏီ Woodside, A-1 ႏွင့္ A-3လုပ္ကြက္ကို အိႏၵိယကုမၸဏီမ်ားႏွင့္ ပူးေပါင္းလုပ္ကိုင္ျခင္းျဖစ္သည္။

လက္႐ွိတြင္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းကိုလည္း လုပ္ကိုင္ေနၿပီး တ႐ုတ္ႏိုင္ငံသို႔ သဘာဝဓာတ္ေငြ႕ ပို႔လႊတ္ေရာင္းခ်ေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service