ထားဝယ်အထူးစီးပွားရေးဇုန်တွင် အကြီးစားရေနံချက်စက်ရုံတည်ဆောက်ရန် ကုမ္ပဏီက မြေတောင်းခံ - Property News in Myanmar from iMyanmarHouse.com
817 Views

ထားဝယ်အထူးစီးပွားရေးဇုန်တွင် အကြီးစားရေနံချက်စက်ရုံတည်ဆောက်ရန် ကုမ္ပဏီက မြေတောင်းခံ

[Unicode]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် MCM ကုမ္ပဏီက ရေနံချက်စက်ရုံတည်ဆောက်ရန် စီမံကိန်းအကြို ဆောင်ရွက်လိုကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ ဒေါက်တာထွန်းနိုင်ထံ လာရောက်တင်ပြခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထိုစက်ရုံသည် မြန်မာ၌ အကြီးဆုံးရေနံချက်စက်ရုံတစ်ခုဖြစ်လာမည်ဖြစ်ပြီး လက်ရှိ ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီများကို အစားထိုးရန်ဖြစ်သည်။

ထိုကုမ္ပဏီက ပြည်ပမှ ရေနံစိမ်းများတင်သွင်းပြီး စက်ရုံဆောက်၍ ရေနံသန့်စင်မည်ဖြစ်သည်။ ထိုစီမံကိန်းနှင့် ဆိပ်ကမ်းတခုကိုလည်း ကုမ္ပဏီက ဆောက်လုပ်မည်ဖြစ်သည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကဆိုသည်။

ထိုစီမံကိန်းသည် တည်ဆောက်ရန် ဆွေးနွေးထားသည့်မှာ ကြာမြင့်ဖြစ်၍ စီမံကိန်းဖြစ်နိုင်ချေလေ့လာရန် လိုအပ်လာ၍ တင်ပြတောင်းခံလာခြင်းဖြစ်သည်ဟု ကော်မတီကဆိုသည်။

8 MMTA Refinery စီမံကိန်းဟု အမည်ပေးထားသော ရေနံချက်စက်ရုံလုပ်ငန်းအတွက် မြေနှင့်ရေ ရရှိရန် လာရောက်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကော်မတီဥက္ကဌလည်းဖြစ်သူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်ဟု ကော်မတီကဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည့် Investors နှင့် Developers များရရှိမည့် အထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများအရ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများလည်းဒုဝန်ကြီးကပြောကြားခဲ့သည်ဟု ဆိုသည်။

Myanmar Chemical & Machinery Co., Ltd –MCM ကုမ္ပဏီသည် ပြည်တွင်းရှိ ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် LNG Terminalကို လုပ်ကိုင်ခွင့်ရထားသည်။ ထိုပြင်ကျောက်ဖြူတွင်လည်း မဂ္ဂါဝပ် ၁၃၂၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို တည်ဆောင်ရန်လည်းစီစဉ်ခဲ့ဖူးသည်။ဆိုလာ၊ Biomass နှင့်လေစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို တည်ဆောက်ရန် စီစဉ်နေသည်ဟုဆိုသည်။ ထိုကုမ္ပဏီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးပစ္စည်းများ ရောင်းချနေသည့် ကုမ္ပဏီလည်းဖြစ်သည်။ ဆောက်လုပ်ရေး။ ရေဆိုးစက်ရုံများနှင့် သံမဏီ၊ ဆန်၊ပဲ စသည့် စိုက်ပျိုးရေးထုတ်ကုန်များကိုလည်း ပြည်ပတင်ပို့နေသည်ကုမ္ပဏီဖြစ်သည်။

ထိုကုမ္ပဏီကို ပြည်တွင်းဒါရိုက်တာနှစ်ဦးဖြင့်ဖွဲ့စည်းထားကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနတွင်ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီကလည်း စွမ်းအင်လုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားနေသည်ဟုဆိုသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ အႀကီးစားေရနံခ်က္စက္႐ုံတည္ေဆာက္ရန္ ကုမၸဏီက ေျမေတာင္းခံ

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ MCM ကုမၸဏီက ေရနံခ်က္စက္႐ုံတည္ေဆာက္ရန္ စီမံကိန္းအႀကိဳ ေဆာင္႐ြက္လိုေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီ၊ ဥကၠဌ ေဒါက္တာထြန္းႏိုင္ထံ လာေရာက္တင္ျပခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန က သတင္းထုတ္ျပန္သည္။

ထိုစက္႐ုံသည္ ျမန္မာ၌ အႀကီးဆုံးေရနံခ်က္စက္႐ုံတစ္ခုျဖစ္လာမည္ျဖစ္ၿပီး လက္႐ွိ ျပည္ပမွ တင္သြင္းေနရသည့္ စက္သုံးဆီမ်ားကို အစားထိုးရန္ျဖစ္သည္။

ထိုကုမၸဏီက ျပည္ပမွ ေရနံစိမ္းမ်ားတင္သြင္းၿပီး စက္႐ုံေဆာက္၍ ေရနံသန္႔စင္မည္ျဖစ္သည္။ ထိုစီမံကိန္းႏွင့္ ဆိပ္ကမ္းတခုကိုလည္း ကုမၸဏီက ေဆာက္လုပ္မည္ျဖစ္သည္ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန္႔ခြဲမႈေကာ္မတီကဆိုသည္။

ထိုစီမံကိန္းသည္ တည္ေဆာက္ရန္ ေဆြးေႏြးထားသည့္မွာ ၾကာျမင့္ျဖစ္၍ စီမံကိန္းျဖစ္ႏိုင္ေခ်ေလ့လာရန္ လိုအပ္လာ၍ တင္ျပေတာာင္းခံလာျခင္းျဖစ္သည္ဟု ေကာ္မတီကဆိုသည္။

8 MMTA Refinery စီမံကိန္းဟု အမည္ေပးထားေသာ ေရနံခ်က္စက္႐ုံလုပ္ငန္းအတြက္ ေျမႏွင့္ေရ ရ႐ွိရန္ လာေရာက္ေတာင္းဆိုခဲ့ျခင္းျဖစ္ၿပီး ေကာ္မတီဥကၠဌလည္းျဖစ္သူ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေပါင္းစပ္ေဆာင္႐ြက္ေပးခဲ့သည္ဟု ေကာ္မတီကဆိုသည္။

ထားဝယ္အထူးစီးပြားေရးဇုန္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမည့္ Investors ႏွင့္ Developers မ်ားရ႐ွိမည့္ အထူးစီးပြားေရးဇုန္ဥပေဒ၊ နည္းဥပေဒမ်ားအရ အခြင့္အလမ္းႏွင့္ အက်ိဳးေက်းဇူးမ်ားလည္းဒုဝန္ႀကီးကေျပာၾကားခဲ့သည္ဟု ဆိုသည္။

Myanmar Chemical & Machinery Co., Ltd –MCM ကုမၸဏီသည္ ျပည္တြင္း႐ွိ ေက်ာက္ျဖဴတြင္ လွ်ပ္စစ္ဓာတ္အား ၁၀၀ မဂၢါဝပ္ထုတ္လုပ္မည့္ LNG Terminalကို လုပ္ကိုင္ခြင့္ရထားသည္။ ထိုျပင္ေက်ာက္ျဖဴတြင္လည္း မဂၢါဝပ္ ၁၃၂၀ ထုတ္လုပ္မည့္ ေက်ာက္မီးေသြးသုံးဓာတ္အားေပးစက္႐ုံကို တည္ေဆာင္ရန္လည္းစီစဥ္ခဲ့ဖူးသည္။ဆိုလာ၊ Biomass ႏွင့္ေလစြမ္းအင္သုံးဓာတ္အားေပးစက္႐ုံမ်ားကို တည္ေဆာက္ရန္ စီစဥ္ေနသည္ဟုဆိုသည္။ ထိုကုမၸဏီသည္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကို ေရနံႏွင့္သဘာဝဓာတ္ေငြ႕ တူးေဖာ္ေရးပစၥည္းမ်ား ေရာင္းခ်ေနသည့္ ကုမၸဏီလည္းျဖစ္သည္။ ေဆာက္လုပ္ေရး။ ေရဆိုးစက္႐ုံမ်ားႏွင့္ သံမဏီ၊ ဆန္၊ပဲ စသည့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားကိုလည္း ျပည္ပတင္ပို႔ေနသည္ကုမၸဏီျဖစ္သည္။

ထိုကုမၸဏီကို ျပည္တြင္းဒါ႐ိုက္တာႏွစ္ဦးျဖင့္ဖြဲ႕စည္းထားေၾကာင္း ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ၫြန္ၾကားမႈဦးစီးဌာနတြင္ေဖာ္ျပထားသည္။

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ ေဟာင္ေကာင္အေျခစိုက္ V-power ကုမၸဏီကလည္း စြမ္းအင္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ စိတ္ဝင္စားေနသည္ဟုဆိုသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service