လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ငှားရမ်းခြင်း ၊ ပေးကမ်းခြင်း ၊ အမည်ပြောင်းခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားချက်များထွက်ရှိလာပြီးဖြစ်သောကြောင့် ယခင်က အရပ်စာချုပ်ဖြင့် ဝယ်ယူထားသည့် လယ်ယာမြေကို ပြန်လည်မှတ်ပုံတင် အမည်ပြောင်းရန်လိုအပ်သလား - Property Knowledge in Myanmar from iMyanmarHouse.com
1158 Views

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ငှားရမ်းခြင်း ၊ ပေးကမ်းခြင်း ၊ အမည်ပြောင်းခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားချက်များထွက်ရှိလာပြီးဖြစ်သောကြောင့် ယခင်က အရပ်စာချုပ်ဖြင့် ဝယ်ယူထားသည့် လယ်ယာမြေကို ပြန်လည်မှတ်ပုံတင် အမည်ပြောင်းရန်လိုအပ်သလား

Knowledge | Posted by Hnin Ei Khin

လယ်ယာမြေလုပ်ပိုင်ခွင့်များကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်းနှင့် လဲလှယ်ခြင်း ဖြင့် လွှဲပြောင်းခြင်းများအတွက် ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်၍ ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှေ့တွင် စာချုပ်ဆိုရန်နှင့် ယင်းစာချုပ်စာတမ်းများကို စာချုပ်စာတမ်း မှတ်ပုံတင်ခ ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းများ ပြုလုပ်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ အမည်ပြောင်းခြင်းများကို (၁.၆.၂၀၁၉) မှ စတင်ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ညွှန်ကြားချက်များထွက်ရှိလာပါသည်။ ထိုအခါတွင် ယခုမေးခွန်းပါ ယခင်တုန်ုးက မှတ်ပုံတင်မထားတဲ့ အရပ်စာချုပ်နဲ့ လယ်ယာမြေ လုပ် ပိုင်ခွင့်လွှဲပြောင်းခြင်းပြုလုပ်ထားတာတွေကို မဖြစ်မနေ အမည်ပြန်ပြောင်းရမှာလား။ မပြောင်းဘူးဆိုရင် အဲဒီ စာချုပ်တွေ တရားမဝင် ဖြစ်သွားမလားဆိုတဲ့ အချက်ဖြစ်ပါသည်။

၂၀၁၂ လယ်ယာမြေဥပဒေပြုဋ္ဌာန်းချက် ပုဒ်မ ၉ (ခ) အရ လယ်ယာမြေလုပ်ပိိုုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိထားသူဟာ လယ်ယာမြေလုပ်ပိုင်ခွင့်အား လွှဲပြောင်း၊ ပေါင်နှံ၊ ရောင်းချ၊ ပေးကမ်းပိုင်ခွင့်ရှိပါသည်။ လယ်ယာ မြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း တရားဝင်ဖြစ်စေရန်အတွက် လယ်ယာမြေနည်းဥပဒေ ၂၄ အရ လိုက်နာရမှာ ဖြစ် ကြောင်း ပြဌာန်းထားပါတယ်။ အရပ်စာချုပ်များသည် နည်းဥပဒေ ၂၄ အရ ရပ်ကျေး ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှေ့မှောက်တွင် ထိုက်သင့်တံဆိပ်ခွန်ထမ်းဆောင်၍ ချုပ်ဆိုထားသည့် စာချုပ်များ မဟုတ်ပေ။ ထို့အပြင် ချုပ်ဆိုစာချုပ်များကို ဦးစီးဌာနတွင် ရက်ပေါင်း (၁၂၀) အတွင်း တရားဝင် မှတ်ပုံတင် ဆောင်ရွက်ထားခြင်းမရှိသည့် လွှဲပြောင်းခဲ့ခြင်းဖြစ်သည့်အတွက် တရားမဝင်သောလွှဲပြောင်းမှုသာဖြစ်ပါသည်။

ယခင်စာချုပ်များသည် တံဆိပ်ခွန် မထမ်းဆောင်ခဲ့ခြင်း၊ ရပ်ကျေးလယ်စီအဖွဲ့၏ ချုပ်ဆိုခြင်းကို အတည်ပြုခဲ့မှု လုပ်ငန်းစဉ် မရှိခဲ့ခြင်း၊ ချုပ်ဆိုပြီး ရက်ပေါင်း (၁၂၀) အတွင်း ဦးစီးဌာနတွင် မှတ်ပုံမတင်ခဲ့ခြင်း ကြောင့် ဥပဒေပြဋ္ဌာန်းချက်အရ တရားဝင်စာရွက်စာတမ်း မဟုတ်ပေ။ ထို့ကြောင့် ယင်းစာချုပ်များအစား လွှဲပြောင်းမှုစာချုပ်အသစ်ပြန်လည်ချုပ်ဆိုပြီး တရားဝင်မှတ်ပုံတင်မှသာ တရားဝင်လွှဲပြောင်းခြင်းအဖြစ် ရောက်ရှိမည်ဖြစ်ပြီး သို့မှသာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)တွင် အမည်ပေါက်ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း ၊ ေပါင္ႏွံျခင္း ၊ငွားရမ္းျခင္း ၊ ေပးကမ္းျခင္း ၊ အမည္ေျပာင္းျခင္းကို ျပဳလုပ္ေဆာင္ရြက္ႏိုင္ရန္ ညႊန္ၾကားခ်က္မ်ားထြက္ရွိလာျပီးျဖစ္ေသာေၾကာင့္ ယခင္က အရပ္စာခ်ဳပ္ျဖင့္ ၀ယ္ယူထားသည့္ လယ္ယာေျမကို ျပန္လည္မွတ္ပံုတင္ အမည္ေျပာင္းရန္လိုအပ္သလား

လယ္ယာေျမလုပ္ပိုင္ခြင့္မ်ားကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ေပးကမ္းျခင္း၊ ငွားရမ္းျခင္းႏွင့္ လဲလွယ္ျခင္း ျဖင့္ လႊဲေျပာင္းျခင္းမ်ားအတြက္ ဦးစီးဌာနက သတ္မွတ္သည့္ တံဆိပ္ေခါင္းခြန္ထမ္းေဆာင္၍ ရပ္ကြက္/ေက်းရြာ လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ေ႐ွ႕တြင္ စာခ်ဳပ္ဆိုရန္ႏွင့္ ယင္းစာခ်ဳပ္စာတမ္းမ်ားကို စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခ ေပးေဆာင္၍ သက္ဆိုင္ရာၿမိဳ႕နယ္လယ္ယာေျမစာရင္းအင္းဦးစီးဌာနတြင္ မွတ္ပုံတင္ျခင္းမ်ား ျပဳလုပ္ၿပီးေနာက္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ ၇ အမည္ေျပာင္းျခင္းမ်ားကို (၁.၆.၂၀၁၉) မွ စတင္ျပဳလုပ္ႏိုင္ၿပီ ျဖစ္ေၾကာင္း ညႊန္ၾကားခ်က္မ်ားထြက္ရွိလာပါသည္။ ထိုအခါတြင္ ယခုေမးခြန္းပါ ယခင္တုႏ္ုးက မွတ္ပုံတင္မထားတဲ့ အရပ္စာခ်ဳပ္နဲ႔ လယ္ယာေျမ လုပ္ ပိုင္ခြင့္လႊဲေျပာင္းျခင္းျပဳလုပ္ထားတာေတြကို မျဖစ္မေန အမည္ျပန္ေျပာင္းရမွာလား။ မေျပာင္းဘူးဆိုရင္ အဲဒီ စာခ်ဳပ္ေတြ တရားမဝင္ ျဖစ္သြားမလားဆိုတဲ့ အခ်က္ျဖစ္ပါသည္။

၂၀၁၂ လယ္ယာေျမဥပေဒျပဳ႒ာန္းခ်က္ ပုဒ္မ ၉ (ခ) အရ လယ္ယာေျမလုပ္ပိုိုင္ခြင့္လက္မွတ္ ပုံစံ (၇) ရရွိထားသူဟာ လယ္ယာေျမလုပ္ပိုင္ခြင့္အား လႊဲေျပာင္း၊ ေပါင္ႏွံ၊ ေရာင္းခ်၊ ေပးကမ္းပိုင္ခြင့္႐ွိပါသည္။ လယ္ယာ ေျမလုပ္ပိုင္ခြင့္ လႊဲေျပာင္းျခင္း တရားဝင္ျဖစ္ေစရန္အတြက္ လယ္ယာေျမနည္းဥပေဒ ၂၄ အရ လိုက္နာရမွာ ျဖစ္ ေၾကာင္း ျပဌာန္းထားပါတယ္။ အရပ္စာခ်ဳပ္မ်ားသည္ နည္းဥပေဒ ၂၄ အရ ရပ္ေက်း ရပ္ကြက္/ေက်းရြာ လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ေ႐ွ႕ေမွာက္တြင္ ထိုက္သင့္တံဆိပ္ခြန္ထမ္းေဆာင္၍ ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္မ်ား မဟုတ္ေပ။ ထို႔အျပင္ ခ်ဳပ္ဆိုစာခ်ဳပ္မ်ားကို ဦးစီးဌာနတြင္ ရက္ေပါင္း (၁၂၀) အတြင္း တရားဝင္ မွတ္ပုံတင္ ေဆာင္ရြက္ထားျခင္းမရွိသည့္ လႊဲေျပာင္းခဲ့ျခင္းျဖစ္သည့္အတြက္ တရားမဝင္ေသာလႊဲေျပာင္းမႈသာျဖစ္ပါသည္။

ယခင္စာခ်ဳပ္မ်ားသည္ တံဆိပ္ခြန္ မထမ္းေဆာင္ခဲ့ျခင္း၊ ရပ္ေက်းလယ္စီအဖြဲ႕၏ ခ်ဳပ္ဆိုျခင္းကို အတည္ျပဳခဲ့မႈ လုပ္ငန္းစဥ္ မ႐ွိခဲ့ျခင္း၊ ခ်ဳပ္ဆိုၿပီး ရက္ေပါင္း (၁၂၀) အတြင္း ဦးစီးဌာနတြင္ မွတ္ပုံမတင္ခဲ့ျခင္း ေၾကာင့္ ဥပေဒျပ႒ာန္းခ်က္အရ တရားဝင္စာရြက္စာတမ္း မဟုတ္ေပ။ ထို႔ေၾကာင့္ ယင္းစာခ်ဳပ္မ်ားအစား လႊဲေျပာင္းမႈစာခ်ဳပ္အသစ္ျပန္လည္ခ်ဳပ္ဆိုၿပီး တရားဝင္မွတ္ပုံတင္မွသာ တရားဝင္လႊဲေျပာင္းျခင္းအျဖစ္ ေရာက္႐ွိမည္ျဖစ္ၿပီး သို႔မွသာ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ(၇)တြင္ အမည္ေပါက္ေျပာင္းလဲျခင္းကို ေဆာင္ရြက္ႏိုင္မည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service