အစုရှယ်ယာထည့်ငွေများ၏ ဝင်ငွေရလမ်း တင်ပြမှု စီမံချက်အဖွဲ့ဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
807 Views

အစုရှယ်ယာထည့်ငွေများ၏ ဝင်ငွေရလမ်း တင်ပြမှု စီမံချက်အဖွဲ့ဖြင့် ဆောင်ရွက်မည်

[Unicode]

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီများတွင် အစုရှယ်ယာထည့်ဝင်သူများ၏ ရှယ်ယာထည့်ဝင်ငွေများ အပေါ်ဝင်ငွေရလမ်း စိစစ်သည့် လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေး ကုမ္ပဏီများတွင် အစုရှယ်ယာထည့်ဝင်ခြင်းအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်းတင်ပြသည့် ကိစ္စရပ်များအား စိစစ်ခြင်း/အခွန် စည်း ကြပ်ခြင်းဆိုင်ရာ စီမံချက်အဖွဲ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သြဂုတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စီမံချက်အဖွဲ့ဖြင့် ဆောင်ရွက်သွားမည့်ကိစ္စရပ်အား စီမံချက်ကာလအဖြစ် သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ သတ်မှတ်ထားပြီး စီမံချက်ရုံးခန်းကို အမှတ် (၁၆၃/၁၆၇) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊မြေညီထပ်) တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

စီမံချက်အဖွဲ့အနေဖြင့် ဝင်ငွေရလမ်းတင်ပြသည့် ကိစ္စရပ်များအား စိစစ်ခြင်း/အခွန်စည်းကြပ်ခြင်းတို့ကို သတ်မှတ်ရက်တွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခွန်ထမ်းမှ ဝင်ငွေရလမ်းတင်ပြသည့် ကိစ္စရပ်များအတွက် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား ပြည့်စုံက အလုပ်လုပ်ရက် ၅ ရက်အတွင်း။ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ(က)အရ သတ်မှတ်ခွင့်ပြုထားသည့် အခွန်နှုန်းဖြင့် စည်းကြပ်မှုမှ ဆောင်ရွက်သည့် ကိစ္စရပ်များအတွက်လိုအပ်သည့် စာရွက်စာတမ်း၊ အထောက်အထား ပြည့်စုံပါက ရုံးချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ယင်း ကြေညာချက်နှင့်စပ်လျဉ်းပြီး မေးမြန်းစုံစမ်းလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အမှတ် -၅၉/၆၁(မြေ ညီထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ဖုန်းနံပါတ် ၀၁-၈၃၈ ၉၃၁၁ ၊ ၀၁-၈၃၈ ၉၃၂၂ (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(နေပြည်တော်) ရုံးအမှတ် (၄၆) ၊ ပြည် တွင်းအခွန်များ ဦးစီးဌာန၊ ဖုန်းနံပါတ် -၀၆၇ ၃၄၃ ၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂ သို့မဟုတ် အခွန်ဆိုင်ရာဝန် ဆောင် မှုရုံး(ရန်ကုန်) အမှတ် ၅၉/၆၁ (ပထမထပ်) ၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ ရန်ကုန် တိုင်း ဒေ သကြီး၊ ဖုန်းနံပါတ် ၀၁-၃၇၈ ၃၇၀၊ ၀၁-၃၇၈ ၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး) ၆၅ လမ်း၊ ၂၂ လမ်း×၂၃ လမ်းကြား၊ ဖုန်းနံပါတ် ၀၂- ၄၀ ၃၀ ၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အစု႐ွယ္ယာထည့္ေငြမ်ား၏ ဝင္ေငြရလမ္း တင္ျပမႈ စီမံခ်က္အဖြဲ႕ျဖင့္ ေဆာင္႐ြက္မည္

ရန္ကုန္တိုင္းေဒသႀကီးအတြင္း႐ွိ ကုမၸဏီမ်ားတြင္ အစု႐ွယ္ယာထည့္ဝင္သူမ်ား၏ ႐ွယ္ယာထည့္ဝင္ေငြမ်ား အေပၚဝင္ေငြရလမ္း စိစစ္သည့္ လုပ္ငန္းစဥ္မ်ား လြယ္ကူေခ်ာေမြ႕ေစေရး ကုမၸဏီမ်ားတြင္ အစု႐ွယ္ယာထည့္ဝင္ျခင္းအတြက္ အသုံးျပဳသည့္ ဝင္ေငြအေပၚ ဝင္ေငြရလမ္းတင္ျပသည့္ ကိစၥရပ္မ်ားအား စိစစ္ျခင္း/အခြန္ စည္း ၾကပ္ျခင္းဆိုင္ရာ စီမံခ်က္အဖြဲ႕ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၾသဂုတ္ ၁၆ ရက္တြင္ သတင္းထုတ္ျပန္သည္။

အဆိုပါ စီမံခ်က္အဖြဲ႕ျဖင့္ ေဆာင္႐ြက္သြားမည့္ကိစၥရပ္အား စီမံခ်က္ကာလအျဖစ္ ၾသဂုတ္ ၁၇ ရက္မွ စက္တင္ဘာ ၃၀ ရက္ထိ သတ္မွတ္ထားၿပီး စီမံခ်က္႐ုံးခန္းကို အမွတ္ (၁၆၃/၁၆၇) ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕၊ရန္ကုန္တိုင္းေဒသႀကီးအခြန္ဦးစီးဌာနမႉး႐ုံး၊ေျမညီထပ္) တြင္ ဖြင့္လွစ္သြားမည္ ျဖစ္သည္။

စီမံခ်က္အဖြဲ႕အေနျဖင့္ ဝင္ေငြရလမ္းတင္ျပသည့္ ကိစၥရပ္မ်ားအား စိစစ္ျခင္း/အခြန္စည္းၾကပ္ျခင္းတို႔ကို သတ္မွတ္ရက္တြင္း ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး အခြန္ထမ္းမွ ဝင္ေငြရလမ္းတင္ျပသည့္ ကိစၥရပ္မ်ားအတြက္ လိုအပ္သည့္ စာ႐ြက္စာတမ္းအေထာက္အထား ျပည့္စုံက အလုပ္လုပ္ရက္ ၅ ရက္အတြင္း။ ဝင္ေငြရလမ္းတင္ျပႏိုင္ျခင္းမ႐ွိပါက စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြအေပၚ ၂၀၁၉ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒ ပုဒ္မ ၂၅ ပုဒ္မခြဲ(က)အရ သတ္မွတ္ခြင့္ျပဳထားသည့္ အခြန္ႏႈန္းျဖင့္ စည္းၾကပ္မႈမွ ေဆာင္႐ြက္သည့္ ကိစၥရပ္မ်ားအတြက္လိုအပ္သည့္ စာ႐ြက္စာတမ္း၊ အေထာက္အထား ျပည့္စုံပါက ႐ုံးခ်ိန္အတြင္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။

ယင္း ေၾကညာခ်က္ႏွင့္စပ္လ်ဥ္းၿပီး ေမးျမန္းစုံစမ္းလိုပါက အခြန္ထမ္းဝန္ေဆာင္မႈဗဟိုအဖြဲ႕႐ုံး၊ အမွတ္ -၅၉/၆၁(ေျမ ညီထပ္)၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ဖုန္းနံပါတ္ ၀၁-၈၃၈ ၉၃၁၁ ၊ ၀၁-၈၃၈ ၉၃၂၂ (သို႔မဟုတ္) အခြန္ဆိုင္ရာ ဝန္ေဆာင္မႈ႐ုံး(ေနျပည္ေတာ္) ႐ုံးအမွတ္ (၄၆) ၊ ျပည္ တြင္းအခြန္မ်ား ဦးစီးဌာန၊ ဖုန္းနံပါတ္ -၀၆၇ ၃၄၃ ၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂ သို႔မဟုတ္ အခြန္ဆိုင္ရာဝန္ ေဆာင္ မႈ႐ုံး(ရန္ကုန္) အမွတ္ ၅၉/၆၁ (ပထမထပ္) ၊ပန္းဆိုးတန္းလမ္း၊ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ တိုင္း ေဒ သႀကီး၊ ဖုန္းနံပါတ္ ၀၁-၃၇၈ ၃၇၀၊ ၀၁-၃၇၈ ၃၇၂ (သို႔မဟုတ္) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး(မႏၲေလး) ၆၅ လမ္း၊ ၂၂ လမ္း×၂၃ လမ္းၾကား၊ ဖုန္းနံပါတ္ ၀၂- ၄၀ ၃၀ ၁၉၂ သို႔ ေမးျမန္းစုံစမ္းႏိုင္မည္ျဖစ္ေၾကာင္း ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service