စာချုပ်စာတမ်းချုပ်မည်ဆိုမှ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးရန်လိုအပ်သည့် ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
1475 Views

စာချုပ်စာတမ်းချုပ်မည်ဆိုမှ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် မှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးရန်လိုအပ်သည့် ကိစ္စ

Knowledge | Posted by Aye Myat Thu

[Unicode]

စာချုပ်ချုပ်ရာတွင် စာချုပ်သူတို့၏ အမည်၊ မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုနေကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။ စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာတို့ကို မေးမြန်းရာတွင် ထိုသူတို့၏ ပြောဆိုချက်ကိုသာ စာချုပ်တွင် ဖော်ပြရေးသားလေ့ရှိပြီး ထိုသူပြောသကဲ့သို့ ထိုသူ၏ အမည်၊ မှတ်ပုံတင် မှန်ကန်မှုရှိ/မရှိကို မစိစစ်ဘဲ အလွယ်ပြုလုပ်ချုပ်ဆိုတတ်ကျသည်။

မှတ်ပုံတင် ခဏလောက်ပြပါ ဟူ၍ တောင်းယူကြည့်ရှုရန် လိုအပ်ပြီး ထိုသို့ကြည့်ရှုစစ်ဆေးခြင်း လွန်စွာနည်းပါးသည်ကို တွေ့ရပါသည်။ တချို့ထိုသို့ တောင်းသောအခါ ရောင်းသူများက ၎င်း၏မှတ်ပုံတင် ဘယ်သူယူသွားလို့၊ ဘယ်ရောက်နေလို့ဆိုသည်များကို အကြောင်းပြပြောဆိုကာ တိုက်ဆိုင် စစ်ဆေးမှုကို ရှောင်လွဲတတ်သည်များလည်းရှိပါသည်။ ဤသို့ဆိုလျှင် အထူးသတိထားစရာ ဖြစ်ပါသည်။

နမူနာအနေဖြင့် အဖြစ်အပျက်တစ်ခုကို တင်ပြပါမည်။ မြေကွက်တစ်ကွက်ကို ရောင်းမည်ဖြစ်၍ ဝယ်မည့်သူက ပိုင်ဆိုင်ခွင့်စာချုပ် အထောက်အထားများကို တောင်းကြည့်ပါသည်။ ရောင်းသူက ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများ အားလုံးကို ပြသပါသည်။ စာချုပ်စာတမ်း အထောက်အထားများအရ ပိုင်သူ၏ အမည်သည် ဒေါ်မြင့် ဖြစ်ပါသည်။ ရောင်းသူကလည်း ၎င်းကိုယ်၎င်း ဒေါ်မြင့်ဟု ဆိုပါသည်။ ၎င်းနှင့်အတူ ရှိသူများကလည်း ၎င်းအား ဒေါ်မြင့် ဟူ၍ ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ ထို့ကြောင့် စာချုပ်စာတမ်း ပိုင်ခွင့်များကို ပြသနေသူမှာ ဒေါ်မြင့်ပင်ဖြစ်သည်ဟု ယူဆစရာ ဖြစ်ပါသည်။

ပြသသော စာချုပ်စာတမ်းများ အထောက်အထားများ အခိုင်အမာအစစ်အမှန် ဖြစ်သည်ကို စိတ်ချ ယုံကြည်သဖြင့် ဝယ်သူက ဝယ်ရန်သဘောတူပါသည်။ ထိုနောက် ရောင်းဖိုးငွေအနက် စရန်အားစာချုပ်ချုပ်ဆို ပေးအပ်ခဲ့ပြီး အဆိုပါဒေါ်မြင့်ဆိုသူမှ စရန်ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရယူသွားပါသည်။

အထက်ပါ ကိစ္စရပ်တွင် စာချုပ်စာတမ်း အစစ်အမှန်များ ပြသနိုင်သည့် အတွက် ပိုင်ဆိုင်သူ အစစ်အမှန် ပုဂ္ဂိုလ်ဟု ထင်မြင်ယူဆကာ ဒေါ်မြင့် အမှတ်နှင့် စာချုပ်ပြုလုပ်၍ စရန်ငွေများ ပေးချေလိုက်ခြင်းဖြစ်ပါသည်။ ပစ္စည်းနှင့်ပတ်သက်သည့် စာချုပ်စာတမ်းများကိုသာ ဟုတ်/မဟုတ် ၊ မှန်/မမှန် စိစစ်ကြည့်ပြီး ရောင်းသူနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်အစစ် ဟုတ်/မဟုတ် ၊ မှန်/မမှန်ကို မစိစစ်မိခဲ့သည့်အတွက် ဆုံးရှုံးမှုဖြစ်ပွားသည့် အဖြစ်အပျက်များ များစွာရှိပါသည်။

ပိုင်ဆိုင်မှုစာရွက်စာတမ်းဖြစ်သည့် ဂရန်၊ စာချုပ်စာတမ်းများတွင် ဖော်ပြထားသည့် မှတ်ပုံတင် အမှတ်နှင့် မှတ်ပုံတင်မူရင်းတွင် ဖော်ပြထားသည့် မှတ်ပုံတင်အမှတ် မှားယွင်းမှုများလည်းရှိ တတ်သည်။ ထိုသို့ မတူညီဘဲ မှားယွင်းမှုများရှိနေပါလည်း ရောင်းသူအား မှားယွင်းမှုကို သတ်ဆိုင်ရာ ဌာနဆိုင်ရာတွင် အမှန်ပြင်ဆင်ပေးရန် ဆောင်ရွက်ခိုင်းရမည်ဖြစ်သည်။ သို့မှသာ မိမိဝယ်ယူပြီးသည့်အခါတွင် ပိုင်ဆိုင်မှုခိုင်မာရန် အတွက် ရှေ့ဆက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။

ထို့ကြောင့် စာချုပ်ချုပ်ဆိုခြင်းမပြုမီ မှတ်ပုံတင်ကို အားမနာဘဲ တောင်းယူ၍ ပိုင်ဆိုင်မှုစာရွက် စာတမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်ရှုပြီးမှသာ စာချုပ်ချုပ်ဆိုသင့်ကြောင်း သတိပေးရခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စာခ်ဳပ္စာတမ္းခ်ဳပ္မည္ဆိုမွ ပိုင္ဆိုင္မႈစာရြက္စာတမ္းမ်ားႏွင့္ မွတ္ပုံတင္ကို တိုက္ဆိုင္စစ္ေဆးရန္လိုအပ္သည့္ ကိစၥ

စာခ်ဳပ္ခ်ဳပ္ရာတြင္ စာခ်ဳပ္သူတို႔၏ အမည္၊ မွတ္ပုံတင္တို႔ကို စာခ်ဳပ္ခ်ဳပ္သူမ်ား ကိုယ္တိုင္က မစိစစ္ဘဲ ခ်ဳပ္ဆိုေနၾကသည့္ ကိစၥရပ္ပင္ ျဖစ္သည္။ စာခ်ဳပ္ခ်ဳပ္ေပးသူ၊ ေရးေပးသူမ်ားသည္ စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား၏ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာတို႔ကို ေမးျမန္းရာတြင္ ထိုသူတို႔၏ ေျပာဆိုခ်က္ကိုသာ စာခ်ဳပ္တြင္ ေဖာ္ျပေရးသားေလ့႐ွိၿပီး ထိုသူေျပာသကဲ့သို႔ ထိုသူ၏ အမည္၊ မွတ္ပုံတင္ မွန္ကန္မႈရွိ/မရွိကို မစိစစ္ဘဲ အလြယ္ျပဳလုပ္ခ်ဳပ္ဆိုတတ္က်သည္။

မွတ္ပုံတင္ ခဏေလာက္ျပပါ ဟူ၍ ေတာင္းယူၾကည့္ရႈရန္ လိုအပ္ၿပီး ထိုသုိ႔ၾကည့္ရႈစစ္ေဆးျခင္း လြန္စြာနည္းပါးသည္ကို ေတြ႕ရပါသည္။ တခ်ိဳ႕ထိုသို႔ ေတာင္းေသာအခါ ေရာင္းသူမ်ားက ၎၏မွတ္ပုံတင္ ဘယ္သူယူသြားလို႔၊ ဘယ္ေရာက္ေနလို႔ဆိုသည္မ်ားကို အေၾကာင္းျပေျပာဆိုကာ တိုက္ဆိုင္ စစ္ေဆးမႈကို ေ႐ွာင္လြဲတတ္သည္မ်ားလည္း႐ွိပါသည္။ ဤသို႔ဆိုလွ်င္ အထူးသတိထားစရာ ျဖစ္ပါသည္။

နမူနာအေနျဖင့္ အျဖစ္အပ်က္တစ္ခုကို တင္ျပပါမည္။ ေျမကြက္တစ္ကြက္ကို ေရာင္းမည္ျဖစ္၍ ဝယ္မည့္သူက ပိုင္ဆိုင္ခြင့္စာခ်ဳပ္ အေထာက္အထားမ်ားကို ေတာင္းၾကည့္ပါသည္။ ေရာင္းသူက ပိုင္ဆိုင္ခြင့္ စာခ်ဳပ္စာတမ္းမ်ား အားလုံးကို ျပသပါသည္။ စာခ်ဳပ္စာတမ္း အေထာက္အထားမ်ားအရ ပိုင္သူ၏ အမည္သည္ ေဒၚျမင့္ ျဖစ္ပါသည္။ ေရာင္းသူကလည္း ၎ကိုယ္၎ ေဒၚျမင့္ဟု ဆိုပါသည္။ ၎ႏွင့္အတူ ႐ွိသူမ်ားကလည္း ၎အား ေဒၚျမင့္ ဟူ၍ ေခၚေဝၚသုံးႏႈန္းၾကပါသည္။ ထို႔ေၾကာင့္ စာခ်ဳပ္စာတမ္း ပိုင္ခြင့္မ်ားကို ျပသေနသူမွာ ေဒၚျမင့္ပင္ျဖစ္သည္ဟု ယူဆစရာ ျဖစ္ပါသည္။

ျပသေသာ စာခ်ဳပ္စာတမ္းမ်ား အေထာက္အထားမ်ား အခိုင္အမာအစစ္အမွန္ ျဖစ္သည္ကို စိတ္ခ် ယုံၾကည္သျဖင့္ ဝယ္သူက ဝယ္ရန္သေဘာတူပါသည္။ ထိုေနာက္ ေရာင္းဖိုးေငြအနက္ စရန္အားစာခ်ဳပ္ခ်ဳပ္ဆို ေပးအပ္ခဲ့ၿပီး အဆိုပါေဒၚျမင့္ဆိုသူမွ စရန္ေငြလက္ခံရရွိေၾကာင္း လက္မွတ္ထိုးရယူသြားပါသည္။

အထက္ပါ ကိစၥရပ္တြင္ စာခ်ဳပ္စာတမ္း အစစ္အမွန္မ်ား ျပသႏိုင္သည့္ အတြက္ ပိုင္ဆိုင္သူ အစစ္အမွန္ ပုဂၢိဳလ္ဟု ထင္ျမင္ယူဆကာ ေဒၚျမင့္ အမွတ္ႏွင့္ စာခ်ဳပ္ျပဳလုပ္၍ စရန္ေငြမ်ား ေပးေခ်လိုက္ျခင္းျဖစ္ပါသည္။ ပစၥည္းႏွင့္ပတ္သက္သည့္ စာခ်ဳပ္စာတမ္းမ်ားကိုသာ ဟုတ္/မဟုတ္ ၊ မွန္/မမွန္ စိစစ္ၾကည့္ၿပီး ေရာင္းသူႏွင့္ ပတ္သက္သည့္ လူပုဂၢိဳလ္အစစ္ ဟုတ္/မဟုတ္ ၊ မွန္/မမွန္ကို မစိစစ္မိခဲ့သည့္အတြက္ ဆံုးရႈံးမႈျဖစ္ပြားသည့္ အျဖစ္အပ်က္မ်ား မ်ားစြာရွိပါသည္။

ပိုင္ဆိုင္မႈစာရြက္စာတမ္းျဖစ္သည့္ ဂရန္၊ စာခ်ဳပ္စာတမ္းမ်ားတြင္ ေဖာ္ျပထားသည့္ မွတ္ပံုတင္ အမွတ္ႏွင့္ မွတ္ပံုတင္မူရင္းတြင္ ေဖာ္ျပထားသည့္ မွတ္ပံုတင္အမွတ္ မွားယြင္းမႈမ်ားလည္းရွိ တတ္သည္။ ထိုသို႔ မတူညီဘဲ မွားယြင္းမႈမ်ားရွိေနပါလည္း ေရာင္းသူအား မွားယြင္းမႈကို သတ္ဆိုင္ရာ ဌာနဆိုင္ရာတြင္ အမွန္ျပင္ဆင္ေပးရန္ ေဆာင္ရြက္ခိုင္းရမည္ျဖစ္သည္။ သို႔မွသာ မိမိ၀ယ္ယူၿပီးသည့္အခါတြင္ ပိုင္ဆိုင္မႈခိုင္မာရန္ အတြက္ ေရွ႕ဆက္ေဆာင္ရြက္သည့္ လုပ္ငန္းစဥ္မ်ား အဆင္ေျပေခ်ာေမြ႕မည္ျဖစ္ပါသည္။

ထို႔ေၾကာင့္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမျပဳမီ မွတ္ပံုတင္ကို အားမနာဘဲ ေတာင္းယူ၍ ပိုင္ဆိုင္မႈစာရြက္ စာတမ္းမ်ားျဖင့္ တိုက္ဆိုင္စစ္ေဆးၾကည့္ရႈၿပီးမွသာ စာခ်ဳပ္ခ်ဳပ္ဆိုသင့္ေၾကာင္း သတိေပးရျခင္းျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....

Upcoming Property Events

mya-villa
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service