အစိုးရချေးငွေရယူရန်လျှောက်ထားသည့် SME လုပ်ငန်း ၃၀၀ ခန့်ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
1146 Views

အစိုးရချေးငွေရယူရန်လျှောက်ထားသည့် SME လုပ်ငန်း ၃၀၀ ခန့်ရှိဟုဆို

[Unicode]

COVID-19 ချေးငွေ ဒုတိယအသုတ်လျှောက်ထားရာတွင် ရန်ကုန်တိုင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းလျှောက်လွှာ ၃၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်း စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနက သြဂုတ် ၆ ရက်တွင် ထုတ်ပြန်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဒုတိယအသုတ်ချေးငွေအတွက် ပထမအရစ်ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလီယံနှင့် တတိယအရစ် ကျပ် ၃၀ ဘီလီယံခွဲဝေ အသုံးပြုမည်ဟု ကြေညာထားသည်။

‘‘အခုတစ်ပတ်ကစပြီးစစ် နေတာပေါ့။ သူ့ Sector အလိုက် စိစစ်ရတယ်။ အခု အသေးစား၊ အလတ်စား လုပ်ငန်းတွေဆို လာလျှောက်တာရာနဲ့ချီရှိတယ်။ ဒါပေမဲ့ သတ်မှတ်ချက်နဲ့မညီတာ တွေလည်းပါနေတယ်’’ ဟု ရန် ကုန်တိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတာဝန်ရှိသူက ပြောသည်။

ဒုတိယအကြိမ် ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ချေးမည် ဖြစ်သည်။ ဇူလိုင် ၂၉ ရက်ကစ၍ ချေးငွေလျှောက်လွှာများ စတင် လက်ခံခဲ့ပြီး သြဂုတ် ၁၀ ရက် တွင် နောက်ဆုံးထား လျှောက်ရမည်ဖြစ်သည်။

COVID-19 ကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် အစိုးရက လက်ခစား လုပ်ငန်း(CMP)၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (SME) လုပ်ငန်းများကို ပထမအကြိမ် ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ပေးခဲ့သည်။ ထိုချေးငွေသည် သက်တမ်းတစ်နှစ်ဖြစ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြစ်သည်။

ထိုပထမအကြိမ် COVID- 19 ရန်ပုံငွေမှ ခုနစ်ကြိမ်မြောက် ချေးငွေ ထုတ်ပေးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၄၀၀ ကျော်ကို ချေးငွေ ၁၀၀ ဘီလီယံ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ချေးငွေပေးရန် လုပ်ငန်းရှင်များကတောင်းဆိုနေသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းက ဆောက်လုပ်ရေး လုပ်ငန်းများအတွက် စီမံကိန်း၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ချေးငွေချပေးရန် ဇူလိုင် ၃ ရက်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံတောင်းဆိုခဲ့သည်။ ထို့အပြင် ဈေးကွက် တုံ့ပြန်မှုအပေါ်မူတည် ၍ COVID-19 ရန်ပုံငွေ ပမာဏ ကို ကျပ်ငွေဘီလီယံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်ရန်လည်း အစိုးရက စီစဉ်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အစိုးရေခ်းေငြရယူရန္ေလွ်ာက္ထားသည့္ SME လုပ္္ငန္း ၃၀၀ ခန္႔႐ွိဟုဆို

COVID-19 ေခ်းေငြ ဒုတိယအသုတ္ေလွ်ာက္ထားရာတြင္ ရန္ကုန္တိုင္း႐ွိ အေသးစား၊ အလတ္စားႏွင့္ အငယ္စားစီးပြားေရးလုပ္ငန္းေလွ်ာက္လႊာ ၃၀၀ ခန္႔႐ွိေၾကာင္း ရန္ကုန္တိုင္း စက္မႈ ႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရး ဦးစီးဌာနက ၾသဂုတ္ ၆ ရက္တြင္ ထုတ္ျပန္သည္။

COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီက ဒုတိယအသုတ္ေခ်းေငြအတြက္ ပထမအရစ္က်ပ္ ၃၅ ဘီလီယံ၊ ဒုတိယအရစ္ က်ပ္ ၃၅ ဘီလီယံႏွင့္ တတိယအရစ္ က်ပ္ ၃၀ ဘီလီယံခြဲေဝ အသုံးျပဳမည္ဟု ေၾကညာထားသည္။

‘‘အခုတစ္ပတ္ကစၿပီးစစ္ ေနတာေပါ့။ သူ႕ Sector အလိုက္ စိစစ္ရတယ္။ အခု အေသးစား၊ အလတ္စား လုပ္ငန္းေတြဆို လာေလွ်ာက္တာရာနဲ႔ခ်ီ႐ွိတယ္။ ဒါေပမဲ့ သတ္မွတ္ခ်က္နဲ႔မညီတာ ေတြလည္းပါေနတယ္’’ ဟု ရန္ ကုန္တိုင္းစက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနတာဝန္႐ွိသူက ေျပာသည္။

ဒုတိယအႀကိမ္ ေခ်းေငြကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ ျပည္ပပို႔ကုန္ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ သြင္းကုန္ အစားထိုးပစၥည္းထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္တြင္းထုတ္လုပ္မႈမွ ျပည္ပတင္ပို႔သည္အထိ ထုတ္လုပ္မႈ ကြင္းဆက္ (Supply Chain) တစ္ေလွ်ာက္ ပါဝင္ေဆာင္႐ြက္သည့္ လုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းမ်ားသို႔ ထုတ္ေခ်းမည္ ျဖစ္သည္။ ဇူလိုင္ ၂၉ ရက္ကစ၍ ေခ်းေငြေလွ်ာက္လႊာမ်ား စတင္ လက္ခံခဲ့ၿပီး ၾသဂုတ္ ၁၀ ရက္ တြင္ ေနာက္ဆုံးထား ေလွ်ာက္ရမည္ျဖစ္သည္။

COVID-19 ေၾကာင့္ထိခိုက္သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ကုစားရန္ အစိုးရက လက္ခစား လုပ္ငန္း(CMP)၊ ဟိုတယ္ႏွင့္ခရီး သြားလုပ္ငန္းႏွင့္ အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္း (SME) လုပ္ငန္းမ်ားကို ပထမအၾကိမ္ ေခ်းေငြ က်ပ္ဘီလီယံ ၁၀၀ ထုတ္ေပးခဲ့သည္။ ထိုေခ်းေငြသည္ သက္တမ္းတစ္ႏွစ္ျဖစ္ၿပီး အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖစ္သည္။

ထိုပထမအႀကိမ္ COVID- 19 ရန္ပုံေငြမွ ခုနစ္ႀကိမ္ေျမာက္ ေခ်းေငြ ထုတ္ေပးႏိုင္ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံတစ္ဝန္း႐ွိ လုပ္ငန္းေပါင္း ၃၄၀၀ ေက်ာ္ကို ေခ်းေငြ ၁၀၀ ဘီလီယံ ထုတ္ေပးခဲ့ျခင္း ျဖစ္သည္။ ဒုတိယအႀကိမ္ေခ်းေငြ ထုတ္ေပးရာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ေခ်းေငြေပးရန္ လုပ္ငန္း႐ွင္မ်ားကေတာင္းဆိုေနသည္။ ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ဦး႐ွိန္ဝင္းက ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအတြက္ စီမံကိန္း၏ ၂၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းအထိ ေခ်းေငြခ်ေပးရန္ ဇူလိုင္ ၃ ရက္တြင္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထံေတာင္းဆိုခဲ့သည္။ ထို႔အျပင္ ေဈးကြက္ တုံ႔ျပန္မႈအေပၚမူတည္ ၍ COVID-19 ရန္ပုံေငြ ပမာဏ ကို က်ပ္ေငြဘီလီယံ ၂၀၀ မွ ၅၀၀ အထိ တိုးျမႇင့္ရန္လည္း အစိုးရက စီစဥ္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service