လယ်ယာမြေဥပဒေ၏ အနှစ်သာရများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
3137 Views
လယ်ယာမြေဥပဒေ၏ အနှစ်သာရများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)အကြောင်း
Knowledge | Posted by Shwe Zin Win
[Unicode]
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၏ အနှစ်သာရမှာ
(၁) လက်ရှိအသုံးပြုခွင့် ရရှိထားသောလယ်ယာမြေများ
(၂) ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် အသစ်ဖော်ထုတ်သော လယ်ယာမြေများ
(၃) လွှဲပြောင်းလက်ခံ၊ အမွေဆက်ခံသော လယ်ယာမြေများ
(၄) မြေလွတ်၊ မြေလပ်၊ မြေရိုင်းမှ ပြောင်းလဲသတ်မှတ်သော လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးခြင်း ဖြစ်ပါသည်။ (လယ်ယာမြေ လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်ပြီး ပိုင်ဆိုင်ခွင့်ပေးခြင်း မဟုတ်ပါ။) ၎င်းလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)သည် တောင်သူလယ်သမားဦးကြီးများအတွက် သားစဉ်မြေးဆက် ဘဝအာမခံချက်ရရှိသော ခိုင်မာသော အထောက်အထားတစ်ရပ်ဖြစ်ပါသည်။ ဤဥပဒေ မပြဌာန်းမီက တောင်သူလယ်သမားများ၏လက်ဝယ်တွင် ဦးပိုင်တစ်ခုအတွက် တစ်နှစ်လျှင် တစ်ကြိမ် ထုတ်ပေးလေ့ရှိသော မြေခွန်ပြေစာ (မြေစာရင်း ပုံစံ-၈) ဖြစ်ဖို့သာ ရှိကြပါသည်။၎င်းဖြတ်ပိုင်းသည် ဆိုင်ရာနှစ်အတွက် စိုက်ပျိုးသည့် သီးနှံအလိုက် မြေခွန်တော် စည်းကြပ်ခံရသည့် ပြေစာသဘောမျိး ဖြစ်၍ ပိုင်ဆိုင်မှုအထောက်အထားမဟုတ်ပါ။
မြေစာရင်းပုံစံ (၁၀၅/၁၀၆)က မြေပိုင်ဆိုင်မှုလား
အများသူငှာ သိရှိထားကြသည့် ပုံစံ(၁၀၅)သည်လည်း ပိုင်ဆိုင်မှုအထောက်အထားမဟုတ်ပါ။ မြေစာရင်းပုံစံ(၁၀၅)ဟုခေါ်တွင်ပါသည်။ ဦးပိုင်လုပ်ကွက်တစ်ခု၊ သို့မဟုတ် မြေကွက်တစ်ကွက်၊ သို့မဟုတ် မြေဧရိယာတစ်ခု၏ အကျယ်အဝန်းကို သတ်မှတ်ထားသော မြေပုံစကေးတစ်မျိုးမျိုးဖြင့် ရေးဆွဲထားသော သက်သေခံမြေပုံဖြစ်ပါသည်။ မြေစာရင်းပုံစံ(၁၀၆)မှာမူ အဆိုပါ ဦးပိုင်လုပ်ကွက်၊ သို့မဟုတ် မြေကွက်တစ်ကွက် သို့မဟုတ် မြေဧရိယာတစ်ခုခု၏ အဆင့်ဆင့်ပြောင်းလဲမှုမြေရာဇဝင်ဖြစ်ပါသည်။
မြေစာရင်းပုံစံ (၁၀၅-၁၀၆)သည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းသို့ မိမိတ်ို့လျှောက်ထားအသုံးပြုစေလိုသော ကိစ္စရပ်အတွက် ပူးတွဲရမည့်စာရွက်စာတမ်းမျှသာဖြစ်၍ ၎င်းတို့ကိုလက်ဝယ်ကိုင်ဆောင်ထားရုံနှင့် ပိုင်ဆိုင်စိတ်ချရပြီဟု မမှတ်ယူသင့်ပါ။ မည်သူမဆို လယ်ယာမြေအား ဝယ်ယူပြီး ခြံစည်းရိုးခတ်ရုံနှင့် လုံခြုံစိတ်ချမနေသင့်ပါ။ မိမိပိုင်ဆိုင်သည့်လယ်ယာမြေကို မိမိပိုင်ဆိုင်သည် မိမိလုပ်ချင်ရာလုပ်မည်ဟု တစ်ထစ်ချမှတ်ယူ၍မရပါ။ မိမိဝယ်ယူရရှိထားသော လယ်ယာမြေနှင့်ပက်သက်၍ ခိုင်မာသော အထောက်အထားတစ်ရပ်ဖြစ်သည့်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)လက်ဝယ်ကိုင်ဆောင်ထားဖို့လိုပါသည်။ ၎င်းလက်မှတ်ရှိမှ ရောင်းချ၊ပေါင်နှံ၊ ပေးကမ်း၊ငှားရမ်း၊ လဲလှယ်ခြင်းစသည့် လွှဲပြောင်းခြင်းအမျိုးမျိုးကို တရားဝင်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် လယ်ယာမြေကို အခြားနည်းအသုံးပြုခြင်း။သီးနှံစိုက်ပျိုးပြောင်းလဲခြင်းအတွက် ဥပဒေနှင့်အညီ လျှောက်ထားခွင့်ရှိပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service