၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန် ရည်ရွယ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
949 Views

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန် ရည်ရွယ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြော

[Unicode]

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန် ရည်ရွယ်ထားကြောင်း လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက်က ကျင်းပသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံ ကိန်း ဒုတိယအဆင့်ကျေးရွာ(၄၇၀၀)အတွက် ကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းတို့အတွက်တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လဲလှယ်ခြင်းအခမ်းအနားတွင်ပြောကြားထားခြင်းဖြစ်သည်။

အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project) ကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၃၁၀ ရယူခဲ့ပြီး NEP-I စီမံကိန်းအဖြစ် ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ပဲခူး (အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသ ကြီးများအတွင်းရှိ ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာတို့အား ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့်တွင် ပထမအဆင့်မှ ကယား၊ ကရင်နှင့် ရန်ကုန်တို့ကလွဲပြီး ဓာတ်အားစနစ်မှ ၃ မိုင်အတွင်း ကျေးရွာ ၄၇၀၀ ရွာကို လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

NEP-II စီမံကိန်းအတွက် ချေးငွေရယူနိုင်ရေးကိစ္စရပ်များကိုလည်း ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းလျက်ရှိပြီး ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ၁၇၁.၂၇ သန်း ချေးယူရေးကို ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီးဖြစ်၍ ယင်းစီမံကိန်းဆောင်ရွက်ပြီးပါက ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကျေးရွာ (၂၈၁၅) ရွာနှင့် အိမ်ထောင်စု (၄၀၀,၃၀၀)စုတို့တွင် အကျိုးခံစားကြရမည်ဖြစ်ပါကြောင်းသိရသည်။

အဆိုပါစီမံကိန်းတို့ကို ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၇၅ ရာခိုင်နှုန်း နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာနှုန်းပြည့် မီးလင်းရေး ရည်မှန်းချက်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

၂၀၃၀ ျပည့္ႏွစ္တြင္ ျမန္မာနိုင္ငံအတြင္း ေနရာေဒသမ်ားအားလုံး လၽွပ္စစ္ဓာတ္အား အျပည့္အဝရရွိေစရန္ ရည္ရြယ္ထားေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေျပာ

၂၀၃၀ ျပည့္ႏွစ္တြင္ ျမန္မာနိုင္ငံအတြင္း ေနရာေဒသမ်ားအားလုံး လၽွပ္စစ္ဓာတ္အား အျပည့္အဝရရွိေစရန္ ရည္ရြယ္ထားေၾကာင္း လၽွပ္ စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးဝင္းခိုင္က ၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ (၅) ရက္က က်င္းပေသာ လၽွပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန၊ လၽွပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးလုပ္ငန္းမွ ကမၻာ့ဘဏ္ေခ်းေငြျဖင့္ ေဆာင္ရြက္သည့္ အမ်ိဳးသားလၽွပ္စစ္ဓာတ္အားရရွိေရး စီမံကိန္း ဒုတိယအဆင့္ေက်းရြာ(၄၇၀၀)အတြက္ ကြန္ကရစ္တိုင္ဝယ္ယူေရးႏွင့္ တည္ေဆာက္ေရးလုပ္ငန္းတို႔အတြက္တင္ဒါေအာင္ျမင္ခဲ့ေသာ ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္လဲလွယ္ျခင္းအခမ္းအနားတြင္ေျပာၾကားထားျခင္းျဖစ္သည္။

အမ်ိဳးသားလၽွပ္စစ္ဓာတ္အားရရွိေရးစီမံကိန္း (National Electrification Project) ကို ကမၻာ့ဘဏ္ေခ်းေငြ အေမရိကန္ ေဒၚလာသန္း ၃၁၀ ရယူခဲ့ၿပီး NEP-I စီမံကိန္းအျဖစ္ ပထမအဆင့္အေနျဖင့္ ျပည္ေထာင္စုနယ္ေၿမ (ေနျပည္ေတာ္)၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း၊ ေျမာက္ပိုင္း၊ အေရွ႕ပိုင္း)၊ စစ္ကိုင္း၊ ပဲခူး (အေရွ႕ပိုင္း၊ အေနာက္ပိုင္း)၊ မေကြး၊ မႏၲေလး၊ ရန္ကုန္ႏွင့္ ဧရာဝတီတိုင္းေဒသ ႀကီးမ်ားအတြင္းရွိ ဓာတ္အားစနစ္မွ ၂ မိုင္အတြင္း ေက်းရြာ ၅၀၈၀ ရြာတို႔အား ေဆာင္ရြက္ခဲ့ၿပီး ဒုတိယအဆင့္တြင္ ပထမအဆင့္မွ ကယား၊ ကရင္ႏွင့္ ရန္ကုန္တို႔ကလြဲၿပီး ဓာတ္အားစနစ္မွ ၃ မိုင္အတြင္း ေက်းရြာ ၄၇၀၀ ရြာကို လၽွပ္စစ္ဓာတ္အားရရွိေစရန္ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း သိရသည္။

NEP-II စီမံကိန္းအတြက္ ေခ်းေငြရယူနိုင္ေရးကိစၥရပ္မ်ားကိုလည္း ကမၻာ့ဘဏ္ႏွင့္ ညႇိႏွိုင္းလ်က္ရွိၿပီး ေက်းလက္ေဒသ လၽွပ္စစ္ဓာတ္အားရရွိမႈ အဆင့္ျမႇင့္တင္ေရးစီမံကိန္းအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)ထံမွ အေမရိကန္ေဒၚလာ၁၇၁.၂၇ သန္း ေခ်းယူေရးကို ဒုတိယ အႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳေပးခဲ့ၿပီးျဖစ္၍ ယင္းစီမံကိန္းေဆာင္ရြက္ၿပီးပါက ကရင္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး (အေရွ႕ပိုင္း)၊ မေကြးတိုင္းေဒသႀကီး ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔ရွိ ေက်းရြာ (၂၈၁၅) ရြာႏွင့္ အိမ္ေထာင္စု (၄၀၀,၃၀၀)စုတို႔တြင္ အက်ိဳးခံစားၾကရမည္ျဖစ္ပါေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းတို႔ကို ေပါင္းစပ္ေဆာင္ရြက္သြားမည္ျဖစ္ရာ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ တစ္နိုင္ငံလုံး၏ ၅၅ ရာခိုင္ႏႈန္း၊ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္ ၇၅ ရာခိုင္ႏႈန္း ႏွင့္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္နိုင္ငံလုံး ၁၀၀ ရာႏႈန္းျပည့္ မီးလင္းေရး ရည္မွန္းခ်က္ထားေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service