မြေဂရန်အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
5021 Views

မြေဂရန်အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက်မလဲ

Knowledge | Posted by Shwe Zin Win

''မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''

မိတ်ဆွေတစ်ဦးက စာရေးသူ ရှိရာရုံးခန်းသို့ ရောက်ရှိလာပြီး ဆွေးနွေး ခြင်းဖြစ်သည်။

''ဦးတင်က မြေကွက်ဝယ်ထားလို့လား''

''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''

''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား''

''အခုက စုံစမ်းရုံအဆင့်ပဲဆိုတော့ ဂရန်ဓာတ်ပုံမိတ္တူမရခဲ့သေးဘူး''

''စရန်ငွေမချရသေးဘူးပေါ့''

''ဟုတ်ပါတယ် ဆရာ။ ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ ဆရာ့ဆီဝင်လာတာ''

''မြေဂရန်မှာ ရောင်းမယ်ဆိုသူ ရဲ့ အမည်ပေါက်လား''

''အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူအမည်ပေါက်လို့ ပြောတယ်ထင်တယ်။ ဂရန်အမည်ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ''

''ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက်ဆိုရင်တော့ လုပ် ဆောင်ရမယ့် အဆင့်က နည်းနည်းသက်သာသွားတာပေါ့။ ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။ မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့်ရောင်းတာလည်း ရှိတတ်တယ်''

''ပထမဆုံးဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ''

''ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူမပေးရင်တော့ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်းအတာ၊ နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီး ရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်''

''အချို့ မြေကွက်တွေက ကန့်ကွက်ထားတာတွေလည်း ရှိတတ်တယ်လို့ ပြောတယ် ဟုတ်ပါသလား''

''ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်း သူအမည်နဲ့ ဂရန်မှာ အမည်ပေါက်နေသလား။ ကန့်ကွက်သူရှိမရှိ၊ ဂရန် သက်တမ်းကုန်မကုန်ဆိုတဲ့အချက်တွေကို အဓိကစုံစမ်းရမှာဖြစ်တယ်''

''ဒီအချက်တွေ ပြည့်စုံရင် အရောင်းအဝယ်လုပ်လို့ရပြီလား''

''မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေး ဘူးဖြစ်မယ်။ ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် 'စရန်ပေးစာချုပ်ချုပ် ဆိုလို့ရပြီပေါ့''

''အရောင်းအဝယ်စရန်ပေး စာချုပ်ချုပ်ဆိုပြီးပြီဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက်ရပါသလဲ''

''အဆင့်တွေကတော့များတယ်၊ ဦးတင်နားလည်အောင် ပြောရရင်- ၁။ ဂရန်အမည်ပေါက်သူထံက တိုက်ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။

၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ် ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြလျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်း ဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ်ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုး (၁) ကျပ်မှ၊ ကျပ်သိန်း ၃ဝဝ ထိ - ၁၅ ရာခိုင်နှုန်း။ ကျပ်သိန်း ၃ဝ၁ ကျပ် မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင်နှုန်း။ ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်၍ အခွန်ငွေထမ်းဆောင်ရပါတယ်။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ်မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာ ခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။ တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက်ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ဝယ်သူနဲ့ သက်သေနှစ်ဦး၊ လက်မှတ်ရေးထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင်အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ''

''မြေဂရန်အမည်ပြောင်းမယ် ဆိုရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ''

''အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါ တယ်။ မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော်ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။ ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်''

''ကျေးဇူးပဲ ဆရာ၊ အခုလို သိထားတော့ ဝယ်သူအနေနဲ့ စိစစ်ပြီး စိတ်အေးရတာပေါ့''ဟု ပြောကာ ညဏ်ပူဇော်ခပါဆိုပြီး ငွေကျပ်ငါး သောင်း ပေးသွားခဲ့ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ေျမဂရန္အမည္ေပါက္ရေအာင္ ဘယ္လိုေဆာင္ရြက္မလဲ

''ေျမဂရန္အမည္ေပါက္ရ ေအာင္ ဘယ္လုိေဆာင္ရြက္ရမလဲဆုိတာ သိခ်င္လုိ႔ပါ ဆရာ''

မိတ္ေဆြတစ္ဦးက စာေရးသူ ရွိရာ႐ုံးခန္းသုိ႔ ေရာက္ရွိလာၿပီး ေဆြးေႏြး ျခင္းျဖစ္သည္။

''ဦးတင္က ေျမကြက္ဝယ္ထားလုိ႔လား''

''ဟုတ္ကဲ့ ဆရာ၊ အိမ္ကေတာ့ ပ်ဥ္ေထာင္အိမ္ေလးေတာ့ပါတယ္ ေျပာတယ္။ ေျမကြက္က ဂရန္ေျမ ကြက္ဆုိေတာ့ ဝယ္ထားရင္ေကာင္း မလားလုိ႔''

''ဂရန္ ဓာတ္ပုံမိတၱဴ ပါမလာဘူး လား''

''အခုက စုံစမ္း႐ုံအဆင့္ပဲဆုိေတာ့ ဂရန္ဓာတ္ပုံမိတၱဴမရခဲ့ေသးဘူး''

''စရန္ေငြမခ်ရေသးဘူးေပါ့''

''ဟုတ္ပါတယ္ ဆရာ။ ဘယ္လုိ အဆင့္ေတြ ေဆာင္ရြက္ရမယ္ဆုိတာလဲ သိခ်င္လုိ႔ ဆရာ့ဆီဝင္လာတာ''

''ေျမဂရန္မွာ ေရာင္းမယ္ဆုိသူ ရဲ႕ အမည္ေပါက္လား''

''အက်ဳိးေဆာင္ အိမ္ပြဲစားေျပာတာေတာ့ ေရာင္းသူအမည္ေပါက္လုိ႔ ေျပာတယ္ထင္တယ္။ ဂရန္အမည္ေပါက္ျဖစ္လုိ႔ အဆင္ေျပတယ္လုိ႔ ေျပာတာပဲ ဆရာ''

''ေရာင္းသူကုိယ္တုိင္ ေျမဂရန္ အမည္ေပါက္ဆုိရင္ေတာ့ လုပ္ ေဆာင္ရမယ့္ အဆင့္က နည္းနည္းသက္သာသြားတာေပါ့။ ဒါေပမယ့္ ေျမဂရန္အမည္ေပါက္ျဖစ္သူက ကြယ္လြန္သြားမယ္။ ေျမဂရန္အမည္ ေပါက္သူထံက မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ မျပဳလုပ္ဘဲ ဝယ္ထားသူ ထပ္ဆင့္ေရာင္းတာလည္း ရွိတတ္တယ္''

''ပထမဆုံးဘယ္လုိ စိစစ္ေဆာင္ရြက္ရမလဲ ဆရာ''

''ေရာင္းသူက ေျမဂရန္ဓာတ္ပုံ မိတၱဴမေပးရင္ေတာ့ ေျမကြက္အမွတ္၊ ဂရန္အမည္ေပါက္အမည္၊ အတုိင္းအတာ၊ ႏွစ္ ၆ဝ ဂရန္ ဟုတ္မဟုတ္ စတဲ့အခ်က္ေတြကုိ ေရးမွတ္ယူၿပီး ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာရွိတဲ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီၿမိဳ႕ျပႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွာ သြားေရာက္စုံစမ္းရပါတယ္''

''အခ်ဳိ႕ ေျမကြက္ေတြက ကန္႔ကြက္ထားတာေတြလည္း ရွိတတ္တယ္လုိ႔ ေျပာတယ္ ဟုတ္ပါသလား''

''ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ သြားေရာက္စုံစမ္းတဲ့အခါမွာ ေရာင္း သူအမည္နဲ႔ ဂရန္မွာ အမည္ေပါက္ေနသလား။ ကန္႔ကြက္သူရွိမရွိ၊ ဂရန္ သက္တမ္းကုန္မကုန္ဆုိတဲ့အခ်က္ေတြကို အဓိကစံုစမ္းရမွာျဖစ္တယ္''

''ဒီအခ်က္ေတြ ျပည့္စုံရင္ အေရာင္းအဝယ္လုပ္လုိ႔ရၿပီလား''

''ေျမဂရန္အမည္ေပါက္က ေရာင္းမည့္သူ႔ရဲ႕ အမည္ျဖစ္ေနၿပီး၊ ႏွစ္ ၆ဝ ဂရန္ သက္တမ္းမကုန္ေသး ဘူးျဖစ္မယ္။ ကန္႔ကြက္ထားသူလည္း မရွိဘူးဆုိရင္ 'စရန္ေပးစာခ်ဳပ္ခ်ဳပ္ ဆုိလုိ႔ရၿပီေပါ့''

''အေရာင္းအဝယ္စရန္ေပး စာခ်ဳပ္ခ်ဳပ္ဆုိၿပီးၿပီဆုိေတာ့ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဖုိ႔ ကိစၥက ဘယ္လုိေဆာင္ရြက္ရပါသလဲ''

''အဆင့္ေတြကေတာ့မ်ားတယ္၊ ဦးတင္နားလည္ေအာင္ ေျပာရရင္- ၁။ ဂရန္အမည္ေပါက္သူထံက တုိက္႐ုိက္ဝယ္မယ္ဆုိရင္ေရာင္းသူ (ဂရန္အမည္ေပါက္သူ)က ၿမိဳ႕ေတာ္ခန္းမမွာသြားၿပီး ေျမပုံေျမရာဇဝင္ကူးေပး ရပါမယ္။

၂။ ေျမပုံေျမရာဇဝင္ရၿပီဆုိရင္ အေရာင္းအဝယ္အရပ္ကတိစာခ်ဳပ္ကို ခ်ဳပ္ဆုိရပါတယ္။

၃။ အရပ္ကတိစာခ်ဳပ္ခ်ဳပ္ၿပီးရင္ အေရာင္းအဝယ္ျပဳလုပ္တဲ့ အိမ္နဲ႔ ေျမကို ေရွ႕ဘက္၊ ေဘးဘက္ဓာတ္ပုံ ႏွစ္ပုံစီ၊ စုစုေပါင္း ေလးပုံနဲ႔အတူ အေရာင္းအဝယ္ ကတိစာခ်ဳပ္မိတၱဴ၊ ဝယ္သူရဲ႕ ႏုိင္ငံသား ကတ္ျပားမိတၱဴ၊ အိမ္ေထာင္စု စာရင္းမိတၱဴ ေျခာက္စုံစီကို ယူသြားၿပီး ရန္ကုန္တုိင္းေဒသ ႀကီး ကာလတန္ဖုိး စိစစ္သတ္မွတ္ ေရးအဖဲြ႔ (အခြန္ဦးစီးဌာန)မွာ အျမတ္ခြန္ေပးေဆာင္ဖုိ႔နဲ႔ အခြန္ တံဆိပ္ေခါင္းကပ္ဖု႔ိအတြက္ တင္ျပေလွ်ာက္ထားရပါတယ္။

၄။ သက္ဆုိင္ရာ အခြန္ဦးစီးဌာနက ေလွ်ာက္ထားသည့္ ေျမကြက္ကို ကြင္း ဆင္းစစ္ေဆးပါတယ္။ ၿပီးေတာ့မွ အိမ္ႏွင့္ေျမကာလတန္ဖုိး သတ္မွတ္ေပးပါတယ္။

၅။ အိမ္ႏွင့္ ေျမကာလတန္ဖုိး သတ္မွတ္သည့္ တန္ဖုိးေငြအေပၚ ဝယ္သူ အေနျဖင့္ ဝင္ေငြရလမ္းမေဖာ္ျပႏုိင္ လွ်င္ျဖစ္ေစ၊ ဝင္ေငြရလမ္း ေဖာ္ျပႏုိင္ေသာ္လည္း ဝယ္ေငြတန္ဖုိးထက္ နည္းေနပါက ယင္းေငြကုိ ႏုတ္ၿပီး က်န္ေငြအေပၚမွာ အိမ္ေျမ တန္ဖုိး (၁) က်ပ္မွ၊ က်ပ္သိန္း ၃ဝဝ ထိ - ၁၅ ရာခုိင္ႏႈန္း။ က်ပ္သိန္း ၃ဝ၁ က်ပ္ မွ က်ပ္သိန္း ၁ဝဝဝ ထိ ၂ဝ ရာခုိင္ႏႈန္း။ က်ပ္သိန္း ၁ဝဝ၁ က်ပ္မွ အထက္ကို ၃ဝ ရာခုိင္ႏႈန္း သတ္မွတ္၍ အခြန္ေငြထမ္းေဆာင္ရပါတယ္။ တစ္ဆက္တည္း အိမ္ေျမတန္ဖုိးေပၚမူတည္ၿပီး တံဆိပ္ေခါင္းခြန္ ၄ ရာ ခုိင္ႏႈန္း စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခ်ဳပ္ဆုိရာမွာ ထမ္းေဆာင္ဖုိ႔အတြက္ သတ္မွတ္ေပးပါတယ္။

၆။ အဲဒီသတ္မွတ္ေပးထားတဲ့ က်သင့္သည့္ အခြန္ေငြကို မိမိေနထုိင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာန႐ုံးနဲ႔ ၿမိဳ႕နယ္ ဘက္တုိ႔မွာ သြားေရာက္ေငြသြင္းရပါတယ္။ ၿမိဳ႕နယ္အခြန္ဦးစီးဌာနက ေငြသြင္းၿပီးေၾကာင္း တုိင္းအခြန္ဦးစီး ဌာနကို အေၾကာင္းၾကားပါတယ္။ တုိင္းအခြန္ဦးစီးမွဴး႐ုံးက ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးကုိ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ေၾကာင္း အေၾကာင္းၾကားစာ ေပးပုိ႔ပါတယ္။

၇။ ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆုိတဲ့အခါ ေျမအမည္ေပါက္ေရာင္းသူကုိယ္တုိင္ ေရာင္းသူအျဖစ္ လက္မွတ္ေရးထုိးရပါတယ္။ ဝယ္သူနဲ႔ သက္ေသႏွစ္ဦး၊ လက္မွတ္ေရးထုိးရတယ္။ စာခ်ဳပ္ခ်ဳပ္ဆုိၿပီးရင္ေတာ့ မွတ္ပုံတင္ေၾကးေပးသြင္းရပါတယ္။

၈။ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆုိၿပီး သုံးပတ္ၾကာရင္ေတာ့ မွတ္ပုံတင္အၿပီးအပုိင္အေရာင္းအဝယ္စာခ်ဳပ္ကို ထုတ္ယူလုိ႔ ရပါၿပီ''

''ေျမဂရန္အမည္ေျပာင္းမယ္ ဆုိရင္ ဘယ္လုိဆက္လုပ္ရမလဲ ဆရာ''

''အေရာင္းအဝယ္ မွတ္ပုံတင္ စာခ်ဳပ္နဲ႔ ဝယ္သူ႔ရဲ႕ မွတ္ပုံတင္ ကတ္ျပားကိုယူၿပီး ၿမိဳ႕ေတာ္ခန္းမကုိသြား လုိ႔ အမည္ေျပာင္းေလွ်ာက္ထားရပါ တယ္။ ေျမယာဌာနက သတ္မွတ္တဲ့ အမည္ေျပာင္းခ၊ သတင္းစာ ေၾကာ္ျငာခေတြ ေပးသြင္းၿပီး ကန္႔ကြက္သူရွိ မရွိ တစ္ပတ္၊ ၇ ရက္ ေစာင့္ရပါ တယ္။ ကန္႔ကြက္သူမရွိရင္ေတာ့ မိမိ ဝယ္ထားတဲ့ ေျမဂရန္မူရင္းကို သက္ ဆုိင္ရာက အမည္ေျပာင္းလဲမွတ္သား ေပးသြားမွာ ျဖစ္ပါတယ္''

''ေက်းဇူးပဲ ဆရာ၊ အခုလုိ သိထားေတာ့ ဝယ္သူအေနနဲ႔ စိစစ္ၿပီး စိတ္ေအးရတာေပါ့''ဟု ေျပာကာ ညဏ္ပူေဇာ္ခပါဆုိၿပီး ေငြက်ပ္ငါး ေသာင္း ေပးသြားခဲ့ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service