ပေါင်နှံခြင်း အမျိုးအစားများနှင့် ပေါင်နှံခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
2017 Views

ပေါင်နှံခြင်း အမျိုးအစားများနှင့် ပေါင်နှံခြင်းအကြောင်း

Knowledge | Posted by Shwe Zin Win

[Unicode]

ပေါင်နှံခြင်း အမျိုးအစား (၆)မျိုးရှိပါတယ်။ အဆိုပါ (၆)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အပေါင်ရိုးရိုး (လက်မဲ့အပေါင်)။

အပေါင်ပစ္စည်းကို အပေါင်ခံသူသို့ လက်ရောက်မပေးအပ်ဘဲ ပေါင်နှံသူက ချေးယူမည့်ငွေကို ပေးဆပ်မည့်ဟု ကိုယ်တိုင်ဝန်ခံ၍ ဝန်ခံသည့်အတိုင်း မပေးဆပ်ပျက်ကွက်ခဲ့လျှင် အပေါင်ခံသူက ထိုပေါင်ထားသည့်ငွေကို တရားစွဲဆိုပြီး တရားရုံး၏အမိန့်အရ အပေါင်ပစ္စည်းကို ဝရမ်းကပ်ရောင်းချနိုင်ခွင့် ရစေမည်ဟူ၍ အတိအလင်းသော်လည်းကောင်း၊ ကတိထားရာ ရောက်အောင်သော်လည်းကောင်း၊ ကတိထား ၍ ပေါင်နှံခြင်းကို လက်မဲ့ပေါင်နှံခြင်း (သို့မဟုတ်) အပေါင်ရိုးရိုးဟုခေါ်သည်။

(၂) ရောင်းပေါင် (သို့မဟုတ်) စည်းကမ်းချက်ထား၍ ရောင်းချခြင်းဖြင့် ပေါင်နှံခြင်း။

ပေါင်နှံသူက အပေါင်ပစ္စည်းကို ရောင်းချရာတွင် (၁)အပေါင်နှင့် ချေးယူငွေကို မည်သည့်နေ့ရက် တွင်ပေးဆပ်မည် မပေးဆပ်ဘဲ ပျက်ကွက်ခဲ့လျှင် ရောင်းချခြင်းသည် အပြီးအပြတ်ဖြစ်စေရမည်ဆိုသည့် စည်းကမ်းချက်နှင့်သော်လည်းကောင်း၊ (၂) ဆိုခဲ့သည့် အပေါင်ငွေကို ချိန်းဆိုထားသည့် နေ့ရက်မှာ ပေးဆပ်ခဲ့ပါက ရောင်းချခြင်း ပျက်ပြယ်စေရမယ်ဆိုသည့် စည်းကမ်းချက်နှင့်သော်လည်းကောင်း၊ (၃) ဆိုခဲ့သည့်အတိုင်း အပေါင်ငွေကို ပေးဆပ်တဲ့အခါတွင် အပေါင်ပစ္စည်းကိုဝယ်သူ(အပေါင်ခံသူ)က ရောင်းသူ(ပေါင်နှံသူ)သို့ ပြန်လည်လွှဲပြောင်းပေးအပ်ဆိုရမယ်ဆိုသည့်စည်းကမ်းချက်ထား၍ ရောင်းချခြင်းကို ရောင်းပေါင်လို့ခေါ်ပါသည်။

(၃) ပစ္စည်းလက်ရောက်ပေး၍ပေါင်နှံခြင်း (အပိတ်ပေါင်နှံခြင်း)။

အပေါင်ပစ္စည်းကို လက်ရှိထားစေရန် အပေါင်ခံသူသို့ လွှဲအပ်ပေးသည်။ ပစ္စည်းမှထွက်သည့် အမြတ်အစွန်း၊ ငှားရမ်းခ စသည့်တို့ကို အပေါင်ခံသူက ခံယူစေရန် အပေါင်ငွေ (သို့မဟုတ်) အတိုးငွေများအတွက် ခုနှိမ်ရယူစေဖို့ ခွင့်ပြုချက်နှင့် ပေါင်နှံခြင်းကို ပစ္စည်းလက်ရောက်ပေးအပ်၍ ပေါင်နှံခြင်းဟုခေါ်ပါသည်။

(၄) အင်္ဂလိပ်အပေါင်။

ပေါင်နှံသူက အပေါင်နှင့်ချေးငွေကို သတ်မှတ်သော နေ့ရက်တွင် ပေးဆပ်မည်ဟု ဝန်ခံ၍ အပေါင်ခံခြင်းကို အပေါင်ခံသူသို့ ပစ္စည်းကို အပိုင်လွှဲပြောင်းပေးသော်လည်း အပေါင်နှင့် ချေးငွေကို ဝန်ခံချက်အတိုင်းပေးအပ်ပါက ပစ္စည်းကို ပေါင်နှံသူသို့ ပြန်လည်လွှဲအပ်ပေးစေရန် ကန့်သတ်ချက်ထား ပြီး ပေါင်နှံခြင်းကို အင်္ဂလိပ်အပေါင်ဟုခေါ်ပါသည်။

(၅) စာချုပ်အပ်၍ပေါင်နှံခြင်း။

ပေါင်နှံသူသည် ပေါင်လိုသည့် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၏ ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများကိုသာ အာမခံအဖြစ်ပေးအပ်ပြီး အပေါင်ငွေချေးယူခြင်းကို စာချုပ်အပ်၍ပေါင်နှံခြင်းလို့ ခေါ်ပါတယ်။

(၆) ထုံးနည်းမကျပေါင်နှံခြင်း။

အထက်ဖော်ပြပါ ပေါင်နှံခြင်း(၅)မျိုးတွင် အကျုံးမဝင်သော ပေါင်နှံခြင်းကို ထုံးနည်းမကျပေါင်နှံခြင်းဟု ခေါ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေပါင္ႏွံျခင္း အမ်ိဳးအစားမ်ားႏွင့္ ေပါင္ႏွံျခင္းအေၾကာင္း

ေပါင္ႏွံျခင္း အမ်ိဳးအစား (၆)မ်ိဳးရွိပါတယ္။ အဆိုပါ (၆)မ်ိဳးမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

(၁) အေပါင္႐ိုး႐ိုး (လက္မဲ့အေပါင္)။

အေပါင္ပစၥည္းကို အေပါင္ခံသူသို႔ လက္ေရာက္မေပးအပ္ဘဲ ေပါင္ႏွံသူက ေခ်းယူမည့္ေငြကို ေပးဆပ္မည့္ဟု ကိုယ္တိုင္၀န္ခံ၍ ဝန္ခံသည့္အတိုင္း မေပးဆပ္ပ်က္ကြက္ခဲ့လွ်င္ အေပါင္ခံသူက ထိုေပါင္ထားသည့္ေငြကို တရားစြဲဆိုၿပီး တရားရံုး၏အမိန္႔အရ အေပါင္ပစၥည္းကို ၀ရမ္းကပ္ေရာင္းခ်ႏိုင္ခြင့္ ရေစမည္ဟူ၍ အတိအလင္းေသာ္လည္းေကာင္း၊ ကတိထားရာ ေရာက္ေအာင္ေသာ္လည္းေကာင္း၊ ကတိထား ၍ ေပါင္ႏွံျခင္းကို လက္မဲ့ေပါင္ႏွံျခင္း (သို႔မဟုတ္) အေပါင္ရိုးရိုးဟုေခၚသည္။

(၂) ေရာင္းေပါင္ (သို႔မဟုတ္) စည္းကမ္းခ်က္ထား၍ ေရာင္းခ်ျခင္းျဖင့္ ေပါင္ႏွံျခင္း။

ေပါင္ႏွံသူက အေပါင္ပစၥည္းကို ေရာင္းခ်ရာတြင္ (၁)အေပါင္ႏွင့္ ေခ်းယူေငြကို မည္သည့္ေန႔ရက္ တြင္ေပးဆပ္မည္ မေပးဆပ္ဘဲ ပ်က္ကြက္ခဲ့လွ်င္ ေရာင္းခ်ျခင္းသည္ အၿပီးအျပတ္ျဖစ္ေစရမည္ဆိုသည့္ စည္းကမ္းခ်က္နွင့္ေသာ္လည္းေကာင္း၊ (၂) ဆိုခဲ့သည့္ အေပါင္ေငြကို ခ်ိန္းဆိုထားသည့္ ေန႔ရက္မွာ ေပးဆပ္ခဲ့ပါက ေရာင္းခ်ျခင္း ပ်က္ျပယ္ေစရမယ္ဆိုသည့္ စည္းကမ္းခ်က္နွင့္ေသာ္လည္းေကာင္း၊ (၃) ဆိုခဲ့သည့္အတုိင္း အေပါင္ေငြကို ေပးဆပ္တဲ့အခါတြင္ အေပါင္ပစၥည္းကိုဝယ္သူ(အေပါင္ခံသူ)က ေရာင္းသူ(ေပါင္ႏွံသူ)သုိ႔ ျပန္လည္လႊဲေျပာင္းေပးအပ္ဆိုရမယ္ဆိုသည့္စည္းကမ္းခ်က္ထား၍ ေရာင္းခ်ျခင္းကို ေရာင္းေပါင္လို႔ေခၚပါသည္။

(၃) ပစၥည္းလက္ေရာက္ေပး၍ေပါင္ႏွံျခင္း (အပိတ္ေပါင္ႏွံျခင္း)။

အေပါင္ပစၥည္းကို လက္႐ွိထားေစရန္ အေပါင္ခံသူသို႔ လႊဲအပ္ေပးသည္။ ပစၥည္းမွထြက္သည့္ အျမတ္အစြန္း၊ ငွားရမ္းခ စသည့္တို႔ကို အေပါင္ခံသူက ခံယူေစရန္ အေပါင္ေငြ (သို႔မဟုတ္) အတိုးေငြမ်ားအတြက္ ခုႏွိမ္ရယူေစဖို႔ ခြင့္ျပဳခ်က္ႏွင့္ ေပါင္ႏွံျခင္းကို ပစၥည္းလက္ေရာက္ေပးအပ္၍ ေပါင္ႏွံျခင္းဟုေခၚပါသည္။

(၄) အဂၤလိပ္အေပါင္။

ေပါင္ႏွံသူက အေပါင္ႏွင့္ေခ်းေငြကို သတ္မွတ္ေသာ ေန႔ရက္တြင္ ေပးဆပ္မည္ဟု ၀န္ခံ၍ အေပါင္ခံျခင္းကို အေပါင္ခံသူသို႔ ပစၥည္းကို အပုိင္လႊဲေျပာင္းေပးေသာ္လည္း အေပါင္ႏွင့္ ေခ်းေငြကို ၀န္ခံခ်က္အတိုင္းေပးအပ္ပါက ပစၥည္းကို ေပါင္ႏွံသူသို႔ ျပန္လည္လႊဲအပ္ေပးေစရန္ ကန္႔သတ္ခ်က္ထား ၿပီး ေပါင္ႏွံျခင္းကို အဂၤလိပ္အေပါင္ဟုေခၚပါသည္။

(၅) စာခ်ဳပ္အပ္၍ေပါင္ႏွံျခင္း။

ေပါင္ႏွံသူသည္ ေပါင္လိုသည့္ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္း၏ ပိုင္ဆိုင္ခြင့္စာခ်ဳပ္စာတမ္းမ်ားကိုသာ အာမခံအျဖစ္ေပးအပ္ၿပီး အေပါင္ေငြေခ်းယူျခင္းကို စာခ်ဳပ္အပ္၍ေပါင္ႏွံျခင္းလို႔ ေခၚပါတယ္။

(၆) ထုံးနည္းမက်ေပါင္ႏွံျခင္း။

အထက္ေဖာ္ျပပါ ေပါင္ႏွံျခင္း(၅)မ်ိဳးတြင္ အက်ံဳးမဝင္ေသာ ေပါင္ႏွံျခင္းကို ထုံးနည္းမက်ေပါင္ႏွံျခင္းဟု ေခၚပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service