အစိုးရဌာနများတွင် အီးမေးလ်တစ်သောင်းခန့်တိုးချဲ့ရန် ဩစတြီးယားနိုင်ငံမှာ ယူရိုငါးသန်းကျော်ချေးယူမည် - Property News in Myanmar from iMyanmarHouse.com
555 Views

အစိုးရဌာနများတွင် အီးမေးလ်တစ်သောင်းခန့်တိုးချဲ့ရန် ဩစတြီးယားနိုင်ငံမှာ ယူရိုငါးသန်းကျော်ချေးယူမည်

[Unicode]

အစိုးရဌာနများတွင် အီးမေးလ်တစ်သောင်းခန့် တိုးချဲ့ရန်နှင့် ဒစ်ဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အအုံစနစ်ဆောင်ရွက်ရန် ဩစ တြီးယား Unicredit Bank ထံမှ ယူရိုငါးသန်းကျော်ရယူသုံးစွဲရန် အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။

အီလက်ထရောနစ်စာပို့စနစ်နှင့် ဒီဂျစ်တယ် သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းဆောင်ရွက်ရန် ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ ထောက်ပံ့ငွေ ယူရို ၀.၈၆၁ သန်းနှင့် အတိုးမဲ့ချေးငွေယူရို ၄.၈၇၆ သန်း ရယူနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

‘‘စီမံကိန်းကို စာချုပ်ချုပ်ဆိုပြီး ခြောက်လအတွင်းဆောင်ရွက်သွားဖို့စီစဉ်ထားရှိပါတယ်’’ ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်သို့ပြောသည်။

အစိုးရဌာန အဖွဲ့အစည်းများတွင် အရေးကြီးကိစ္စရပ်များကို ပိုမိုလုံခြုံမှုရှိသော နိုင်ငံပိုင်အီ လက်ထရွန်နစ်စာပို့စနစ် Email အသုံးပြု၍ ပြည်တွင်း၊ ပြည်ပ လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး အဆင့်မြှင့် တင်ဆောင်ရွက်သွားနိုင်မည်ဖြစ် ပြီး e-government စနစ်ကို များစွာ အထောက်အကူဖြစ်စေ နိုင်သည်ဟု ဒုဝန်ကြီးက ဆက် လက်ပြောသည်။

PKI သည် ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေး ခြင်း၊ စီမံခန့်ခွဲခြင်း၊အသုံးပြုခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖျက်သိမ်းခြင်း တို့ကိုပြုလုပ်နိုင်ရန်လိုအပ်သည့် Hardware and Software များ ကို ပေါင်းစပ်ထားသောနည်းပညာဖြစ်ကြောင်း ဒုဝန်ကြီးဦးသာ ဦးက ရှင်းလင်းသည်။

‘‘တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်ခေတ်တွင် မည်သူမည်ဝါ ဖြစ်ကြောင်း၊ မည်သည့်ပစ္စည်း အသုံးပြုကြောင်းစသည်တို့ကိုစစ် မှန်ကြောင်း သက်သေအထောက် အထားပြနိုင်တဲ့ ဆိုက်ဘာလုံခြုံ ရေးဆိုင်ရာ နည်းပညာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

ဩစတြီးယား၏ အထက်ပါချေးငွေ သက်တမ်းသည် (၂၄) နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလခုနစ်နှစ်ခွဲ၊ ပြန်ဆပ်ကာလ (၁၆)နှစ်ခွဲဖြစ် သည်။ အတိုးမဲ့ချေးငွေဖြစ်၍ အတိုးနှုန်း သုညရာခိုင်နှုန်းဖြစ်သော် လည်း အာမခံကြေး၊ စီမံခန့်ခွဲ စရိတ်စသည်တို့ကို ပေးဆောင်ရမည်ဖြစ်သည်။ သို့သော် သက်သာသည့်ချေးငွေဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

‘‘ချေးငွေအပြည့်အဝသုံးစွဲ ပြီးချိန်ဆိုရင် အကြမ်းအားဖြင့် ဆိုင်းငံ့ကာလအတွင်းမှာ တစ်နှစ်ကို အာမခံကြေး ယူရို ၀ ဒသမ ၀၄၄ သန်းကို ပြန်ဆပ်ရပါမယ်။ ပြန်ဆပ်ကာလအတွင်းကို အရင်းနဲ့ အာမခံကြေး နှစ်ခုပေါင်းအမေရိကန်ဒေါ်လာ ၀ ဒသမ ၃၃၈ သန်းခန့်ကို နှစ်စဉ်ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၀ မတ် လ ၃၁ ရက်အထိ စာချုပ်ချုပ်ပြီး ရယူထားသည့် ပြည်ပချေးငွေ စုစုပေါင်းကန်ဒေါ်လာ ၃ ဒသမ ၈၈၉ ဘီလီယံရှိသည်။ ထုတ်ယူသုံးစွဲငွေမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၂၂ ဘီလီယံဖြစ်ပြီး ကြွေးမြီပေးဆပ်ရန်လက်ကျန်မှာ ၁ ဒသမ ၈၀၈ ဘီလီယံဖြစ်ကြောင်း ဒုဝန် ကြီးဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းသည်။

အထက်ပါချေးငွေနှင့်ပတ် သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး ဩဂုတ် ၅ ရက်တွင် ဆွေးနွေးရန် လျာထားကြောင်းနာယကဦးတီခွန်မြတ်က ကြေညာသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အစိုးရဌာနမ်ားတြင္ အီးေမးလ္တစ္ေသာင္းခန္႔တိုးခ်ဲ႕ရန္ ဩစႀတီးယားႏိုင္ငံမွာ ယူ႐ိုငါးသန္းေက်ာ္ေခ်းယူမည္

အစိုးရဌာနမ်ား တြင္ အီးေမးလ္တစ္ေသာင္းခန္႔ တိုးခ်ဲ႕ရန္ႏွင့္ ဒစ္ဂ်စ္တယ္သက္ေသခံဆိုင္ရာ အေျခခံအေဆာက္အအုံစနစ္ေဆာင္႐ြက္ရန္ ဩစ ႀတီးယား Unicredit Bank ထံမွ ယူ႐ိုငါးသန္းေက်ာ္ရယူသုံးစြဲရန္ အစိုးရအဖြဲ႕က ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္ျပသည္။

အီလက္ထေရာနစ္စာပို႔စနစ္ႏွင့္ ဒီဂ်စ္တယ္သက္ေသခံဆိုင္ရာ အေျခခံအေဆာက္အဦစနစ္ စီမံကိန္းေဆာင္႐ြက္ရန္ ဩစႀတီးယားႏိုင္ငံ၊ Unicredit Bank ထံမွ ေထာက္ပံ့ေငြ ယူ႐ို ၀.၈၆၁ သန္းႏွင့္ အတိုးမဲ့ေခ်းေငြယူ႐ို ၄.၈၇၆ သန္း ရယူႏိုင္ေရးကိစၥႏွင့္စပ္လ်ဥ္း၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသာဦးႏွင့္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔က လႊတ္ေတာ္သို႔ ႐ွင္းလင္းတင္ျပခဲ့ျခင္းျဖစ္သည္။

‘‘စီမံကိန္းကို စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေျခာက္လအတြင္းေဆာင္႐ြက္သြားဖို႔စီစဥ္ထား႐ွိပါတယ္’’ ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသာဦးက လႊတ္ေတာ္သို႔ေျပာသည္။

အစိုးရဌာန အဖြဲ႕အစည္းမ်ားတြင္ အေရးႀကီးကိစၥရပ္မ်ားကို ပိုမိုလုံျခဳံမႈ႐ွိေသာ ႏိုင္ငံပိုင္အီ လက္ထ႐ြန္နစ္စာပို႔စနစ္ Email အသုံးျပဳ၍ ျပည္တြင္း၊ ျပည္ပ လြယ္ကူလ်င္ျမန္စြာ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေရး အဆင့္ျမႇင့္တင္ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ ၿပီး e-government စနစ္ကိုမ်ားစြာ အေထာက္အကူျဖစ္ေစႏိုင္သည္ဟု ဒုဝန္ႀကီးက ဆက္လက္ေျပာသည္။

PKI သည္ ဒစ္ဂ်စ္တယ္အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးျခင္း၊ စီမံခန္႔ခြဲျခင္း၊အသုံးျပဳျခင္း၊ သိမ္းဆည္းျခင္းႏွင့္ ဖ်က္သိမ္းျခင္းတို႔ကိုျပဳလုပ္ႏိုင္ရန္လိုအပ္သည့္ Hardware and Software မ်ား ကို ေပါင္းစပ္ထားေသာနည္းပညာျဖစ္ေၾကာင္း ဒုဝန္ႀကီးဦးသာဦးက ႐ွင္းလင္းသည္။

‘‘တစ္နည္းအားျဖင့္ ဒစ္ဂ်စ္တယ္ေခတ္တြင္ မည္သူမည္ဝါ ျဖစ္ေၾကာင္း၊ မည္သည့္ပစၥည္း အသုံးျပဳေၾကာင္းစသည္တို႔ကိုစစ္မွန္ေၾကာင္း သက္ေသအေထာက္အထားျပႏိုင္တဲ့ ဆိုက္ဘာလုံျခဳံေရးဆိုင္ရာ နည္းပညာျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။

ဩစႀတီးယား၏ အထက္ပါေခ်းေငြ သက္တမ္းသည္ (၂၄) ႏွစ္ျဖစ္ၿပီး ဆိုင္းငံ့ကာလခုနစ္ႏွစ္ခြဲ၊ ျပန္ဆပ္ကာလ (၁၆)ႏွစ္ခြဲျဖစ္သည္။ အတိုးမဲ့ေခ်းေငြျဖစ္၍ အတိုးႏႈန္း သုညရာခိုင္ႏႈန္းျဖစ္ေသာ္လည္း အာမခံေၾကး၊ စီမံခန္႔ခြဲ စရိတ္စသည္တို႔ကို ေပးေဆာင္ရမည္ျဖစ္သည္။

သို႔ေသာ္ သက္သာသည့္ေခ်းေငြျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

‘‘ေခ်းေငြအျပည့္အဝသုံးစြဲ ၿပီးခ်ိန္ဆိုရင္ အၾကမ္းအားျဖင့္ ဆိုင္းငံ့ကာလအတြင္းမွာ တစ္ႏွစ္ကို အာမခံေၾကး ယူ႐ို ၀ ဒသမ ၀၄၄ သန္းကို ျပန္ဆပ္ရပါမယ္။ ျပန္ဆပ္ကာလအတြင္းကို အရင္းနဲ႔ အာမခံေၾကး ႏွစ္ခုေပါင္းအေမရိကန္ေဒၚလာ ၀ ဒသမ ၃၃၈ သန္းခန္႔ကို ႏွစ္စဥ္ျပန္လည္ေပးဆပ္ရမွာျဖစ္ပါတယ္’’ ဟု ၎က ဆိုသည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနသည္ ၂၀၂၀ မတ္ လ ၃၁ ရက္အထိ စာခ်ဳပ္ခ်ဳပ္ၿပီး ရယူထားသည့္ ျပည္ပေခ်းေငြ စုစုေပါင္းကန္ေဒၚလာ ၃ ဒသမ ၈၈၉ ဘီလီယံ႐ွိသည္။ ထုတ္ယူသုံးစြဲေငြမွာ ကန္ေဒၚလာ ၂ ဒသမ ၁၂၂ ဘီလီယံျဖစ္ၿပီး ေႂကြးၿမီေပးဆပ္ရန္လက္က်န္မွာ ၁ ဒသမ ၈၀၈ ဘီလီယံျဖစ္ေၾကာင္း ဒုဝန္ၾကီးဦးေမာင္ေမာင္ဝင္းက လႊတ္ေတာ္သို႔ ႐ွင္းလင္းသည္။

အထက္ပါေခ်းေငြႏွင့္ပတ္သက္၍ ေဆြးေႏြးလိုသည့္ ကိုယ္စားလွယ္မ်ားကို ဖိတ္ေခၚထားၿပီး ဩဂုတ္ ၅ ရက္တြင္ ေဆြးေႏြးရန္ လ်ာထားေၾကာင္းနာယကဦးတီခြန္ျမတ္က ေၾကညာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service