ရောဂါဘယ ကင်းစင်ကြဖို့ မိမိအနီးအနားက သတိထားကြရမည့် ပစ္စည်းများ(၁) - Property Knowledge in Myanmar from iMyanmarHouse.com
631 Views

ရောဂါဘယ ကင်းစင်ကြဖို့ မိမိအနီးအနားက သတိထားကြရမည့် ပစ္စည်းများ(၁)

Knowledge | Posted by Si Thu Aung

[Unicode]

လူတို့သည် မိမိပတ်ဝန်းကျင်ရှိ နေ့စဉ်စားသောက် ထိတွေ့ ကိုင်တွယ်အသုံးပြုနေသည့် ပစ္စည်းများကြောင့် မိမိကျန်းမာရေးကို အထောက်အကူပြုကြသလို ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများလည်းရှိနေကြောင်း စာဖတ်သူများသိနိုင်ဖို့ တင်ပြပါရစေ။

ကျွန်တော်တို့အနေဖြင့် နေ့စဉ်နှင့်အမျှ မျက်စိအလို၊နားအလို၊လျှာအလို၊နားခေါင်းအလို စသဖြင့် အလိုရှိသမျှကိုလိုက်ပြီး အချိန်ပြည့် သုံးစွဲနိုင်ဖို့ကျိုးစားကြသည်။

ခေတ်မီအသုံးအဆောင်ပစ္စည်းများကိုလည်း အချိန်နှင့်အမျှ စုဆောင်းထားရှိကြသည်။လူတို့အတွက် အသုံးဝင်လှသည့် ရေခဲသေတ္တာ အတွင်းတွင် လူတို့၏ကျန်းမာရေးကို တတိတိဖြင့် ဆိုးရွားလာစေသည့် အစားအစာများကို သိုလှောင်သိမ်းဆည်းနေမိတတ်သည်။

ရေခဲသေတ္တာအတွင်း မရှိမဖြစ်လိုအပ်သည့် စားရေရိက္ခာများအပြင် အချိုရေဘူးမျိုးစုံကို ထားရှိပြီး ဆန္ဒရှိတိုင်း သောက်သုံးတတ်ကြသည်။ ပထမတော့ ဘာမှမဖြစ်သေးဘူးပေါ့။အချိုရေများကို နေ့စဉ်သောက်သုံးခြင်း၊ပုံမှန်ထက်ပိုမို သောက်သုံးမိခြင်းက ရေရှည်တွင် လူကိုအကြီး အကျယ် ဒုက္ခပေးလာပါလိမ့်မည်။လူအတော်များများက ရသာခြောက်ပါးတွင် အချိုပါဝင်သောစားဖွယ်တို့ကို ပိုမိုနှစ်ချိုက်စွာ စားသုံးတတ် ကြသည်။

ထိုကဲ့သို အချိုလွန်ကဲသော စားသောက်ဖွယ်များကြောင့် ဆီးချိုအပါအဝင်ဆက်စပ်ရောဂါများသည် နောင်တွင် မလွှဲမသွေ လက်ခံရပါလိမ့်မည်။ ကမ္ဘာတွင် အချိုစားသုံးမှုလွန်ကဲခြင်းကြောင့် သေဆုံးမှုများလည်းများပြားလာရာ မိမိကိုယ်ကိုယ် ရောဂါဘယ ကင်းစင်ပြီး ကျန်းမာအသက်ရှည်ဖို့ဆိုလျှင် အရသာမျိုးစုံကို သင့်တင့်မျှတအောင် စားဖို့ကလည်း အချက်တစ်ချက်ဖြစ်ပါကြောင်း။

နောက်ထပ် လူတို့နှင့် ဒွေးယောယှက်တင်ရှိပြီး လူကိုကျန်းမာရေးအရ ထိခိုက်စေမှုရှိကြောင်း သတိပေးချက်ရှိသော်လည်း စွန်းပစ်ဖို့ ခက်ခဲလှသည့် ပစ္စည်းများပင်ဖြစ်သည်။ဒါကတော့ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းများဖြစ်သည်။

အဆိုပါပစ္စည်းများကထွက်ရှိသည့် ရေဒီယိုလှိုင်းများက အနီးအနားကလူကို ရေရှည်တွင်ဆိုးကျိုးသက်ရောက်မှုဖြစ်စေသည်။ဖုန်းများ ဖုန်းတာဝါတိုင်များက ထုတ်လွှတ်သော ရေဒီယိုလှိုင်းများက ကင်စာရောဂါကိုဖြစ်စေကြောင်း စစ်တမ်းများအရသိရသည်။

နောင်မျိုးဆက်သစ်လူငယ်များသည် မိုးလင်းမှမိုးချုပ် အဆိုပါ အီလက်ထရောနှစ်ပစ္စည်းများဖြင့်သာ အလုပ်လုပ်နေကြရပေတော့မည်။ တစ်နှစ် နှစ်နှစ်အရွယ် ကလေးငယ်များသည်ပင် အိုးဖုတ်ချိုးရုပ် ပလုတ်တုတ်တို့ဖြင့် မစော့တော့ဘဲ ဖုန်းတစ်လုံးဖြင့် ကြီးပြင်းလာနေကြပြီ ဖြစ်သည်။ရေဒီယိုလှိုင်းများနှင့် ကလေးငယ်တို့၏ ငယ်စဉ်ဘဝအစ ရှေ့တွင် ဘာဆက်ဖြစ်ကြမည်ကို စဉ်းစားရပေတော့မည်။

နောက်တစ်ခုက အာဟာရအတွက် လိုအပ်သည့် အစားအစာများက တစ်ဆင့် လူတို့ကို ဒုက္ခပေးမည့် ပို့သတ်ဆေးဓာတ်ကြွင်းများဖြစ် သည်။နေစဉ်နှင့်အမျှ ရုပ်သံလိုင်းများတွင် ကြော်ငြာတော်တော်များများက ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊အပင်သန်ဆေး၊အသီးသန် ဆေး စသဖြင့်စုံလှပေသည်။ ထိုဆေးများ၏ အကျိုးဆက်သည် မိခင်ဖခင်တို့အပြင် ၎င်းတို့၏ သန္ဓေသားအပေါ်တွင် များစွာသောဆိုးကျိုး ကို သက်ရောက်စေကြောင်း သတိပေးရသည့် အခြေအနေထိဖြစ်လာသည်။သားသမီးလိုချင်သည့် မိဘများအနေဖြင့် မိမိတို့ရင်သွေးဖြစ် လာမည့် သန္ဓေသားလောင်းကို ဘုရားတရားတပြီး ရောဂါဘယကင်းကင်း၊ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနှင့် မွေးဖွားပါစေကြောင်း ဆုတောင်းနေရသည့် အပြင် စားသမျှ အာဟာရဖြစ်ဖို့ကိုလည်း သတိတရားကပ်ထားနေရသည့် အနေအထားဖြစ်လာသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေရာဂါဘယ ကင္းစင္ၾကဖို႔ မိမိအနီးအနားက သတိထားၾကရမည့္ ပစၥည္းမ်ား(၁)

လူတို႔သည္ မိမိပတ္ဝန္းက်င္ရွိ ေန႔စဥ္စားေသာက္ ထိေတြ႔ ကိုင္တြယ္အသုံးျပဳေနသည့္ ပစၥည္းမ်ားေၾကာင့္ မိမိက်န္းမာေရးကို အေထာက္အကူျပဳၾကသလို က်န္းမာေရးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈမ်ားလည္းရွိေနေၾကာင္း စာဖတ္သူမ်ားသိႏိုင္ဖို႔ တင္ျပပါရေစ။

ကၽြန္ေတာ္တို႔အေနျဖင့္ ေန႔စဥ္ႏွင့္အမွ် မ်က္စိအလို၊နားအလို၊လွ်ာအလို၊နားေခါင္းအလို စသျဖင့္ အလိုရွိသမွ်ကိုလိုက္ၿပီး အခ်ိန္ျပည့္ သုံးစြဲႏိုင္ဖို႔က်ိဳးစားၾကသည္။

ေခတ္မီအသုံးအေဆာင္ပစၥည္းမ်ားကိုလည္း အခ်ိန္ႏွင့္အမွ် စုေဆာင္းထားရွိၾကသည္။လူတုိ႔အတြက္ အသုံးဝင္လွသည့္ ေရခဲေသတၱာ အတြင္းတြင္ လူတို႔၏က်န္းမာေရးကို တတိတိျဖင့္ ဆိုးရြားလာေစသည့္ အစားအစာမ်ားကို သိုေလွာင္သိမ္းဆည္းေနမိတတ္သည္။

ေရခဲေသတၱာအတြင္း မရွိမျဖစ္လိုအပ္သည့္ စားေရရိကၡာမ်ားအျပင္ အခ်ိဳေရဘူးမ်ိဳးစုံကို ထားရွိၿပီး ဆႏၵရွိတိုင္း ေသာက္သုံးတတ္ၾကသည္။ ပထမေတာ့ ဘာမွမျဖစ္ေသးဘူးေပါ့။အခ်ိဳေရမ်ားကို ေန႔စဥ္ေသာက္သုံးျခင္း၊ပုံမွန္ထက္ပိုမို ေသာက္သုံးမိျခင္းက ေရရွည္တြင္ လူကိုအႀကီး အက်ယ္ ဒုကၡေပးလာပါလိမ့္မည္။လူအေတာ္မ်ားမ်ားက ရသာေျခာက္ပါးတြင္ အခ်ိဳပါဝင္ေသာစားဖြယ္တို႔ကို ပိုမိုႏွစ္ခ်ိဳက္စြာ စားသုံးတတ္ ၾကသည္။ ထိုကဲ့သို အခ်ိဳလြန္ကဲေသာ စားေသာက္ဖြယ္မ်ားေၾကာင့္ ဆီးခ်ိဳအပါအဝင္ဆက္စပ္ေရာဂါမ်ားသည္ ေနာင္တြင္ မလႊဲမေသြ လက္ခံရပါလိမ့္မည္။ ကမၻာတြင္ အခ်ိဳစားသုံးမႈလြန္ကဲျခင္းေၾကာင့္ ေသဆုံးမႈမ်ားလည္းမ်ားျပားလာရာ မိမိကိုယ္ကိုယ္ ေရာဂါဘယ ကင္းစင္ၿပီး က်န္းမာအသက္ရွည္ဖို႔ဆိုလွ်င္ အရသာမ်ိဳးစုံကို သင့္တင့္မွ်တေအာင္ စားဖို႔ကလည္း အခ်က္တစ္ခ်က္ျဖစ္ပါေၾကာင္း။

ေနာက္ထပ္ လူတို႔ႏွင့္ ေဒြးေယာယွက္တင္ရွိၿပီး လူကိုက်န္းမာေရးအရ ထိခိုက္ေစမႈရွိေၾကာင္း သတိေပးခ်က္ရွိေသာ္လည္း စြန္းပစ္ဖို႔ ခက္ခဲလွသည့္ ပစၥည္းမ်ားပင္ျဖစ္သည္။ဒါကေတာ့ အီလက္ထေရာနစ္ လွ်ပ္စစ္ပစၥည္းမ်ားျဖစ္သည္။

အဆိုပါပစၥည္းမ်ားကထြက္ရွိသည့္ ေရဒီယိုလွိုင္းမ်ားက အနီးအနားကလူကို ေရရွည္တြင္ဆိုးက်ိဳးသက္ေရာက္မႈျဖစ္ေစသည္။ဖုန္းမ်ား ဖုန္းတာဝါတိုင္မ်ားက ထုတ္လႊတ္ေသာ ေရဒီယိုလႈိင္းမ်ားက ကင္စာေရာဂါကိုျဖစ္ေစေၾကာင္း စစ္တမ္းမ်ားအရသိရသည္။

ေနာင္မ်ိဳးဆက္သစ္လူငယ္မ်ားသည္ မိုးလင္းမွမိုးခ်ဳပ္ အဆိုပါ အီလက္ထေရာႏွစ္ပစၥည္းမ်ားျဖင့္သာ အလုပ္လုပ္ေနၾကရေပေတာ့မည္။ တစ္ႏွစ္ ႏွစ္ႏွစ္အရြယ္ ကေလးငယ္မ်ားသည္ပင္ အိုးဖုတ္ခ်ိဳးရုပ္ ပလုတ္တုတ္တို႔ျဖင့္ မေစာ့ေတာ့ဘဲ ဖုန္းတစ္လုံးျဖင့္ ႀကီးျပင္းလာေနၾကၿပီ ျဖစ္သည္။ေရဒီယိုလိႈင္းမ်ားႏွင့္ ကေလးငယ္တို႔၏ ငယ္စဥ္ဘဝအစ ေရွ႔တြင္ ဘာဆက္ျဖစ္ၾကမည္ကို စဥ္းစားရေပေတာ့မည္။

ေနာက္တစ္ခုက အာဟာရအတြက္ လိုအပ္သည့္ အစားအစာမ်ားက တစ္ဆင့္ လူတို႔ကို ဒုကၡေပးမည့္ ပို႔သတ္ေဆးဓာတ္ႂကြင္းမ်ားျဖစ္ သည္။ေနစဥ္ႏွင့္အမွ် ရုပ္သံလိုင္းမ်ားတြင္ ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားက ပိုးသတ္ေဆး၊ေပါင္းသတ္ေဆး၊အပင္သန္ေဆး၊အသီးသန္ ေဆး စသျဖင့္စုံလွေပသည္။ ထိုေဆးမ်ား၏ အက်ိဳးဆက္သည္ မိခင္ဖခင္တို႔အျပင္ ၎တို႔၏ သေႏၶသားအေပၚတြင္ မ်ားစြာေသာဆိုးက်ိဳး ကို သက္ေရာက္ေစေၾကာင္း သတိေပးရသည့္ အေျခအေနထိျဖစ္လာသည္။သားသမီးလိုခ်င္သည့္ မိဘမ်ားအေနျဖင့္ မိမိတို႔ရင္ေသြးျဖစ္ လာမည့္ သေႏၶသားေလာင္းကို ဘုရားတရားတၿပီး ေရာဂါဘယကင္းကင္း၊ကိုယ္လက္အဂၤါျပည့္ျပည့္စုံစုံႏွင့္ ေမြးဖြားပါေစေၾကာင္း ဆုေတာင္းေနရသည့္ အျပင္ စားသမွ် အာဟာရျဖစ္ဖို႔ကိုလည္း သတိတရားကပ္ထားေနရသည့္ အေနအထားျဖစ္လာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service