သန့်သန့်ရှင်း အိပ်စက်ခြင်းဖြင့် - Property Knowledge in Myanmar from iMyanmarHouse.com
736 Views

သန့်သန့်ရှင်း အိပ်စက်ခြင်းဖြင့်

Knowledge | Posted by Zarni Kyaw

[Unicode]

ကျွန်တော်တို့ဟာ များသောအားဖြင့် အဝတ်အစားတွေကို နေ့စဉ် ဝတ်နေ့စဉ်လျှော်ဖွပ်ကြပေမယ့် အရေးကြီးဆုံး သန့်ရှင်းမှုလုပ်ဆောင် ရမည့် အချက်တစ်ခုကို မေ့နေတတ်ကြသည်။

ဒါကတော့ ညစဉ်ညတိုင်းမဖြစ်မနေ နားနေအိပ်စက်ရမည့် အိပ်ရာနေရာလေးကိုတော့ တစ်လမှာ ဘယ်နှစ်ကြိများသန့်ရှင်းရေးလုပ်မိသလဲ ဆိုတာပါပဲ။

ကျွန်တော်တို့အိမ်ရဲ့ အခြားနေရာအစိတ်အပိုင်းများကို နေ့စဉ်တစ်ခုမဟုတ်တစ်ခု သန့်ရှင်းမှုကိုလုပ်ဆောင်ဖြစ်ကြသော်လည်း အိပ်စက်နားနေရာလေးကတော့ ကျန်နေတတ်ခဲ့တာများသည်။

စပရိန်မွေ့ယာကြီးများနှင့် အိပ်စက်သူများအဖို့ အပေါ်မွေ့ယာဖုံးညစ်ပတ်လျှင်လျှော်ဖွပ်သော်လည်း တစ်ပတ်တစ်ခါ မလျှော်ဖြစ်သည်က များပါလိမ့်မည်။လျှော်ဖွပ်ဖြစ်လျှင်သော်မှ အတွင်းမွေ့ယာသားကိုပါ သန့်ရှင်းရေးလုပ်မှ သန့်ရှင်းပါလိမ့်မည်။

ခေါင်းတင်သည့် ခေါင်းအုံးလေးရဲ့ အဖုံးလေးကိုတောင်မှကျွန်တော်တို့ တစ်ပတ်တစ်ခါလျှော်ဖြစ်ဖို့ အတော်သတိထားလုပ်နေကြရသည်။ အိပ်စက်သည့်အခါ ခန္ဓာကိုယ်သည် ငြိမ်သက်နေတတ်သော်လည်း ချွေးတို့က အားကစားလှုပ်ရှားသည့်အလားထွက်နေတတ်သည်။ အလုပ်လုပ်လျှင်ပင် ထိုမျှချွေးမထွက်။ထွက်သမျှချွေးတို့သည် ဗက်တီးရီးယားများကိုပေါက်ဖွားစေသည်။

ထိုချွေးစိုအိပ်ရာခင်း၊ ခေါင်းအုံးဖုံးတို့မှာ နေ့တွင်ခြောက်လိုက် ညပြန်စိုလိုက်ဖြင့် သန့်ရှင်းသည့် အိပ်ရာနေရာလေးမဖြစ်တော့ပေ။

ခေါင်းကို ဆီလိမ်းတတ်သူများအနေဖြင့် သူတို့ခေါင်းအုံးသည် ပို၍ပင်ညစ်ထေးပေရေလာသည်။ အချို့သောသူတို့၏ ခေါင်းအုံးများဆိုလျှင် ထမင်းရာတွင်သုံးသည့် လက်နှီးထက်ပင် အခြေအနေဆိုးလှသည်။

ထိုကဲ့သို့ ပြုမူနေထိုင်သူတို့၏ ကျန်းမာရေးသည်လည်း တစ်နည်းအားဖြင့် ဆုတ်ယုတ်လာမည်မှာ မလွဲပါ။

ယခုကာလူတို့အသုံးအဆောင်တစ်ခုဖြစ်သော လက်ကိုင်ဖုန်းတို့ကို အိပ်ရာဝင်သည်အထိယူဆောင်သုံးစွဲသဖြင့် အဆိုပါပစ္စည်းများက ပါလာသော ပိုးမွှားတို့သည် ပိုတိုးလာစရာရှိပေသည်။

ဒါကြောင့် မလိုအပ်သည့်အသုံးအဆောင်များကို မိမိအိပ်စက်ရာနေရာတွင်ထားရှိမှုမှရှောင်ကြဉ်ခြင်း၊ချွေးစိုညစ်ပတ်နေသည့် အိပ်ရာခေါင်းအုံးတို့ကို ရက်ရှည်မထားဘဲ အမြဲတန်းလျှော်ဖွပ်သန့်စင်ကာ သန့်သန့်ရှင်းရှင်း အိပ်စက်ခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိ မိသားစု၏ကျန်းမာရေးကို စောင့်ရှောက်ရာလည်း ရောက်မည်ဖြစ်ကြောင်း နည်းလမ်းကောင်းလေးပေးလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service