ပြည်တွင်း​ရွှေ​​ဈေးတစ်ကျပ်သား ကျပ် ၁၃သိန်းဖြင့် စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
1371 Views

ပြည်တွင်း​ရွှေ​​ဈေးတစ်ကျပ်သား ကျပ် ၁၃သိန်းဖြင့် စံချိန်တင်

[Unicode]

ရန်ကုန်- တစ်နှစ်အတွင်းပြည်တွင်း အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ကျော်ကို ပြန်လည် မြှင့်တက်လာ ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များထံမှာ သိရသည်။

ထိုသို့မြင့်တက်လာခြင်းမှာ ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းနှင့် ပြည်တွင်းဒေါ်လာဈေးမြင့် တက်လာခြင်း ကြောင့် ဖြစ်သည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များကဆိုသည်။

“ကမ္ဘာရွှေဈေးကြောင့် မနက်ပိုင်း တစ်ဆယ့်သုံးသိန်းမြင့်တက်ပြီး ညနေပိုင်းမှာ ဒေါ်လာဈေးပြန်ကျသွားလို့ နည်းနည်းဈေးကျသွားတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းဥက္ကဌဦးမျိုးမြင့်ကပြောသည်။

ဇူလှိုင် ၂၂ ရက်မနက်ပိုင်းတွင် ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၃၀၀,၀၀၀ကျပ်ရှိခဲ့ပြီး ညနေပိုင်းတွင် ၁,၂၈၅,၀၀၀ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာရွှေဈေးသည် တစ်အောင်စလျှင် ၁၈၅၈ သို့မြင့်တက်လာပြီး ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးရွှေဈေးနှုန်းဖြစ်သည်။

ပြည်တွင်း ရွှေဈေးသည် ၂၀၁၉စက်တင်ဘာ ၅ ရက်တွင် အ ခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၁,၃၀၇,၀၀၀ အထိမြင့်တက် ပြီး ဈေးကွက်၌ စံချိန်သစ်တင် ခဲ့သည်။

ပြည်တွင်းရွှေဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်မဖြစ်၍ နေလည်ပိုင်းမှစတင်၍ ပြည်တွင်း ရွှေဈေးပြန်လည်ကျဆင်းခဲ့သည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးကျော်ဝင်းကပြောသည်။

ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းသည် ကပ်ရောဂါကြောင့် ရင်းနှီးမြှပ်နှံသူများက လုပ်ငန်းသစ်များမရှိ၍ ရွှေတွင် ရင်းနှီးမြှပ်နှံလာခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဒုတိယအချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ကပ်ရောဂါကာကွယ်၊ ကုသရေးအတွက် ငွေစက္ကူများ ပိုမို ရိုက်ထုတ်လာပြီး ငွေကြေးဖောင်းပွလာ၍ ရွှေဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ဦးကျော်ဝင်းကဆိုသည်။ ပြည်တွင်းအခေါက်ရွှေဈေး သည် တစ်ကျပ်သားလျှင် ဇွန် ၁၀ ရက်တွင် ကျပ် ၁,၂၁၈,၀၀၀ ပေါက်ဈေးရှိပြီး ၁၀ ရက်ကျော်အတွင်း ကျပ် ခုနှစ်သောင်းမြင့်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ ၂၀၀၉ ခုနှစ်မှစ၍ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရှိလာခဲ့ရာမှ ဆယ်နှစ်အတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၅၀ ကျော်အထိ စံချိန်တင် မြင့်တက်လာ​နေသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်အထိ လိုက်ပါမြင့်တက်ရမည်ဖြစ်သော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၂၈၅၀၀၀ သာရှိ​နေသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင်မူ ပြည်တွင်း ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော် အထိသာ ရှိခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္တြင္း​ေ႐ႊ​​ေဈးတစ္က်ပ္သား က်ပ္ ၁၃သိန္းျဖင့္ စံခ်ိန္တင္

ရန္ကုန္- တစ္ႏွစ္အတြင္းျပည္တြင္း အေခါက္ေ႐ႊေဈးတစ္က်ပ္သားလွ်င္ က်ပ္ ၁၃၀၀၀၀၀ေက်ာ္ကို ျပန္လည္ ျမႇင့္တက္လာ ေၾကာင္း ျပည္တြင္းေ႐ႊလုပ္ငန္း႐ွင္မ်ားထံမွာ သိရသည္။

ထိုသို႔ျမင့္တက္လာျခင္းမွာ ကမ႓ာေ႐ႊေဈးျမင့္တက္လာျခင္းႏွင့္ ျပည္တြင္းေဒၚလာေဈးျမင့္ တက္လာျခင္း ေၾကာင့္ ျဖစ္သည္ဟု ျပည္တြင္းေ႐ႊလုပ္ငန္း႐ွင္မ်ားကဆိုသည္။

“ကမ႓ာေ႐ႊေဈးေၾကာင့္ မနက္ပိုင္း တစ္ဆယ့္သုံးသိန္းျမင့္တက္ၿပီး ညေနပိုင္းမွာ ေဒၚလာေဈးျပန္က်သြားလို႔ နည္းနည္းေဈးက်သြားတယ္”ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းမ်ားအသင္းဥကၠဌဦးမ်ိဳးျမင့္ကေျပာသည္။

ဇူလိႈင္ ၂၂ ရက္မနက္ပိုင္းတြင္ ျပည္တြင္းအေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ ၁,၃၀၀,၀၀၀က်ပ္႐ွိခဲ့ၿပီး ညေနပိုင္းတြင္ ၁,၂၈၅,၀၀၀က်ပ္သို႔ ျပန္လည္က်ဆင္းခဲ့ျခင္းျဖစ္သည္။ ကမ႓ာေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ၁၈၅၈ သို႔ျမင့္တက္လာၿပီး ဆယ္စုႏွစ္တစ္ခုအတြင္း အျမင့္ဆုံးေ႐ႊေဈးႏႈန္းျဖစ္သည္။

ျပည္တြင္း ေ႐ႊေဈးသည္ ၂၀၁၉စက္တင္ဘာ ၅ ရက္တြင္ အ ေခါက္ေ႐ႊေဈးတစ္က်ပ္သားလွ်င္ က်ပ္ ၁,၃၀၇,၀၀၀ အထိျမင့္တက္ ၿပီး ေဈးကြက္၌ စံခ်ိန္သစ္တင္ ခဲ့သည္။

ျပည္တြင္းေ႐ႊေဈးျမင့္တက္လာေသာ္လည္း အေရာင္းအဝယ္မျဖစ္၍ ေနလည္ပိုင္းမွစတင္၍ ျပည္တြင္း ေ႐ႊေဈးျပန္လည္က်ဆင္းခဲ့သည္ဟု ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးေက်ာ္ဝင္းကေျပာသည္။

ကမ႓ာေ႐ႊေဈးျမင့္တက္လာျခင္းသည္ ကပ္ေရာဂါေၾကာင့္ ရင္းႏွီးျမႇပ္ႏွံသူမ်ားက လုပ္ငန္းသစ္မ်ားမ႐ွိ၍ ေ႐ႊတြင္ ရင္းႏွီးျမႇပ္ႏွံလာျခင္းေၾကာင့္ျဖစ္သည္ဟု ၎ကဆိုသည္။ ဒုတိယအခ်က္မွာ ကမ႓ာ့ႏိုင္ငံအသီးသီးက ကပ္ေရာဂါကာကြယ္၊ ကုသေရးအတြက္ ေငြစကၠဴမ်ား ပိုမို ႐ိုက္ထုတ္လာၿပီး ေငြေၾကးေဖာင္းပြလာ၍ ေ႐ႊေဈးျမင့္တက္လာျခင္းျဖစ္သည္ဟု ဦးေက်ာ္ဝင္းကဆိုသည္။ ျပည္တြင္းအေခါက္ေ႐ႊေဈး သည္ တစ္က်ပ္သားလွ်င္ ဇြန္ ၁၀ ရက္တြင္ က်ပ္ ၁,၂၁၈,၀၀၀ ေပါက္ေဈး႐ွိၿပီး ၁၀ ရက္ေက်ာ္အတြင္း က်ပ္ ခုႏွစ္ေသာင္းျမင့္တက္လာျခင္းျဖစ္သည္။

ကမ႓ာ့ေ႐ႊေဈးမွာ ၂၀၀၉ ခုႏွစ္မွစ၍ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၀၀၀ ေက်ာ္႐ွိလာခဲ့ရာမွ ဆယ္ႏွစ္အတြင္း တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၈၅၀ ေက်ာ္အထိ စံခ်ိန္တင္ ျမင့္တက္လာ​ေနသည္။

လက္႐ွိ ကမ႓ာ့ေ႐ႊေဈး စံခ်ိန္တင္ျမင့္တက္မႈေၾကာင့္ ျပည္တြင္းေ႐ႊေဈးမွာ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၃ သိန္းေက်ာ္အထိ လိုက္ပါျမင့္တက္ရမည္ျဖစ္ေသာ္လည္း ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ ေငြက်ပ္ ၁၂၈၅၀၀၀ သာ႐ွိ​ေနသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလဆန္းပိုင္းတြင္မူ ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၃၀၀၀၀၀ ေက်ာ္အထိ သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးစံခ်ိန္ ျဖစ္ခဲ့ခ်ိန္တြင္မူ ကမ႓ာ့ေ႐ႊေဈးမွာ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၅၅၀ ေက်ာ္ အထိသာ ႐ွိခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service