Amata ကော်ပိုရေးရှင်းက မြေဧက ၂၀၀၀ စီမံကိန်းအတွက် မြေယာလျှော်ကြေးပေးရန်စတင်တော့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1136 Views

Amata ကော်ပိုရေးရှင်းက မြေဧက ၂၀၀၀ စီမံကိန်းအတွက် မြေယာလျှော်ကြေးပေးရန်စတင်တော့မည်ဟုဆို

[Unicode]

မြေဧက ၂၀၀၀ တွင် တည်ဆောက်မည့် Yangon Amata Smart & Eco City စီမံကိန်းက မြေယာလျှော်ကြေး စတင်ပေးအပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဇူလိုင် ၁၃ ရက်တွင် သွားရောက်တွေ့ဆုံပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် လယ်ယာမြေလျော်ကြေးပေးချေရေးနှင့် မြေပြင်ရှင်းလင်းရေးကော်မတီမှဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်ဟု တိုင်းအစိုးရသတင်းထုတ်ပြန်သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့မှ လေးထောင့်ကန်ကျေးရွာရှိ မြေ ဧက ၂,၀၀၀ တွင် တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းကို ဒေါ်လာသန်း ၃၀၀ တန် Smart and Eco City တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၉အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ခွင့်ပြုခဲ့သည်။

စီမံကိန်း၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ထိုင်း Amata ကော်ပိုရေးရှင်းက ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို ဆောက်လုပ်ရေးဝန် ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ပိုင်ဆိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် Amata ကော်ပိုရေးရှင်းတို့ အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး၂၀၁၉ ဩဂုတ် ၂၂ ရက်က မူဘောင်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းတစ်ခုလုံးသည် ဒေါ်လာတစ်ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး ပထမအဆင့် ဧက ၂,၀၀၀ တွင် လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်မြေယာများ ပါဝင်မည်ဟု ကော်ပိုရေးရှင်းက ဆိုထားသည်။

Amata ကော်ပိုရေးရှင်းသည် စက်မှုဇုန်မြေ အကောင်အထည်ဖော်ရေးနှင့် အိမ်ရာလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။

အဓိကအားဖြင့် မြို့ပြတည်ဆောက်ခြင်း၊ စက်မှုဇုန်အကောင်အထည်ဖော်ခြင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းများကို ဆောင် ရွက်နေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ အခြေစိုက်ပြီး ၁၉၈၉ တွင် တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများ လုပ်ကိုင်နေသည်။ထိုင်း Amata သည် ဗီယက် နမ်နိုင်ငံ၌ ၁၉၉၄ တွင် စက်မှုဇုန် တစ်ခု တည်ဆောက်ခဲ့ပြီး လက်ရှိ တွင် စက်မှုဇုန်သုံးခု တည်ဆောက်ရန် ဟက်တာ ၈,၀၀၀ ခန့် (ဧက၂၀,၀၀၀ ခန့်)ကို မြေယာဖော် ဆောင်နေသည်။

အဆိုပါ စက်မှုဇုန်များသို့ အထူးသဖြင့် တရုတ်ကုမ္ပဏီများ လာရောက်လုပ်ကိုင်နေသည်။ထို့အပြင် ထိုင်းနိုင်ငံတွင် လည်း ဟက်တာ ၄၈၀ (ဧက ၁,၁၀၀ ကျော်)ရှိသည့် အထူးစက်မှုဇုန်တစ်ခု တည်ဆောက်ခဲ့ပြီး တရုတ်စက်ရုံ ၁၀၀ ကျော်ဖြင့် လည်ပတ်နေသည်။ Amata ကော်ပိုရေးရှင်းသည် ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းတစ်ခုဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Amata ေကာ္ပိုေရးရွင္းက ေျမဧက ၂၀၀၀ စီမံကိန္းအတြက္ ေျမယာေလွ်ာ္ေၾကးေပးရန္စတင္ေတာ့မည္ဟုဆို

ေျမဧက ၂၀၀၀ တြင္ တည္ေဆာက္မည့္ Yangon Amata Smart & Eco City စီမံကိန္းက ေျမယာေလွ်ာ္ေၾကး စတင္ေပးအပ္ေတာ့မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕က သတင္းထုတ္ျပန္သည္။

ထိုကုမၸဏီသည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို ဇူလိုင္ ၁၃ ရက္တြင္ သြားေရာက္ေတြ႕ဆုံၿပီး အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ လယ္ယာေျမေလ်ာ္ေၾကးေပးေခ်ေရးႏွင့္ ေျမျပင္ရွင္းလင္းေရးေကာ္မတီမွေဆာင္႐ြက္သြားမည့္ လုပ္ငန္းအစီအစဥ္မ်ားကို ရွင္းလင္းတင္ျပခဲ့သည္ဟု တိုင္းအစိုးရသတင္းထုတ္ျပန္သည္။

ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ႏွင့္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တို႔မွ ေလးေထာင့္ကန္ေက်း႐ြာရွိ ေျမ ဧက ၂,၀၀၀ တြင္ တည္ေဆာက္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံအေျခစိုက္ Amata ေကာ္ပိုေရးရွင္းကို ေဒၚလာသန္း ၃၀၀ တန္ Smart and Eco City တည္ေဆာက္ရန္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ၂၀၁၉ေအာက္တိုဘာ ၂၁ ရက္စြဲျဖင့္ ခြင့္ျပဳခဲ့သည္။

စီမံကိန္း၏ ရွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ထိုင္း Amata ေကာ္ပိုေရးရွင္းက ပိုင္ဆိုင္ၿပီး က်န္ရွယ္ယာမ်ားကို ေဆာက္လုပ္ေရးဝန္ ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳး ေရးဦးစီးဌာနက ပိုင္ဆိုင္မည္ျဖစ္သည္။

အဆိုပါစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ထိုင္းႏိုင္ငံ အေျခစိုက္ Amata ေကာ္ပိုေရးရွင္းတို႔ အက်ိဳးတူပူးေပါင္းေဆာင္ ႐ြက္ျခင္းျဖစ္ၿပီး၂၀၁၉ ဩဂုတ္ ၂၂ ရက္က မူေဘာင္သေဘာတူ လက္မွတ္ေရးထိုးခဲ့သည္။

စီမံကိန္းတစ္ခုလုံးသည္ ေဒၚလာတစ္ဘီလီယံ ကုန္က်မည္ ျဖစ္ၿပီး ပထမအဆင့္ ဧက ၂,၀၀၀ တြင္ လူေနအိမ္ရာမ်ား၊ ႐ုံးခန္းမ်ားႏွင့္ စက္မႈဇုန္ေျမယာမ်ား ပါဝင္မည္ဟု ေကာ္ပိုေရးရွင္းက ဆိုထားသည္။

Amata ေကာ္ပိုေရးရွင္းသည္ စက္မႈဇုန္ေျမ အေကာင္အထည္ေဖာ္ေရးႏွင့္ အိမ္ရာလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ ကုမၸဏီ တစ္ခုျဖစ္သည္။

အဓိကအားျဖင့္ ၿမိဳ႕ျပတည္ေဆာက္ျခင္း၊ စက္မႈဇုန္အေကာင္အထည္ေဖာ္ျခင္း၊ အေျခခံ အေဆာက္အအုံ တည္ေဆာက္ျခင္းႏွင့္ စီမံခန႔္ခြဲျခင္းမ်ားကို ေဆာင္ ႐ြက္ေနသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္၌ အေျခစိုက္ၿပီး ၁၉၈၉ တြင္ တည္ေထာင္ခဲ့သည္။ ထိုင္းႏိုင္ငံအျပင္ ဗီယက္နမ္ႏိုင္ငံတြင္လည္း ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ငန္းမ်ား လုပ္ကိုင္ေနသည္။ထိုင္း Amata သည္ ဗီယက္ နမ္ႏိုင္ငံ၌ ၁၉၉၄ တြင္ စက္မႈဇုန္ တစ္ခု တည္ေဆာက္ခဲ့ၿပီး လက္ရွိ တြင္ စက္မႈဇုန္သုံးခု တည္ေဆာက္ရန္ ဟက္တာ ၈,၀၀၀ ခန႔္ (ဧက၂၀,၀၀၀ ခန႔္)ကို ေျမယာေဖာ္ ေဆာင္ေနသည္။

အဆိုပါ စက္မႈဇုန္မ်ားသို႔ အထူးသျဖင့္ တ႐ုတ္ကုမၸဏီမ်ား လာေရာက္လုပ္ကိုင္ေနသည္။ထို႔အျပင္ ထိုင္းႏိုင္ငံတြင္ လည္း ဟက္တာ ၄၈၀ (ဧက ၁,၁၀၀ ေက်ာ္)ရွိသည့္ အထူးစက္မႈဇုန္တစ္ခု တည္ေဆာက္ခဲ့ၿပီး တ႐ုတ္စက္႐ုံ ၁၀၀ ေက်ာ္ျဖင့္ လည္ပတ္ေနသည္။ Amata ေကာ္ပိုေရးရွင္းသည္ ထိုင္းႏိုင္ငံအေျခစိုက္လုပ္ငန္းတစ္ခုျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service