လာမည့် ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်းရှိမည်ဟု အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထား - Property News in Myanmar from iMyanmarHouse.com
1170 Views

လာမည့် ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်းရှိမည်ဟု အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထား

[Unicode]

လာမည့်ဘဏ္ဍာနှစ် ၂၀၂၀-၂၁ တွင် နိုင်ငံ၏ GDP(စီးပွားရေးတိုးတက်နှုန်း)သည် ၆ ရာခိုင်နှုန်းရှိမည်ဟု ၂၀၂၀-၂၁ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဥပဒေကြမ်းတွင် စီးပွားရေးတိုးတက်မှုနှုန်းကို ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ဟု ခေါ်ဆိုပြီး ယခုဘဏ္ဍာနှစ် GDP တိုးတက်နှုန်း ၇ ရာခိုင်နှုန်းခန့်မှန်းထားပြီးနောက် COVID-19 ဂယက်ကြောင့် လာမည့် ဘဏ္ဍာနှစ်ကို ၆ ရာခိုင်နှုန်းဟု ခန့်မှန်းလိုက်ခြင်းဖြစ်သည်။

သားငါးကဏ္ဍ၊ သစ်တော့ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများကို လက်ရှိ ဘဏ္ဍာနှစ်ထက် လာမည့် ဘဏ္ဍာနှစ်တွင် ပိုမိုတိုးတက်အောင် ဆောင်ရွက်မည်ဟု ထိုဥပဒေကြမ်းတွင်ဖော်ပြထားသည်။ ကဏ္ဍ ၁၄ ခုအနက် ထိုကဏ္ဍ လေးခုမှ အပကျန် ကဏ္ဍများတွင် တိုးတက်နှုန်းကျဆင်းမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

လျှပ်စစ်ကဏ္ဍတွင် လက်ရှိဘဏ္ဍနှစ် ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်မည်ဟု ဆိုထားပြီး လာမည့်ဘဏ္ဍာနှစ် ၂၀၂၀-၂၁ တွင် ၁၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်မည့်ဟု အမြင့်ဆုံးခန့်မှန်းထားသည်။ စွမ်းအင်ကဏ္ဍတွင် ၀ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်နိုင်မည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ ဝန်ဆောင်မှုကဏ္ဍတွင်လည်း လက်ရှိနှစ်အတွက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟုဆိုခဲ့သော်လည်း လာမည်ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၃ ရာခိုင်နှုန်းသာရှိမည်ဟု ဆိုထားသည်၊ ကုန်သွယ်မှု၊ စက်မှုလက်မှု ကဏ္ဍများတွင်လည်း တိုးတက်နှုန်းကျဆင်းမည်ဟု ဥပဒေကြမ်းတွင်ဖော်ပြထားသည်။

“ဒီကိုဗစ်ကာလအလွန်မှ စီးပွားရေးပြန်တက်ဖို့က အတော့ကို ရုန်းကန်ရဦးမယ်၊ နောက်ပြီး ရွှေးကောက်ပွဲ လည်းရှိနေတယ်၊ ဒါကြောင့် တိုးတက်နှုန်းကျတာ”ဟု စီးပွားရေးလုပ်ငန်းရှင်ဦးအေးထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်းသည် ယခုဘဏ္ဍာနှစ် တွင် သုညဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့မည်ဟု ၂၀၂၀ ဇွန်လ ၂၅ ရက်တွင် ကမ္ဘာ့ဘဏ်ကပြောင်း လဲခန့်မှန်းလိုက်သည်။ကမ္ဘာ့ဘဏ်က ဇွန်လဆန်း တွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမျှော်လင့်ချက်ဟူသော အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးတိုးတက်နှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ဖော်ပြခဲ့ဖူးသည်။ ထိုခန့်မှန်းချက်သည် ပြက္ခဒိန်နှစ်အလိုက် ၂၀၂၀ ပြည့်နှစ်ကို ခန့်မှန်းခြင်းဖြစ်ပြီး ယခု သုညဒသမ ၅ရာခိုင်နှုန်းသည် အစိုးရ၏ ဘဏ္ဍာနှစ်အလိုက်ခန့် မှန်းခြင်းဖြစ်သည်။

ထိုတိုးတက်နှုန်းသည် ၁၉၉၁ နောက်ပိုင်းနှစ်ပေါင်း ၃၀ နှစ်အတွင်း အနိမ့်ဆုံးတိုးတက်နှုန်းဖြစ်လာသည်။

ထို့အပြင် ကပ်ရောဂါဆက်လက်ရှည်ကြာလာလျှင် စီးပွားရေးကျဆင်းမည့်နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းထိရှိလာမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ ၁၉၉၁ တွင် နိုင်ငံစီးပွားရေးသည် သုည ဒသမ ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယေဘုယျခန့်မှန်းချက်အရ ကမ္ဘာ့ စီးပွားရေး ပြန်လည်ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏စီးပွား ရေးတိုးတက်နှုန်းသည် ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ၂ ရာ ခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service